< Luke 5 >
1 And it came to pass, in the multitude pressing on Him to hear the word of God, that He was standing beside the Lake of Gennesaret,
၁တရံရောအခါ ဂင်္နေသရက် အိုင် နား မှာ ရပ် တော်မူ၍ ၊ လူ များတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားကို နားထောင် ခြင်းငှာကိုယ်တော် အနီးသို့ တိုးဝင် ကြစဉ် တွင်၊ ကမ်း နား မှာဆိုက် သော လှေ နှစ် စင်းကိုမြင် တော်မူ၏။
2 and He saw two boats standing beside the lake, and the fishers, having gone away from them, were washing the nets,
၂တံငါ တို့သည် လှေ ထဲက ထွက် ၍ပိုက်ကွန် တို့ကို ဆေးလျှော် လျက်နေကြ၏။
3 and having entered into one of the boats, that was Simon’s, He asked him to put back a little from the land, and having sat down, was teaching the multitudes out of the boat.
၃ထို လှေ တို့တွင် ရှိမုန် ၏ လှေထဲသို့ ဝင် တော်မူပြီးလျှင် ၊ လှေကိုကမ်း နားမှာ အနည်းငယ် ခွာ ဖွင့်စေခြင်းငှာရှိမုန် ကို အခွင့်တောင်း တော်မူ၏။ ထို လှေ ပေါ်မှာထိုင် လျက် လူ များတို့ကို ဆုံးမ ဩဝါဒပေးတော်မူ၏။
4 And when He left off speaking, He said to Simon, “Put back into the deep, and let down your nets for a catch”;
၄စကား တော်ပြတ် သောအခါ ၊ ရေနက် ရာအရပ်သို့ ရွှေ့ ဦးလော့။ ပိုက်ကွန် ကိုချ ၍ ငါးကိုအုပ် စမ်းလော့ ဟု ရှိမုန် အား မိန့် တော်မူ၏။
5 and Simon answering said to Him, “Master, through the whole night, having labored, we have taken nothing, but at Your saying I will let down the net.”
၅ရှိမုန် ကလည်း ၊ သခင် ၊ အကျွန်ုပ်တို့သည် တစ်ညဉ့်လုံး ကြိုးစား သော်လည်း တစ် ကောင်ကိုမျှမရ ပါ။ သို့ရာတွင် အမိန့် တော်ရှိလျှင် ပိုက်ကွန် ကို ချ ပါမည်ဟု လျှောက် လေ၏။
6 And having done this, they enclosed a great multitude of fishes, and their net was breaking,
၆ထိုသို့ ချ ကြပြီးလျှင် ၊ အလွန် များစွာ သောငါး တို့ကို အုပ်မိ သဖြင့် ပိုက်ကွန် သည် စုတ်ပျက် စရှိ၏။
7 and they beckoned to the partners who [are] in the other boat, having come, to help them; and they came, and filled both the boats, so that they were sinking.
၇အခြား သော လှေ တစ်စင်း၌ ရှိသော အပေါင်းအဖော် တို့သည်လာ ၍ကူညီ စေခြင်းငှာသူ တို့ကို အမှတ်ပေး သဖြင့် ၊ သူတို့သည်လာ ၍ လှေ နှစ် စင်းနစ် လုမတတ် ငါးနှင့်ပြည့် စေကြ၏။
8 And Simon Peter having seen, fell down at the knees of Jesus, saying, “Depart from me, because I am a sinful man, O Lord”;
၈ရှိမုန် ပေတရု သည်မြင် လျှင်၊ ယေရှု ၏ ပုဆစ် တော်ကိုဦးတိုက် ၍ ၊ သခင် ၊ အကျွန်ုပ်သည် အပြစ် များသော သူ ဖြစ် ပါ၏။ အကျွန်ုပ် ဆီမှ ကြွသွား တော်မူပါဟု လျှောက် လေ၏။
9 for astonishment seized him, and all those with him, at the catch of the fishes that they took,
၉အဘယ်ကြောင့် ဤသို့လျှောက်သနည်း ဟူမူကား၊ အုပ်မိ သောငါး များကိုထောက် သဖြင့်၊ ရှိမုန် နှင့် သူ၏အပေါင်းအဘော် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် မှစ၍ ရှိမုန် နှင့်ပါသမျှ သောသူ တို့သည် မိန်းမော တွေဝေခြင်းရှိကြ၏။
10 and in like manner also James and John, sons of Zebedee, who were partners with Simon; and Jesus said to Simon, “Do not fear, from now on you will be catching men”;
၁၀ယေရှု ကလည်း ၊ ကြောက်ရွံ့ ခြင်းမ ရှိနှင့်။ သင်သည်ယခု မှစ၍ လူ တို့ကိုဘမ်းမိ သောသူ ဖြစ် လိမ့်မည် ဟု မိန့် တော်မူ၏။
11 and they, having brought the boats on the land, having left all, followed Him.
