< Jeremiah 50 >
1 The word that YHWH has spoken concerning Babylon, concerning the land of the Chaldeans, by the hand of Jeremiah the prophet:
၁ထာဝရဘုရား သည် ဗာဗုလုန် မြို့နှင့်ခါလဒဲ ပြည် ကို ရည်မှတ် ၍၊ ပရောဖက် ယေရမိ အားဖြင့် မိန့် တော်မူ သော စကား ဟူမူကား၊
2 “Declare among nations, and sound, And lift up an ensign, sound, do not hide, Say, Babylon has been captured, Bel has been put to shame, Merodach has been broken, Her grievous things have been put to shame, Her idols have been broken.
၂လူမျိုး တို့တွင် သိတင်းကြားပြော ကြလော့။ ဝှက် ၍ မ ထားဘဲအလံ ကို ထူ ၍ ကြော်ငြာ ကြလော့။ ကြားပြော ရသောစကားဟူမူကား၊ ဗာဗုလုန် မြို့ကို တိုက်ယူ ကြပြီ။ ဗေလ ဘုရားသည် အရှက်ကွဲ ပြီ။ မေရောဒပ် ဘုရားသည် ကျိုး ပြီ။ ဗာဗုလုန်ရုပ်တု ဆင်းတု တို့သည် အရှက်ကွဲ ၍ကျိုးပဲ့ လျက်ရှိကြ၏။
3 For a nation from the north has come up against her, It makes her land become a desolation, And there is not an inhabitant in it. From man even to beast, They have moved, they have gone.
၃လူ တမျိုးသည် မြောက် မျက်နှာမှ လာ ၍ ဗာဗုလုန် ပြည် ကို သုတ်သင် ပယ်ရှင်းလိမ့်မည်။ နေ သောသူမ ရှိ ရ။ လူ နှင့် တိရစ္ဆာန် တို့သည် အကုန်အစင်ထွက်သွား ကြလိမ့်မည်။
4 In those days, and at that time,” A declaration of YHWH, “Sons of Israel come in, They and sons of Judah together, Going on and weeping they go, And they seek their God YHWH.
၄ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို ကာလ အခါ ဣသရေလ အမျိုးသား တို့သည် ယုဒ အမျိုးသား တို့နှင့် ပေါင်းဘက်၍လာ ကြလိမ့်မည်။ မျက်ရည် ကျလျက် ၊ ခရီးသွား လျက် ၊ သူ တို့၏ဘုရားသခင် ထာဝရဘုရား ကို သွား ၍ ရှာ ကြလိမ့်မည်။
5 They ask the way [to] Zion, Their faces [are] toward that place: Come in, and we are joined to YHWH, A perpetual covenant—never forgotten.
၅ဇိအုန် မြို့သို့ မျက်နှာ ပြု၍ လမ်း ကို ရှာ ကြလိမ့်မည်။ အစဉ် မ မေ့လျော့ ရသောပဋိညာဉ် အားဖြင့်ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ၍ မိဿဟာယ ဖွဲ့ကြလိမ့်မည်။
6 My people have been a perishing flock, Their shepherds have caused them to err, Causing them to go back [on] the mountains, They have gone from mountain to hill, They have forgotten their crouching-place.
၆ငါ ၏လူ တို့သည် ပျောက် သောသိုး ဖြစ် ကြပြီ။ သိုးထိန်း တို့သည် တောင် များပေါ်မှာလမ်းလွဲ စေကြပြီ။ သူတို့သည်တောင် တလုံးမှ တလုံးသို့ လမ်းလွဲ သွား ၍၊ ငြိမ်ဝပ် သောအရပ်ကိုမေ့လျော့ ကြပြီ။
7 All finding them have devoured them, And their adversaries have said: We are not guilty, Because that they sinned against YHWH, The habitation of righteousness, And the hope of their fathers—YHWH.
