< Matthew 24 >
1 And having gone forth, Jesus departed from the temple, and His disciples came near to show Him the buildings of the temple,
၁ယေရှု သည် ဗိမာန် တော်မှ ထွက်ကြွ တော်မူသည်ရှိ သော်၊ တပည့် တော်တို့သည် ဗိမာန် တော်၏ တိုက်ဆောင် များကို ပြ ခြင်းငှာအထံ တော်သို့ ချဉ်းကပ် ကြ၏။
2 and Jesus said to them, “Do you not see all these? Truly I say to you, there may not be left here a stone on a stone that will not be thrown down.”
၂ယေရှု ကလည်း ၊ ဤ အရာအလုံးစုံ ကို သင် တို့သည်မြင် ကြသည်မ ဟုတ်လော။ ငါအမှန် ဆို သည်ကား၊ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခုမျှမ တည် မနေရ ဟု မိန့် တော်မူ၏။
3 And when He is sitting on the Mount of Olives, the disciples came near to Him by Himself, saying, “Tell us, when will these be? And what [is] the sign of Your coming, and of the full end of the age?” (aiōn )
၃ထိုနောက် သံလွင် တောင် ပေါ်မှာ ထိုင် တော်မူစဉ်၊ တပည့် တော်တို့သည် အခြား သူမပါဘဲချဉ်းကပ် ၍၊ ထို အမူအရာတို့သည် အဘယ် ကာလမှ ဖြစ် မည်ကို၎င်း၊ ကိုယ်တော် သည်ကြွလာ ၍ ဤ ကပ်ကမ္ဘာကုန် သော ပုပ္ပ နိမိတ်သည် အဘယ် နိမိတ်ဖြစ်မည်ကို၎င်း အမိန့် ရှိတော်မူပါဟု လျှောက် ကြ၏။ (aiōn )
4 And Jesus answering said to them, “Take heed that no one may lead you astray,
၄ယေရှု ကလည်း ၊ သင် တို့ကို အဘယ်သူ မျှ မ လှည့်ဖြား စေခြင်းငှာသတိပြု ကြလော့။
5 for many will come in My Name, saying, I am the Christ, and they will lead many astray,
၅အများ သောသူတို့က၊ ငါ သည် ခရစ်တော် ဖြစ် ၏ဟု ဆို လျက်၊ ငါ ၏အယောင် ကိုဆောင် ၍ ပေါ်လာ သဖြင့် လူအများ တို့ကို လှည့်ဖြား ကြလိမ့်မည်။
6 and you will begin to hear of wars, and reports of wars; see, do not be troubled, for it is necessary for all [these] to come to pass, but the end is not yet.
၆သင်တို့သည် စစ်တိုက် ခြင်းအကြောင်းကို၎င်း ၊ စစ်တိုက် အံ့သော သိတင်း စကားကို၎င်း ကြား ရကြလိမ့်မည်။ သို့သော်လည်း စိုးရိမ် တုန်လှုပ်ခြင်းမ ရှိ စေခြင်းငှာသတိပြု ကြလော့။ ထိုအမူအရာ များသည်ဖြစ်ရ မည်။ သို့သော်လည်း အဆုံး သည်မ ဖြစ် သေး။
7 For nation will rise against nation, and kingdom against kingdom, and there will be famines, and pestilences, and earthquakes, in various places;
၇လူ တစ်မျိုးနှင့်တစ်မျိုးတစ်နိုင်ငံ နှင့်တစ်နိုင်ငံရန်ဘက် ပြုကြလိမ့်မည်။ အရပ်ရပ် တို့၌ အစာ ခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီး လှုပ်ခြင်းတို့သည် ဖြစ် ကြလိမ့်မည်။
8 and all these [are the] beginning of travails;
၈ထို အမူအရာတို့သည် ဒုက္ခ ဆင်းရဲခြင်း၏အစအဦး ပင်ဖြစ်သတည်း။
9 then they will deliver you up to tribulation, and will kill you, and you will be hated by all the nations because of My Name;
၉ထို ကာလ၌ လူများတို့သည် သင် တို့ကိုညှဉ်းဆဲ ခြင်း၊ အသေ သတ်ခြင်းကိုခံစေခြင်းငှာ အပ်နှံ ကြလိမ့်မည်။ ငါ ၏နာမ ကြောင့် လည်း ခပ်သိမ်း သောလူမျိုး တို့သည် သင်တို့ကို မုန်း ကြလိမ့်မည်။
10 and then will many be stumbled, and they will deliver up one another, and will hate one another.
