< Psalms 107 >
1 “Give thanks to YHWH, For [He is] good, for His kindness [is] for all time”:
၁ထာဝရဘုရား သည် ကောင်းမြတ် တော်မူ၍၊ ကရုဏာ တော် အစဉ် အမြဲတည်သောကြောင့် ၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။
2 Let the redeemed of YHWH say [so], Whom He redeemed from the hand of an adversary.
၂
3 And has gathered them from the lands, From east and from west, From north, and from the sea.
၃ရန်သူ ၏လက် မှ ထာဝရဘုရား နှုတ် ၍ အရှေ့ အနောက် တောင် မြောက် အရပ်ရပ် ထဲ က စုသိမ်း သော သူတည်းဟူသော၊ ရွေး တော်မူသောသူတို့ သည် ဝန်ခံ ကြစေ။
4 They wandered in a wilderness, in a desert by the way, They have not found a city of habitation.
၄သူတို့သည် တော တွင် လူ ဆိတ်ညံရာအရပ်၌ လည် ၍၊ နေစရာ မြို့ သို့ ရောက်သောလမ်း ကို မ တွေ့ ကြ။
5 Hungry—indeed—thirsty, Their soul becomes feeble in them,
၅ဆာငတ် မွတ်သိပ် ၍ စိတ်ပျက် ကြ၏။
6 And they cry to YHWH in their adversity, He delivers them from their distress,
၆ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ဆယ် နှုတ်တော်မူ၏။
7 And causes them to tread in a right way, To go to a city of habitation.
၇သူတို့နေစရာ မြို့ သို့ ရောက် စေခြင်းငှါ ၊ ဖြောင့် သောလမ်း ဖြင့် ပို့ဆောင် တော်မူ၏။
8 They confess to YHWH His kindness, And His wonders to the sons of men.
၈လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သော အမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
9 For He has satisfied a longing soul, And has filled a hungry soul [with] goodness.
၉အကြောင်း မူကား၊ တောင့်တ သော ဝိညာဉ် ကို ရောင့်ရဲ စေ၍၊ မွတ်သိပ် သော ဝိညာဉ် ကိုလည်း ၊ ကောင်း သောအရာနှင့် ဝ စေတော်မူ၏။
10 Inhabitants of dark places and death-shade, Prisoners of affliction and of iron,
၁၀
11 Because they changed the saying of God, And despised the counsel of the Most High.
၁၁ထိုသူတို့သည် ဘုရား သခင်၏ အမိန့် တော်ကို ငြင်းဆန် ၍၊ အမြင့်ဆုံး သော ဘုရား၏ အကြံ တော်ကို မထီမဲ့မြင် ပြုသောကြောင့် ၊ မှောင်မိုက် ၊ သေမင်း အရိပ်၌ထိုင် လျက်၊ ဒုက္ခ နှင့်၎င်း၊ သံကြိုး နှင့်၎င်း ချည်နှောင် လျက်နေရကြ၏။
12 And He humbles their heart with labor, They have been feeble, and there is no helper.
၁၂ဘုရားသခင်သည် အမှု ရောက်စေ၍ ၊ သူ တို့ စိတ် ကိုနှိမ့်ချ တော်မူ၏။ သူတို့သည် လဲ ၍ ထောက်မ သော သူမ ရှိဘဲ၊
13 And they cry to YHWH in their adversity, He saves them from their distresses.
၁၃ဆင်းရဲ ခံရသောအခါ ၊ ထာဝရဘုရား ကို အော်ဟစ် ၍ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။
14 He brings them out from the dark place, And death-shade, And He draws away their bands.
၁၄မှောင်မိုက် နှင့် သေမင်း အရိပ်ထဲ က ထုတ် ဆောင်၍ သူ တို့ချည်နှောင် ခြင်းကို ဖြေ တော်မူ၏။
15 They confess to YHWH His kindness, And His wonders to the sons of men.
၁၅လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်း ကြစေ။
16 For He has broken doors of bronze, And He has cut bars of iron.
၁၆အကြောင်း မူကား၊ ကြေးဝါ တံခါး တို့ကို ချိုး ၍ ၊ သံ ကန့်လန့် တို့ကို အပိုင်းပိုင်းဖြတ် တော်မူ၏။
