< Luke 20 >
1 And it came to pass, on one of those days, as He is teaching the people in the temple, and proclaiming good news, the chief priests and the scribes, with the elders, came on [Him],
၁တစ်နေ့သ၌ ကိုယ်တော် သည် ဗိမာန် တော်တွင် လူ များကို ဆုံးမ ဩဝါဒပေး၍ ဧဝံဂေလိ တရားကို ဟောတော်မူစဉ် ၊ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာ၊ လူအကြီးအကဲ တို့သည် လာ ၍၊
2 and spoke to Him, saying, “Tell us by what authority You do these things? Or who is he that gave to You this authority?”
၂ကိုယ်တော် သည် ဤ အမှုများကို အဘယ် အခွင့် နှင့် ပြု သည်ကို၎င်း ၊ ထို အခွင့် ကို အဘယ်သူ ပေး သည်ကို၎င်း၊ အကျွန်ုပ် တို့အား ပြော ပါဟု ဆို ကြသော် ၊
3 And He answering said to them, “I will question you—I also—one thing, and tell Me:
၃ကိုယ်တော်က၊ ငါ သည် တစ်စုံတစ်ခုကိုမေး ဦးမည်။ သင် တို့ ဖြေ ကြလော့။
4 the immersion of John, was it from Heaven, or from men?”
၄ယောဟန် ၏ ဗတ္တိဇံ တရားသည် ဘုရား က ဖြစ် သလော။ လူ က ဖြစ်သလော ဟု မေး တော်မူ၏။
5 And they reasoned with themselves, saying, “If we may say, From Heaven, He will say, Why, then, did you not believe him?
၅ထိုသူတို့သည် အချင်းချင်း ဆင်ခြင် ၍ ၊ ဘုရားက ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊ သင်တို့သည် ယောဟန် ကို အဘယ်ကြောင့် မ ယုံ သနည်းဟု သူမေး လေဦးမည်။ လူ က ဖြစ်သည်ဟု ငါတို့ဖြေ လျှင် ၊
6 And if we may say, From men, all the people will stone us, for they are having been persuaded John to be a prophet.”
၆ယောဟန် သည် ပရောဖက် ဖြစ် သည်ကို လူ အပေါင်း တို့သည် ယုံ သဖြင့် ငါ တို့ကို ကျောက်ခဲ နှင့် ပစ် ကြလိမ့်မည်ဟု အချင်းချင်းဆင်ခြင်ပြီးမှ၊
7 And they answered that they did not know from where [it was],
၇အဘယ် ကဖြစ် သည်ကို အကျွန်ုပ်တို့မ သိ ပါဟု ပြန်ပြော ကြ၏။
8 and Jesus said to them, “Neither do I say to you by what authority I do these things.”
၈ယေရှု ကလည်း ၊ ထိုအတူဤ အမှုများကိုအဘယ် အခွင့် နှင့် ငါပြု သည်ကို ငါ မ ပြော ဟု မိန့် တော်မူ၏။
9 And He began to speak to the people this allegory: “A certain man planted a vineyard, and gave it out to farmers, and went abroad for a long time,
၉ထိုအခါ ပရိသတ် တို့အား မိန့် တော်မူသောဥပမာ ကား၊ လူ တစ်ဦး သည် စပျစ် ဥယျာဉ်ကို စိုက်ပျိုး ပြီးမှလုပ်ဆောင် သောသူတို့အား ဥယျာဉ် ကိုငှား ၍ အခြားသောပြည်သို့ ကြာမြင့် စွာ သွား နေ၏။
10 and at the season he sent a servant to the farmers, that they may give to him from the fruit of the vineyard, but the farmers having beat him, sent [him] away empty.
