< John 18 >
1 Having said these things, Jesus went forth with His disciples beyond the Brook of Kidron, where [there] was a garden, into which He entered, Himself and His disciples,
၁ထိုသို့မိန့်မြွက် တော်မူပြီးမှယေရှု သည် တပည့် တော်တို့နှင့်အတူ ကေဒြုန် ချောင်း တစ်ဘက် သို့ကြွ ၍၊ ထိုအရပ် ၌ရှိ သော ဥယျာဉ် သို့ ဝင် တော်မူ၏။
2 and Judas also, who delivered Him up, had known the place, because Jesus assembled there with His disciples many times.
၂ထို အရပ်သို့ယေရှု သည် တပည့် တော်တို့နှင့်အတူ သွား မြဲ ရှိသောကြောင့် ၊ ကိုယ်တော် ကို အပ်နှံ သော ယုဒ ရှကာရုတ်သည် ထိုအရပ် ကိုသိ သည်ဖြစ်၍၊
3 Judas, therefore, having taken the band and officers out of the chief priests and Pharisees, comes there with torches and lamps, and weapons;
၃စစ်သူရဲ တစ်တပ်ကို၎င်း ၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲ တို့စေလွှတ်သောမင်း လုလင်တို့ကို၎င်း ခေါ် ခဲ့ ၍၊ မီးအိမ် ၊ မီးရှူး ၊ လက်နက် တို့ကို လက်စွဲလျက်လာ ကြ၏။
4 Jesus, therefore, knowing all things that are coming on Him, having gone forth, said to them, “Whom do you seek?”
၄ယေရှု သည် ကိုယ်တော် ၌ ဖြစ်လတံ့ သမျှ သော အမှုအရာ တို့ကိုသိ တော်မူလျက်၊ လာသောသူ တို့ဆီသို့သွား ၍ အဘယ်သူ ကိုရှာ ကြသနည်း ဟု မေး တော်မူ၏။
5 They answered Him, “Jesus the Nazarene”; Jesus says to them, “I AM”; and Judas who delivered Him up was standing with them.
၅နာဇရက် မြို့သားယေရှု ကိုရှာကြသည်ဟုဆို လျှင်၊ ယေရှုက၊ ငါ သည်ထိုသူဖြစ် ၏ ဟု မိန့် တော်မူ၏။ ကိုယ်တော် ကိုအပ်နှံ သော ယုဒ ရှကာရုတ်သည်လည်း ထိုသူ တို့နှင့်အတူ ရပ် နေ၏။
6 When, therefore, He said to them, “I AM,” they went away backward, and fell to the ground.
၆ငါ သည် ထို သူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူ တို့သည် နောက် သို့ လှန် ၍ မြေ ပေါ်၌လဲ ကြ၏။
7 Again, therefore, He questioned them, “Whom do you seek?” And they said, “Jesus the Nazarene”;
၇အဘယ်သူ ကိုရှာ သနည်းဟု တစ်ဖန် မေး တော်မူလျှင် ၊ နာဇရက် မြို့သားယေရှု ကို ရှာကြသည်ဟု ထိုသူတို့ သည် ဆို ကြ၏။
8 Jesus answered, “I said to you that I AM; if, then, you seek Me, permit these to go away”;
၈ယေရှု ကလည်း၊ ငါ သည်ထို သူဖြစ် ၏ဟုငါပြော ပြီ။ သို့ဖြစ်၍ ငါ့ ကိုရှာ လျှင် ဤသူ တို့သည် သွား ပါလေစေ ဟု မိန့် တော်မူ၏။
9 that the word might be fulfilled that He said, “Those whom You have given to Me, I did not lose even one of them.”
၉ကိုယ်တော်သည် အကျွန်ုပ် အား ပေး တော်မူသောသူ တို့တွင် အဘယ်သူ မျှပျက်စီး ခြင်းသို့ မ ရောက်ပါ ဟူသော အထက် က စကား တော်ကို ပြည့်စုံ စေခြင်းငှာ ဤသို့မိန့် တော်မူ၏။
10 Simon Peter, therefore, having a sword, drew it, and struck the chief priest’s servant, and cut off his right ear—and the name of the servant was Malchus—
၁၀ထိုအခါ ရှိမုန် ပေတရု သည် မိမိ၌ပါ သောဓား ကိုဆွဲထုတ် ပြီးလျှင် ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် လက်ျာ နားရွက် ပြတ် လေ၏။ ထိုကျွန် ၏ အမည် ကားမာလခု ဖြစ်သတည်း။
11 Jesus, therefore, said to Peter, “Put the sword into the sheath; the cup that the Father has given to Me, may I not drink it?”