၇သူ တို့ကို တွေ့ကြုံ သမျှ သောသူတို့သည် ကိုက်စား ကြပြီ။ ရန်သူ တို့က၊ သူတို့သည်တရား သော ငြိမ်ဝပ် ရာ၊ ဘိုးဘေး တို့ခိုလှုံ ရာ ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ ငါတို့သည်ကိုက်စားသော်လည်းမ လွန်ကျူး ဟု ပြောဆို ကြပြီ။
8 Move from the midst of Babylon, And go out from the land of the Chaldeans; And be as male goats before a flock.
၈ဗာဗုလုန် မြို့ထဲ က ပြေး ကြလော့။ ခါလဒဲ ပြည် မှ ထွက်သွား ကြလော့။ သိုးစု ရှေ့ ၌ သိုးထီး ကဲ့သို့ ပြု ကြလော့။
9 For behold, I am stirring up, And am causing to come up against Babylon, An assembly of great nations from [the] land of the north, And they have set in array against her, From there she is captured, Its arrow—as a skillful hero—does not return empty,
၉အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
10 And Chaldea has been for a spoil, All her spoilers are satisfied,” A declaration of YHWH.
၁၀ခါလဒဲ ပြည်သည် လုယူ ရာဖြစ် ၍၊ လုယူ သောသူတို့ သည် ဝ ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
11 “Because you rejoice, because you exult, O spoilers of My inheritance, Because you increase as a heifer [at] the tender grass, And cry aloud as bulls,
၁၁ငါ့ အမွေ ကို ဖျက်ဆီး သောသူတို့၊ သင်တို့သည် ဝမ်းမြောက် ရွှင်လန်းကြပြီ။ ကျက်စား သောနွားမ ကဲ့သို့ ခုန် ကြပြီ။ မြင်းထီး ကဲ့သို့ ဟီ ကြပြီ။
12 Your mother has been greatly ashamed, She who bore you has been confounded, Behold, the last of nations [is] a wilderness, A dry land, and a desert.
၁၂ထိုကြောင့်၊ သင် တို့အမိ သည် မိန်းမော တွေဝေလိမ့်မည်။ သင် တို့ကိုမွေးဘွား သောသူသည် အရှက်ကွဲ လိမ့်မည်။ ပြည် တကာတို့တွင် အယုတ်ဆုံး သော ပြည်၊ သုတ်သင် သောအရပ်၊ သွေ့ခြောက် သော လွင်ပြင် ဖြစ်ရလိမ့်မည်။
13 Because of the wrath of YHWH it is not inhabited, And it has been a desolation—all of it. Everyone passing by at Babylon is astonished, And hisses because of all her plagues.
၁၃ထာဝရဘုရား ၏ အမျက် တော်ကြောင့် နောက် တဖန်လူမ နေ ရ။ ဆိတ်ညံ သောအရပ် သက်သက်ဖြစ် ရ လိမ့်မည်။ ဗာဗုလုန် မြို့နား မှာ ရှောက်သွား သော သူတိုင်း အံ့ဩ ၍ ၊ သူ ခံရသောဘေးဥပဒ် ကိုထောက် လျက်၊ ကဲ့ရဲ့ သံကိုပြုကြလိမ့်မည်။
14 Set yourselves in array against Babylon all around, All you treading a bow, Shoot at her, have no pity on the arrow, For she has sinned against YHWH.
၁၄ဗာဗုလုန် မြို့ပတ်လည် ၌ တပ်ခင်းကျင်း ကြလော့ ။ သူသည် ထာဝရဘုရား ကို ပြစ်မှား သောကြောင့် ၊ လေး သမားအပေါင်း တို့၊ မြှား ကိုမ နှမြော ဘဲ ပစ် ကြလော့။
15 Shout against her all around, She has given forth her hand, Her foundations have fallen, Her walls have been thrown down, For it [is] the vengeance of YHWH, Be avenged of her, as she did—do to her.
၁၅မြို့ပတ်လည် ၌ ကြွေးကြော် ကြလော့။ သူသည် ဝန်ချ ပြီ။ မြို့ရိုး နှင့် ပြအိုး တို့သည် ပြိုလဲ ကြပြီ။ ထာဝရဘုရား ၏အမျက် တော်ပြေခြင်း အမှုဖြစ်၍ ၊ သူ့ကိုအပြစ် နှင့်အလျောက်စီရင်ကြလော့။ သူသည်ပြု ဘူးသည် အတိုင်း သူ ၌ ပြု ကြလော့။
16 Cut off the sower from Babylon, And him handling the sickle in the time of harvest, Because of the oppressing sword, Each to his people—they turn, And each to his land—they flee.
