< Luke 6 >
1 And it came to pass, on a Sabbath, as He is going through the grainfields, that His disciples were plucking the ears, and were eating, rubbing with the hands,
၁ဒုတိယဧကဒက်ဥပုသ်နေ့ ၌ ကိုယ်တော် သည် ဂျုံစပါးလယ်ကွက် တို့ကို ရှောက်ကြွ တော်မူလျှင် ၊ တပည့် တော်တို့သည် စပါး အသီးအနှံကိုဆွတ် ၍ လက် နှင့် ပွတ်နယ် စား ကြ၏။
2 and certain of the Pharisees said to them, “Why do you do that which is not lawful to do on the Sabbaths?”
၂ဖာရိရှဲ အချို့ တို့က၊ ဥပုသ်နေ့ ၌ မ ပြုအပ် သောအမှု ကိုသင်တို့သည် အဘယ်ကြောင့် ပြု ကြသနည်းဟု ဆို ကြသော်၊
3 And Jesus answering said to them, “Did you not read even this that David did when he hungered, himself and those who are with him,
၃ယေရှု က၊ ဒါဝိဒ် သည် မိမိ အဘော် တို့နှင့်တကွ မွတ်သိပ် သောအခါ ၊
4 how he went into the house of God, and took the Bread of the Presentation, and ate, and gave also to those with him, which it is not lawful to eat, except only to the priests?”
၄ဘုရားသခင် ၏ အိမ် တော်သို့ ဝင် ၍ ယဇ်ပုရောဟိတ် တို့မှတစ်ပါး အဘယ်သူ မျှမ စား အပ် သော ရှေ့ တော် မုန့် ကို ယူ စား ၍ ၊ မိမိ အဘော် တို့အားပေး သည်အကြောင်းကိုမျှ သင်တို့သည်မ ဘတ် ဘူးသလော။
5 And He said to them, “The Son of Man is Lord also of the Sabbath.”
၅ထိုမှတပါး ၊ လူ သား သည် ဥပုသ်နေ့ ကိုပင် အစိုးရ သည် ဟု မိန့် တော်မူ၏။
6 And it came to pass also, on another Sabbath, that He goes into the synagogue, and teaches, and there was there a man, and his right hand was withered,
၆အခြား သောဥပုသ်နေ့ ၌ ကိုယ်တော် သည်တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူသည်တွင်၊ ထို စရပ်၌ လက်ျာ လက် သေ သောသူ တစ်ယောက်ရှိ ၏။
7 and the scribes and the Pharisees were watching Him, if on the Sabbath He will heal, that they might find an accusation against Him.
၇ဥပုသ်နေ့ ၌ သူ၏ရောဂါကို ငြိမ်း စေမည် မငြိမ်းစေမည်ကို ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌ အပြစ်တင် ခွင့်ကို ရှာ ၍ ချောင်းကြည့် ကြ၏။
8 And He Himself had known their reasonings and said to the man having the withered hand, “Rise, and stand in the midst”; and he having risen, stood.
၈ကိုယ်တော် သည် ထိုသူ တို့အကြံအစည် ကိုသိ လျှင်၊ လက် သေ သောသူ အား၊ ထ လော့။ အလယ် ၌ မတ်တတ် နေလော့ ဟု မိန့် တော်မူသည်အတိုင်း ထိုသူသည်ထ ၍ မတ်တတ် နေ၏။
9 Then Jesus said to them, “I will question you something: is it lawful on the Sabbaths to do good, or to do evil? To save life or to kill?”
၉ယေရှု ကလည်း၊ သင် တို့ကိုငါမေး မည်။ ဥပုသ်နေ့ ၌ အဘယ်သို့ပြုအပ် သနည်း။ ကျေးဇူးပြု အပ်သလော ။ သူ့အကျိုးကို ဖျက်ဆီး အပ်သလော။ အသက် ကို ကယ် အပ်သလော ၊ သတ် အပ်သလော ဟု ပရိသတ် တို့အား မေး တော်မူပြီးလျှင် ၊
10 And having looked around on them all, He said to the man, “Stretch forth your hand”; and he did so, and his hand was restored whole as the other;
၁၀ထိုသူ အပေါင်း တို့ကို ပတ်လည် ကြည့်ရှုလျက်၊ သင် ၏လက် ကို ဆန့် လော့ ဟု ထိုသူ အားမိန့် တော်မူ၍ သူသည်မိမိလက်ကိုဆန့် လျှင် ၊ ထိုလက် သည် လက်တစ်ဘက်ကဲ့သို့ပကတိ ဖြစ်လေ၏။
11 and they were filled with madness, and were speaking with one another what they might do to Jesus.