၁၁ယေရှု ကလည်း ဓား ကိုအိမ် ၌ သွင်း ထားလော့။ ခမည်းတော် သည် ငါ့ အား ပေး တော်မူသောခွက် ကို ငါ မ သောက် ရာသလော ဟု ပေတရု အားမိန့် တော်မူ၏။
12 The band, therefore, and the captain, and the officers of the Jews, took hold on Jesus, and bound Him,
၁၂ထိုအခါ တပ်မှူး မှစ၍ စစ်သူရဲ တို့နှင့် ယုဒ မင်း လုလင်တို့သည် ယေရှု ကိုဘမ်းဆီး၍ ချည်နှောင် ပြီးလျှင် အန္နတ် မင်းထံသို့ ရှေးဦးစွာ ယူသွား ကြ၏။
13 and they led Him away to Annas first, for he was father-in-law of Caiaphas, who was chief priest of that year,
၁၃အန္နတ် မင်းကား၊ ထို နှစ် တွင် ယဇ်ပုရောဟိတ် မင်းဖြစ် သော ကယာဖ ၏ယောက္ခမ ဖြစ် သတည်း။
14 and Caiaphas was he who gave counsel to the Jews that it is good for one man to perish for the people.
၁၄ထို ကယာဖ ကား၊ လူ တစ် ယောက်သည် လူ များတို့အတွက် ပျက်စီး သော် သာ၍ကောင်း သည်ဟု ယုဒ လူ တို့နှင့် တိုင်ပင် ပြောဆိုသောသူ ပေတည်း။
15 And following Jesus was Simon Peter, and the other disciple, and that disciple was known to the chief priest, and he entered with Jesus into the hall of the chief priest,
၁၅ရှိမုန် ပေတရု နှင့် အခြား သောတပည့် တော်တစ်ယောက်သည် ယေရှု နောက်တော်သို့ လိုက် ကြ၏။ ထို တပည့် တော်သည် ယဇ်ပုရောဟိတ် မင်း၏ အသိအကျွမ်း ဖြစ် ၍ ၊ ယေရှု နှင့်တကွယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး ထဲသို့ ဝင် လေ၏။
16 and Peter was standing at the door outside, therefore the other disciple who was known to the chief priest went forth, and he spoke to the doorkeeper, and he brought in Peter.
၁၆ပေတရု မူကား ပြင် ၌ တံခါး နားမှာရပ် နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ် မင်းနှင့်အကျွမ်းဝင် သော တပည့် တော်သည်ထွက် ၍ တံခါးစောင့် မိန်းမအားပြော ပြီးမှ ပေတရု ကိုသွင်း လေ၏။
17 Then the maid, the doorkeeper, says to Peter, “Are you also of the disciples of this Man?” He says, “I am not”;
၁၇တံခါးစောင့် မိန်းမ ကပေတရု အား၊ သင် သည် ထို သူ ၏တပည့် တို့အဝင် ဖြစ် သည် မ ဟုတ်လောဟုဆို လျှင် ၊ မ ဟုတ် ဘူးဟု ပေတရု ငြင်း လေ၏။
18 and the servants and the officers were standing, having made a fire of coals, because it was cold, and they were warming themselves, and Peter was standing with them, and warming himself.
၁၈ထို ကာလ၌ ချမ်း သောကြောင့် ကျွန် များနှင့် မင်း လုလင်များတို့သည် မီးခဲ ပုံကိုထည့်၍ မီးလှုံ လျက် နေ ကြ၏။ ပေတရု သည်လည်း သူ တို့နှင့်တကွ ရပ် ၍ မီးလှုံ လျက်နေ ၏။
19 The chief priests, therefore, questioned Jesus concerning His disciples, and concerning His teaching;
၁၉ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် တပည့် တော်တို့ကို၎င်း ၊ ဒေသနာ တော်ကို၎င်း အကြောင်း ပြု၍ ယေရှု ကို မေးမြန်း စစ်ကြော၏။
20 Jesus answered him, “I spoke freely to the world, I always taught in a synagogue, and in the temple, where the Jews always come together; and I spoke nothing in secret;
၂၀ယေရှု ကလည်း၊ ငါ သည်လောက ၌ ထင်ရှား စွာဟောပြော ပြီ။ ယုဒ လူအပေါင်း တို့ စည်းဝေး ရာ တရားစရပ် ၌ ၎င်း ၊ ဗိမာန် တော်၌ ၎င်း၊ အစဉ်မပြတ် ဆုံးမ ဩဝါဒပေးပြီ။ မ ထင်ရှားဘဲ အလျှင်း မဟော မပြော။
21 why do you question Me? Question those having heard what I spoke to them; behold, these have known what I said.”
