< Numbers 15 >
1 And YHWH speaks to Moses, saying,
၁တဖန် မောရှေ အား ထာဝရဘုရား က၊
2 “Speak to the sons of Israel, and you have said to them: When you come into the land of your dwellings, which I am giving to you,
၂သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့နေရာ ဖြစ်သော ငါ ပေး သော ပြည် သို့ ရောက် ၍ နေကြသောအခါ၊
3 then you have prepared a fire-offering to YHWH, a burnt-offering or a sacrifice, for separating a vow or free-will offering, or in your appointed things, to make a refreshing fragrance to YHWH, out of the herd or out of the flock.
၃သစ္စာ ဂတိရှိ၍ ပူဇော် သော်၎င်း ၊ အလိုလို ပူဇော်သော်၎င်း ၊ ပွဲ သဘင်ခံ၍ ပူဇော်သော်၎င်း ၊ မီးရှို့ ရာယဇ် အစရှိသော အခြားသောယဇ်ကို မီး ဖြင့်ပူဇော်၍၊ သိုး နွား အားဖြင့်ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ကို ပြု ခြင်းငှါ အလိုရှိလျှင်၊
4 And he who is bringing his offering near to YHWH has brought a present near of a tenth part of flour mixed with a fourth of the hin of oil;
၄ထာဝရဘုရား အား ပူဇော်သက္ကာ ကိုပြု သောသူသည်၊ သိုးသငယ် ကိုပူဇော်လျှင်၊ မီးရှို့ရာယဇ် ဖြစ်စေ ၊ အခြားသောယဇ် ဖြစ်စေ၊
5 and you prepare a fourth of the hin of wine for a drink-offering, with the burnt-offering or for the sacrifice, for one lamb;
၅ယဇ်နှင့်တကွ ဘောဇဉ် ပူဇော်သက္ကာကို ဆီ သုံး လောဃရော သောမုန့်ညက် တဩမဲ ကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် သုံး လောဃကို၎င်း၊ ပြင်ဆင် ၍ဆောင် ခဲ့ရမည်။
6 or for a ram you prepare a present of two-tenth parts of flour mixed with a third of the hin of oil;
၆သိုး ကိုပူဇော်လျှင်၊ ထာဝရဘုရား အဘို့မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊
7 and you bring a third part of the hin of wine near for a drink-offering—a refreshing fragrance to YHWH.
၇ဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ လေး လောဃရော သောမုန့်ညက် နှစ် ဩမဲကိုပြင်ဆင် ၍ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် လေး လောဃကိုပူဇော် ရမည်။
8 And when you make a son of the herd a burnt-offering, or a sacrifice for separating a vow, or peace-offerings to YHWH,
၈ထာဝရဘုရား အား မီးရှို့ ရာယဇ်၊ သစ္စာ ဂတိရှိ၍ ပူဇော်သောယဇ် ၊ မိဿဟာယ ယဇ်ဘို့ နွား ကို ပြင်ဆင် လျှင်၊
9 then he has brought near for the son of the herd a present of three-tenth parts of flour mixed with a half of the hin of oil;
၉မီး ဖြင့်ပူဇော်၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊
10 and you bring a half of the hin of wine near for a drink-offering, [for] a fire-offering of refreshing fragrance to YHWH;
၁၀နွား နှင့်တကွဘောဇဉ် ပူဇော်သက္ကာဘို့ ဆီ ခြောက် လောဃရော သောမုန့်ညက် သုံး ဩမဲကို၎င်း၊ သွန်းလောင်း ရာပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက် လောဃကို၎င်းဆောင် ခဲ့ရမည်။
11 thus it is done for one ox, or for one ram, or for a lamb of the sheep or of the goats.