၁၁ထိုသူ များတို့သည် ဒေါသ စိတ်နှင့် ယစ်မူး ၍ ယေရှု အား အဘယ်သို့ ပြု အံ့နည်းဟု အချင်းချင်း ဆွေးနွေး ကြ၏။
12 And it came to pass in those days, He went forth to the mountain to pray, and was passing the night in the prayer of God,
၁၂ထို နေ့ရက် ကာလ၌ ကိုယ်တော် သည် ဆုတောင်း ပဌနာပြုခြင်းငှာတောင် ပေါ်သို့ ကြွ ၍ ဘုရားသခင် အား ဆုတောင်း ပဌနာပြုလျက် တစ် ညဉ့်နေ တော်မူ၏။
13 and when it became day, He called near His disciples, also having chosen twelve from them, whom He also named apostles:
၁၃မိုဃ်းလင်း သောအခါ တပည့် တော်တို့ကို ခေါ် တော်မူ၍ ၊
14 Simon, whom He also named Peter, and his brother Andrew, James and John, Philip and Bartholomew,
၁၄ပေတရု အမည်သစ်ကိုရသော ရှိမုန် နှင့် သူ့ ညီ အန္ဒြေ ၊ ယာကုပ် နှင့် ယောဟန် ၊ ဖိလိပ္ပု နှင့် ဗာသောလမဲ ၊
15 Matthew and Thomas, James of Alphaeus, and Simon called Zealot,
၁၅မသ္သဲ နှင့် သောမ ၊ အာလဖဲ ၏သားယာကုပ် နှင့် ဇေလုပ် ဟုခေါ်ဝေါ် သော ရှိမုန် ၊
16 Judas of James, and Judas Iscariot, who also became betrayer.
၁၆ယာကုပ် ၏ ညီယုဒ နှင့် ကိုယ်တော်ကိုအပ်နှံ သော ယုဒ ရှကာရုတ် တည်းဟူသောတကျိပ် နှစ်ပါးတို့ကို ရွေးကောက် ၍ တမန်တော် အမည် ဖြင့် သမုတ်တော်မူ၏။
17 And having come down with them, He stood on a level spot; and a crowd of His disciples, and a great multitude of the people from all Judea, and Jerusalem, and the seacoast of Tyre and Sidon,
၁၇ထိုသူ တို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်ကဆင်းကြွ ၍ မြေညီ ရာအရပ် ၌ ရပ် တော်မူ၏။ တရား နာခြင်းငှာ၎င်း ၊ အနာ ရောဂါတို့ကိုငြိမ်း စေခြင်းငှာ၎င်း၊ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်။ ပင်လယ် ကမ်းနား၊ တုရု မြို့၊ ဇိဒုန် မြို့ အရပ်ရပ် တို့က လာ ကြ သော လူ အစုအဝေး အပေါင်း တို့နှင့် တပည့် တော်အပေါင်း တို့သည် ရှိကြ၏။
18 who came to hear Him and to be healed of their diseases, [gathered]. And those harassed by unclean spirits [also gathered] and were healed.
၁၈ညစ်ညူး သောနတ် ညှင်းဆဲ သောသူ တို့သည်လည်း လာ၍ချမ်းသာ ရကြ၏။
19 And all the multitude were seeking to touch Him, because power was going forth from Him, and He was healing all.
၁၉ကိုယ်တော် အထဲ ကတန်ခိုး ထွက် ၍ လူအပေါင်း တို့ကို သက်သာ စေတော်မူသည်ဖြစ်၍၊ ပရိသတ် အပေါင်း တို့သည် ကိုယ်တော် ကိုတို့ ခြင်းငှာရှာကြံ ကြ၏။
20 And He, having lifted up His eyes to His disciples, said: “Blessed the poor—because yours is the Kingdom of God.
၂၀ထိုအခါ ကိုယ်တော် သည်မြော် ၍ တပည့် တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲ သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏နိုင်ငံဖြစ် ၏။
