< Numbers 5 >
1 And YHWH speaks to Moses, saying,
၁ထာဝရဘုရားသည်မောရှေအား၊
2 “Command the sons of Israel, and they send out of the camp every leper, and everyone with discharging, and everyone defiled by a body;
၂``ဣသရေလအမျိုးသားတို့တွင် ကိုယ်ရေ ပြားရောဂါစွဲသောသူသို့မဟုတ်ရိနာစွဲ သောသူ၊ လူသေကောင်နှင့်ထိမိသဖြင့်မသန့် စင်သောသူတို့ကို စခန်းအပြင်သို့နှင်ထုတ် ရန်ဆင့်ဆိုလော့။-
3 you send out from male even to female; you send them to the outside of the camp and they do not defile their camps in the midst of which I dwell.”
၃ငါ၏လူမျိုးတော်နှင့်အတူငါရှိရာစခန်း ကိုမညစ်ညူးစေရန် ဘာသာရေးထုံးနည်း အရမသန့်စင်သူတို့ကိုစခန်းအပြင်သို့ နှင်ထုတ်ရမည်'' ဟုမိန့်တော်မူ၏။-
4 And the sons of Israel do so, and they send them out to the outside of the camp; as YHWH has spoken to Moses so the sons of Israel have done.
၄ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည်မသန့်စင် သူတို့ကိုစခန်းအပြင်သို့နှင်ထုတ်လိုက် ကြ၏။
5 And YHWH speaks to Moses, saying,
၅ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့လိုက်နာရန် အောက်ပါညွှန်ကြားချက်များ ကိုမောရှေအားပေးတော်မူ၏။ တစ်စုံတစ်ယောက် သည်အခြားသူတစ်ဦးအား မတော်မတရား ပြု၍ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖောက်လျှင်၊-
6 “Speak to the sons of Israel: Man or woman, when they do any of the sins of man, by committing a trespass against YHWH, and that person [is] guilty,
၆
7 and they have confessed their sin which they have done, then he has restored his guilt in its principal, and is adding its fifth to it, and has given [it] to him in reference to whom he has been guilty.
၇ထိုသူသည်မိမိ၏အပြစ်ကိုဝန်ချတောင်းပန် ၍ မတော်မတရားပြုခြင်းခံရသူအားလျော် ကြေးအပြည့်အပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်းပေးရမည်။-
8 And if the man has no redeemer to restore the guilt to, the guilt which is restored [is] to YHWH for the priest, apart from the ram of the atonements, whereby he makes atonement for him.
၈အကယ်၍လျော်ကြေးလက်ခံမည့်သူသည် သေဆုံး၍ဆွေမျိုးသားချင်းမကျန်ရစ်လျှင် လျော်ကြေးကိုယဇ်ပုရောဟိတ်အတွက်ထာဝရ ဘုရားထံဆက်သရမည်။ အပြစ်ကူးလွန်သူ သည်လျော်ကြေးအပြင် သန့်စင်ခြင်းဝတ် အတွက်သိုးထီးကိုလည်းပေးဆောင်ရ မည်။-
9 And every raised-offering of all the holy things of the sons of Israel, which they bring near to the priest, becomes his;
၉ယဇ်ပုရောဟိတ်မှတစ်ဆင့်ဣသရေလအမျိုး သားတို့က ထာဝရဘုရားအားဆက်သသော အထူးအလှူဒါနရှိသမျှကိုယဇ်ပုရော ဟိတ်ပိုင်သည်။-
10 and any man’s hallowed things become his; that which any man gives to the priest becomes his.”