၁၀ကာလ အချိန်တန်လျှင် ၊ လုပ်ဆောင် သောသူတို့သည် စပျစ် သီး အချို့ကို ပေး စေခြင်းငှာ ဥယျာဉ်ရှင်သည် သား ငယ်ကို စေလွှတ် လေ၏။ ဥယျာဉ်စောင့် တို့သည် ငယ်သား ကိုရိုက် ၍ လက်ချည်း လွှတ် လိုက်ကြ၏။
11 And he added to send another servant, and they also having beaten and dishonored that one, sent [him] away empty;
၁၁နောက်တစ်ဖန် အခြား သော ငယ်သား ကို စေလွှတ် ပြန်လျှင် ၊ ဥယျာဉ်စောင့်တို့သည် သူ့ ကိုရိုက် ၍ အရှက်ခွဲ ပြီးမှလက်ချည်း လွှတ် လိုက်ကြ၏။
12 and he added to send a third, and this one also, having wounded, they cast out.
၁၂နောက်တစ်ဖန် အခြား သောငယ်သားကို စေလွှတ် ပြန် လျှင် ၊ သူ့ ကိုဒဏ်ရာ ပေါ်အောင် နာကျင်စွာရိုက် နှင်ထုတ် ကြ၏။
13 And the owner of the vineyard said, What will I do? I will send my son, the beloved, perhaps having seen this one, they will respect [him];
၁၃ထိုအခါ ဥယျာဉ် ရှင် က၊ ငါသည် အဘယ်သို့ ပြု ရမည်နည်း။ ငါ ၏ချစ် သား ကို ငါစေလွှတ် မည်။ ထိုသူတို့ သည် ငါ့သား ကိုမြင်လျှင် အားနာ ကောင်းအားနာကြလိမ့်မည်ဟု ဆို ၏။
14 and having seen him, the farmers reasoned among themselves, saying, This is the heir; come, we may kill him, that the inheritance may become ours;
၁၄ဥယျာဉ်စောင့် တို့သည် သား ကိုမြင် လျှင် ၊ ဤသူ သည် အမွေခံ ဖြစ် ၏။ လာကြ။ သူ့ ကို သတ် ကြကုန်အံ့။ ထိုသို့ သူ၏ အမွေ ဥစ္စာကို ငါ တို့ ရ ကြလိမ့်မည်ဟု အချင်းချင်း တိုင်ပင် ပြီးမှ၊
15 and having cast him outside of the vineyard, they killed [him]; what, then, will the owner of the vineyard do to them?
၁၅ဥယျာဉ်ရှင်၏သား ကို ဥယျာဉ် ပြင် သို့ ထုတ် ၍ သတ်ပစ် ကြ၏။ သို့ဖြစ်လျှင် ဥယျာဉ် ရှင် သည် ဥယျာဉ်စောင့် တို့ကို အဘယ်သို့ ပြု မည်နည်း။
16 He will come, and destroy these farmers, and will give the vineyard to others.” And having heard, they said, “Let it not be!”
၁၆ဥယျာဉ်ရှင်သည် လာ၍ ထို သူ တို့ကို သုတ်သင် ပယ်ရှင်းပြီးမှထိုဥယျာဉ် ကို အခြား သောသူတို့အား ပေး လိမ့်မည် ဟု မိန့် တော်မူ၏။ ပရိသတ်တို့သည် ကြား လျှင် ထိုသို့မ ဖြစ် ပါစေနှင့်ဟု လျှောက် ကြသော် ၊
17 And He, having looked on them, said, “What, then, is this that has been written: A stone that the builders rejected—this became head of a corner?
၁၇ကိုယ်တော်သည် ထိုသူ တို့ကို ကြည့်ရှု ၍ ၊ တိုက်ကိုတည်လုပ် သောသူ များ ပယ် ထားသော ကျောက် သည် နောက်တစ်ဖန် တိုက်ထောင့် အထွဋ်ဖျား သို့ ရောက် ပြန်၏ဟူသော ကျမ်းစာ ချက်သည် အဘယ်သို့ ဆိုလို သနည်း။
18 Everyone who has fallen on that stone will be broken, and on whom it may fall, it will crush him to pieces.”
၁၈အကြင်သူ သည် ထို ကျောက် အပေါ်သို့ ကျ ၏။ ထိုသူ သည် ကျိုး လတံ့။ အကြင်သူ ၏အပေါ်သို့ ထို ကျောက် သည် ကျ ၏။ ထိုသူသည် ညက်ညက် ကြေလတံ့ ဟု မိန့် တော်မူ၏။
19 And the chief priests and the scribes sought to lay hands on Him in that hour, and they feared the people, for they knew that He spoke this allegory against them.
