< Job 30 >
1 “And now, laughed at me, Have the younger in days than I, Whose fathers I have loathed to set With the dogs of my flock.
၁ယခု မူကား ၊ ငါ့ ထက် အသက် ငယ် သောသူတို့ သည် ငါ့ ကို ကဲ့ရဲ့ တတ်ကြ၏။ သူ တို့အဘ များကို ငါသည် ရွံ့ရှာ ၍၊ ငါ့ သိုးစု ကိုစောင့်သော ခွေး တို့တွင် မျှနေရာမပေး။
2 Also—the power of their hands, why [is it] to me? On them old age has perished.
၂သူ တို့သည် အစွမ်း သတ္တိကုန်ပြီးမှ၊ ငါ့ အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
3 With want and with harsh famine, They are gnawing a dry place [in] the recent night, [In] desolation and ruin,
၃ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။
4 Those cropping mallows near a shrub, And their food [is] root of broom trees.
၄စားစရာ ဘို့ ချုံဖုတ် နား မှာ မလွှမြက်ကိုရိတ်၍၊ ရသမ် မြစ် ကိုလည်း တူးကြ၏။
5 They are cast out from the midst (They shout against them as a thief),
၅လူနေရာမှ နှင်ထုတ် ခြင်းကို ခံရ၍၊ သူခိုး ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ် ကြ၏။
6 To dwell in a frightful place of valleys, Holes of earth and clefts.
၆ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေ တွင်း ၊ ကျောက် ခေါင်း၌ နေ ကြ၏။
7 They groan among shrubs, They are gathered together under nettles.
၇ချုံဖုတ် အောက်မှာ မြည်တမ်း လျက်၊ ဆူးပင် အောက် မှာ စုဝေး လျက် နေကြ၏။
8 Sons of folly—even sons without name, They have been struck from the land.
၈လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။
9 And now, I have been their song, And I am to them for a byword.
၉ယခု မူကား ၊ ငါသည်သူ တို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ် ပါသည်တကား။
10 They have detested me, They have kept far from me, And from before me have not spared to spit.
၁၀ငါ့ ကို ရွံရှာ ၍ ဝေး စွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ ကို တံတွေး နှင့် မ ထွေးဘဲ မနေကြ။
11 Because He loosed His cord and afflicts me, And the bridle from before me, They have cast away.
၁၁ဘုရားသခင်သည် ငါ့ ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ ရှေ့ မှာ ဇက်ကြိုး ကို လွှတ် တတ်ကြ၏။
12 A brood arises on the right hand, They have cast away my feet, And they raise up against me, Their paths of calamity.
၁၂သူငယ်တို့သည်ငါ့လက်ျာ ဘက်၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ၏။ ငါ့ ကို ဖျက်ဆီး ခြင်းငှါလမ်း ဖို့ ကြ၏။
13 They have broken down my path, They profit by my calamity: He has no helper.
၁၃ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကိုဖျက်ဆီး ခြင်းငှါကြိုးစားကြ၏။ သူတို့တွင် သတိပေး သောသူမ ရှိ။
14 They come as a wide breach, Under the desolation have rolled themselves.
၁၄ကျယ် သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက်၍ ဖြိုဖျက် ရာကို ခိုလှုံလျက်၊ ငါ့ထံသို့တဟုန်တည်း ပြေးလာကြ၏။
15 He has turned terrors against me, It pursues my abundance as the wind, And as a thick cloud, My safety has passed away.
၁၅ကြောက်မက် ဘွယ်သော အရာတို့သည် ငါ့ အပေါ် သို့ရောက် ၍၊ လေ တိုက်သကဲ့သို့ ငါ့ ဘုန်း ကို လိုက် သဖြင့် ၊ ငါ့ စည်းစိမ် သည် မိုဃ်းတိမ် ကဲ့သို့ လွင့် ကုန်ပြီ။
16 And now, in me my soul pours itself out, Days of affliction seize me.
၁၆ယခု မူကား ၊ ငါ့ နှလုံး ကြေကွဲ ပြီ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုမှီ ပြီ။
17 [At] night my bone has been pierced in me, And my gnawing [pain] does not lie down.
