< Matthew 19 >
1 And it came to pass, when Jesus finished these words, He removed from Galilee, and came to the borders of Judea, beyond the Jordan,
၁ထို ဒေသနာ တော်ကို ယေရှု သည်အကုန်အစင် ဟောတော်မူပြီးလျှင် ၊ ဂါလိလဲ ပြည်မှ ပြောင်း၍ ယုဒ ပြည် စွန်း ၊ ယော်ဒန် မြစ်တစ်ဘက် သို့ ကြွ တော်မူ၏။
2 and great multitudes followed Him, and He healed them there.
၂လူ များအပေါင်း တို့သည် နောက် တော်သို့လိုက်ကြသည်ဖြစ်၍ ၊ ထို အရပ်၌ အနာ ရောဂါများကို ငြိမ်း စေ တော်မူ၏။
3 And the Pharisees came near to Him, tempting Him, and saying to Him, “Is it lawful for a man to put away his wife for every cause?”
၃ဖာရိရှဲ တို့သည် အထံ တော်သို့လာ ၍ လူ သည် ခပ်သိမ်း သောအပြစ် ကြောင့် မိမိ မယား နှင့် ကွာ အပ်သလောဟု စုံစမ်း နှောင့်ရှက်ခြင်းငှာမေးလျှောက် ကြသော်၊
4 And He answering said to them, “Did you not read that He who made [them] from the beginning, made them a male and a female,
၄ကိုယ်တော် က၊ အစအဦး ၌ ဖန်ဆင်း တော်မူသောသူ သည် ယောက်ျား နှင့် မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်း တော်မူ၏။
5 and said, For this cause will a man leave father and mother, and cleave to his wife, and they will be—the two—for one flesh?
၅ထို အကြောင်း ကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက်တို့သည် တစ်သား တစ်ကိုယ်တည်းဖြစ် ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဘတ်ဘူးသလော။
6 So that they are no longer two, but one flesh; what therefore God joined together, let no man separate.”
၆ထို့ကြောင့် လင်မယားတို့သည် နှစ် ဦးမ ဟုတ်တစ်ဦးတည်း ဖြစ် ၏။ ဘုရားသခင် ဘက်စပ် ၍ ထမ်းဘိုးတင် တော်မူသောအရာ ကို လူ မ ခွဲ မခွာစေနှင့် ဟု မိန့် တော်မူ၏။
7 They say to Him, “Why then did Moses command to give a roll of divorce, and to put her away?”
၇ဖာရိရှဲတို့ကလည်း၊ ထိုသို့ မှန်လျှင်ဖြတ်စာ ကိုပေး ၍ မယား နှင့် ကွာ စေခြင်းငှာမောရှေ သည် အဘယ်ကြောင့် စီရင် သနည်းဟု လျှောက် ကြသော်၊
8 He says to them, “Moses for your stiffness of heart permitted you to put away your wives, but from the beginning it has not been so.
၈ကိုယ်တော်က၊ သင် တို့စိတ် နှလုံးခိုင်မာသောကြောင့် မယား နှင့်ကွာ ရသောအခွင့် ကို မောရှေ သည် စီရင် ၏။အစအဦး ၌ ထိုသို့ မ ဟုတ်။
9 And I say to you that whoever may put away his wife, if not for whoredom, and may marry another, commits adultery; and he who married her that has been put away, commits adultery.”
၉ငါပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်းမှတပါး အခြား သောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ ၍ အခြားသောမိန်းမနှင့်စုံဘက် သောသူ သည် မိမိမယားကိုပြစ်မှား ၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့ မယား ကို ပြစ်မှားသည် ဟုမိန့်တော်မူ၏။
10 His disciples say to Him, “If the case of the man with the woman is so, it is not good to marry.”
၁၀တပည့် တော်တို့ကလည်း၊ လင် မယား အမှု သည် ဤသို့ ဖြစ် လျှင် စုံဘက် ခြင်းကိုမ ပြုကောင်း ပါဟု လျှောက် ကြ၏။
11 And He said to them, “All do not receive this word, but those to whom it has been given;
၁၁ကိုယ်တော် ကလည်း ၊ ထို စကား ကို လူ တိုင်းမ ခံ မယူနိုင်။ အခွင့်ရ သောသူ တို့သာ ခံယူနိုင်ကြ၏။
12 for there are eunuchs who from the mother’s womb were so born; and there are eunuchs who were made eunuchs by men; and there are eunuchs who kept themselves eunuchs because of the kingdom of the heavens: he who is able to receive [it]—let him receive.”
