< John 14 >
1 “Do not let your heart be troubled, believe in God, believe also in Me;
၁တဖန်တုံယေရှုက၊ သင် တို့ စိတ် နှလုံးပူပန် ခြင်းမ ရှိစေနှင့်။ ဘုရားသခင် ကို ယုံကြည် ကြလော့။ ငါ့ ကိုလည်း ယုံကြည် ကြလော့။
2 in the house of My Father are many rooms; and if not, I would have told you; I go on to prepare a place for you;
၂ငါ့ အဘ ၏အိမ် တော်၌ နေစရာအခန်း များ ရှိ ၏။ သို့ မ ဟုတ်လျှင် မဟုတ်ကြောင်းကိုသင် တို့အား ငါ မပြော ဘဲမနေ။ သင် တို့နေစရာအရပ် ကို ပြင်ဆင် ခြင်းငှာငါသွား ရ၏။
3 and if I go on and prepare a place for you, I come again, and will receive you to Myself, that where I am you also may be;
၃ငါသည်သွား ၍ သင် တို့နေစရာ အရပ်ကိုပြင်ဆင် ပြီးမှတစ်ဖန် လာ ပြန်၍ ၊ ငါ ရှိ ရာအရပ် ၌ သင် တို့ရှိ စေခြင်းငှာ သင် တို့ကို ငါ့ ထံသို့ သိမ်းဆည်း မည်။
4 and to where I go away you have known, and the way you have known.”
၄ငါ သည် အဘယ် အရပ်သို့သွား သည်ကို၎င်း ၊ လမ်း ခရီးကို၎င်း၊ သင်တို့သိ ကြ၏ ဟုမိန့်တော်မူ၏။
5 Thomas says to Him, “Lord, we have not known to where You go away, and how are we able to know the way?”
၅သောမ ကလည်း၊ သခင် ၊ ကိုယ်တော်သည် အဘယ် အရပ်သို့ သွား တော်မူသည်ကို အကျွန်ုပ်တို့ မ သိ သည်ဖြစ်၍၊ လမ်းခရီး ကိုအဘယ်သို့ သိ နိုင် ပါမည်နည်းဟု လျှောက် လျှင်၊
6 Jesus says to him, “I AM the way, and the truth, and the life, no one comes to the Father, if not through Me;
၆ယေရှု က၊ ငါ သည်လမ်း ခရီးဖြစ် ၏။ သမ္မာတရား လည်း ဖြစ်၏။ အသက် လည်း ဖြစ်၏။ ငါ့ ကို အမှီ မ ပြုလျှင် အဘယ်သူ မျှခမည်းတော် ထံသို့ မရောက် ရ။
7 if you had known Me, you would also have known My Father, and from this time you have known Him, and have seen Him.”
၇သင်တို့သည် ငါ့ ကိုသိ လျှင် ငါ့ ခမည်းတော် ကို မသိ ဘဲမနေကြ။ ယခု မှစ၍ ခမည်းတော် ကိုသိ မြင် ကြ၏ ဟု မိန့် တော်မူ၏။
8 Philip says to Him, “Lord, show to us the Father, and it is enough for us”;
၈ဖိလိပ္ပု ကလည်း၊ သခင် ၊ ခမည်းတော် ကို အကျွန်ုပ် တို့အားပြ တော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ် တို့ အလိုပြည့်စုံ ပါမည်ဟုလျှောက် လျှင်၊
9 Jesus says to him, “Such [a] long time am I with you, and you have not known Me, Philip? He who has seen Me has seen the Father; and how do you say, Show to us the Father?
၉ယေရှု က၊ ဖိလိပ္ပု ၊ ဤမျှကာလ ပတ်လုံး ငါသည်သင် တို့နှင့်အတူ ရှိ ပြီးမှ သင်သည် ငါ့ ကို မ သိ သေး သလော။ ငါ့ ကိုမြင် သောသူ သည်ခမည်းတော် ကိုမြင် ၏။ သို့ဖြစ်လျှင်၊ ခမည်းတော် ကို အကျွန်ုပ် တို့အား ပြ တော်မူပါဟု သင် သည်အဘယ်သို့ ဆို သနည်း။
10 Do you not believe that I [am] in the Father, and the Father is in Me? The sayings that I speak to you, I do not speak from Myself, and the Father who is abiding in Me does the works Himself;
၁၀ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ရှိ တော်မူသည်ကို၎င်း မ ယုံ သလော။ ငါ ဟောပြော သောစကား ကို ကိုယ် အလိုအလျောက် ငါဟောပြော သည်မ ဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ ၌ တည်နေ တော်မူသော ခမည်းတော် သည် ပြု တော်မူ၏။
11 believe Me, that I [am] in the Father, and the Father in Me; and if not, because of the works themselves, believe Me.