၁၇ညဉ့် အခါ ငါ့ အရိုး တို့သည် အလွန်ကိုက်ခဲ ၍၊ ငါ့ အကြော တို့သည် သက်သာ ခြင်းမ ရှိရကြ။
18 By the abundance of power, Is my clothing changed, As the mouth of my coat it girds me.
၁၈ငါ့အနာသည် ပြင်းထန် သဖြင့် ၊ အဝတ် နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီ လည်စွပ် ကဲ့သို့ ငါ့ ကိုစည်း လျက်နေ၏။
19 Casting me into mire, And I have become like dust and ashes.
၁၉ငါ့ ကိုရွှံ့ ထဲသို့ တွန်းချ တော်မူသဖြင့် ၊ ငါသည် မြေမှုန့် နှင့် မီးဖိုပြာ ကဲ့သို့ ဖြစ် လေပြီ။
20 I cry to You, And You do not answer me, I have stood, and You consider me.
၂၀ကိုယ်တော် အား အကျွန်ုပ်အော်ဟစ် သော်လည်း ကြား တော်မ မူ။ အကျွန်ုပ်သည် မတ်တတ် နေသော်လည်း မှတ် တော်မမူ။
21 You are turned to be fierce to me, With the strength of Your hand, You oppress me.
၂၁အကျွန်ုပ် ကို ကြမ်းတမ်း စွာပြု၍၊ အားကြီး သော လက် တော်နှင့် ညှဉ်းဆဲ တော်မူ၏။
22 You lift me up, You cause me to ride on the wind, And You melt—You level me.
၂၂အကျွန်ုပ် ကို ချီသွား ၍ ၊ လေ ကိုစီး စေသဖြင့်၊ အကျွန်ုပ် ၏ ကိုယ် ခန္ဓါကို ဖြုတ် လွှင့်တော်မူ၏။
23 For I have known You bring me back [to] death, And [to] the house appointed for all living.
၂၃သေ ခြင်းသို့၎င်း ၊ အသက် ရှင်သောသူခပ်သိမ်း တို့ အဘို့ စီရင် သော နေရာ သို့၎င်း၊ အကျွန်ုပ် ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိ ပါ၏။
24 Surely not against the heap Does He send forth the hand, Though they have safety in its ruin.
၂၄ဘုရားသခင်သည် လက် ဆန့် တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီး တော်မူ သောအခါ ၊ အော်ဟစ် သော်လည်းကျေးဇူးမရှိ။
25 Did I not weep for him whose day is hard? My soul has grieved for the needy.
၂၅အမှု ရောက်သော သူအတွက် ငါငိုကြွေး ဘူးပြီ မ ဟုတ်လော။ ဆင်းရဲ သောသူအတွက် ငါ စိတ် နာကြဉ်းဘူး ပြီမဟုတ်လော။
26 When I expected good, then comes evil, And I wait for light, and darkness comes.
၂၆သို့သော်လည်း ၊ ငါသည် ကောင်းကျိုး ကိုမြော်လင့် သောအခါ ဘေး ရောက် လာ၏။ အလင်း ကို တောင့်တ သောအခါ မှောင်မိုက် ဖြစ် ၏။
27 My bowels have boiled, and have not ceased, Days of affliction have gone before me.
၂၇ငါ့ အသည်း သည် ပူလောင် ၍ ငြိမ်း ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုတွေ့ မိပြီ။
28 I have gone mourning without the sun, I have risen, I cry in an assembly.
၂၈နေ ရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည် ရ၏။ ပရိသတ် အလယ် ၌ မတ်တတ် နေ၍ ကြွေးကြော် ရ၏။
29 I have been a brother to dragons, And a companion to daughters of the ostrich.
၂၉မြေခွေး တို့နှင့်ညီအစ်ကို တော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော် ရ၏။
30 My skin has been black on me, And my bone has burned from heat,
၃၀
31 And my harp becomes mourning, And my pipe the sound of weeping.”
၃၁အဆင်းမည်း လျက် အရိုး ပူလောင် လျက်ရှိ၏။ ငါ့ စောင်း သည် ညည်းတွား သောအသံ၊ ငါ့ ပုလွေ သည် ငိုကြွေး သောအသံ ကို သာပေးတတ်၏။