၁၀ထို ကာလ၌ အများ သောသူတို့သည် ဖောက်ပြန် ခြင်းသို့ရောက်၍၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အပ် ကြလိမ့်မည်။
11 And many false prophets will arise, and will lead many astray;
၁၁အချင်းချင်း မုန်း ကြလိမ့်မည်။ မိစ္ဆာ ပရောဖက်အများ တို့သည် ပေါ်လာ ၍ လူအများ တို့ကို လှည့်ဖြား ကြ လိမ့်မည်။
12 and because of the abounding of the lawlessness, the love of the many will become cold;
၁၂မတရား သောအမှုတို့သည်များပြား သဖြင့် အများ သောသူ တို့၏ ချစ် ခြင်းမေတ္တာသည် ခေါင်းပါး လိမ့်မည်။
13 but he who endured to the end, he will be saved;
၁၃အကြင်သူ သည် အဆုံး တိုင်အောင် တည်ကြည် ၏။ ထိုသူ သည် ကယ်တင် ခြင်းသို့ရောက်လိမ့်မည်။
14 and this good news of the kingdom will be proclaimed in all the world, for a testimony to all the nations, and then will the end arrive.
၁၄လူမျိုး အပေါင်း တို့အားသက်သေ ဖြစ်မည်အကြောင်း နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို လောကီ နိုင်ငံအရပ်ရပ်ရှိသမျှ တို့၌ ဟော ရလိမ့်မည်။ သို့ပြီးမှ အဆုံး သည်ဖြစ် လတံ့။
15 Whenever, therefore, you may see the abomination of the desolation, that was spoken of through Daniel the prophet, standing in the holy place (whoever is reading let him observe)
၁၅ထို့ကြောင့် ပရောဖက် ဒံယေလ ဟော သည်အတိုင်း ဖျက်ဆီး တတ်သောရွံ့ရှာဘွယ် အရာ သည် သန့်ရှင်း သောအရပ် ဌာန၌ စိုက်နေ သည်ကို သင်တို့မြင် ရလျှင် ၊ ကျမ်းစာကိုကြည့် သောသူ သည် နားလည် ပါစေ။
16 then those in Judea—let them flee to the mountains;
၁၆ထိုသို့ မြင်ရလျှင်၊ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။
17 he on the housetop—do not let him come down to take up anything out of his house;
၁၇အိမ်မိုး ပေါ်မှာ ရှိသောသူ သည် အိမ် ထဲက ဥစ္စာ ကိုယူ ခြင်းငှာမ ဆင်း စေနှင့်။
18 and he in the field—do not let him turn back to take his garments.
၁၈လယ် ၌ ရှိသောသူ လည်း မိမိ အဝတ် ကို ယူ ခြင်းငှာနောက် သို့ မ ပြန် စေနှင့်။
19 And woe to those with child, and to those giving suck in those days;
၁၉ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။
20 and pray that your flight may not be in winter, nor on a Sabbath;
၂၀သင် တို့ ပြေး ရသောအချိန်သည် ဆောင်း ကာလ၌မ ကျ၊ ဥပုသ်နေ့ ၌လည်းမ ကျ မည်အကြောင်း ဆုတောင်း ကြလော့။
21 for there will then be great tribulation, such as was not from the beginning of the world until now, no, nor may be.
၂၁အကြောင်းမူကား ၊ ကမ္ဘာ ဦး မှစ၍ ယခု တိုင်အောင် မ ဖြစ် စဖူး၊ နောက်၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ဒုက္ခ သည် ထိုကာလ၌ဖြစ် လိမ့်မည်။
22 And if those days were not shortened, no flesh would have been saved; but because of the chosen will those days be shortened.
၂၂ထို ကာလ တာရှည် လျှင် အဘယ်သူမျှမ လွတ် နိုင်ရာ။ ရွေးချယ် သောသူ တို့အဘို့ အလို့ငှာထို ကာလ သည် တို လိမ့်မည်။
23 Then if anyone may say to you, Behold, here [is] the Christ! Or, Here! You may not believe;
၂၃ထိုအခါ သူတစ်ပါး က ဤ အရပ်၌ ခရစ်တော် ရှိသည်၊ ထို အရပ်၌ရှိသည်ဟု ဆို သော်လည်း မ ယုံ ကြနှင့်။
24 for there will arise false Christs, and false prophets, and they will give great signs and wonders, so as to lead astray, if possible, also the chosen.