၁၂လူအချို့တို့သည် အမိ ဝမ်း တွင်းကပင် မိန်းမလျှာ ဖြစ် ကြ၏။ အချို့တို့သည် သူတစ်ပါး ဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင် နိုင်ငံ တော်အဘို့ အလို့ငှာမိမိ ကိုယ်ကိုဆုံးမ ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူ နိုင် သောသူ သည် ခံယူ စေ ဟုမိန့် တော်မူ၏။
13 Then were brought near to Him children that He might put hands on them and pray, and the disciples rebuked them.
၁၃ထိုအခါ သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ၍ မေတ္တာပို့ တော်မူစေခြင်းငှာအထံ တော်သို့ဆောင်ခဲ့ သည်ဖြစ်၍တပည့် တော်တို့သည် အပြစ်တင် ကြ၏။
14 But Jesus said, “Permit the children, and do not forbid them to come to Me, for of such is the kingdom of the heavens”;
၁၄ယေရှု ကလည်း ၊ ထိုသူငယ် တို့ကို ရှိစေတော့။ ငါ့ ထံသို့ လာ သည်ကို မ ဆီးတား ကြနှင့်။ ကောင်းကင် နိုင်ငံ တော်သည် ထိုသို့သော သူတို့၏နိုင်ငံဖြစ် သည် ဟု မိန့် တော်မူ၍၊
15 and having laid [His] hands on them, He departed from there.
၁၅သူငယ် တို့အပေါ်မှာလက် တော်ကိုတင် ပြီးလျှင် ၊ ထို အရပ်မှ ကြွသွား တော်မူ၏။
16 And behold, one having come near, said to Him, “Good Teacher, what good thing will I do that I may have continuous life?” (aiōnios )
၁၆ထိုနောက် လူတစ် ယောက်သည် ချဉ်းကပ် ၍၊ ကောင်းမြတ်သောဆရာ ၊ ထာဝရ အသက် ကို ရ အံ့သောငှာ အကျွန်ုပ်သည် အဘယ် ကောင်းမှု ကို ပြု ရပါမည်နည်းဟု မေးလျှောက် သော်၊ (aiōnios )
17 And He said to him, “Why do you call Me good? No one [is] good except one—God; but if you will to enter into life, keep the commands.”
၁၇ငါ့ ကိုကောင်းမြတ် သည်ဟု အဘယ်ကြောင့် ခေါ် သနည်း။ ဘုရားသခင်တစ်ပါးတည်း သာကောင်းမြတ် တော်မူ၏။ အသက် ရှင်ခြင်းသို့ ဝင်စား လို လျှင် ပညတ် တော်တို့ကို စောင့်ရှောက် လော့ ဟု မိန့် တော်မူ၏။
18 He says to Him, “What kind?” And Jesus said, “You will not murder, You will not commit adultery, You will not steal, You will not bear false witness,
၁၈အဘယ် ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက် ပြန်သော် ၊ လူအသက်ကိုမ သတ် နှင့်။ သူ့ မယားကို မ ပြစ်မှားနှင့်။ သူ့ဥစ္စာကို မ ခိုး နှင့်။ မမှန် သောသက်သေကို မ ခံနှင့်။
19 Honor your father and mother, and, You will love your neighbor as yourself.”
၁၉မိဘ ကိုရိုသေ စွာပြုလော့။ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ကိုယ် နှင့်အမျှ ချစ် လော့ ဟု မိန့် တော်မူ၏။
20 The young man says to Him, “All these I kept from my youth; what yet do I lack?”
၂၀ထိုလုလင် ကလည်း၊ ထို ပညတ်ရှိသမျှ တို့ကို အကျွန်ုပ်သည်ငယ် သောအရွယ်မှစ၍စောင့်ရှောက် ပါပြီ။ အဘယ် အကျင့်လို သေး သနည်းဟု လျှောက် ပြန်လေ၏။
21 Jesus said to him, “If you will to be perfect, go away, sell what you have, and give to the poor, and you will have treasure in Heaven, and come, follow Me.”
