< Joshua 22 >
1 Then Joshua calls for the Reubenite, and for the Gadite, and for the half-tribe of Manasseh,
၁ထိုနောက်ယောရှုသည်ရုဗင်၊ ဂဒ်နှင့်အရှေ့ ဘက်မနာရှေအနွယ်ဝင်တို့ကိုဆင့်ခေါ် ပြီးလျှင်၊-
2 and says to them, “You have kept the whole of that which Moses, servant of YHWH, commanded you, and you listen to my voice, to all that I have commanded you;
၂``သင်တို့သည်ထာဝရဘုရား၏အစေခံ မောရှေမိန့်မှာသမျှကိုဆောင်ရွက်၍ ငါ၏ အမိန့်အားလုံးကိုလည်းလိုက်နာခဲ့ကြ ပြီ။-
3 you have not left your brothers these many days to this day, and have kept the charge—the command of your God YHWH.
၃သင်တို့သည်ယနေ့တိုင်အောင်ဣသရေလ အမျိုးသားချင်းတို့ကိုသစ္စာရှိရှိဖြင့်ကူညီ ခဲ့ကြ၏။ သင်တို့၏ဘုရားသခင်ထာဝရ ဘုရားမိန့်တော်မူသမျှအတိုင်းတစ်သဝေ မတိမ်းလိုက်နာခဲ့ကြပြီ။-
4 And now, your God YHWH has given rest to your brothers, as He spoke to them; and now, turn, and go for yourselves to your tents, to the land of your possession, which Moses, servant of YHWH, has given to you beyond the Jordan.
၄ယခုမှာသင်တို့၏ဘုရားသခင်ထာဝရ ဘုရားကတိတော်ရှိသည်အတိုင်း သင်တို့ ၏အမျိုးသားချင်းတို့သည်ငြိမ်းချမ်းစွာ နေထိုင်ရကြပြီ။ သို့ဖြစ်၍သင်တို့သည် ထာဝရဘုရား၏အစေခံမောရှေသတ် မှတ်ပေးခဲ့သောယော်ဒန်မြစ်အရှေ့ဘက် ရှိသင်တို့ပိုင်နယ်မြေသို့ပြန်ကြလော့။-
5 Only, be very watchful to do the command and the Law which Moses, servant of YHWH, commanded you, to love your God YHWH, and to walk in all His ways, and to keep His commands, and to cleave to Him, and to serve Him, with all your heart, and with all your soul.”
၅သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်ကြလော့။ ကိုယ်တော်၏ပညတ်တော်များ ကိုစောင့်ထိန်းလော့။ အလိုတော်အတိုင်းကျင့် ၍ကိုယ်တော်၏သစ္စာကိုစောင့်ကြလော့။ အမှု တော်ကိုကိုယ်စွမ်း၊ စိတ်စွမ်းရှိသမျှဖြင့် ဆောင်ရွက်ကြလော့ဟူ၍ မောရှေမိန့်မှာခဲ့ သည့်အတိုင်းလိုက်နာရန်သတိပြုကြ လော့'' ဟုမှာကြားလေ၏။-
6 And Joshua blesses them, and sends them away, and they go to their tents.
၆ထိုနောက်ယောရှုက``သင်တို့သည်သိုး၊ နွား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာမြောက် မြားစွာတို့ကိုရန်သူတို့ထံမှသိမ်းယူ ရရှိကြပြီ။ သင်တို့နေရပ်သို့ပြန်ရောက် သောအခါ ထိုပစ္စည်းဥစ္စာများကိုသင်တို့ ၏ဆွေမျိုးသားချင်းတို့အားဝေမျှကြ လော့'' ဟုဆို၍ကောင်းချီးပေးလျက်သူ တို့ကိုပြန်စေ၏။ ထိုနောက်သူတို့သည် မိမိတို့၏နေရပ်သို့ပြန်သွားကြလေ သည်။ မောရှေသည်မနာရှေအနွယ်တစ်ဝက်တို့ အားယော်ဒန်မြစ်အရှေ့ဘက်တွင်နယ်မြေ ကိုခွဲဝေပေးခဲ့၏။ သို့ရာတွင်ယောရှုသည် ကျန်မနာရှေအနွယ်တစ်ဝက်တို့အား အခြား ဣသရေလအနွယ်တို့နှင့်အတူနေထိုင်ရန် ယော်ဒန်မြစ်အနောက်ဘက်တွင်နယ်မြေကို ခွဲဝေပေးသတည်း။
7 And to the half-tribe of Manasseh Moses has given, in Bashan, and to its [other] half Joshua has given with their brothers beyond the Jordan westward; and also when Joshua has sent them away to their tents, then he blesses them,
၇
8 and speaks to them, saying, “Turn back to your tents with great riches, and with very much livestock, with silver, and with gold, and with bronze, and with iron, and with very much raiment; divide the spoil of your enemies with your brothers.”