၂၄အကြောင်းမူကား ၊ ခရစ်တော် ၏အယောင်ကိုဆောင်သောသူနှင့် မိစ္ဆာ ပရောဖက်တို့သည် ပေါ်လာ ၍ ရွေးချယ် သောသူ တို့ကိုပင် လှည့်ဖြားနိုင် လျှင် လှည့်ဖြား လောက်အောင် ကြီးစွာ သောနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကို ပြ ကြလိမ့်မည်။
25 Behold, I told you beforehand.
၂၅ထိုအကြောင်းအရာတို့ကို ငါပြော နှင့်ပြီ။
26 If therefore they may say to you, Behold, He is in the wilderness, you may not go forth; Behold, in the inner chambers, you may not believe;
၂၆ထို့ကြောင့် သူတို့ကခရစ်တော်သည် တော ၌ ရှိ သည်ဟုဆို သော်လည်း မ ထွက် မသွားကြနှင့်။ တိုက်ခန်း ၌ ရှိ သည်ဟု ဆိုသော်လည်းမ ယုံ ကြနှင့်။
27 for as the lightning comes forth from the east, and appears to the west, so will also be the coming of the Son of Man;
၂၇လျှပ်စစ် သည် အရှေ့ မှ ပြက် ၍အနောက် တိုင်အောင် ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် ကြွလာ တော်မူလတံ့ ။
28 for wherever the carcass may be, there the eagles will be gathered together.
၂၈အသေ ကောင်ရှိ ရာ၌ ရွှေလင်းတ တို့သည် စုဝေး ကြလတံ့။
29 And immediately after the tribulation of those days, the sun will be darkened, and the moon will not give her light, and the stars will fall from the sky, and the powers of the heavens will be shaken;
၂၉ထို ကာလ ၏ ဒုက္ခ ဆင်းရဲခြင်းနောက် ရုတ်ခနဲ နေ သည်မိုက် လိမ့်မည်။ လ သည် အရောင် ကိုမ ပေး ။ ကြယ် တို့သည် ကောင်းကင် မှ ကျ ကြလိမ့်မည်။ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
30 and then will appear the sign of the Son of Man in the sky; and then will all the tribes of the earth strike the breast, and they will see the Son of Man coming on the clouds of Heaven, with power and much glory;
၃၀ထိုအခါ လူ သား ၏နိမိတ် လက္ခဏာသည် ကောင်းကင် ၌ ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာလူ အပေါင်း တို့သည် ငိုကြွေး မြည်တမ်းကြ၍ ၊ လူ သား သည်ကြီးစွာ သောဘုန်း တန်ခိုး အာနုဘော်ကိုဆောင်လျက် ၊ မိုး တိမ် ကိုစီး ၍ ကြွလာ တော်မူသည်ကိုမြင် ရကြလိမ့်မည်။
31 and He will send His messengers with a great sound of a trumpet, and they will gather together His chosen from the four winds, from the ends of the heavens to the ends thereof.
၃၁လူသားသည် မိမိ တမန် တို့ကိုစေလွှတ် ၍ တံပိုး ခရာကိုပြင်းစွာ မှုတ်စေတော်မူသဖြင့် ၊ သူတို့သည် ရွေးချယ် တော်မူသောသူ တို့ကို အရပ် လေး မျက်နှာ၊ ကောင်းကင် အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံး ကြလတံ့။
32 And from the fig tree learn the allegory: when its branch may have already become tender, and it may put forth the leaves, you know that summer [is] near,
၃၂သင်္ဘော သဖန်းပင်ကို အစွဲပြု၍ ပုံ သက်သေတစ်ခုကိုမှတ် ကြလော့။ သင်္ဘောသဖန်းပင်သည် အခက်အလက် နု ၍ အရွက် ပေါက် သောအခါ နွေ ကာလနီး သည်ကို သင်တို့သိ ကြ၏။
33 so also you, when you may see all these, you know that it is near—at the doors.
၃၃ထိုနည်းတူ ၊ ထို အကြောင်းအရာအလုံးစုံ တို့ကိုမြင် ရလျှင် လူသားသည်တံခါးဝ တိုင်အောင် အနီး သို့ ရောက် တော်မူသည်ကို သိမှတ် ကြလော့။
34 Truly I say to you, this generation may not pass away until all these may come to pass.
၃၄ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ များမ ကုန် မှီ ထို အကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
35 The heaven and the earth will pass away, but My words will not pass away.
၃၅ကောင်းကင် နှင့် မြေကြီး မ တည်သော်လည်း ငါ့ စကား တည် လိမ့်မည်။
36 And concerning that day and the hour no one has known—not even the messengers of the heavens—except My Father only;
၃၆ထို အချိန် နာရီ ကိုကား အဘယ်သူ မျှမ သိ ။ ကောင်းကင် တမန် မ သိ။ ငါ့ခမည်းတော် တစ်ပါးတည်း သာ သိ တော်မူ၏။
37 and as the days of Noah—so will also be the coming of the Son of Man;
၃၇လူ သား သည် ကြွလာ သောအခါနောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ ဖြစ် လိမ့်မည်။
38 for as they were, in the days before the flood, eating, and drinking, marrying, and giving in marriage, until the day Noah entered into the Ark,
၃၈ရေ လွှမ်းမိုးခြင်းမ ဖြစ်မှီကာလ ၌ နောဧ သည် သင်္ဘော ထဲသို့ ဝင် သောနေ့ တိုင်အောင် လူများတို့သည် စား သောက် လျက် ၊ ထိမ်းမြား စုံဘက် လျက်နေ၍ ၊
39 and they did not know until the flood came and took all away, so will also be the coming of the Son of Man.