၁၁ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ ခမည်းတော် သည် ငါ ၌ ရှိတော်မူသည်ကို၎င်း ယုံ ကြလော။ ငါ့ စကားကို မ ယုံလျှင် ၊ ငါ့အမှု တို့ကိုထောက် ၍ယုံ ကြလော့။
12 Truly, truly, I say to you, he who is believing in Me, the works that I do—that one will also do, and greater than these he will do, because I go on to My Father;
၁၂ငါအမှန်အကန် ဆို သည်ကား၊ ငါ့ ကိုယုံကြည် သောသူ သည်ငါ ပြု သောအမှု တို့ကို ပြု လိမ့်မည်။ ထို အမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြု လိမ့်မည်။ အကြောင်းမူကား ၊ ငါ သည် ခမည်းတော် ထံသို့ သွား ၍ ၊
13 and whatever you may ask in My Name, I will do, that the Father may be glorified in the Son;
၁၃သင်တို့သည် ငါ ၏နာမ ကိုအမှီပြု လျက် ဆုတောင်း သမျှ အတိုင်း ငါပြု မည်။ အကြောင်းမူကား၊ ခမည်းတော် သည် သား တော်အားဖြင့် ဘုန်း ထင်ရှားတော်မူခြင်းရှိမည်အကြောင်း တည်း။
14 if you ask anything in My Name I will do [it].
၁၄သင်တို့သည် ငါ ၏နာမ ကိုအမှီပြု ၍ တစ်စုံတစ်ခု သောဆုကိုတောင်း လျှင် ၊ တောင်းသည်အတိုင်းငါ ပြု မည်။
15 If you love Me, keep My commands,
၁၅ငါ့ ကိုချစ် လျှင် ငါ့ ပညတ် တို့ကို စောင့်ရှောက် ကြလော့။ ငါ သည် ခမည်းတော် ကိုတောင်း ၍ ၊
16 and I will ask the Father, and He will give to you another Comforter, that He may remain with you throughout the age: (aiōn )
၁၆ခမည်းတော်သည် သမ္မာတရား ကိုပြသော ဝိညာဉ် တော်တည်းဟူသောတစ်ပါး သောဥပဇ္စျာယ် ဆရာကို သင် တို့နှင့်အတူ အစဉ်မပြတ် တည်နေ စေခြင်းငှာ သင် တို့အားပေး တော်မူမည်။ (aiōn )
17 the Spirit of truth, whom the world is not able to receive, because it does not see nor know [this] One, and you know [this] One, because [this] One remains with you, and will be in you.
၁၇ထို ဝိညာဉ်တော်ကို လောကီသား တို့သည် မ သိ မ မြင် သောကြောင့် မ ခံ မယူနိုင် ကြ။ ထိုဝိညာဉ် တော် သည် သင် တို့နှင့်အတူ တည်နေ ၍ ၊ သင် တို့၌ ရှိ တော်မူသောကြောင့် သင် တို့သိ ရကြ၏။
18 I will not leave you bereaved, I come to you;
၁၈ငါသည် သင် တို့ကို မိဘမဲ့ ဖြစ်စေခြင်းငှာစွန့်ပစ် မည်မ ဟုတ်။ သင် တို့ဆီသို့ လာ ဦးမည်။
19 yet a little [while] and the world beholds Me no more, and you behold Me, because I live, and you will live;
၁၉ခဏ ကြာပြီးမှ လောကီသား တို့သည် ငါ့ ကိုမ မြင် ရကြ။ သင် တို့မူကား မြင် ရကြလိမ့်မည်။ ငါ သည် အသက်ရှင် သောကြောင့် သင် တို့သည်လည်း အသက်ရှင် ရကြလိမ့်မည်။
20 in that day you will know that I [am] in My Father, and you in Me, and I in you;
၂၀ငါ သည် ခမည်းတော် ၌ ရှိသည်ကို၎င်း ၊ သင် တို့သည်ငါ ၌ ရှိသည်ကို၎င်း။ ငါ သည် သင် တို့၌ ရှိသည်ကို ၎င်း၊ ထို နေ့ ၌ သင် တို့သည် သိ ရကြလိမ့်မည်။
21 he who is having My commands, and is keeping them, that one it is who is loving Me, and he who is loving Me will be loved by My Father, and I will love him, and will manifest Myself to him.”
၂၁ငါ့ ပညတ် တို့ကိုရ ၍ စောင့်ရှောက် သောသူ သည် ငါ့ ကိုချစ် သောသူ ဖြစ် ၏။ ငါ့ ကိုချစ် သောသူ ကို ငါ့ ခမည်းတော် သည်ချစ် တော်မူမည်။ ငါ သည်လည်း ထိုသူ ကိုချစ် ၍ သူ့ အားကိုယ်တိုင် ထင်ရှား မည် ဟု မိန့် တော်မူ၏။
22 Judas says to Him (not the Iscariot), “Lord, what has come to pass, that You are about to manifest Yourself to us, and not to the world?”