၁၁နွား တ ကောင်၊ သိုး တ ကောင်၊ သိုးသငယ် တကောင်၊ ဆိတ်သငယ် တကောင်ကို ယဇ်ပူဇော်သောအခါထိုသို့ ပြု ရမည်။
12 According to the number that you prepare, so you do to each, according to their number;
၁၂ပြင်ဆင် သော သိုး နွားအရေအတွက် သို့ လိုက်၍၊ တကောင်တကောင် ကို ထိုသို့ ပြု ရမည်။
13 every native does thus with these, for bringing a fire-offering near of refreshing fragrance to YHWH;
၁၃ပြည်သား အပေါင်း တို့သည် မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှါ၊ ထိုသို့ နှင့်အညီပြု ရကြမည်။
14 and when a sojourner sojourns with you, or whoever [is] in your midst throughout your generations, and he has made a fire-offering of refreshing fragrance to YHWH, as you do so he does.
၁၄သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်စေ ၊ အခြား တပါးသောသူဖြစ်စေ၊ မီး ဖြင့် ပူဇော် ၍ ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါအလိုရှိ လျှင်၊ သင်တို့ပြု သည်နည်းတူ သူသည်လည်း ပြု ရမည်။
15 One statute is for you of the congregation and for the sojourner who is sojourning, a continuous statute throughout your generations: as you [are] so is the sojourner before YHWH;
၁၅ပရိသတ် အဝင်ဖြစ်သောသူ၊ သင် တို့တွင် တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည်၊ သင် တို့အမျိုး အစဉ်အဆက် စောင့်ရသောတပါးတည်းသော ထုံးစံ ရှိ၍၊ ထာဝရဘုရား ရှေ့ တော်၌ သင် တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ် ရမည်။
16 one law and one ordinance is for you and for the sojourner who is sojourning with you.”
၁၆သင် တို့ကိုယ်တိုင်မှစ၍ သင် တို့တွင် တည်းခို သော တပါး အမျိုးသားတို့သည် တပါးတည်း သော တရား ၊ တပါးတည်း သော ထုံးစံ ရှိ ရကြမည်ဟု မိန့်တော်မူ၏။
17 And YHWH speaks to Moses, saying,
၁၇တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
18 “Speak to the sons of Israel, and you have said to them: In your coming into the land to where I am bringing you in,
၁၈ငါ ပို့ဆောင် သော ပြည် သို့ သင် တို့သည် ရောက် ၍ ၊
19 then it has been, in your eating of the bread of the land, you raise up a raised-offering to YHWH;
၁၉ထိုပြည် ၌ဖြစ်သော မုန့် ကို စား ကြသောအခါ ၊ ထာဝရဘုရား အား ချီမြှောက် ရာ ပူဇော်သက္ကာကို ဆက် ရမည်။
20 you raise up a cake of the first of your dough [as] a raised-offering; as the raised-offering of a threshing-floor, so you raise it up.
၂၀အဦး နယ်သော မုန့်စိမ်း ဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက် ရာ ပူဇော်သက္ကာပြု၍၊ ကောက်နယ် တလင်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
21 You give to YHWH from the first of your dough [as] a raised-offering throughout your generations.
၂၁သင် တို့အမျိုး အစဉ်အဆက်တို့သည်၊ အဦး နယ် သော မုန့်စိမ်း ထဲက ချီမြှောက် ရာ ပူဇော်သက္ကာကိုထာဝရ ဘုရား အား ဆက် ရကြမည်။
22 And when you err, and do not do all these commands which YHWH has spoken to Moses—
၂၂ထာဝရဘုရား သည် မောရှေ ကို မှာထား သော နေ့ မှစ၍ ၊ မောရှေ အားဖြင့် သင် တို့၌ ထား တော်မူသောပညတ်၊
23 the whole that YHWH has charged on you by the hand of Moses, from the day that YHWH has commanded and from now on, throughout your generations—
၂၃သင် တို့အမျိုး အစဉ်အဆက်၌ ထားတော်မူလတံ့သောပညတ် အလုံးစုံ တို့ကို သင်တို့သည် မ စောင့် မှားယွင်း ခြင်းသို့ရောက်ကြသည်အမှုမှာ၊
24 then it has been, if from the eyes of the congregation it has been done through ignorance, that all the congregation has prepared one bullock, a son of the herd, for a burnt-offering, for refreshing fragrance to YHWH, and its present, and its drink-offering, according to the ordinance, and one kid of the goats for a sin-offering.
