< Psalms 122 >
1 A SONG OF THE ASCENTS. BY DAVID. I have rejoiced in those saying to me, “We go to the house of YHWH.”
၁ငါတို့သည် ထာဝရဘုရား၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ၊ ငါသည် ဝမ်းမြောက်ခြင်းရှိ၏။
2 Our feet have been standing in your gates, O Jerusalem!
၂အို ယေရုရှလင်မြို့၊ သင်၏တံခါးတို့အတွင်း၌ ငါတို့သည်ရပ်၍ နေကြလိမ့်မည်။
3 Jerusalem—the built one—[Is] as a city that is joined to itself together.
၃ယေရုရှလင်မြို့သည် စေ့စပ်သော မြို့ကဲ့သို့ တည်၏။
4 For there tribes have gone up, Tribes of YAH, companies of Israel, To give thanks to the Name of YHWH.
၄အမျိုးအနွှယ်တို့သည် ထိုမြို့သို့တက်ကြ၏။ ဣသရေလအမျိုး ထုံးစံရှိသည်အတိုင်း၊ ထာဝရဘုရား၏ အမျိုးအနွယ်တို့သည် ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းခြင်းငှါ တက်သွားကြ၏။
5 For there thrones of judgment have sat, Thrones of the house of David.
၅ထိုမြို့၌ တရားစီရင်ရာပလ္လင်၊ ဒါဝိဒ်မင်းမျိုး၏ ရာဇပလ္လင်တို့ သည်တည်ကြ၏။
6 Ask [for] the peace of Jerusalem, Those loving you are at rest.
၆ယေရုရှလင်မြို့ ငြိမ်ဝပ်မည်အကြောင်း ဆု တောင်းကြလော့။ ထိုမြို့ကို မြတ်နိုးစုံမက်သော သူတို့သည် ချမ်းသာရကြပါစေသော။
7 Peace is in your bulwark, rest in your high places,
၇သင်၏မြို့ရိုးအတွင်း၌ ငြိမ်ဝပ်ခြင်း၊ သင်၏ဘုံ ဗိမာန်တို့၌ ချမ်းသာခြင်းရှိပါစေသော။
8 For the sake of my brothers and my companions, Please let me speak, “Peace [be] in you.”
၈သင်၌ငြိမ်ဝပ်ခြင်းရှိပါစေသောဟု ငါသည် ညီအစ်ကိုအတွက်၊ အဆွေခင်ပွန်းတို့အတွက် ပြောဆို ပါမည်။
9 For the sake of the house of our God YHWH, I seek good for you!
၉ငါတို့ဘုရားသခင် ထာဝရဘုရား၏ အိမ်တော် ကို ထောက်၍၊ သင်၏အကျိုးကို ရှာပါမည်။