၂၁အဘယ်ကြောင့် ငါ့ ကို မေးမြန်း သနည်း၊ ငါသည် အဘယ်သို့ ဟောပြောသည် ကို ကြားနာ သောသူ တို့ကို မေးမြန်း လော့။ ငါ ပြော သောစကားကို ထိုသူ တို့သည်သိ ကြ၏ ဟုမိန့် တော်မူ၏။
22 And He having said these things, one of the officers standing by gave Jesus a slap, saying, “Thus do You answer the chief priest?”
၂၂ထိုသို့ မိန့် တော်မူလျှင်၊ အနီးအပါး၌ရပ် နေသော မင်းလုလင် တစ်ယောက်က၊ သင်သည် ယဇ်ပုရောဟိတ် မင်းကို ဤသို့ ပြန်ပြော ရသလောဟုဆို လျက် ယေရှု ကိုရိုက် လေ၏။
23 Jesus answered him, “If I spoke ill, testify concerning the ill; and if well, why do you strike Me?”
၂၃ယေရှု ကလည်း၊ ငါ့စကား မမှန် လျှင် မမှန် ကြောင်း ကိုပြ ပါ မှန် လျှင် ငါ့ ကိုအဘယ်ကြောင့် ရိုက် သနည်း ဟု မိန့် တော်မူ၏။
24 Annas then sent Him bound to Caiaphas the chief priest.
၂၄အန္နတ် မင်းသည် ကိုယ်တော် ကိုချည်နှောင် လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ် မင်း ကယာဖ ထံသို့ ပို့ စေခဲ့ပြီ။
25 And Simon Peter was standing and warming himself, then they said to him, “Are you also of His disciples?” He denied and said, “I am not.”
၂၅ရှိမုန် ပေတရု သည် ရပ် ၍ မီးလှုံ လျက်နေသည်တွင် အချို့သောသူတို့က၊ သင် သည် သူ ၏တပည့် တို့ အဝင် ဖြစ် သည်မဟုတ် လောဟု မေး လျှင် ၊ မ ဟုတ် ဘူးဟု ပေတရု ငြင်း လေ၏။
26 One of the servants of the chief priest, being a relative of him whose ear Peter cut off, says, “Did I not see you in the garden with Him?”
၂၆ပေတရု ခုတ်၍ နားရွက် ပြတ် သောသူ နှင့်ပေါက်ဘော် တော် သော ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ် ယောက်က၊ သင် သည် ဥယျာဉ် ၌ ယေရှု နှင့်အတူ ရှိသည်ကို ငါ မြင် ခဲ့ပြီမ ဟုတ်လောဟုဆို လျှင်၊
27 Again, therefore, Peter denied, and immediately a rooster crowed.
၂၇ပေတရု သည် တစ်ဖန် ငြင်း ပြန်လေ၏၊ ထိုခဏခြင်း တွင်ကြက် တွန် ၏။
28 They led, therefore, Jesus from Caiaphas into the Praetorium, and it was early, and they themselves did not enter into the Praetorium, that they might not be defiled, but that they might eat the Passover;
၂၈နံနက် အချိန်ရောက် လျှင်၊ ယေရှု ကိုကယာဖ ထံမှ အိမ်တော်ဦး သို့ ဆောင်သွား ကြ၏။ ထိုသူတို့သည် အာပတ် နှင့်ကင်းလွတ် ၍ ပသခါ ပွဲကို ခံရမည်အကြောင်း ။ အိမ်တော်ဦး ထဲသို့ ကိုယ်တိုင်မ ဝင် ကြ။
29 Pilate, therefore, went forth to them and said, “What accusation do you bring against this Man?”
၂၉ထိုကြောင့် ပိလတ် မင်းသည် သူ တို့ရှိရာသို့ ထွက် ၍ ဤ သူ ၌အဘယ် အပြစ် ကို တင် ကြသနည်းဟု မေး သော်၊
30 They answered and said to him, “If He were not doing evil, we had not delivered Him to you.”
၃၀ဤသူ သည်လူဆိုး မ ဟုတ် လျှင် အကျွန်ုပ်တို့သည် ကိုယ်တော် ၌မ အပ် ပါဟုလျှေက် ကြ၏။
31 Pilate, therefore, said to them, “Take Him—you—and judge Him according to your law”; the Jews, therefore, said to him, “It is not lawful to us to put anyone to death”;
၃၁ပိလတ် မင်းကလည်း၊ သူ့ ကိုယူ ၍ သင် တို့ ဓမ္မသတ် အတိုင်း စီရင် ကြဟုဆို ၏။ ယုဒ လူတို့ကလည်း၊ အကျွန်ုပ် သည် အဘယ်သူ ကိုမျှ မ သတ် ပိုင်ပါဟုလျှောက် ကြ၏။
32 that the word of Jesus might be fulfilled which He said, signifying by what death He was about to die.