၂၄ပရိသတ် အပေါင်းတို့သည် မသိဘဲ သတိလစ် ၍ မှားယွင်း ခြင်းသို့ရောက် လျှင် ၊ ပရိသတ် အပေါင်း တို့သည် ထာဝရဘုရား အဘို့ မွှေးကြိုင် သောအနံ့ ရှိစေခြင်းငှါ၊ ထုံးဖွဲ့ သော ထုံးစံရှိသည်အတိုင်း ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျို သော နွားထီး ဖြင့် မီးရှို့ ရာယဇ်ကို၎င်း ၊ ဆိတ် ဖြင့် အပြစ် ဖြေရာ ယဇ်ကို၎င်းပူဇော် ရကြမည်။
25 And the priest has made atonement for all the congregation of the sons of Israel, and it has been forgiven them, for it [is] ignorance, and they have brought in their offering, a fire-offering to YHWH, and their sin-offering before YHWH for their ignorance;
၂၅ယဇ်ပုရောဟိတ် သည်၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့အဘို့ အပြစ် ဖြေခြင်းကို ပြုရသဖြင့် ၊ သူတို့သည် သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူ တို့သည်လည်း သတိလစ် သော အပြစ်ကြောင့် ၊ အပြစ် ဖြေရာယဇ်နှင့်တကွ၊ မီး ဖြင့်ပြုသောပူဇော်သက္ကာ ကို ထာဝရဘုရား ထံ တော်သို့ ဆောင် ခဲ့ရကြမည်။
26 and it has been forgiven to all the congregation of the sons of Israel and to the sojourner who is sojourning in their midst, for that all the people [did it] through ignorance.
၂၆ထိုသို့ပြုလျှင် ၊ လူ အပေါင်း တို့သည် ပြစ်မှားသော်လည်း၊ သတိလစ် ၍ ပြစ်မှားသောကြောင့် ၊ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း ကို၎င်း ၊ သူ တို့ထံမှာ တည်းခို သော တပါး အမျိုးသားကို၎င်းထိုအပြစ် မှ လွှတ်ရ လိမ့်မည်။
27 And if one person sins through ignorance, then he has brought a female goat near, daughter of a year, for a sin-offering;
၂၇လူတစုံတယောက် သည် သတိလစ် ၍ ပြစ်မှား လျှင် ၊ အပြစ် ဖြေရာ ယဇ်ဘို့ အခါမလည် သော ဆိတ်မ တကောင်ကိုဆောင် ခဲ့ရမည်။
28 and the priest has made atonement for the person who is erring, in his sinning through ignorance before YHWH, by making atonement for him, and it has been forgiven him;
၂၈ထာဝရဘုရား ရှေ့ တော်၌ သတိလစ် ၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ် ကို လွှတ်ရလိမ့်မည်။
29 one law is for yourselves—for the native among the sons of Israel and for the sojourner who is sojourning in their midst—for him who is doing [anything] through ignorance.
၂၉ဣသရေလ အမျိုးသား ဖြစ်သောသူ၊ တည်းခို သော တပါး အမျိုးသားဖြစ်သောသူတို့သည် သတိလစ် ၍ ပြစ်မှား သောအခါ၊ တပါးတည်း သော တရား ကို စောင့် ရကြမည်။
30 And the person who does [evil] with a high hand—of the native or of the sojourner—he is reviling YHWH, and that person has been cut off from the midst of his people;
၃၀ဣသရေလ အမျိုးသားဖြစ်စေ ၊ တပါး အမျိုးသားဖြစ်စေ ၊ ရဲရင့် စွာပြစ်မှား လျှင် ၊ ထာဝရဘုရား ကို မ ရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထို သူကို သူ ၏အမျိုး မှ ပယ်ရှင်း ရမည်။
31 because he despised the word of YHWH and has broken His command, that person is certainly cut off; his iniquity [is] on him.”