21 Blessed those hungering now—because you will be filled. Blessed those weeping now—because you will laugh.
၂၁ယခု တွင် ငတ်မွတ် သောသင်တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ဝပြော ခြင်းသို့ ရောက်ကြလတံ့။ ယခု တွင် ငိုကြွေး သော သင်တို့သည်မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ရယ် ကြ လတံ့။ သူတစ်ပါး တို့သည် လူ သား ကြောင့် သင် တို့ကိုမုန်း သောအခါ ၊
22 Blessed are you when men will hate you, and when they will separate you, and will reproach, and will cast forth your name as evil, for the Son of Man’s sake—
၂၂ပယ်ရှား နှင်ထုတ်၍ ကဲ့ရဲ့ ခြင်း၊ အသရေ ရှုတ်ချ ခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
23 rejoice in that day, and leap, for behold, your reward [is] great in Heaven, for according to these things were their fathers doing to the prophets.
၂၃ထို ကာလ ၌ ဝမ်းမြောက် ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန် ကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သူ တို့၏ဘိုးဘေး များသည် ပရောဖက် တို့ကို ထိုသို့ ပင်ပြု ကြပြီ။
24 But woe to you—the rich, because you have gotten your comfort.
၂၄တစ်နည်းကား၊ ငွေရတတ် သောသင် တို့ သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် မိမိ သက်သာ ခြင်းကို ယခုခံရ ကြ၏။
25 Woe to you who have been filled—because you will hunger. Woe to you who are laughing now—because you will mourn and weep.
၂၅ဝ စွာစားရသော သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ငတ်မွတ် ခြင်းသို့ ရောက်ရကြလတံ့။ ယခု ရယ် တတ်သောသင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သင်တို့သည် ညည်းတွား ငိုကြွေး ရကြလတံ့။
26 Woe to you when all men will speak well of you—for according to these things were their fathers doing to false prophets.
၂၆လူ တို့သည် သင် တို့ကို ချီးမွမ်း သောအခါ ၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ သူ တို့၏ ဘိုးဘေး များသည် မိစ္ဆာ ပရောဖက်တို့ကို ထိုသို့ ပင် ပြု ကြပြီ။
27 But I say to you who are hearing, love your enemies, do good to those hating you,
၂၇ငါ့စကားကိုကြား ရသော သင် တို့အား ငါဆို သည်ကား၊ သင် တို့၏ ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကို မုန်း သောသူ တို့အား ကျေးဇူး ပြု ကြလော့။
28 bless those cursing you, pray for those maligning you;
၂၈သင် တို့ကို ကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင် တို့ကို နှောင့်ရှက် သောသူ တို့အဘို့ ဘုရားသခင်ကို ဆုတောင်း ကြလော့။
29 and to him striking you on the cheek, give also the other, and from him taking away from you the mantle, also the coat you may not keep back.
၂၉သင် ၏ ပါး တဘက်ကို ပုတ် သောသူ အား ပါးတဘက် ကိုပေး ဦးလော့။ သင့် ဝတ်လုံ ကို သိမ်းယူ သော သူ အား သင့်အင်္ကျီ ကိုလည်း ယူစေခြင်းငှာအခွင့် ပေးဦးလော့။
30 And to everyone who is asking of you, be giving; and from him who is taking away your goods, do not be asking again;
၃၀အကြင်သူ သည် သင့် ကိုတောင်း ၏။ ထိုသူအားပေး လော့။ သင့် ဥစ္စာ ကို သိမ်းယူ သောသူ အားပြန် ၍ မ တောင်းနှင့်။
31 and as you wish that men may do to you, do also to them in like manner;
၃၁သင်တို့သည် ကိုယ် ၌သူတစ်ပါး ပြု စေလို သည်အတိုင်း သူတစ်ပါး ၌ ပြု ကြလော့။
32 and—if you love those loving you, what grace is it to you? For also the sinful love those loving them;
၃၂သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူ တို့သည် ကိုယ် ကိုချစ် သောသူ တို့အား ချစ်တုံ့ပြု ကြသည် မဟုတ်လော။
33 and if you do good to those doing good to you, what grace is it to you? For also the sinful do the same;
၃၃သင် တို့ကို ကျေးဇူးပြု သောသူ တို့အားသာ ကျေးဇူး ပြုလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သော သူ တို့သည် ဤမျှလောက် ပြု ကြသည်မဟုတ်လော့။
34 and if you lend [to those] of whom you hope to receive back, what grace is it to you? For also the sinful lend to sinners—that they may receive again as much.