17 Fools, by means of their transgression, And by their iniquities, afflict themselves.
၁၇မိုက် သောသဘောရှိသောသူတို့ သည်လမ်း လွှဲ ၍ ၊ ဒုစရိုက် ကို ပြုသောကြောင့် ဆင်းရဲခြင်း နှင့် တွေ့ကြုံရကြ၏။
18 Their soul detests all food, And they come near to the gates of death,
၁၈စား စရာမျိုးကို ရွံ ၍ သေခြင်း တံခါး ငါ့အနီး သို့ ရောက်ကြ၏။
19 And cry to YHWH in their adversity, He saves them from their distresses,
၁၉ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ကယ်တင် တော်မူ၏။
20 He sends His word and heals them, And delivers [them] from their destructions.
၂၀နှုတ်ကပတ် တော်ကိုလွှတ် သဖြင့် ၊ သူ တို့အနာ ကို ငြိမ်းစေ၍ ၊ ဖျက်ဆီး ခြင်းအရာများထဲ က နှုတ်ယူ တော်မူ ၏။
21 They confess to YHWH His kindness, And His wonders to the sons of men,
၂၁လူသား တို့၌ ပြုတော်မူသောကရုဏာ နှင့် အံ့ဘွယ် သောအမှုတော်တို့ကိုထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
22 And they sacrifice sacrifices of thanksgiving, And recount His works with singing.
၂၂ကျေးဇူး တော် ဝန်ခံရာယဇ် ကို ပူဇော် ၍ ၊ ရွှင်လန်း သော အသံနှင့်တကွ အမှုတော် တို့ကို ကြား ပြော ကြစေ။
23 Those going down [to] the sea in ships, Doing business in many waters,
၂၃သင်္ဘော စီးလျက် ပင်လယ် ကိုကူး ၍၊ ရေ များ ပေါ် မှာ လုပ်ဆောင် သောသူတို့ သည်၊
24 They have seen the works of YHWH, And His wonders in the deep.
၂၄နက်နဲ ရာအရပ်၌ ထာဝရဘုရား ၏ အမှုတော် တို့နှင့်၊ အံ့ဘွယ် သော အမှုတော်တို့ကို မြင် ရကြ၏။
25 And He commands, and appoints a storm, And it lifts up its billows,
၂၅အမိန့် တော်ရှိ၍ လေပြင်း မုန်တိုင်း တိုက် သဖြင့် ၊ လှိုင်း တံပိုးတို့ကို ထ စေ၏။
26 They go up [to] the heavens, they go down [to] the depths, Their soul is melted in evil.
၂၆မိုဃ်း ကောင်းကင်တိုင်အောင်တက် လျက်၊ နက်နဲ ရာထဲသို့ ဆင်း လျက် တွေ့သောဘေး ကြောင့် ၊ သူတို့သည် စိတ်ပျက် ကြ၏။
27 They reel to and fro, and move as a drunkard, And all their wisdom is swallowed up.
၂၇တလည်လည် သွားလျက် ယစ်မူး သော သူကဲ့သို့ တိမ်းယိမ်း လျက်နေ၍ ဉာဏ် တိမ် မြုပ်ခြင်းရှိကြ၏။