၃၁ထာဝရဘုရား ၏စကား တော်ကို မထီမဲ့မြင်ပြု ၍ ပညတ် တော်ကို လွန်ကျူး သောကြောင့် ၊ ထိုသူကို ရှင်းရှင်းပယ်ရှား ရမည်။ မိမိ အပြစ် ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
32 And the sons of Israel are in the wilderness, and they find a man gathering wood on the Sabbath day,
၃၂ဣသရေလ အမျိုးသား တို့သည် တော ၌ ရှိ ကြ သောအခါ ၊ တနေ့သောဥပုသ် နေ့ ၌ ထင်းခွေ သောသူ တယောက်ကို တွေ့ လေ၏။
33 and those finding him gathering wood bring him near to Moses, and to Aaron, and to all the congregation,
၃၃တွေ့ သောသူတို့သည်၊ ထိုသူ ကို မောရှေ ၊ အာရုန် ၊ ပရိသတ် အပေါင်း တို့ ရှေ့သို့ ခေါ် ခဲ့ကြ၏။
34 and they place him in confinement, for it [is] not explained what is [to be] done to him.
၃၄သူ ၏အမှုကို စီရင် ရာလမ်းမ ထင်ရှား သေးသောကြောင့် ချုပ် ထားကြ၏။
35 And YHWH says to Moses, “The man is certainly put to death [by] all the congregation stoning him with stones at the outside of the camp.”
၃၅ထာဝရဘုရား ကလည်း ၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ် အပေါင်း တို့သည် တပ် ပြင် မှာ သူ့ ကို ကျောက်ခဲ နှင့် ပစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူ၍ ၊
36 And all the congregation brings him out to the outside of the camp and stone him with stones, and he dies, as YHWH has commanded Moses.
၃၆ထိုအမိန့် တော်အတိုင်း ပရိသတ် အပေါင်း တို့ သည် ထိုသူကို တပ် ပြင် သို့ ဆောင် သွား၍ ၊ ကျောက်ခဲ နှင့် ပစ် ကြသဖြင့် သူသည် အသေ ခံရ၏။
37 And YHWH speaks to Moses, saying,
၃၇တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
38 “Speak to the sons of Israel, and you have commanded to them, and they have made fringes on the skirts of their garments for themselves, throughout their generations, and they have put a ribbon of blue on the fringe of the skirt,
၃၈သူ တို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ် စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွား တို့ကို လုပ် ၍ ၊ ပြာ သော ကြိုး နှင့် ချည် တွဲရကြမည်။
39 and it has been to you for a fringe, and you have seen it, and have remembered all the commands of YHWH, and have done them, and you do not search after your heart and after your eyes, after which you are going whoring,
၃၉ထိုပန်းပွား တို့ကို သင်တို့သည် ကြည့် မြင်သောအခါ ၊ ထာဝရဘုရား ပညတ် တော်မူသမျှ တို့ကို အောက်မေ့ ၍ ကျင့် ကြမည်အကြောင်း၊ အထက်က ကိုယ် အလို သို့ လိုက်လျက်၊ ကိုယ် ဉာဏ် ကို မှီဝဲလျက် မှားယွင်း သကဲ့သို့မ လိုက် မမှီဝဲ၊
40 so that you remember and have done all My commands, and you have been holy to your God.
၄၀ငါ ပညတ် သမျှ တို့ကို အောက်မေ့ ၍ ကျင့် သဖြင့် ၊ သင် တို့ဘုရားသခင် အဘို့ သန့်ရှင်း မည်အကြောင်းထိုသို့ ပြု ရမည်။
41 I [am] your God YHWH, who has brought you out from the land of Egypt to become your God; I [am] your God YHWH.”
၄၁ငါသည် သင် တို့၏ ဘုရားသခင် ဖြစ် ခြင်းငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သော သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။