< Psalms 150 >
1 Praise YAH! Praise God in His holy place, Praise Him in the expanse of His strength.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ ဗိမာန်တော်တွင်ဘုရားသခင်အား ထောမနာပြုကြလော့။ ကောင်းကင်ထက်တွင်ကိုယ်တော်၏တန်ခိုးတော်အား ထောမနာပြုကြလော့။
2 Praise Him in His mighty acts, Praise Him according to the abundance of His greatness.
၂ကိုယ်တော်ပြုတော်မူသည့်မဟာ အမှုတော်များအတွက်ကိုယ်တော်အား ထောမနာပြုကြလော့။ အလွန်ကြီးမြတ်တော်မူသည်ဖြစ်၍ ထောမနာပြုကြလော့။
3 Praise Him with blowing of horn, Praise Him with stringed instrument and harp.
၃တံပိုးခရာများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းကြီးစောင်းငယ်များဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
4 Praise Him with timbrel and dance, Praise Him with stringed instruments and pipe.
၄ပတ်သာကိုတီးလျက်၊ကခုန်လျက်ကိုယ်တော်အား ထောမနာပြုကြလော့။ စောင်းများ၊ပြွေများဖြင့်ကိုယ်တော်အား ထောမနာပြုကြလော့။
5 Praise Him with cymbals of sounding, Praise Him with cymbals of shouting.
၅သံလွင်များကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။ လင်းကွင်းကြီးများကိုတီး၍ကိုယ်တော်အား ထောမနာပြုကြလော့။
6 All that breathes praise YAH! Praise YAH!
၆သက်ရှိသတ္တဝါအပေါင်းတို့၊ထာဝရဘုရားအား ထောမနာပြုကြလော့။ ထာဝရဘုရားအားထောမနာပြုကြလော့။ ဒါဝိဒ်မင်းကြီးနှင့်ရှင်အာသပ်အစရှိသော ပရောဖက်များတို့ရေးထားသောဆာလံကျမ်း ပြီး၏။