< Judges 15 >

1 And it comes to pass after [some] days, in the days of wheat-harvest, that Samson looks after his wife, with a kid of the goats, and says, “I go in to my wife, to the inner chamber”; and her father has not permitted him to go in,
နောက်တဖန်ဂျုံ စပါးရိတ် ရာ ကာလ ၌ ရှံဆုန် သည် ဆိတ် သငယ် ပါ လျက်၊ မိမိ မယား ကို ကြည့်ရှု ခြင်းငှါသွား၍၊ သူ့အခန်း ထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော်၊ ယောက္ခမသည် ဆီးတား ၍၊
2 and her father says, “I certainly said that you surely hated her, and I give her to your companion; is her younger sister not better than she? Please let her be to you instead of her.”
သင်သည် ငါ့သမီးကို ဆက်ဆက်မုန်း သည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့် အပေါင်းအဘော် အား ငါပေးစား ပြီ။ သူ့ ညီမ သည် သူ့ ထက် သာ၍လှ သည် မဟုတ် လော။ အစ်မ ၏ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏။
3 And Samson says of them, “I am more innocent this time than the Philistines, though I am doing evil with them.”
ထိုအမှုကို ထောက်၍ ရှံဆုန် က၊ ငါ သည် ဖိလိတ္တိ လူတို့၌ အပြစ် ပြု သော်လည်း၊ သူတို့သည် ငါ့ကို အပြစ်တင် စရာမရှိဟု ဆို သည်နှင့်အညီ၊
4 And Samson goes and catches three hundred foxes, and takes torches, and turns tail to tail, and puts a torch between the two tails, in the midst,
သွား ၍ မြေခွေး သုံး ရာ တို့ကို ဘမ်း ပြီးမှ ၊ မြေခွေးအမြီး တခုနှင့် တခုကို ပေါင်း လျက် ၊ အမြီး နှစ် ခုကြား ၌ မီးရှူး ကို စည်း ၍၊
5 and kindles fire in the torches, and sends [them] out into the standing grain of the Philistines, and burns [it] from heap even to standing grain, even to vineyard [and] olive-yard.
မီးရှူး တို့ကို မီး ညှိ သဖြင့် ဖိလိတ္တိ လူတို့ စပါး လယ်ထဲ သို့ လွှတ် လိုက်၍ စပါး ပင်ကို၎င်း၊ ကောက်လှိုင်း ကို၎င်း၊ စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်တို့ကို၎င်း မီးလောင် လေ၏။
6 And the Philistines say, “Who has done this?” And they say, “Samson, son-in-law of the Timnite, because he has taken away his wife, and gives her to his companion”; and the Philistines go up, and burn her and her father with fire.
ဖိလိတ္တိ လူတို့ကလည်း၊ ဤ အမှုကို အဘယ်သူ ပြု သနည်းဟု မေးမြန်း သော် ၊ တိမနတ် မြို့သား၏ သားမက် ရှံဆုန် ပြုပြီ။ သူ ၏မယား ကို သူ ၏အပေါင်းအဘော် အား ပေးစား ပြီတကားဟု ပြန် ပြောလျှင်၊ ဖိလိတ္တိ လူတို့သည် လာ ၍ ထိုမိန်းမ နှင့် သူ ၏အဘ ကို မီးရှို့ ကြ၏။
7 And Samson says to them, “Though you do thus, nevertheless I am avenged on you, and afterward I cease!”
ရှံဆုန် ကလည်း ၊ ထိုသို့ ပြု သောကြောင့် ငါသည် စိတ်ပြေ အောင်ပြုမည်။ စိတ်ပြေပြီးမှ ငြိမ်သက် စွာနေမည်ဟု ဆို လျက်၊
8 And he strikes them hip and thigh [with] a great striking, and goes down and dwells in the cleft of the rock of Etam.
သူတို့ကို ကြီးစွာ သော လုပ်ကြံခြင်းအားဖြင့်တပြိုင်နက်ရိုက်သတ်ပြီးလျှင်ဧတံ ကျောက်ထိပ်သို့ သွား၍ နေ ၏။
9 And the Philistines go up, and encamp in Judah, and are spread out in Lehi,
တဖန် ဖိလိတ္တိ လူတို့သည် ယုဒ ပြည်သို့ ချီ သွား၍ တပ်ချ သဖြင့် ၊ လေဟိ အရပ်၌ အနှံ့အပြား နေကြ၏။
10 and the men of Judah say, “Why have you come up against us?” And they say, “We have come up to bind Samson, to do to him as he has done to us.”
၁၀ယုဒ လူ တို့ကလည်း ၊ အဘယ်ကြောင့် ချီ လာကြသနည်းဟုမေး သော် ၊ ငါ တို့၌ ရှံဆုန်ပြု သကဲ့သို့ သူ့ ကို ချည်နှောင် ၍ ပြု ခြင်းငှါ ချီ လာသည်ဟု ပြန်ပြော ကြ၏။
11 And three thousand men of Judah go down to the cleft of the rock of Etam, and say to Samson, “Have you now known that the Philistines are rulers over us? And what [is] this you have done to us?” And he says to them, “As they did to me, so I did to them.”