၈
9 And the sons of Reuben, and the sons of Gad, and the half-tribe of Manasseh, turn back and go from the sons of Israel out of Shiloh, which [is] in the land of Canaan, to go to the land of Gilead, to the land of their possession, in which they have possession, according to the command of YHWH, by the hand of Moses;
၉ထို့ကြောင့်ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ မနာရှေအနွယ်တို့သည် မိမိတို့နေရပ်သို့ ပြန်သွားကြ၏။ သူတို့သည်ခါနာန်ပြည်၊ ရှိလောမြို့တွင်ရှိသောကျန်အခြားဣသ ရေလအမျိုးသားတို့ထံမှထွက်ခွာ၍ မောရှေမှတစ်ဆင့်ထာဝရဘုရားပေး တော်မူသည့်အမိန့်အရ သူတို့သိမ်းပိုက် ပြီးသောဂိလဒ်ပြည်သို့ပြန်သွားကြ၏။
10 and they come to the districts of the Jordan, which [are] in the land of Canaan, and the sons of Reuben, and the sons of Gad, and the half-tribe of Manasseh, build an altar there by the Jordan—a great altar in appearance.
၁၀ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့်အရှေ့ မနာရှေအနွယ်ဝင်တို့သည်ယော်ဒန်မြစ် အနောက်ဘက် ဂဲလိလော့အရပ်သို့ရောက်ရှိကြသောအခါ မြစ်အနီးတွင်ကြီးကျယ်ခမ်းနားသောယဇ် ပလ္လင်ကိုတည်ဆောက်ကြ၏။-
11 And the sons of Israel hear, saying, “Behold, the sons of Reuben, and the sons of Gad, and the half-tribe of Manasseh, have built the altar at the frontier of the land of Canaan, in the districts of the Jordan, at the passage of the sons of Israel.”
၁၁အခြားဣသရေလအမျိုးသားတို့သည် မိမိတို့ပိုင်နက်ဖြစ်သောယော်ဒန်မြစ်အနောက် ဘက်ဂဲလိလော့အရပ်၌ရုဗင်အနွယ်ဝင်၊ ဂဒ် အနွယ်ဝင်နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ က ယဇ်ပလ္လင်တည်ကြသည့်သတင်းကိုကြား ရသောအခါ အရှေ့အနွယ်ဝင်တို့အားစစ် ချီတိုက်ခိုက်ရန်ရှိလောမြို့သို့စုရုံးရောက် ရှိလာကြ၏။
12 And the sons of Israel hear, and all the congregation of the sons of Israel is assembled at Shiloh, to go up against them to war;
၁၂
13 and the sons of Israel send to the sons of Reuben, and to the sons of Gad, and to the half-tribe of Manasseh—to the land of Gilead—Phinehas son of Eleazar the priest,
၁၃ထိုနောက်သူတို့သည်ယဇ်ပုရောဟိတ်ဧလာ ဇာ၏သား ဖိနဟတ်ကိုဂိလဒ်ပြည်တွင်ရှိ သောရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်နှင့် အရှေ့မနာရှေအနွယ်ဝင်တို့ထံသို့စေ လွှတ်ကြလေသည်။-
14 and ten princes with him, one prince—one prince for a house of a father, for all the tribes of Israel, and each of them a head of a house of their fathers, for the thousands of Israel.