၁၀ယဇ်ပုရောဟိတ်သည်မိမိအားလှူသမျှတို့ ကိုပိုင်၏။
11 And YHWH speaks to Moses, saying,
၁၁ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသ ရေလအမျိုးသားတို့အား အောက်ပါညွှန်ကြား ချက်များကိုပေးတော်မူ၏။ ခင်ပွန်းသည်တစ်ဦး သည်မိမိ၏ဇနီးသစ္စာဖောက်၍ အခြားယောကျာ်း နှင့်ပြစ်မှားခဲ့သည်ဟုခင်ပွန်းသည်ကမယုံ သင်္ကာဖြစ်အံ့။ သို့သော်လည်းဇနီးသည်ထို အမှုကိုလျှို့ဝှက်ထား၍သော်လည်းကောင်း၊ မျက်မြင်သက်သေမရှိ၍သော်လည်းကောင်း၊ လက်ပူးလက်ကြပ်မမိ၍သော်လည်းကောင်း ခင်ပွန်းကအတိအကျမစွပ်စွဲနိုင်။ သို့ တည်းမဟုတ်ဇနီးသည်အခြားသူတစ်ဦး နှင့်မဖောက်ပြန်သော်လည်း ခင်ပွန်းသည်က မယားအားမယုံသင်္ကာဖြစ်အံ့။-
12 “Speak to the sons of Israel, and you have said to them: When any man’s wife turns aside, and has committed a trespass against him,
၁၂
13 and a man has lain with her [with] the seed [from] intercourse, and it has been hid from the eyes of her husband, and concealed, and she has been defiled, and there is no witness against her, and she has not been caught,
၁၃
14 and a spirit of jealousy has passed over him, and he has been jealous [for] his wife, and she has been defiled—or a spirit of jealousy has passed over him, and he has been jealous [for] his wife, and she has not been defiled—
၁၄
15 then the man has brought in his wife to the priest, and he has brought in her offering for her—a tenth of the ephah of barley meal; he does not pour oil on it, nor does he put frankincense on it, for it [is] a present of jealousy, a present of memorial, causing remembrance of iniquity.
၁၅မည်သို့ပင်ဖြစ်စေ၊ ခင်ပွန်းသည်ဇနီးကိုယဇ် ပုရောဟိတ်ထံသို့ခေါ်ဆောင်သွားရမည်။ သူ သည်ပူဇော်သကာအဖြစ် မုယောမုန့်ညက် နှစ်ပေါင်ကိုလည်းယူခဲ့ရမည်။ သို့ရာတွင် ပူဇော်သကာသည်မယုံသင်္ကာသဖြင့် အမှန် တရားကိုဖော်ထုတ်ရန်ဖြစ်သောကြောင့် သူ သည်မုန့်ညက်ပေါ်တွင်သံလွင်ဆီကိုမ လောင်းရ၊ နံ့သာပေါင်းကိုလည်းမတင်ရ။
16 And the priest has brought her near, and has caused her to stand before YHWH,
၁၆ယဇ်ပုရောဟိတ်သည်ထိုအမျိုးသမီးကို ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်နေစေရမည်။-
17 and the priest has taken holy water in an earthen vessel, and the priest takes of the dust which is on the floor of the Dwelling Place, and has put [it] into the water,
၁၇သူသည်မြေအိုးတွင်ရေသန့်ကိုထည့်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်တလင်းမှမြေ မှုန့်အနည်းငယ်ကိုယူပြီးလျှင် ထိုရေအိုး ထဲသို့ထည့်ရမည်။-
18 and the priest has caused the woman to stand before YHWH, and has uncovered the woman’s head, and has given the present of the memorial into her hands (it [is] a present of jealousy), and the bitter waters which cause the curse are in the hand of the priest.
၁၈ထိုနောက်သူသည်အမျိုးသမီးဆံပင်ကို ဖြေ၍ ပူဇော်သကာမုန့်ညက်ကိုသူ့လက်ထဲ သို့ထည့်ရမည်။ ယဇ်ပုရောဟိတ်သည်ကျိန်စာ သင့်စေသော ရေခါးပါရှိသည့်အိုးကိုလက် ထဲတွင်ကိုင်ထားရမည်။-
19 And the priest has caused her to swear, and has said to the woman, If no man has lain with you, and if you have not turned aside [to] uncleanness under your husband, be free from these bitter waters which cause the curse;
၁၉ထိုနောက်သူသည်အမျိုးသမီးအားဤသို့ ကျိန်စာတိုက်ရမည်။ ``သင်သည်အခြားသော ယောကျာ်းနှင့်မဖောက်ပြန်မကူးလွန်ခဲ့သည် ရှိသော် ဤသစ္စာရေကြောင့်ကျရောက်မည့်ဘေး ဒဏ်နှင့်ကင်းလွတ်ပါစေသား။-
20 and you, if you have turned aside under your husband, and if you have been defiled, and a man commits his intercourse with you besides your husband—
၂၀သို့သော်သင်သည်သစ္စာဖောက်ခဲ့လျှင်၊
21 then the priest has caused the woman to swear with an oath of execration, and the priest has said to the woman—YHWH gives you for an execration and for a curse in the midst of your people, in YHWH’s giving your thigh to fall and your belly to swell,
၂၁သင်သည်သင်၏လူမျိုးအတွက်အမင်္ဂလာ ဖြစ်ပါစေသား။ သင်၏မိန်းမအင်္ဂါတို့သည် ခြောက်ကပ်လာ၍ သင်၏ဝမ်းဗိုက်သည်ဖောင်း ပွလာလိမ့်မည်။-
22 and these waters which cause the curse have gone into your bowels to cause the belly to swell and the thigh to fall; and the woman has said, Amen, Amen.