၁၆ဗာဗုလုန် မြို့၌ မျိုးစေ့ကြဲ သော သူနှင့် စပါး ရိတ် သောသူတို့ ကိုပယ်ဖြတ် ကြလော့။ ညှဉ်းဆဲ တတ်သော ထား ကိုကြောက်သောကြောင့် ၊ အသီးအသီး တို့သည် မိမိ တို့လူမျိုး နေရာသို့ ပြန်သွား ၍ ၊ မိမိ တို့ပြည် သို့ ပြေး ကြလိမ့်မည်။
17 Israel [is as] a scattered sheep, Lions have driven [him] away, At first, the king of Asshur devoured him, And now, at last, Nebuchadnezzar king of Babylon has broken his bone.
၁၇ဣသရေလ သည်အရပ်ရပ်သို့ လွင့်ပြေး ရသောသိုး ဖြစ်၏။ ခြင်္သေ့ တို့သည် နှောင့်ရှက် ကြပြီ။ အာရှုရိ ရှင် ဘုရင်သည် ရှေးဦးစွာ ကိုက်စား ပြီ။ နောက်မှ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သူ ၏အရိုး တို့ကို ချိုးဖဲ့ပြီ။
18 Therefore, thus said YHWH of Hosts, God of Israel: Behold, I am seeing after the king of Babylon, And after his land, As I have seen after the king of Asshur;
၁၈ထိုကြောင့် ၊ ဣသရေလ အမျိုး၏ဘုရားသခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည်အာရှုရိ ရှင်ဘုရင် ကို ဒဏ် ပေးသည် နည်းတူ ၊ ဗာဗုလုန် ရှင်ဘုရင် နှင့် သူ ၏နိုင်ငံ ကို ဒဏ် ပေး မည်။
19 And I have brought Israel back to his habitation, And he has fed on Carmel and on Bashan; And his soul is satisfied on Mount Ephraim and on Gilead.
၁၉ဣသရေလ ကိုသူ ၏နေရင်း အရပ်သို့ ငါဆောင်ခဲ့ ဦးမည်။ သူသည် ကရမေလ တောင်နှင့် ဗာရှန် တောင် ပေါ်မှာ ကျက်စား ၍ ၊ ဧဖရိမ် တောင် နှင့် ဂိလဒ် တောင်ပေါ် မှာ ဝ လိမ့်မည်။
20 In those days, and at that time,” A declaration of YHWH, “The iniquity of Israel is sought, and it is not, And the sin of Judah, and it is not found, For I am propitious to those whom I leave!
၂၀ထို ကာလ အခါ ဣသရေလ အပြစ် ကို စစ်ကြော သော်လည်း အပြစ်မ ပေါ်ရာ။ ယုဒ ဒုစရိုက် တို့ကိုရှာ၍ မ တွေ့ ရာ။ ငါချန်ထား သော သူတို့ ၏ အပြစ်ကို ငါဖြေရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 Against the land of Merathaim, go up against it, And to the inhabitants of Pekod, Dry up and devote their posterity,” A declaration of YHWH, “And do according to all that I have commanded you.
၂၁ပုန်ကန်တတ်သောပြည်၊ ဆုံးမအပ်သော ပြည်သားတို့ရှိရာသို့ စစ်ချီ ကြလော့။ သုတ်သင် ပယ်ရှင်း၍ သူ တို့အမျိုးအနွယ်ကိုအကုန်အစင်ဖျက်ဆီး ကြလော့။ ငါမှာထား သမျှ အတိုင်း ပြု ကြလော့ဟု ထာဝရဘုရား မိန့် တော်မူ၏။
22 A noise of battle [is] in the land, And of great destruction.
၂၂ထိုပြည် ၌ စစ်တိုက် ခြင်းအသံ ၊ ကြီးစွာ သော ဖျက်ဆီး ခြင်းအသံကို ကြားရ၏။
23 How it has been cut and broken, The hammer of the whole earth! How Babylon has been for a desolation among nations!
၂၃မြေ တပြင်လုံးကို ရိုက်နှက်သောသံတူ သည် ကျိုးပြတ် လေပြီတကား၊ ဗာဗုလုန် မြို့သည် လူမျိုး တို့တွင် အံ့ဩ ရာဖြစ် လေပြီတကား။
24 I have laid a snare for you, And you are also captured, O Babylon, And you have known, You have been found, and are also caught, For you have stirred yourself up against YHWH.