၂၂ယုဒရှကာရုတ် မ ဟုတ်၊ အခြားသောယုဒ က၊ သခင် ၊ ကိုယ်တော်သည် လောကီသား တို့အား မ ထင်ရှား ဘဲ အကျွန်ုပ် တို့အား အဘယ်သို့ ထင်ရှား တော်မူမည်နည်းဟု မေးလျှောက် ၏။
23 Jesus answered and said to him, “If anyone may love Me, he will keep My word, and My Father will love him, and We will come to him, and We will make [an] abode with him;
၂၃ယေရှု ကလည်း ၊ ငါ့ ကိုချစ် သောသူ သည် ငါ့ စကား ကို နားထောင် လိမ့်မည်။ ငါ့ ခမည်းတော် သည် ထိုသူ ကို ချစ် တော်မူသည်။ ငါတို့သည်လည်း၊ သူ ဆီသို့ ကြွ ၍ နေရာ ချမည်။
24 he who is not loving Me does not keep My words; and the word that you hear is not Mine, but the Father’s who sent Me.
၂၄ငါ့ ကိုမ ချစ် သောသူ သည် ငါ့ စကား ကို နားမ ထောင်။ သင်တို့ကြား သောစကား သည် ငါ့ စကားမ ဟုတ် ။ ငါ့ ကို စေလွှတ် တော်မူသော ခမည်းတော် ၏စကားတော်ဖြစ်၏။
25 These things I have spoken to you, remaining with you,
၂၅ငါသည် သင်တို့နှင့်အတူ ရှိ စဉ်တွင် ဤ စကားကိုပြော ခဲ့ပြီ။
26 and the Comforter, the Holy Spirit, whom the Father will send in My Name, He will teach you all things, and remind you of all things that I said to you.
၂၆ခမည်းတော် သည် ငါ့ အတွက်ကြောင့် စေလွှတ် တော်မူသောဥပဇ္ဈာယ် ဆရာတည်းဟူသောသန့်ရှင်း သော ဝိညာဉ် တော်သည် သင် တို့အား ခပ်သိမ်း သောအရာတို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါ ပြော ခဲ့သမျှ သော စကားတို့ကို မှတ်မိ သောဥာဏ်ကို သင် တို့အား ပေးတော်မူ၏။
27 Peace I leave to you; My peace I give to you. Not according as the world gives do I give to you. Do not let your heart be troubled, nor let it be afraid.
၂၇ငြိမ်သက် ခြင်းကို သင် တို့၌ငါထား ခဲ့၏။ ငါ ၏ငြိမ်သက် ခြင်းကို သင် တို့အား ငါပေး ၏။ လောကီသား တို့ ပေး သကဲ့သို့ ငါ ပေး သည်မ ဟုတ်။ သင် တို့ စိတ် နှလုံးပူပန် ခြင်း၊ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိစေနှင့်။
28 You heard that I said to you, I go away, and I come to you. If you loved Me, you would have rejoiced that I said, I go on to the Father, because My Father is greater than I.
၂၈ငါသည် ယခုသွား သော်လည်း သင် တို့ဆီသို့ လာ ဦးမည်ဟု ငါ ပြော သောစကားကို သင် တို့ကြား ရကြပြီ။ သင်တို့သည် ငါ့ ကိုချစ် လျှင် ခမည်းတော် ထံသို့ ငါသွား မည်ကို ဝမ်းမြောက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ငါ့ ခမည်းတော် သည် ငါ့ ထက် သာ၍ကြီးမြတ်တော်မူ၏။
29 And now I have said [it] to you before it comes to pass, that when it may come to pass, you may believe.
၂၉ထိုအမှုအရာရောက် သောအခါ သင်တို့သည်ယုံကြည် စေခြင်းငှာ၊ မ ရောက် မှီယခုပင် သင် တို့အား ငါ ပြော နှင့်ပြီ။
30 I will no longer talk much with you, for the ruler of this world comes, and he has nothing in Me;
၃၀ယခုမှစ၍ ငါသည်သင် တို့နှင့် များစွာ မ ပြော ရ။ အကြောင်းမူကား ၊ ဤလောက ကို အစိုးရ သောမင်းသည် လာ ဆဲဖြစ်၏။ လာသော်လည်းငါ ၌ အဘယ်အခွင့်အရာကိုမျှ မ တွေ့ ရ။
31 but that the world may know that I love the Father, and according as the Father gave Me command, so I do; arise, we may go from here.”
၃၁ငါသည် ခမည်းတော် ကိုချစ် သည်ကို ၎င်း ၊ ခမည်းတော် မှာ တော်မူသည်အတိုင်း ငါပြု သည်ကို ၎င်း၊ လောကီသား တို့သိ မည်အကြောင်း တည်း။ ဤ အရပ်မှ ထ ၍သွား ကြကုန်အံ့။