၁၁ထိုအခါ ယုဒ လူ သုံး ထောင် တို့သည် ဧတံ ကျောက် ထိပ် သို့ သွား ၍ ၊ ဖိလိတ္တိ လူတို့သည် ငါ တို့သခင် ဖြစ်ကြောင်း ကို သင်မ သိ သလော။ သင်သည် ငါ တို့၌ အဘယ်သို့ ပြု သနည်းဟုမေး သော် ၊ ငါ ၌ သူတို့ပြု သကဲ့သို့ သူ တို့၌ ငါပြု ပြီဟု ပြန် ပြော၏။
12 And they say to him, “We have come down to bind you—to give you into the hand of the Philistines.” And Samson says to them, “Swear to me, lest you fall on me yourselves.”
၁၂သူတို့ကလည်း ၊ သင့် ကို ချည်နှောင် ၍ ဖိလိတ္တိ လူတို့လက် သို့ အပ် ခြင်းငှါ ယခု ငါတို့ လာ ကြပြီဟုဆို သော် ၊ ရှံဆုန် က၊ သင်တို့သည် ကိုယ်တိုင် ငါ့ ကို မလုပ်ကြံ ပါဟု ကျိန်ဆို ကြလော့ဟု ဆို လျှင်၊
13 And they speak to him, saying, “No, but we certainly bind you, and have given you into their hand, and we certainly do not put you to death”; and they bind him with two thick bands, new ones, and bring him up from the rock.
၁၃သူတို့က၊ ငါတို့သည် မ လုပ်ကြံပါ။ ကျပ်ကျပ်ချည်နှောင် ၍ သူ တို့လက် ၌ အပ် မည်။ အကယ်စင်စစ်ကိုယ်တိုင်သင့် ကို မ သတ် ပါဟုဆို လျက် ကြိုး သစ် နှစ် စင်းဖြင့် ချည်နှောင် ၍ ကျောက် ပေါ်က ဆောင် ခဲ့ကြ၏။
14 He has come to Lehi—and the Philistines have shouted at meeting him—and the Spirit of YHWH prospers over him, and the thick bands which [are] on his arms are as flax which they burn with fire, and his bands are melted from off his hands,
၁၄လေဟိ အရပ်သို့ ရောက် သောအခါ၊ ဖိလိတ္တိ လူတို့သည် ကြွေးကြော် ကြ၏။ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် သူ့ အပေါ် မှာ သက်ရောက် သဖြင့် ၊ သူ့ လက် ၌ ချည်သော ကြိုး တို့သည် မီး ထိ သော ပိုက်ဆန် ကဲ့သို့ ဖြစ်၍ အချည် အနှောင် ကျွတ် လေ၏။
15 and he finds a fresh jawbone of a donkey, and puts forth his hand and takes it, and strikes down one thousand men with it.
၁၅သူသည်လည်း မြည်း မေးရိုး လတ်လတ် ကို တွေ့ ၍ ကိုင် ယူပြီးလျှင် လူ တထောင် တို့ကိုသတ် လေ၏။
16 And Samson says, “With the jawbone of a donkey, heap on heaps—I have struck down one thousand men with the jawbone of a donkey!”
၁၆သတ်ပြီးလျှင် မြည်း မေးရိုး ဖြင့် အပုံ ပုံ၊ မြည်း မေးရိုး ဖြင့် လူ တထောင် ကို ငါသတ် လေပြီဟု ဆို သောနောက်၊
17 And it comes to pass, when he finishes speaking, that he casts away the jawbone out of his hand, and calls that place Ramath-Lehi;
၁၇မြည်းမေးရိုး ကို ပစ် လိုက်၍ ၊ ထို အရပ် ကို ရာမတ်လေဟိ အမည် ဖြင့် တွင်လေ၏။
18 and he thirsts exceedingly, and calls to YHWH, and says, “You have given this great salvation by the hand of Your servant; and now, I die with thirst, and have fallen into the hand of the uncircumcised.”
၁၈အလွန် ရေငတ် ၍ ထာဝရဘုရား ကို ဆုတောင်း လျက် ၊ ကိုယ်တော်သည် ဤ ကြီးစွာ သော ကယ်တင် ခြင်းကို ကိုယ်တော် ၏ကျွန် လက် ၌ ပေး တော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ် သဖြင့် သေ ၍ အရေဖျားလှီးခြင်းကိုမခံ သော လူတို့လက် သို့ ရောက် ရပါမည်လောဟု လျှောက် သော်၊
19 And God cleaves the hollow place which [is] in Lehi, and waters come out of it, and he drinks, and his spirit comes back, and he revives; therefore [one] has called its name “The fountain of him who is calling,” which [is] in Lehi to this day.
၁၉လေဟိ အရပ်၌ ချိုင့်ဝှမ်း ရာကို ဘုရား သခင် ဖောက် တော်မူ၍ ရေ ထွက် လေ၏။ သူသည် ရေကို သောက် သဖြင့် အသက် ရှူပြန်၍ အား ဖြည့် လေ၏။ သို့ဖြစ်၍ ထို ချိုင့်ဝှမ်းရာကို အဟက္ကောရ အမည် ဖြင့် တွင်၍ ယနေ့ တိုင်အောင် လေဟိ အရပ်၌ ရှိသတည်း။
20 And he judges Israel in the days of the Philistines [for] twenty years.
၂၀ရှံဆုန်သည်လည်း ဖိလိတ္တိ လူတို့လက်ထက် ဣသရေလ အမျိုးကို အနှစ် နှစ်ဆယ် အုပ်စိုး လေ၏။

< Judges 15 >