၁၄အနွယ်တစ်နွယ်စီမှမိသားစုခေါင်းဆောင် တစ်ဦးကျ၊ စုစုပေါင်းအကြီးအကဲဆယ် ဦးတို့သည်ဖိနဟတ်နှင့်အတူလိုက် ပါသွားကြ၏။-
15 And they come to the sons of Reuben, and to the sons of Gad, and to the half-tribe of Manasseh, to the land of Gilead, and speak with them, saying,
၁၅သူတို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်ရှိလာကြ၍၊-
16 “Thus said all the congregation of YHWH: What [is] this trespass which you have trespassed against the God of Israel, to turn back today from after YHWH, by your building an altar for yourselves, for your rebelling today against YHWH?
၁၆ထာဝရဘုရား၏လူစုတစ်စုလုံး၏ကိုယ် စားသူတို့အား ပြောကြားသည်မှာ``သင်တို့သည် အဘယ်ကြောင့်ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်အားဆန့်ကျင်၍ ဤမိုက်မဲ သောအမှုကိုပြုကြသနည်း။ သင်တို့သည် ဤယဇ်ပလ္လင်ကိုတည်ခြင်းအားဖြင့် ထာဝရ ဘုရားအားပုန်ကန်ကြပြီ။ ကိုယ်တော်ကို ပစ်ပယ်ကြပြီတကား။-
17 Is the iniquity of Peor little to us, from which we have not been cleansed until this day—and the plague is in the congregation of YHWH,
၁၇ပေဂုရအရပ်တွင်ငါတို့လွန်ကူးသော အပြစ်ကြောင့်ထာဝရဘုရားသည် မိမိ၏ လူမျိုးတော်အားကပ်ရောဂါဘေးသင့်စေ တော်မူသည်မဟုတ်လော။ ထိုအပြစ်၏ဆိုး ကျိုးကိုငါတို့သည်ခံနေရဆဲဖြစ်သည် မဟုတ်လော။ ထိုအပြစ်မျိုးကိုထပ်မံ ကူးလွန်ကြဦးမည်လော။-
18 that you turn back today from after YHWH? And it has been [that] you rebel against YHWH today, and tomorrow He is angry against all the congregation of Israel.
၁၈ကိုယ်တော်ကိုယခုပစ်ပယ်ကြမည်လော။ သင် တို့သည်ထာဝရဘုရားအားယနေ့ပုန်ကန် လျှင်နက်ဖြန်နေ့၌ကိုယ်တော်သည် ဣသရေလ တစ်မျိုးသားလုံးကိုအမျက်ထွက်တော်မူ လိမ့်မည်။-
19 And surely, if the land of your possession is unclean, pass over for yourselves to the land of the possession of YHWH, where the Dwelling Place of YHWH has dwelt, and have possession in our midst; and do not rebel against YHWH, and do not rebel against us, by your building an altar for yourselves, besides the altar of our God YHWH.
၁၉သို့ဖြစ်၍သင်တို့၏ပြည်သည်ထာဝရဘုရား အားဝတ်ပြုရန်မသင့်လျော်လျှင် တဲတော်ရှိ ရာပြည်တော်သို့ကူးလာ၍သင်တို့နေထိုင် ရန်နယ်မြေကိုငါတို့ထံမှတောင်းယူကြ လော့။ သို့ရာတွင်ငါတို့၏ဘုရားသခင် ထာဝရဘုရား၏ယဇ်ပလ္လင်မှလွဲ၍အခြား ယဇ်ပလ္လင်ကိုတည်ဆောက်ခြင်းအားဖြင့် ကိုယ် တော်ကိုမပုန်ကန်ကြပါနှင့်။ ထိုပုန်ကန် မှုတွင်ငါတို့မပါဝင်ပါရစေနှင့်။-
20 Did Achan son of Zerah not commit a trespass in the devoted thing, and there was wrath on all the congregation of Israel? And he alone did not expire in his iniquity.”
၂၀ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။
21 And the sons of Reuben, and the sons of Gad, and the half-tribe of Manasseh, answer and speak with the heads of the thousands of Israel:
၂၁ထိုအခါရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် နှင့်အရှေ့မနာရှေအနွယ်ဝင်တို့က အနောက်အနွယ်ဝင်တို့၏ခေါင်းဆောင် တို့အား၊-
22 “The God of gods—YHWH, the God of gods—YHWH, He is knowing, and Israel—he knows, if [we are] in rebellion, and if in trespass against YHWH, do not save us this day!