၃၂ထိုသို့လျှောက်သော်၊ ယေရှု သည်အဘယ်သို့ မိမိ သေ ရမည်အရိပ် ကိုပေး၍၊ မိန့် တော်မူသောစကား တော် ပြည့်စုံ မည်အကြောင်း တည်း။
33 Pilate, therefore, entered into the Praetorium again, and called Jesus, and said to Him, “You are the King of the Jews?”
၃၃ပိလတ် မင်းသည် အိမ်တော်ဦး ထဲသို့ တစ်ဖန် ဝင် ၍ယေရှု ကိုခေါ် ပြီးလျှင် ၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟုမေး ၏။
34 Jesus answered him, “Do you say this from yourself? Or did others say it to you about Me?”
၃၄ယေရှု ကလည်း၊ မင်းကြီး သည် ကိုယ် အလိုအလျောက် ဤသို့ မေး သလော၊ သို့မဟုတ် သူတစ်ပါး တို့သည် ငါ ၏အကြောင်း ကို လျှောက် ကြပြီလော ဟု မေး တော်မူ၏။
35 Pilate answered, “Am I a Jew? Your nation and the chief priests delivered You up to me; what did You do?”
၃၅ပိလတ် မင်းက၊ ငါ သည်ယုဒ လူဖြစ် သလော။ သင် ၏လူမျိုး နှင့်တကွ ယဇ်ပုရောဟိတ် အကြီးတို့သည် သင့် ကိုငါ ၌အပ် ကြပြီ။ သင်သည် အဘယ်သို့ ပြု မိသနည်းဟုမေး လျှင်၊
36 Jesus answered, “My kingdom is not of this world; if My kingdom were of this world, My officers had struggled that I might not be delivered up to Jews; but now My kingdom is not from here.”
၃၆ယေရှု က၊ ငါ ၏နိုင်ငံ သည် ဤ လောက နှင့်မ စပ်ဆိုင် ။ ငါ ၏နိုင်ငံ သည် ဤ လောက နှင့် စပ်ဆိုင် လျှင် ၊ ငါသည် ယုဒ လူတို့လက်သို့မ ရောက် စေခြင်းငှာ ၊ ငါ ၏လူ တို့သည် တိုက်လှန် ကြလိမ့်မည် ။ ယခု မူကား ငါ ၏နိုင်ငံ သည် ဤ ဒေသအရပ်နှင့်မ စပ်ဆိုင် ဟု မိန့် တော်မူ၏။
37 Pilate, therefore, said to Him, “Are You then a king?” Jesus answered, “You say [it], because I am a king; I have been born for this, and I have come into the world for this, that I may testify to the truth; everyone who is of the truth, hears My voice.”
၃၇ပိလတ် မင်းကလည်း၊ သို့ဖြစ်လျှင် သင် သည်ရှင်ဘုရင် မှန် သလောဟုမေး သော် ၊ ယေရှု က၊ မင်းကြီး မေး သည်အတိုင်း ငါသည်ရှင်ဘုရင် မှန် ၏။ သမ္မာတရား ဘက်၌ သက်သေခံ ခြင်းငှာ ငါ သည်မွေးဘွား ခြင်းကိုခံ၍ ဤ လောက သို့ ကြွလာ ပြီ။ သမ္မာတရား နှင့်စပ်ဆိုင် သမျှ သောသူ တို့သည် ငါ့ စကား ကိုနားထောင် ကြသည် ဟု မိန့် တော်မူ၏။
38 Pilate says to Him, “What is truth?” And having said this, again he went forth to the Jews and says to them, “I find no fault in Him;
၃၈ပိလတ် မင်းကလည်း၊ သမ္မာတရား ကား အဘယ်သို့ နည်းဟုမေး ပြီးမှ တဖန် ယုဒ လူတို့ရှိရာသို့ ထွက် ၍၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါ မတွေ့ ။
39 and you have a custom that I will release to you one in the Passover; do you determine, therefore, [that] I will release to you the King of the Jews?”
၃၉ပသခါ ပွဲ၌ လူတစ် ယောက်ကို သင် တို့အားငါလွှတ် မြဲထုံးစံ ရှိ သည်ဖြစ်၍၊ ယုဒ ရှင်ဘုရင် ကို လွှတ် စေ ချင် သလောဟု မေး လျှင်၊
40 Therefore they all cried out again, saying, “Not this One—but Barabbas”; and Barabbas was a robber.
၄၀တစ်ဖန် လူအပေါင်းတို့က၊ ဤသူ ကို မ လွှတ်စေချင်ပါ၊ ဗာရဗ္ဗ ကို လွှတ်စေချင်ပါသည်ဟု အော်ဟစ် ၍လျှောက်ဆို ကြ၏။ ထို ဗာရဗ္ဗ ကား ဓားပြ ဖြစ် သတည်း။