၂၄အို ဗာဗုလုန် မြို့၊ သင် အဘို့ ကျော့ကွင်း ကို ငါထောင်ထားသဖြင့် ၊ သင်သည် သတိလစ် ၍ကျော့မိ ပြီ။ ထာဝရဘုရား ၏ အာဏာတော်ကို ဆန် သောကြောင့် ၊ ရန်သူတွေ့ ၍ တိုက်ယူ ပြီ။
25 YHWH has opened His treasury, And He brings out the weapons of His indignation, For a work [is] to Lord YHWH of Hosts, In the land of the Chaldeans.
၂၅ထာဝရဘုရား သည် လက်နက်စုံ တိုက် တော်ကို ဖွင့် ၍ ၊ အမျက် တော်လက်နက် တို့ကို ထုတ် တော်မူပြီ။ ဤအမှုကား၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ခါလဒဲ ပြည် ၌ ပြုတော်မူသောအမှု ပေတည်း။
26 Come in to her from the extremity, Open her storehouses, Raise her up as heaps, and devote her, Let her have no remnant.
၂၆မြို့တဘက် မှတဘက်တိုင်အောင်တိုက် ကြလော့ ။ စပါးကျီ တို့ကို ဖွင့် ၍၊ စပါး ပုံများကဲ့သို့ ပုံထား လျက်၊ အလျှင်းမ ကြွင်း စေခြင်းငှါရှင်းရှင်းဖျက်ဆီး ကြလော့။
27 Slay all her cows, they go down to slaughter, Woe [is] on them, for their day has come, The time of their inspection.
၂၇သူ ၏နွား ဥသဘရှိသမျှ တို့ကိုသတ် ကြလော့။ သတ် ရာအရပ်သို့ ဆင်းသွား စေကြလော့။ သူ တို့သည် အမင်္ဂလာ ရှိကြ၏။ အကယ် စင်စစ်သူ တို့အချိန် ၊ ဆုံးမ ခြင်းကို ခံရသောအချိန် ရောက် လေပြီ။
28 A voice of fugitives and escaped ones [Is] from the land of Babylon, To declare in Zion the vengeance of our God YHWH, The vengeance of His temple.
၂၈ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော် ပြေခြင်း၊ ဗိမာန် တော်ကို ဖျက်ဆီးသောအပြစ်နှင့် အလျောက်ဒဏ် ပေးခြင်းသိတင်းကို ဇိအုန် မြို့၌ ကြားပြော အံ့သောငှါ ၊ ဗာဗုလုန် ပြည် မှ ပြေး လွတ် သောသူတို့၏ အသံ ကို ကြားရ၏။
29 Summon archers to Babylon, all treading the bow, Encamp against her all around, Let [her] have no escape; Repay to her according to her work, According to all that she did—do to her, For she has been proud against YHWH, Against the Holy One of Israel.
၂၉လေး သမားတို့ကို ဗာဗုလုန် မြို့သို့ ခေါ် ကြလော့။ ပစ် တတ်သော သူအပေါင်း တို့၊ မြို့ပတ်ဝန်းကျင် ၌ တပ်ချ ကြလော့။ မြို့သူမြို့သားတယောက်ကိုမျှ မ လွတ် စေနှင့်။ ထိုမြို့ကျင့်သောအကျင့် နှင့်အလျောက်အပြစ်ပေး ကြလော့ ။ သူပြု ဘူးသမျှ အတိုင်း သူ၌ပြုကြလော့။ သူသည်ဣသရေလ အမျိုး၏သန့်ရှင်း တော်မူသောဘုရား၊ ထာဝရဘုရား တဘက်၌ ဝါကြွား ပြီတကား။
30 Therefore her young men fall in her broad places, And all her men of war are cut off in that day,” A declaration of YHWH.