၃၄သူတစ်ပါးအား ဥစ္စာချေးငှား သောအခါ ဆပ်ပေး လိမ့်မည်ဟု မြော်လင့် လျက် ချေးငှားလျှင် အဘယ် ကျေးဇူး တင် သနည်း။ ဆိုး သောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံ လို၍ ဆိုး သောသူချင်းတို့အား ချေးငှား တတ် သည် မဟုတ်လော။
35 But love your enemies, and do good, and lend, hoping for nothing again, and your reward will be great, and you will be sons of the Highest, because He is kind to the ungracious and evil;
၃၅သင် တို့မူကား ရန်သူ တို့ကိုချစ် ကြသလော။ ကျေးဇူး ပြုကြလော့။ တစ်စုံတစ်ခုကိုရမည်ဟု မြော်လင့် ခြင်း မ ရှိဘဲချေးငှား ကြလော့။ ထိုသို့ပြုလျှင်သင် တို့အကျိုး ကြီး လိမ့်မည်။ အမြင့်ဆုံး သောဘုရား၏ သား ဖြစ် ကြလိမ့်မည်။
36 be therefore merciful, as also your Father is merciful.
၃၆ထိုဘုရား သည် ကျေးဇူး မသိသောသူ ၊ ဆိုးညစ် သောသဘောရှိသော သူတို့အား ကျေးဇူး ပြု တော်မူ၏။ ထို့ကြောင့် သင် တို့အဘ သည် သနား ခြင်းစိတ်ရှိ တော်မူသည်နည်းတူ သင်တို့သည်လည်း သနား ခြင်းစိတ်ရှိ ကြ လော့။
37 And do not judge, and you may not be judged; do not condemn, and you may not be condemned; release, and you will be released.
၃၇သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မ ပြုကြနှင့်။ မ ပြုလျှင်သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်း နှင့် ကင်းလွတ် ကြလိမ့်မည်။ သူတစ်ပါးကို အပြစ် မ စီရင်ကြနှင့် ။ မ စီရင်လျှင် သင်တို့သည် အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ် ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ် လိမ့်မည်။
38 Give, and it will be given to you; good measure, pressed, and shaken, and running over, they will give into your bosom; for with that measure with which you measure, it will be measured to you again.”
၃၈သူတစ်ပါးအားပေး ကြလော့။ ပေးလျှင် သူတစ်ပါးသည် သင် တို့အားပေး ကြလိမ့်မည်။ အမှန် ခြင် ရုံမျှမက၊ သိပ်နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက်ရှိခြင်းနှင့် သင် တို့ရင်ခွင် ၌ ပေး ကြလိမ့်မည်။ အကြောင်းမူကား ၊ အကြင် ချိန်၊ တင်းပမာဏ နှင့် သင် တို့သည် သူတစ်ပါးအားပေး ၏၊ ထိုပမာဏ အတိုင်း ကိုယ်ခံရကြမည်။
39 And He spoke an allegory to them, “Is blind able to lead blind? Will they not both fall into a pit?
၃၉ဥပမာ ကား ၊ လူကန်း သည် လူကန်း ကို လမ်းပြနိုင် သလော။ နှစ် ဦးတို့သည် တွင်း ထဲသို့ ကျ လိမ့်မည်မ ဟုတ်လော။
40 A disciple is not above his teacher, but everyone perfected will be as his teacher.
၄၀တပည့် သည် ဆရာ ထက် မ သာ။ အပြီး သင်ပြီးသော တပည့်တိုင်း မိမိ ဆရာ ကဲ့သို့ ဖြစ် လိမ့်မည်။
41 And why do you behold the speck that is in your brother’s eye, and do not consider the beam that [is] in your own eye?
၄၁ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကို မ အောက် မမေ့ဘဲ၊ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို အဘယ်ကြောင့် ကြည့်ရှု သနည်း။
42 Or how are you able to say to your brother, Brother, permit, I may take out the speck that [is] in your eye—yourself not beholding the beam in your own eye? Hypocrite, first take the beam out of your own eye, and then you will see clearly to take out the speck that [is] in your brother’s eye.