28 And they cry to YHWH in their adversity, And He brings them out from their distresses.
၂၈ဆင်းရဲ ခံရသောအခါ ထာဝရဘုရား ကို အော်ဟစ် ၍ ၊ ဆင်းရဲ ဒုက္ခထဲ က ထုတ် ဆောင်တော်မူ၏။
29 He calms a whirlwind, And their billows are hushed.
၂၉လေပြင်း ကို ပျောက် စေတော်မူ၍ ၊ လှိုင်း တံပိုးများလည်း ငြိမ်ဝပ် ကြ၏။
30 And they rejoice because they are quiet, And He leads them to the haven of their desire.
၃၀ထိုသို့ ငြိမ်ဝပ် သောကြောင့် သူတို့သည် ဝမ်းမြောက် ကြ၏။ အလို ရှိရာ သင်္ဘော ဆိပ်သို့ ပို့ဆောင် တော်မူ၏။
31 They confess to YHWH His kindness, And His wonders to the sons of men,
၃၁လူ သားတို့၌ ပြုတော်မူ သော ကရုဏာ နှင့် အံ့ဘွယ် သော အမှုတော တို့ကို ထောက် ၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြစေ။
32 And they exalt Him in [the] assembly of [the] people, And praise Him in [the] seat of [the] elderly.
၃၂လူ ပရိတ်သတ် ၏ အလယ် မှာ ထာဝရ ဘုရားကို ချီးမြှောက် ၍ အသက်ကြီး သူတို့၏ အစည်း အဝေး၌ ချီးမွမ်း ကြစေ။
33 He makes rivers become a wilderness, And fountains of waters become dry land.
၃၃မြစ် တို့ကို လွင်ပြင် ဖြစ် စေခြင်းငှါ၎င်း၊ စမ်း ရေ ထွက်ရာ အရပ် ကို လည်း သွေ့ ခြောက်စေခြင်းငှါ ၎င်း ပြု တော်မူ၏။
34 A fruitful land becomes a barren place, For the wickedness of its inhabitants.
၃၄မြေ ကောင်းသော ပြည် ကို ပြည်သူ ပြည်သားတို့ ၏ အပြစ် ကြောင့် ဆား မြေဖြစ်စေ တော်မူ၏။
35 He makes a wilderness become a pool of water, And a dry land become fountains of waters.
၃၅တဖန်လွင်ပြင် ကို ရေ နှင့်ပြည့် စေခြင်းငှါ ၎င်း ၊ သွေ့ခြောက် သော အရပ် ကိုလည်း စမ်းရေ ထွက်စေ ခြင်းငှါ ၎င်း ပြု တော်မူ၏။
36 And He causes the hungry to dwell there, And they prepare a city of habitation.
၃၆ထိုအရပ် ၌လည်း ၊ ငတ်မွတ် သောသူတို့ကို နေရာ ချတော်မူ၍ ၊ သူတို့သည် မိမိနေ စရာဘို့မြို့ ကို တည် ကြ၏။
37 And they sow fields, and plant vineyards, And they make fruits of increase.
၃၇လယ် လုပ် လျက် ၊ စပျစ် ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် ၊ မြေ အသီးအနှံတို့ကို ပြုစု ကြ၏။
38 And He blesses them, and they multiply exceedingly, And He does not diminish their livestock.
၃၈ကောင်းကြီး ပေးတော်မူ၍ ၊ သူတို့သည် အလွန် ပွားများ ကြ၏။ သူ တို့သိုး နွားများကိုလည်း လျော့ စေတော်မ မူ။
39 And they are diminished, and bow down, By restraint, evil, and sorrow.
၃၉တဖန် သူတို့သည် လျော့ ၍ ညှဉ်းဆဲ ခြင်း၊ ငြိုငြင် ခြင်း၊ စိတ် ပူပန်ခြင်းအားဖြင့် နှိမ့်ချ လျက်နေရကြ၏။
40 He is pouring contempt on nobles, And causes them to wander in vacancy—no way.
၄၀မင်းသား တို့ကို အရှက်ခွဲ ၍ ၊ လမ်း မ ရှိသော တော အရပ်၌ လည် စေတော်မူ၏။
41 And sets the needy on high from affliction, And places families as a flock.
၄၁ဆင်းရဲ သောသူကိုလည်း ဒုက္ခ မှ ထမြောက် စေ ၍ ၊ သိုးစု ကဲ့သို့ အိမ်ထောင် ပွားများ စေတော်မူ၏။
42 The upright see and rejoice, And all perversity has shut her mouth.
၄၂ဖြောင့်မတ် သောသူတို့ သည် မြင် ၍ ၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်း သော ဒုစရိုက် သည်လည်း မိမိ နှုတ် ကို ပိတ် ရ၏။
43 Who [is] wise, and observes these? They understand the kind acts of YHWH!
၄၃အကြင် သူသည်ပညာရှိ ၏။ ထိုသူသည် ဤ အမှုအရာ တို့ကို ဆင်ခြင် ၍ ၊ ထာဝရဘုရား ၏ ကရုဏာ ကျေးဇူးတော်ကို နားလည် လိမ့်မည်။