၃၀ထိုကြောင့် ၊ မြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ နေ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
31 “Behold, I [am] against you, O pride,” A declaration of Lord YHWH of Hosts, “For your day has come, the time of your inspection.
၃၁ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုမာန ကြီးသောသူ၊ သင့် တဘက် ၌ ငါ နေ၏။ အကယ် စင်စစ်သင် ၏အချိန် ၊ ဆုံးမ ခြင်းကိုခံရသော အချိန် ရောက် လေပြီ။
32 And pride has stumbled, And he has fallen, and has none raising up, And I have kindled a fire in his cities, And it has devoured all around him.
၃၂မာန ကြီးသောသူသည် ထိမိ ၍ လဲ ပြီးမှ အဘယ်သူမျှမ ကြွ ရ။ ငါသည်လည်း သူ့ နေရာ မြို့ တို့ကို မီး ရှို့ ၍၊ သူ့ ပတ်လည် ၌နေသောသူအပေါင်း တို့ကို လောင် လိမ့်မည်ဟု မိန့်တော်မူ၏။
33 Thus said YHWH of Hosts: The sons of Israel are oppressed, And the sons of Judah together, And all their captors have kept hold on them, They have refused to send them away.
၃၃ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသား တို့နှင့်တကွယုဒ အမျိုးသား တို့သည် ညှဉ်းဆဲ ခြင်းကိုခံရကြပြီ။ သူ တို့ကိုသိမ်းသွား သောသူ ရှိသမျှ တို့သည် ချုပ်ထား ပြီးလျှင် ၊ ငါတို့သည် မလွှတ် ဟု ငြင်းပယ် လျက်နေကြပြီ။
34 Their Redeemer [is] strong, YHWH of Hosts [is] His Name, He thoroughly pleads their cause, So as to cause the land to rest, And He has given trouble to the inhabitants of Babylon.
၃၄သို့ရာတွင်၊ သူ တို့ကိုရွေးနှုတ် သော သခင်သည် အားကြီး ၏။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိတော်မူ၏။ ထိုသခင်သည်သူ တို့ အမှု ကို ကျပ်တည်းစွာစောင့် ၍၊ ပြည် တော်ကို ငြိမ်ဝပ် စေလျက်၊ ဗာဗုလုန် မြို့သူမြို့သားတို့ကို နှောင့်ရှက် လျက် ပြုတော်မူမည်။
35 A sword [is] for the Chaldeans,” A declaration of YHWH, “And it [is] on the inhabitants of Babylon, And on her heads, and on her wise men;
၃၅ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထား ဘေး သည် ခါလဒဲ ပြည်သူ၊ ဗာဗုလုန် မြို့သားတို့နှင့်တကွ မင်း များ၊ ပညာရှိ များအပေါ် သို့ သင့်ရောက်လိမ့်မည်။
36 A sword [is] on the princes, And they have become foolish; A sword [is] on her mighty ones, And they have been broken down;
၃၆ထား ဘေးသည် မိစ္ဆာ ဆရာတို့အပေါ် သို့ ရောက် ၍၊ သူတို့သည် အရူး ဖြစ်ကြလိမ့်မည်။ ထား ဘေးသည် ထိုမြို့သားစစ်သူရဲ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် စိတ်ပျက် ကြလိမ့်မည်။
37 A sword [is] on his horses and on his chariot, And on all the rabble who [are] in her midst, And they have become women; A sword [is] on her treasuries, And they have been spoiled;
၃၇ထား ဘေးသည်မြင်း များ၊ ရထား များ၊ မြို့ထဲမှာ နေသော လူ အမျိုးမျိုးရှိသမျှ တို့အပေါ် သို့ ရောက်၍၊ သူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ကြလိမ့်မည်။ ထား ဘေးသည် မြို့ဘဏ္ဍာ အပေါ် သို့ရောက်၍၊ ရန်သူတို့သည်လုယူ ကြလိမ့်မည်။
38 A sword [is] on her waters, and they have been dried up, For it [is] a land of carved images, And they boast themselves in idols.