၂၂``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
23 [If we] are building an altar for ourselves to turn back from after YHWH, and if to cause burnt-offering and present to go up on it, and if to make peace-offerings on it—YHWH Himself requires [it].
၂၃ငါတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုမနာခံဘဲမီးရှို့ရာသကာ၊ ဘောဇဉ် သကာ၊ မိတ်သဟာယသကာများကို ပူဇော်ရန်ယဇ်ပလ္လင်ကိုတည်ပါမူ ထာဝရ ဘုရားကိုယ်တော်တိုင်ငါတို့အားဒဏ်ခတ် တော်မူပါစေ။-
24 And nevertheless, we have done it from fear of [this] thing, saying, Hereafter your sons speak to our sons, saying, And what have you to [do with] YHWH God of Israel?
၂၄နောင်အခါ၌သင်တို့၏အဆက်အနွယ်တို့ ကငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားနှင့်မည်သို့မျှ မသက်ဆိုင်။-
25 For YHWH has put a border between us and you, O sons of Reuben, and sons of Gad—Jordan; you have no portion in YHWH—and your sons have caused our sons to cease, not to fear YHWH.
၂၅ကိုယ်တော်သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင် များဖြစ်ကြသောသင်တို့နှင့်ငါတို့ကို ယော်ဒန်မြစ်အားဖြင့် ခွဲခြားထားတော်မူ သည်။ သင်တို့သည်ထာဝရဘုရားနှင့်မည် သို့မျှမသက်ဆိုင်' ဟုဆိုသဖြင့်သင်တို့ ၏အဆက်အနွယ်တို့သည် ငါတို့၏အဆက် အနွယ်တို့အားထာဝရဘုရားကိုမကိုး ကွယ်ဘဲနေရန်တားမြစ်မည်ကိုစိုးရိမ်သော ကြောင့်ယဇ်ပလ္လင်ကိုတည်ရခြင်းဖြစ်ပါသည်။-
26 And we say, Now let us prepare to build the altar for ourselves—not for burnt-offering, nor for sacrifice—
၂၆ငါတို့သည်ယဇ်ပလ္လင်ကိုတည်ဆောက်ရခြင်း မှာ ယဇ်နှင့်သကာများကိုမီးရှို့ပူဇော်ရန် အတွက်မဟုတ်ပါ။-
27 but it [is] a witness between us and you, and between our generations after us, to do the service of YHWH before Him with our burnt-offerings, and with our sacrifices, and with our peace-offerings, and your sons do not say hereafter to our sons, You have no portion in YHWH.
၂၇ငါတို့၏လူစုအတွက်သော်လည်းကောင်း၊ သင် တို့၏လူစုနှင့်နောင်လာနောက်သားများအတွက် သော်လည်းကောင်း သက်သေအထိမ်းအမှတ်ဖြစ် စေရန်သာဖြစ်၏။ ငါတို့သည်ယဇ်နှင့်ပူဇော် သကာများကိုမီးရှို့ရာသကာမှစ၍သကာ အမျိုးမျိုးဖြင့် တဲတော်ရှေ့၌သာထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်မည်ဖြစ်ကြောင်း ဤယဇ်ပလ္လင်ကသက်သေဖြစ်လိမ့်မည်။ ဤနည်း အားဖြင့်သင်တို့၏အဆက်အနွယ်တို့က ငါတို့၏အဆက်အနွယ်တို့အား`သင်တို့ သည်ထာဝရဘုရားနှင့်မည်သို့မျှမသက် ဆိုင်' ဟုပြောနိုင်ကြလိမ့်မည်မဟုတ်ပါ။-
28 And we say, And it has been, when they say [so] to us, and to our generations hereafter, that we have said, See the pattern of the altar of YHWH, which our fathers made—not for burnt-offering nor for sacrifice—but it [is] a witness between us and you.