၁၁ကမ်း နားမှာ လှေ ကိုဆိုက် ပြီးလျှင် ၊ ထိုသူတို့သည် ရှိသမျှ တို့ကို စွန့်ပစ် ၍ နောက် တော်သို့လိုက်ကြ၏။
12 And it came to pass, in His being in one of the cities, that behold, a man full of leprosy, and having seen Jesus, having fallen on [his] face, he implored Him, saying, “Lord, if You may will, You are able to cleanse me”;
၁၂ကိုယ်တော် သည် မြို့ တစ် မြို့၌ ရှိ တော်မူစဉ် ၊ တစ်ကိုယ်လုံး နူနာစွဲ သော သူ တစ်ယောက်သည် ကိုယ်တော် ကို မြင် လျှင် ပြပ်ဝပ် ၍ ၊ သခင် ၊ အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
13 and having stretched forth [His] hand, He touched him, having said, “I will, be cleansed”; and immediately the leprosy went away from him.
၁၃ယေရှုကလည်း ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟုမိန့် တော်မူလျက် ၊ လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင်နူနာ ပျောက် လေ ၏။
14 And He charged him to tell no one, “But having gone away, show yourself to the priest, and bring near for your cleansing according as Moses directed, for a testimony to them”;
၁၄ယေရှု ကလည်း ၊ ဤ အကြောင်းကို အဘယ်သူ အားမျှမပြော နှင့် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာသန့်ရှင်း ခြင်းသို့ ရောက်သည့်အတွက် မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟုမိန့် တော်မူ၏။
15 but the more was the report going abroad concerning Him, and great multitudes were coming together to hear, and to be healed by Him of their sicknesses,
၁၅သို့သော်လည်း သိတင်း တော်သည်သာ၍ ကျော်စော သဖြင့် ၊ များစွာ သောလူ အပေါင်းတို့သည် တရား နာလိုသောငှာ၎င်း ၊ အနာ ငြိမ်း စေခြင်းကျေးဇူးတော်ကို ခံလိုသောငှာ၎င်း၊ စုဝေး လျက်ရှိကြ၏။
16 and He was withdrawing Himself in the desolate places and was praying.
၁၆ကိုယ်တော် သည် တော အရပ်သို့ ကြွ ၍ ဆုတောင်း လေ့ရှိတော်မူ၏။
17 And it came to pass, on one of the days, that He was teaching, and there were sitting by Pharisees and teachers of the Law, who were come out of every village of Galilee, and Judea, and Jerusalem, and the power of the LORD was—to heal them.
၁၇တစ်နေ့သ၌ ကိုယ်တော် သည် ဆုံးမ ဩဝါဒပေးတော်မူစဉ် ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ဂါလိလဲ ပြည်မြို့ရွာ များ တို့က ရောက်လာ သော ဖာရိရှဲ တို့နှင့် နိဿရည်း ဆရာတို့သည် ထိုင် လျက်ရှိ ကြ၏၊ အနာ ရောဂါ ငြိမ်းစေခြင်းငှာသခင်ဘုရား ၏ တန်ခိုး တော်သည် ထင်ရှား ၏။
18 And behold, men carrying a man on a bed, who has been struck with palsy, and they were seeking to bring him in, and to place before Him,
၁၈ထိုအခါ လက်ခြေသေ သောသူ တစ်ယောက်ကို အိပ်ရာ နှင့်တကွအထံသို့ဆောင်ခဲ့ ၍၊ ရှေ့ တော်၌ သွင်း ထား ခြင်းငှာရှာကြံ ကြ၏။
19 and having not found by what way they may bring him in because of the multitude, having gone up on the housetop, through the tiles they let him down with the little bed, into the midst before Jesus,
၁၉လူစုဝေး လျက်ရှိသောကြောင့် ဝင်စရာ လမ်းကိုမ တွေ့ သဖြင့် ၊ အိမ်မိုး ပေါ်သို့ တက် ၍ အုတ်မိုး ကို ဖောက်ပြီးမှလူနာ ကို အိပ်ရာ နှင့်တကွ လူများ အလယ် ယေရှု ၏ ရှေ့ တော်သို့ လျှော့ချ ကြ၏။
20 and He having seen their faith, said to him, “Man, your sins have been forgiven you.”
