< Psalms 116 >
1 I have loved, because YHWH hears My voice, my supplication,
၁ထာဝရဘုရားသည်ငါ၏ပန်ကြား လျှောက်ထားချက်ကိုကြားတော်မူသည်ဖြစ်၍ ငါသည်ကိုယ်တော်ကိုချစ်မြတ်နိုး၏။ ကိုယ်တော်သည်ငါ၏ဆုတောင်းပတ္ထနာကို နားထောင်တော်မူ၏။
2 Because He has inclined His ear to me, And during my days I call.
၂ငါလျှောက်ထားသည့်အခါတိုင်းကိုယ်တော် နားထောင်တော်မူ၏။
3 Cords of death have surrounded me, And straits of Sheol have found me, I find distress and sorrow. (Sheol )
၃သေမင်း၏ကျော့ကွင်းသည်ငါ့ကိုဖမ်းမိလျက် နေ၏။ သေဘေးသည်ငါ့ကိုဝိုင်းရံလျက်နေ၏။ ငါသည်ကြောက်လန့်၍စိုးရိမ်ပူပန်ရ၏။ (Sheol )
4 And in the Name of YHWH I call: Ah, now, O YHWH, deliver my soul,
၄ထိုအခါ``အို ထာဝရဘုရား၊ ကိုယ်တော်ရှင်အားကျွန်တော်မျိုးတောင်းပန် ပါ၏။ ကျွန်တော်မျိုးကိုကယ်တော်မူပါ'' ဟု ထာဝရဘုရား၏ထံတော်သို့ငါဆုတောင်း ပတ္ထနာပြု၏။
5 YHWH [is] gracious, and righteous, Indeed, our God [is] merciful,
၅ထာဝရဘုရားသည်သနားကြင်နာတော်မူ၍ ကျေးဇူးပြုတော်မူတတ်၏။ ငါတို့၏ဘုရားသခင်သည်ကရုဏာတော်ရှင် ဖြစ်တော်မူ၏။
6 YHWH [is] a preserver of the simple, I was low, and He gives salvation to me.
၆ထာဝရဘုရားသည်ခိုကိုးရာမဲ့သူတို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ ငါဘေးဥပဒ်ရောက်သောအခါငါ့ကို ကယ်တော်မူ၏။
7 Return, O my soul, to your rest, For YHWH has conferred benefits on you.
၇အို ငါ့စိတ်နှလုံး၊ထာဝရဘုရားသည် ငါ့အားကျေးဇူးပြုတော်မူပြီဖြစ်၍ ယုံကြည်စိတ်ချစွာနေလော့။
8 For You have delivered my soul from death, My eyes from tears, my feet from overthrowing.
၈ထာဝရဘုရားသည်ငါ့အသက်ကို သေဘေးမှလည်းကောင်း၊ ငါ့မျက်စိကိုမျက်ရည်ကျခြင်းမှလည်း ကောင်း၊ ငါ၏ခြေကိုချော်လဲခြင်းမှလည်းကောင်း ကယ်တော်မူပြီ။
9 I habitually walk before YHWH In the lands of the living.
၉သို့ဖြစ်၍ငါသည်အသက်ရှင်သူ လူသားတို့၏ဘောင်တွင် ဘုရားသခင်၏မျက်မှောက်တော်၌ သက်ရှင်လှုပ်ရှားလျက်နေရ၏။
10 I have believed, for I speak, I have been greatly afflicted.
၁၀ငါသည်ကြောက်လန့်သဖြင့်``ငါ့မှာယုံကြည် နိုင်သူ တစ်ယောက်မျှမရှိ'' ဟူ၍လည်းကောင်း ``ငါသည်စိတ်ဒုက္ခကြီးစွာရောက်ပါပြီ'' ဟူ၍လည်းကောင်းဆိုစဉ်၌ပင်လျှင် ထာဝရဘုရားကိုယုံကြည်မြဲယုံကြည် လျက်နေပါ၏။
11 I said in my haste, “Every man [is] a liar.”
၁၁
12 What do I return to YHWH? All His benefits [are] on me.
၁၂ထာဝရဘုရားငါ့အားပြုတော်မူသော ကျေးဇူးများအတွက်ငါသည်ကိုယ်တော်အား အဘယ်အရာကိုပူဇော်ရပါမည်နည်း။
13 I lift up the cup of salvation, And in the Name of YHWH I call.
၁၃ငါ့ကိုကယ်တော်မူသည့်အတွက် ကျေးဇူးတော်ကိုချီးမွမ်းရန်ငါသည် ထာဝရဘုရားအားစပျစ်ရည်ကို ပူဇော်မည်။
14 Let me complete my vows to YHWH, Now, before all His people.
၁၄ငါသည်ကိုယ်တော်အားသစ္စာကတိပြုခဲ့ သည့်အတိုင်း ကိုယ်တော်၏လူစုတော်စုဝေးရာတွင် မိမိ၏သစ္စာဝတ်ကိုဖြေပါမည်။
15 Precious in the eyes of YHWH [is] the death of His saints.
၁၅ထာဝရဘုရား၏လူစုတော်အနက်တစ်စုံ တစ်ယောက် သေဆုံးသွားလျှင် ကိုယ်တော်အတွက်ကြီးမားသောဆုံးရှုံးမှု ဖြစ်ပါသည်တကား။
16 Ah, now, O YHWH, for I [am] Your servant; I [am] Your servant, son of Your handmaid; You have opened my bonds.
၁၆အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အစေခံ ဖြစ်ပါ၏။ ကျွန်တော်မျိုး၏မိခင်နည်းတူကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၏အစေကိုခံပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားသေ ဘေးမှ ကယ်တော်မူပါပြီ။
17 I sacrifice a sacrifice of thanks to You, And in the Name of YHWH I call.
၁၇ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ကျေးဇူးတော်ကိုချီးမွမ်းရာယဇ်ကိုပူဇော် ပါမည်။ အထံတော်သို့ဆုတောင်းပတ္ထနာပြုပါမည်။
18 Let me complete my vows to YHWH, Now, before all His people,
၁၈ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်း ကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာ ယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ ထာဝရဘုရားကိုထောမနာပြုကြလော့။
19 In the courts of the house of YHWH, In your midst, O Jerusalem, praise YAH!
၁၉