၂၂ဤရေသည်သင်၏ဝမ်းထဲသို့ရောက်၍ဝမ်း ဗိုက်ကိုဖောင်းပွလာစေလျက် သင်၏မိန်းမ အင်္ဂါကိုခြောက်ကပ်စေလိမ့်မည်။ ထိုအခါအမျိုးသမီးက``ဤသစ္စာတည်ပါ စေသော'' ဟုဝန်ခံရမည်။
23 And the priest has written these execrations in a scroll, and has blotted [them] out with the bitter waters,
၂၃ထိုနောက်ယဇ်ပုရောဟိတ်သည် ထိုကျိန်စာကို ရေးသား၍စာကိုရေခါးထဲတွင်ချေဖျက် ရမည်။-
24 and has caused the woman to drink the bitter waters which cause the curse, and the waters which cause the curse have entered into her for bitter things.
၂၄အမျိုးသမီးအား ပြင်းပြသောဝေဒနာ ဖြစ်စေနိုင်မည့်ရေကိုမတိုက်မီ၊-
25 And the priest has taken the present of jealousy out of the hand of the woman, and has waved the present before YHWH, and has brought it near to the altar;
၂၅ယဇ်ပုရောဟိတ်သည် အမျိုးသမီး၏လက်ထဲမှ မုန့်ညက်ကိုယူ၍ ထာဝရဘုရားအားဆက်ကပ် ပြီးလျှင် ယဇ်ပလ္လင်ပေါ်သို့တင်ရမည်။-
26 and the priest has taken a handful of the present, its memorial, and has made incense on the altar, and afterward causes the woman to drink the water;
၂၆ထိုနောက်သူသည်မုန့်ညက်လက်တစ်ဆုပ်စာမျှကို ယူ၍ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ နောက် ဆုံးတွင်ယဇ်ပုရောဟိတ်သည် အမျိုးသမီးအား သစ္စာရေကိုသောက်စေရမည်။-
27 indeed, he has caused her to drink the water, and it has come to pass, if she has been defiled and commits a trespass against her husband, that the waters which cause the curse have gone into her for bitter things, and her belly has swelled, and her thigh has fallen, and the woman has become an execration in the midst of her people.
၂၇အမျိုးသမီးသည်အခြားယောကျာ်းနှင့်ဖောက် ပြန်ကူးလွန်ခဲ့လျှင် သူသည်ဝေဒနာပြင်းပြ စွာခံရ၍ သူ၏ဝမ်းဗိုက်သည်ဖောင်းပွလာလျက် သူ၏မိန်းမအင်္ဂါသည်လည်းခြောက်ကပ်လာလိမ့် မည်။ သူသည်မိမိလူမျိုးအတွက်အမင်္ဂလာ ဖြစ်လိမ့်မည်။-
28 And if the woman has not been defiled, and is clean, then she has been acquitted, and has been sown [with] seed.
၂၈သို့ရာတွင်အမျိုးသမီးသည် ကူးလွန်မှုမရှိ ခဲ့သော် ဘေးမသင့်ဘဲသားသမီးမွေးဖွား နိုင်စွမ်းရှိလိမ့်မည်။
29 This [is] the law of jealousies when a wife turns aside under her husband and has been defiled,
၂၉အဆိုပါပညတ်သည်ကားခင်ပွန်းသည်က မိမိဇနီးဖောက်ပြန်သည်ဟူ၍မယုံသင်္ကာ ဖြစ်သည့်အခါ၌ လိုက်နာရသောပညတ်ဖြစ် သည်။ ယဇ်ပုရောဟိတ်သည် အမျိုးသမီးကို ယဇ်ပလ္လင်ရှေ့တွင်ရပ်စေ၍ ဤပညတ်အတိုင်း စစ်ဆေးစီရင်ရမည်။-
30 or when a spirit of jealousy passes over a man and he has been jealous of his wife, then he has caused the woman to stand before YHWH, and the priest has done to her all this law,
၃၀
31 and the man has been acquitted from iniquity, and that woman bears her iniquity.”
၃၁ခင်ပွန်းသည်ပြစ်မှုကင်းစေရမည်။ သို့ရာ တွင်ဇနီးသည်ပြစ်မှုကူးလွန်လျှင် အပြစ် အလျောက်ဒဏ်ခံစေရမည်။