၂၀ကိုယ်တော်သည် ထိုသူ တို့၏ ယုံကြည် ခြင်းကိုမြင် လျှင် ၊ လူနာအား၊ အချင်းလူ ၊ သင် ၏အပြစ် ကို လွတ် စေပြီ ဟု မိန့် တော်မူ၏။
21 And the scribes and the Pharisees began to reason, saying, “Who is this that speaks evil words? Who is able to forgive sins, except God only?”
၂၁ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က၊ ဘုရားကိုလွန်ကျူး ၍ ပြော သောဤ သူ ကား အဘယ်သူ နည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူ သည် အပြစ် ကို လွှတ် နိုင် သနည်းဟု ထင်မှတ် ကြ၏။
22 And Jesus having known their reasonings, answering, said to them, “What reason you in your hearts?
၂၂ယေရှု သည် ထိုသူ တို့၏ ထင်မှတ် ခြင်းကိုသိ တော်မူလျှင် ၊ သင် တို့စိတ် ထဲမှာ အဘယ်ကြောင့် ထင်မှတ် ကြသနည်း။
23 Which is easier—to say, Your sins have been forgiven you? Or to say, Arise, and walk?
၂၃အဘယ် စကားကိုသာ၍ ပြော လွယ်သနည်း။ သင် ၏အပြစ် ကိုလွတ် စေပြီဟု ပြော လွယ်သလော ။ သင် ထ ၍ လှမ်းသွား လော့ ဟုပြောလွယ်သလော။
24 And that you may know that the Son of Man has authority on the earth to forgive sins—(He said to the one struck with palsy)—I say to you, arise, and having taken up your little bed, be going on to your house.”
၂၄လူ သား သည်မြေကြီး ပေါ်မှာ အပြစ် လွှတ် ပိုင် သည်ကို သင်တို့သိ စေခြင်းငှာ ထ လော့။ ကိုယ် အိပ်ယာ ကို ဆောင် ၍ ကိုယ် အိမ် သို့ သွား လော့။ သင့် အား ငါ ဆိုသည် ဟု လက်ခြေသေ သောသူ အား မိန့် တော်မူ၏။
25 And immediately having risen before them, having taken up [that] on which he was lying, he went away to his house, glorifying God,
၂၅ထိုသူသည်လည်း လူ အများရှေ့ မှာ ချက်ခြင်း ထ ၍ အိပ်ရာကိုဆောင် လျက်၊ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလျက် မိမိ အိမ် သို့ သွား လေ၏။
26 and astonishment took all, and they were glorifying God, and were filled with fear, saying, “We saw strange things today.”
၂၆ထိုသူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ကြောက်ရွံ့ အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဘွယ် သော အမှုအရာကို ယနေ့ မြင် ခဲ့ပြီဟုပြောဆို ၍ ဘုရားသခင် ၏ ဂုဏ် တော်ကိုချီးမွမ်းကြ၏။
27 And after these things He went forth, and beheld a tax collector, by name Levi, sitting at the tax office, and said to him, “Follow Me”;
၂၇ထိုနောက် ကိုယ်တော်သည် ထကြွ ၍ လေဝိ အမည် ရှိသော အခွန်ခံ သူသည် အခွန်ခံ ရာတဲ၌ ထိုင် နေသည်ကိုမြင် သော် ငါ နောက် သို့လိုက်လော့ ဟု မိန့် တော်မူ၏။
28 and he, having left all, having arisen, followed Him.
၂၈ထိုသူသည်လည်း ရှိသမျှ တို့ကို စွန့်ပစ် လျက် ထ ၍နောက် တော်သို့လိုက်လေ၏။
29 And Levi made a great entertainment to Him in his house, and there was a great multitude of tax collectors and others who were with them reclining,
၂၉ထိုနောက်မှ လေဝိ သည် ကိုယ်တော် အဘို့အလို့ငှာမိမိ အိမ် ၌ ကြီးစွာ သောပွဲ ကိုခံ ၍၊ အခွန်ခံ သောသူများ နှင့် အခြား သောသူ အပေါင်းတို့သည် ကိုယ်တော်မှစသောတပည့် တော်တို့နှင့်တကွ စားပွဲ၌ လျောင်း ကြ၏။
30 and the scribes and the Pharisees among them were murmuring at His disciples, saying, “Why do You eat and drink with tax collectors and sinners?”