၂၁ယေရှု က လည်း၊ သင်သည်စုံလင် ခြင်းသို့ ရောက် လို လျှင် သွား လော့။ ကိုယ် ဥစ္စာ များကိုရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး လော့။ ထိုသို့ပြုလျှင်ကောင်းကင် ဘုံ၌ ဘဏ္ဍာ ကိုရ လိမ့်မည်။ သို့ပြီးမှ ငါ့ နောက် သို့ လိုက် လော့ ဟု မိန့် တော်မူ၏။
22 And the young man, having heard the word, went away sorrowful, for he had many possessions;
၂၂ထိုလုလင် သည် များစွာ သောဥစ္စာ ကို ရ တတ်သောသူဖြစ် ၍၊ ထိုစကား ကိုကြား လျှင် စိတ်မသာ သည်နှင့် သွား လေ၏။
23 and Jesus said to His disciples, “Truly I say to you that hardly will a rich man enter into the kingdom of the heavens;
၂၃ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ငွေရတတ် သောသူသည် ကောင်းကင် နိုင်ငံ တော်သို့ ဝင် ခဲ လှ ၏။
24 and again I say to you, it is easier for a camel to go through the eye of a needle, than for a rich man to enter into the Kingdom of God.”
၂၄တစ်ဖန် ငါဆို သည်ကား၊ ကုလားအုပ် သည် အပ် နဖားကိုလျှို လွယ် ၏။ ငွေရတတ် သောသူသည် ဘုရားသခင် ၏နိုင်ငံ တော်သို့ ဝင် ခဲသည် ဟု တပည့် တော်တို့အားမိန့် တော်မူ၏။
25 And His disciples having heard, were exceedingly amazed, saying, “Who, then, is able to be saved?”
၂၅ထိုသူတို့သည်ကြား လျှင် အလွန် မိန်းမော တွေဝေခြင်းရှိ၍ ၊ သို့ဖြစ်လျှင် အဘယ်သူ သည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင် မည်နည်းဟု ပြောဆို ကြ၏။
26 And Jesus having earnestly beheld, said to them, “With men this is impossible, but with God all things are possible.”
၂၆ယေရှု သည်လည်း သူ တို့ကိုကြည့်ရှု ၍ ဤအမှု ကိုလူ မ တတ်နိုင်။ သို့သော်လည်း ဘုရားသခင် သည် ခပ်သိမ်း သော အမှုတို့ကို တတ်နိုင် တော်မူသည် ဟု မိန့် တော်မူ၏။
27 Then Peter answering said to Him, “Behold, we left all, and followed You, what then will we have?”
၂၇ထိုအခါ ပေတရု က၊ အကျွန်ုပ် တို့သည် ရှိသမျှကို စွန့်ပစ် ၍ ကိုယ်တော် နောက် သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရ ကြပါမည်နည်းဟု လျှောက် လေသော်၊
28 And Jesus said to them, “Truly I say to you that you who followed Me, in the regeneration, when the Son of Man may sit on a throne of His glory, will sit—you also—on twelve thrones, judging the twelve tribes of Israel;
၂၈ယေရှု က၊ ငါအမှန် ဆို သည်ကား၊ အလုံးစုံသောအရာတို့ကို အသစ် ပြုပြင်သောကာလ၌ လူ သား သည် ဘုန်း ရှိသော ပလ္လင် တော်ပေါ်မှာ ထိုင် တော်မူသောအခါ ၊ ငါ့ နောက်သို့လိုက် ကြသောသင် တို့သည် တစ်ဆယ့်နှစ် ခု သော ပလ္လင် ပေါ်မှာ ထိုင် လျက်၊ ဣသရေလ လူတစ်ဆယ့်နှစ် မျိုး ကို စစ်ကြော စီရင်ရကြလတံ့။
29 and everyone who left houses, or brothers, or sisters, or father, or mother, or wife, or children, or fields, for My Name’s sake, will receive a hundredfold, and will inherit continuous life; (aiōnios )
၂၉အကြင်သူ သည် ငါ ၏နာမ ကြောင့် အိမ် ၊ လယ် ၊ ညီအစ်ကို ၊ နှမ ၊ မိဘ ၊ သား မယားတည်းဟူသောတပါးပါး ကိုစွန့် ၏။ ထိုသူသည် အဆတရာ သောအကျိုးကိုရ ၍ ထာဝရ အသက် ကို အမွေ ခံရလတံ့။ (aiōnios )
30 and many first will be last, and last first.”
၃၀နောက်ကျ သောသူအများ တို့သည် အရင် ကျကြလိမ့်မည် ။ အရင် ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။