၁၉ထိုအခါ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာတို့သည် မိမိ တို့ကို ရည်ဆောင် ၍ ထို ဥပမာ စကားကို ဟောပြော တော်မူသည်ကိုသိ သောကြောင့် ကိုယ်တော်ကို ဖမ်းဆီး ခြင်းငှာ ရှာကြံ ကြ၏။ သို့သော်လည်း လူ များ ကိုကြောက် ၍ နေရကြ၏။
20 And having watched [Him], they sent forth ones lying in wait, feigning themselves to be righteous, that they might take hold of His word, to deliver Him up to the rule and to the authority of the governor,
၂၀ထိုအခါ ဖာရိရှဲတို့သည် ကိုယ်တော် ကိုချောင်းမြောင်း လျက်၊ စကား တော်၌ အပြစ်ကိုရှာ ၍ မြို့ဝန်မင်း လက်သို့ အပ်နှံ သောခွင့် ကိုရခြင်းငှာ သူတော်ကောင်း ဖြစ် ယောင်ဆောင် သောသူလျှို တို့ကို အထံ တော်သို့ စေလွှတ် ကြ၏။
21 and they questioned Him, saying, “Teacher, we have known that You say and teach correctly, and do not receive a person, but in truth teach the way of God.
၂၁ထိုသူလျှိုတို့က၊ အရှင် ဘုရား၊ ကိုယ်တော် သည် လူမျက်နှာ ကို မ ထောက် ဘဲ ဖြောင့်မတ် စွာဆုံးမ ဩဝါဒပေး ၍ ၊ ဘုရားသခင် ၏ တရားလမ်း ကို ဟုတ်မှန် စွာ ပြ တော်မူသည်ကို အကျွန်ုပ်တို့သိ ကြပါ၏။
22 Is it lawful to us to give tribute to Caesar or not?”
၂၂အကျွန်ုပ် တို့သည် ကဲသာ ဘုရင်အား အခွန် ကိုဆက် အပ် သလော၊ မ ဆက်အပ်သလောဟု မေး လျှောက် ကြ၏။
23 And He, having perceived their craftiness, said to them, “Why do you tempt Me?
၂၃ကိုယ်တော်သည် ထိုသူ တို့၏ ပရိယာယ် ကို သိမှတ် တော်မူလျှင် ၊ သင်တို့ သည် ငါ့ ကို အဘယ်ကြောင့်စုံစမ်းနှောင့်ရှက်ကြသနည်း။
24 Show Me a denarius; of whom does it have an image and inscription?” And they answering said, “Of Caesar”:
၂၄ဒေနာရိ တစ်ပြားကိုပြ ပါ။ အဘယ်သူ ၏ပုံ ၊ အဘယ်သူ၏လိပ်စာ ပါ ပါသနည်း ဟု မေး တော်မူလျှင် ၊ ကဲသာ ဘုရင်၏ပုံ၊ လိပ်စာပါပါသည်ဟု လျှောက် ကြသော် ၊
25 and He said to them, “Give back, therefore, the things of Caesar to Caesar, and the things of God to God”;
၂၅ကိုယ်တော်က၊ ကဲသာ ဘုရင်၏ဥစ္စာ ကို ကဲသာ ဘုရင်အား ဆက်ပေး ကြလော့။ ဘုရားသခင် ၏ဥစ္စာ ကို ကား ဘုရားသခင် အား ဆက်ပေးကြလော့ ဟု မိန့် တော်မူ၏။
26 and they were not able to take hold on His saying before the people, and having wondered at His answer, they were silent.