၃၉ရေ လွှမ်းမိုးခြင်းရောက် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင် ပယ်ရှင်းသည်တိုင်အောင် သတိမဲ့ နေကြသည် နည်းတူ ၊ လူ သား ကြွလာ သောအခါ၌ ဖြစ် လိမ့်မည်။
40 Then two [men] will be in the field: one is received, and one is left;
၄၀ထိုအခါ လယ် ၌ ရှိ သော သူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရ လတံ့။
41 two [women] will be grinding in the mill: one is received, and one is left.
၄၁ကြိတ်ဆုံ ကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
42 Watch therefore, because you have not known in what hour your Lord comes;
၄၂သင် တို့အရှင် သည် အဘယ် အချိန်နာရီ ၌ရောက်လာ မည်ကို သင်တို့မ သိ သောကြောင့် စောင့် နေကြ လော့။
43 and know this, that if the master of the house had known in what watch the thief comes, he had watched, and did not permit his house to be broken through;
၄၃သူခိုး လာ မည်အချိန် နာရီကို အိမ်ရှင် သိ ရလျှင် ၊ မိမိ အိမ် ကိုမ ထွင်း မဖောက်စေခြင်းငှာ၊ စောင့် နေလိမ့်မည်ကို သင်တို့သိ ကြ၏။
44 because of this also you, become ready, because in what hour you do not think, the Son of Man comes.
၄၄ထိုကြောင့် သင် တို့သည်ပြင်ဆင် လျက်နေ ကြလော့။ အကြောင်းမူကား ၊ သင်တို့ မ ထင် မမှတ်သော အချိန် နာရီ၌ လူ သား သည်ကြွလာ လိမ့်မည်။
45 Who, then, is the servant, faithful and wise, whom his lord set over his household, to give them the nourishment in season?
၄၅အရှင်သည် မိမိ အိမ်သူ အိမ်သားအပေါင်းတို့အား အချိန်တန် လျှင် အစား အသောက်တို့ကို ဝေဖန် စေခြင်းငှာအအုပ်အချုပ် ခန့်ထား ၍၊ သစ္စာ နှင့်၎င်း၊ သတိပညာ နှင့် ၎င်း ပြည့်စုံသောကျွန် ကား အဘယ်သူ နည်း။
46 Blessed that servant, whom his lord, having come, will find doing so;
၄၆အကြင်ကျွန်သည် ဤသို့ ပြု လျက်နေသည်ကို အရှင် သည်ပြန်လာ ၍တွေ့ ၏။ ထို ကျွန် သည် မင်္ဂလာ ရှိ၏။
47 truly I say to you that he will set him over all his substance.
၄၇ငါအမှန် ဆို သည်ကား၊ အရှင်သည် မိမိ ဥစ္စာ ရှိသမျှ တို့ကို ထိုကျွန် ၌ အပ် လိမ့်မည်။
48 And if that evil servant may say in his heart, My lord delays to come,
၄၈သို့မဟုတ် မူကား ၊ အကြင်ကျွန် ဆိုး က ငါ့ အရှင် လာ ခဲလိမ့်မည်ဟု စိတ် ထဲ၌ အောက်မေ့သည်။
49 and may begin to beat the fellow-servants, and to eat and to drink with the drunken,
၄၉ကျွန်ချင်း တို့ကို ရိုက်ပုတ် လျက် သေသောက်ကြူး သောသူ တို့နှင့်တကွ စား သောက် လျက်နေ၏။
50 the lord of that servant will arrive in a day when he does not expect, and in an hour of which he does not know,
၅၀ထို ကျွန် မ ကြည့် မမျှော်သောနေ့ရက် ၊ မ ကြား မသိသောအချိန် နာရီ၌ သခင် သည်ရောက်လာ လျှင်၊
51 and will cut him off, and will appoint his portion with the hypocrites; there will be the weeping and the gnashing of the teeth.”
၅၁ထိုကျွန် သည် ပြင်းပြစွာကွပ်မျက် ဆုံးမ၍ ၊ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာအရပ် ၌ လျှို့ဝှက် သော သူ တို့နှင့်တကွ နေရာ ချ လတံ့။