၃၈ခန်းခြောက် ခြင်းဘေးသည် မြို့၏ ရေ တို့ အပေါ် သို့ရောက်၍ ခန်းခြောက် ကြလိမ့်မည်။ အကြောင်း မူကား၊ ထိုပြည် သည်ရုပ်တု တို့နှင့် အပြည့်ရှိ၏။ ပြည်သားတို့သည် ဆင်းတု တို့ကို အမှီပြု ၍ ဝါကြွား ကြ၏။
39 Therefore desert-dwellers dwell with howlers, Indeed, daughters of the ostrich have dwelt in her, And it is not inhabited anymore forever, Nor dwelt in from generation to generation.
၃၉ထိုကြောင့် ၊ တောသားရဲ တို့သည် တောခွေး တို့ နှင့်တကွ ထိုမြို့၌ နေ ကြလိမ့်မည်။ ကုလားအုပ် ငှက်တို့ သည်လည်း နေရာ ကျကြလိမ့်မည်။ နောက် တဖန် အဘယ်သူမျှမ နေ ရ။ ကာလ အစဉ်အဆက်လူနေရာ မ ဖြစ်ရ။
40 As the overthrow by God of Sodom, And of Gomorrah, and of its neighbors,” A declaration of YHWH, “None dwell there, Nor does a son of man sojourn in her.
၄၀သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
41 Behold, a people has come from the north, Even a great nation, And many kings are stirred up from the sides of the earth.
၄၁ကြည့်ရှု လော့။ လူမျိုး တမျိုးသည် မြောက် မျက်နှာမှ လာ ၏။ ကြီးစွာ သော လူမျိုး နှင့် များစွာ သော ရှင် ဘုရင်တို့ သည် မြေကြီး စွန်း တို့မှ ပေါ်လာ ကြ၏။
42 They seize bow and javelin, They [are] cruel, and they have no mercy, Their voice sounds as a sea, and they ride on horses, Set in array as a man for battle, Against you, O daughter of Babylon.
၄၂လေး နှင့် လှံ တို့ကို လက်စွဲ ကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍သနား ခြင်းကရုဏာမ ရှိ။ သူ တို့စကားသံ သည် သမုဒ္ဒရာ မြည်သံကဲ့သို့ ဟုန်း တတ်၏။ အိုဗာဗုလုန် သတို့သမီး ၊ စစ်သူရဲ ကဲ့သို့ တပ်ခင်းကျင်း လျက်မြင်း စီး ၍၊ သင် ရှိရာသို့ ချီလာကြလိမ့်မည်။
43 The king of Babylon has heard their report, And his hands have been feeble, Distress has seized him; pain as a travailing woman.
၄၃သူ တို့၏သိတင်း ကို ဗာဗုလုန် ရှင် ဘုရင်သည် ကြား ၍ လက် အားလျော့ ၏။ ဒုက္ခ ဆင်းရဲကို၎င်း ၊ သားဘွား သောမိန်းမခံရသကဲ့သို့ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ၏။
44 Behold, he comes up as a lion, Because of the rising of the Jordan, To the enduring habitation, But I cause to rest, I cause them to run from off her. And who is chosen? I lay a charge on her, For who [is] like Me? And who convenes Me? And who [is] this shepherd who stands before Me?
၄၄ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြု မည်။ ရွေးချယ် သောသူကို လည်းဗာဗုလုန်မြို့အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ် မည်သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
45 Therefore, hear the counsel of YHWH, That He counseled concerning Babylon, And His plans that He has devised Concerning the land of the Chaldeans; Do little ones of the flock not drag them out, Does He not make the habitation desolate over them?
၄၅သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဗာဗုလုန် မြို့ တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ ခါလဒဲ ပြည် တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့ ။ အကယ် စင်စစ်ရန်သူသည် အား မရှိသော ထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူတို့ရှိရာသို့ လာ၍၊ ကျက်စား ရာအရပ်ကို ဖျက်ဆီး လိမ့်မည်။
46 From the sound of Babylon having been captured, The earth has been shaken, And a cry has been heard among nations!”
၄၆ဗာဗုလုန် မြို့ကိုတိုက်ယူ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ အော်ဟစ် သောအသံကို လူ အမျိုးမျိုးတို့သည် ကြားရ ကြ၏။