၂၆ထိုသူတို့သည် လူ များရှေ့ တွင် စကား တော်၌ အပြစ် မ တွေ့နိုင် သဖြင့် ပြန်ပြော တော်မူသောစကားကို အံ့ဩ ၍ တိတ်ဆိတ် စွာနေကြ၏။
27 And certain of the Sadducees, who are denying that there is a resurrection, having come near, questioned Him,
၂၇ထမြောက် ရှင်ပြန်ခြင်းမ ရှိ ဟုငြင်းခုံ တတ်သော ဇဒ္ဒုကဲ အချို့ သည်လည်း အထံ တော်သို့ ချဉ်းကပ် ၍၊
28 saying, “Teacher, Moses wrote to us if anyone’s brother may die, having a wife, and he may die childless—that his brother may take the wife, and may raise up seed to his brother.
၂၈အရှင် ဘုရား၊ မယား ရှိ သောသူ သည်သား မရှိဘဲသေ လျှင် ၊ သူ၏မယား ကို သူ့ ညီ သိမ်းယူ ၍ အစ်ကို အမျိုး မပြတ်ဆက်နွယ် စေဟု အကျွန်ုပ် တို့အား မောရှေ စီရင် ပါပြီ။
29 There were, then, seven brothers, and the first having taken a wife, died childless,
၂၉ညီအစ်ကို ခုနစ် ယောက်ရှိ ပါ၏။ အစ်ကိုအကြီး သည် မိန်းမ နှင့်စုံဘက် ၍ သား မရှိဘဲသေ လျှင်၊
30 and the second took the wife, and he died childless,
၃၀သူ၏မယားကို သူ့ညီအကြီးသိမ်းယူ၍ သားမရှိဘဲသေပြန်လေ၏။
31 and the third took her, and in like manner also the seven—they left no children, and they died;
၃၁ထိုအတူ တတိယ သူ မှစ၍ တစ်ယောက်နောက်တစ်ယောက်ခုနစ် ယောက်သော ညီအစ်ကိုတို့သည် ထို မိန်းမ ကိုသိမ်းယူ ၍ သား ကို မ ကျန်ရစ် စေဘဲ သေ ကြ၏။
32 and last of all the woman also died:
၃၂နောက်ဆုံး ၌ မိန်းမ သည်လည်း သေ လေ၏။
33 in the resurrection, then, of which of them does she become wife? For the seven had her as wife.”
၃၃သို့ဖြစ်၍ ထမြောက် ရာကာလ၌ ထိုမိန်းမ သည်အဘယ်သူ ၏မယား ဖြစ် ရပါမည်နည်း။ ထိုသူ ခုနစ် ယောက်တို့သည် ထိုမိန်းမ နှင့်စုံဘက် ကြပြီဟုလျှောက် ကြ၏။
34 And Jesus answering said to them, “The sons of this age marry and are given in marriage, (aiōn )
၃၄ယေရှု ကလည်း ၊ ယခု ဘဝ သား တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို ပြုတတ်ကြ၏။ (aiōn )
35 but those accounted worthy to obtain that age, and the resurrection that is out of the dead, neither marry, nor are they given in marriage; (aiōn )
၃၅နောင် ဘဝကို၎င်း ၊ သေ ခြင်းမှ ထမြောက် ခြင်းကို၎င်းရထိုက် သည်ဟု မှတ်တော်မူခြင်းကို ခံရသောသူ တို့သည် စုံဘက် ခြင်း၊ ထိမ်းမြား ပေးစားခြင်းကို မ ပြုတတ်ကြ။ (aiōn )
36 for neither are they able to die anymore—for they are like messengers—and they are sons of God, being sons of the resurrection.