၄၂ကိုယ် မျက်စိ ၌ ရှိသော တံကျင် ကို မ မြင်မှတ် ဘဲလျက်၊ ညီအစ်ကို ၊ သင် ၏မျက်စိ ၌ ရှိသော ငြောင့်ငယ် ကို ထုတ် ပါရစေဟု အဘယ်သို့ ညီအစ်ကို အားဆို ရသနည်း။ လျှို့ဝှက် သောသူ၊ ကိုယ် မျက်စိ ၌ ရှိသောတံကျင် ကို ရှေးဦးစွာ ထုတ် လော့။ နောက်မှ ညီအစ်ကို မျက်စိ ၌ ရှိသော ငြောင့်ငယ် ကိုထုတ် ခြင်းငှာရှင်းလင်း စွာမြင်လိမ့်မည်။
43 For there is not a good tree making bad fruit, nor a bad tree making good fruit;
၄၃မကောင်း သောအသီး ကိုသီး သော အပင်ကား၊ ကောင်း သောအပင် မ ဟုတ် ။ ကောင်း သောအသီး ကို သီး သော အပင်ကား၊ မကောင်း သောအပင် မ ဟုတ်။
44 for each tree is known from its own fruit, for they do not gather figs from thorns, nor do they crop a grape from a bramble.
၄၄အသီး ကိုထောက်၍အပင် သဘော ကိုသိ ရ၏။ ဆူးပင် ၌ သင်္ဘောသဖန်း သီးကို မ ဆွတ် တတ်။ တောချုံ ၌ စပျစ်သီး ကိုမ ဆွတ် တတ်။
45 The good man out of the good treasure of his heart brings forth that which [is] good; and the evil man out of the evil treasure of his heart brings forth that which [is] evil; for out of the abounding of the heart his mouth speaks.
၄၅ကောင်း သောသူ သည် ကောင်း သော မိမိစိတ် နှလုံး ဘဏ္ဍာတိုက် ထဲက ကောင်း သောအရာ ကို ထုတ်ဘော် တတ်၏။ မကောင်း သောသူ သည် မကောင်း သောအရာ ကိုထုတ်ဘော် တတ်၏။ အကြောင်းမူကား ၊ စိတ် နှလုံးအပြည့် ရှိသည်အတိုင်း နှုတ် မြွတ် တတ်၏။
46 And why do you call Me, Lord, Lord, and do not do what I say?
၄၆ငါ့စကား ကို နား မ ထောင်ဘဲလျက်၊ ငါ့ ကိုသခင် ၊ သခင် ဟု အဘယ်ကြောင့် ခေါ် ကြသနည်း။
47 Everyone who is coming to Me, and is hearing My words, and is doing them, I will show you to whom he is like:
၄၇ငါ့ ထံသို့ လာ ၍ ငါ့ စကား ကိုကြား သည်အတိုင်း နားထောင် သောသူ သည် အဘယ်သူ နှင့် တူ သနည်း ဟူမူကား၊
48 he is like to a man building a house, who dug and deepened, and laid a foundation on the rock, and a flood having come, the stream broke forth on that house, and was not able to shake it, for it had been founded on the rock.
၄၈တိုက် ကိုတည် သောအခါ နက် စွာတူး ၍ ကျောက် ပေါ်မှာ တိုက်မြစ် ချ သောသူ နှင့်တူ၏။ မြစ် ရေထ သဖြင့် ရေစီး ၍ ထို တိုက် ကိုရိုက်ခတ် သောအခါ ကျောက်ပေါ်မှာတည် လျက်ရှိသောကြောင့် မ လှုပ် နိုင် ရာ။
49 And he who heard and did not, is like to a man having built a house on the earth, without a foundation, against which the stream broke forth, and immediately it fell, and the ruin of that house became great.”
၄၉ငါ့စကားကိုကြား ၍ နားထောင် သောသူ မူကား ၊ အခုအခံ မ ရှိဘဲ မြေ ပေါ်မှာ တိုက် ကိုတည် သောသူ နှင့်တူ၏။ ရေစီး ၍ ထို တိုက် ကိုရိုက်ခတ် သောအခါ၊ ချက်ခြင်း လဲ ၍ အကုန်အစင် ပြိုပျက် လေသည် ဟု ဟော တော်မူ၏။