၃၀ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့က သင်တို့သည် အခွန်ခံ သောသူ ဆိုး သောသူတို့နှင့်အတူ အဘယ်ကြောင့် စား သောက် ကြသနည်းဟု တပည့် တော်တို့ကိုကဲ့ရဲ့အပြစ်တင် ကြ၏။
31 And Jesus answering said to them, “They who are well have no need of a physician, but they that are ill:
၃၁ယေရှု ကလည်း ၊ ကျန်းမာ သောသူ တို့သည် ဆေးသမား ကိုအလို မ ရှိ ကြ။ နာ သောသူ တို့သာလျှင် အလိုရှိ ကြ၏။
32 I did not come to call righteous men, but sinners, to conversion.”
၃၂ဖြောင့်မတ် သောသူတို့သည် နောင်တ သို့ ခေါ် ခြင်းငှာလာ သည်မ ဟုတ် ဆိုး သော သူတို့ကို ခေါ်ခြင်းငှာ ငါ လာ သတည်း ဟု မိန့် တော်မူ၏။
33 And they said to Him, “Why do the disciples of John fast often, and make supplications—in like manner also those of the Pharisees—but Yours eat and drink?”
၃၃လူအချို့တို့က၊ ယောဟန် ၏ တပည့် တို့နှင့် ဖာရိရှဲ တို့သည် အစာရှောင် ခြင်းနှင့် ဆုတောင်း ခြင်းတို့ကို အဖန်တလဲလဲ ပြု ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော် ၏တပည့် တို့သည် စား သောက် လျက် နေကြ ပါသနည်းဟု လျှောက် ကြ၏။
34 And He said to them, “Are you able to make the sons of the bride-chamber—in the Bridegroom being with them—to fast?
၃၄ကိုယ်တော် ကလည်း ၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်းအဘော် တို့နှင့်အတူ ရှိစဉ်အခါ သူတို့ကို အစာရှောင် စေနိုင် သလော။
35 But days will come, and when the Bridegroom may be taken away from them, then they will fast in those days.”
၃၅မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော် တို့နှင့်ခွာ ၍ ယူသွား သောအချိန် ကာလရောက် လိမ့်မည်။ ထို ကာလ အခါသူတို့သည် အစာရှောင် ကြလိမ့်မည်။
36 And He spoke also an allegory to them: “No one puts a patch of new clothing on old clothing, and if otherwise, the new also makes a split, and with the old the patch does not agree, that [is] from the new.
၃၆ဥပမာ ကား ၊ အဝတ် ဟောင်း ကို အထည် သစ် နှင့် ဖာ လေ့မ ရှိ။ ထိုသို့ဖာလျှင် အထည်သစ် သည် ဆွဲဆုတ် တတ်၏။ ဖာ သောအထည်သစ် သည် အဝတ်ဟောင်း နှင့် မ သင့် မတင့်တတ်။
37 And no one puts new wine into old skins, and if otherwise, the new wine will burst the skins, and itself will be poured out, and the skins will be destroyed;
၃၇၎င်းနည်း၊ ဟောင်း သောသားရေဘူး ၌ အသစ် သောစပျစ်ရည် ကို ထည့် လေ့မ ရှိ။ ထိုသို့ ထည့်လျှင် အသစ် သောစပျစ်ရည် သည် သားရေဘူး ကို ဆုတ် ခွဲသဖြင့် ၊ စပျစ်ရည် သည်ယို ၍ သားရေဘူး လည်း ပျက်စီး တတ်၏။
38 but new wine is to be put into new skins, and both are preserved together;
၃၈အသစ် သောစပျစ်ရည် ကို အသစ် သောသားရေဘူး ၌ ထည့် ရသည်၊ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီး။
39 and no one having drunk old, immediately wishes new, for he says, The old is better.”
၃၉ဟောင်း သောစပျစ်ရည်ကိုသောက် ပြီးသော သူသည်လည်း အသစ် သောစပျစ်ရည်ကို ချက်ခြင်းအလို မ ရှိတတ်။ ဟောင်း သော စပျစ်ရည်သာ၍ကောင်း သည်ကိုသိ၏ ဟုမိန့် တော်မူ၏။