၃၆သေ ခြင်းနှင့်အစဉ် ကင်းလွတ် ၍ ကောင်းကင် တမန်ကဲ့သို့ ဖြစ် သည်သာမက ၊ ထမြောက် ခြင်း၏သား ဖြစ် သောကြောင့် ဘုရားသခင် ၏သား ဖြစ် ကြ၏။
37 And that the dead are raised, even Moses showed at the Bush, since he calls the LORD the God of Abraham, and the God of Isaac, and the God of Jacob;
၃၇ထိုမှတပါး၊ မောရှေ သည် ထာဝရ ဘုရားကို အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား ဟု ချုံ ခဏ်း၌ ခေါ်ဝေါ် သောအခါ သေ လွန်သောသူ တို့သည် ထမြောက် ကြောင်း ကို ဖော်ပြ ခဲ့ပြီ။
38 and He is not a God of dead men, but of living, for all live to Him.”
၃၈ဘုရားသခင် သည် သေ နေသောသူတို့၏ဘုရားမ ဟုတ် ။ အသက် ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုသူအပေါင်း တို့သည် ဘုရားသခင် ၌ အသက် ရှင်ကြသည် ဟု မိန့် တော်မူ၏။
39 And certain of the scribes answering said, “Teacher, You said well”;
၃၉ကျမ်းပြု ဆရာအချို့ တို့က၊ အရှင် ဘုရား၊ ကိုယ်တော်၏စကား သည် လျောက်ပတ် ပါ၏ဟု လျှောက် ကြ၏။
40 and they no longer dared question Him anything.
၄၀နောက်တစ်ဖန် အလျှင်း မ မေး မလျှောက်ဝံ့ ကြ၊
41 And He said to them, “How do they say the Christ is [the] son of David,
၄၁ယေရှု ကလည်း ၊ ခရစ်တော် သည် ဒါဝိဒ် ၏သား ဖြစ် သည်ဟု အဘယ်ကြောင့် ဆို ကြသနည်း။
42 and David himself says in [the] Scroll of Psalms, The LORD said to my Lord, Sit on My right hand,
၄၂ဒါဝိဒ် ၏စကား မှာ၊ ထာဝရ ဘုရားက၊ သင် ၏ရန်သူ တို့ကို သင် ၏ခြေ တင် ရာငါမ ချ မထားမှီတိုင်အောင်ငါ့ လက်ျာ ဘက်၌ ထိုင် နေလော့ဟု၊
43 Until I will make Your enemies Your footstool;
၄၃ငါ့ သခင် အား မိန့် တော်မူသည်ဟု ဆာလံ ကျမ်းစာ ၌ ဒါဝိဒ်ဆိုသတည်း။
44 David, then, calls Him Lord, and how is He his son?”
၄၄ထိုသို့ ဒါဝိဒ် သည် ခရစ်တော် ကို သခင် ဟူ၍ခေါ် လျှင် အဘယ်သို့ သူ ၏သား ဖြစ် သနည်း ဟု မေး တော်မူ၏။
45 And all the people hearing, He said to His disciples,
၄၅ပရိသတ် များ နားထောင် စဉ်တွင်တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား၊
46 “Take heed of the scribes, who are wishing to walk in long robes, and are cherishing salutations in the markets, and first seats in the synagogues, and first couches at the banquets,
၄၆ကျမ်းပြု ဆရာတို့ကို ရှောင် ကြလော့။ သူ တို့သည်ရှည်သောအင်္ကျီ ကိုဝတ်လျက် လည် ခြင်းငှာ အလိုရှိ ကြ၏။ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း ၊ ပွဲ သဘင်၊ တရားစရပ် တို့၌ မြင့်မြတ် သောနေရာထိုင်ရာ ကို၎င်းနှစ်သက် ကြ၏။
47 who devour the houses of the widows, and make long prayers for a pretense, these will receive more abundant judgment.”
၄၇သူတို့သည် မုတ်ဆိုးမ အိမ် ကို လုယူ သိမ်းစား၍ အပြစ် မပေါ်စေခြင်းငှာရှည် စွာသောပဌနာ စကားကို ရွတ်တတ်ကြ၏။ ထိုသူ တို့သည် သာ၍ကြီးစွာ သောဒဏ် ကိုခံရ ကြလတံ့ ဟု မိန့် တော်မူ၏။