၂၈အကယ်၍ပြောခဲ့သည်ရှိသော်ငါတို့၏ အဆက်အနွယ်တို့က`ကြည့်လော့၊ ငါတို့၏ ဘိုးဘေးတို့သည်ထာဝရဘုရား၏ယဇ်ပလ္လင် ကဲ့သို့သောယဇ်ပလ္လင်တစ်ခုကိုတည်ခဲ့ကြ၏။ ထိုယဇ်ပလ္လင်သည်မီးရှို့ရာသကာအစရှိ သောသကာများကိုပူဇော်ဆက်သရန် မဟုတ်။ သင်တို့၏လူစုနှင့်ငါတို့၏လူစု အတွက်သက်သေအထိမ်းအမှတ်သာဖြစ် သည်' ဟုပြန်ပြောနိုင်လိမ့်မည်ဟူ၍ထင် မြင်ယူဆပါသည်။-
29 Far be it from us to rebel against YHWH, and to turn back from after YHWH today, to build an altar for burnt-offering, for present, and for sacrifice, apart from the altar of our God YHWH, which [is] before His Dwelling Place.”
၂၉ငါတို့သည်မီးရှို့ရာသကာ၊ ဘောဇဉ်သကာ စသောသကာများကိုပူဇော်ဆက်သရန်ယဇ် ပလ္လင်တစ်ခုကိုတည်၍ ထာဝရဘုရားအား ပုန်ကန်လျက်ကိုယ်တော်ကိုပစ်ပယ်ကြမည် မဟုတ်ပါ။ ငါတို့သည်ငါတို့၏ဘုရားသခင်ထာဝရဘုရားစံတော်မူရာတဲ တော်ရှေ့တွင်ရှိသော ယဇ်ပလ္လင်မှလွဲ၍ အခြား မည်သည့်ယဇ်ပလ္လင်ကိုမျှတည်မည်မဟုတ်ပါ'' ဟု ပြန်ပြောကြလေသည်။
30 And Phinehas the priest, and the princes of the congregation, and the heads of the thousands of Israel, who [are] with him, hear the words which the sons of Reuben, and the sons of Gad, and the sons of Manasseh have spoken, and it is good in their eyes.
၃၀ယဇ်ပုရောဟိတ်ဖိနဟတ်နှင့်တကွ ဣသရေလ အနောက်ဘက်အနွယ်ဝင်တို့၏အကြီးအကဲ ဖြစ်ကြသော သားချင်းစုခေါင်းဆောင်ဆယ်ဦး တို့သည်ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်၊ အရှေ့ မနာရှေအနွယ်ဝင်တို့ပြောပြသမျှကို ကြားရသောအခါကျေနပ်ဝမ်းမြောက်ကြ ၏။-
31 And Phinehas son of Eleazar the priest says to the sons of Reuben, and to the sons of Gad, and to the sons of Manasseh, “Today we have known that YHWH [is] in our midst, because you have not committed this trespass against YHWH—then you have delivered the sons of Israel out of the hand of YHWH.”
၃၁ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
32 And Phinehas son of Eleazar the priest, and the princes, turn back from the sons of Reuben, and from the sons of Gad, out of the land of Gilead, to the land of Canaan, to the sons of Israel, and bring them back word;
၃၂ထိုနောက်ဖိနဟတ်နှင့်အကြီးအကဲတို့သည် ရုဗင်အနွယ်ဝင်နှင့်ဂဒ်အနွယ်ဝင်တို့နေထိုင် ရာဂိလဒ်ပြည်မှခါနာန်ပြည်သို့ပြန်ရောက် ပြီးလျှင် ဣသရေလအမျိုးသားတို့အား မိမိတို့ဆောင်ရွက်ခဲ့သမျှကိုပြန်ကြား ကြလေသည်။-
33 and the thing is good in the eyes of the sons of Israel, and the sons of Israel bless God, and have not spoken to go up against them to war, to destroy the land which the sons of Reuben, and the sons of Gad, are dwelling in.
၃၃ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။-
34 And the sons of Reuben and the sons of Gad proclaim concerning the altar, that, “[It is] a witness between us that YHWH [is] God.”
၃၄ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့က``ထာဝရ ဘုရားသည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုဤယဇ်ပလ္လင်သည်ငါတို့၏သက်သေဖြစ် ပါစေသော'' ဟုဆိုလျက်ထိုယဇ်ပလ္လင်ကို ``သက်သေ'' ဟုမှည့်ခေါ်ကြလေသတည်း။