< Isaiah 5 >

1 Now let me sing for my Beloved, A song of my Beloved as to His vineyard: My beloved has a vineyard in a fruitful hill,
ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
2 And He fences it, and casts out its stones, And plants it [with] a choice vine, And builds a tower in its midst, And has also hewn out a winepress in it, And He waits for the yielding of grapes, And it yields bad ones!
မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။
3 And now, O inhabitant of Jerusalem and man of Judah, Please judge between Me and My vineyard.
ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
4 What [is there] to do still to My vineyard, That I have not done in it? For what reason have I waited for the yielding of grapes, And it yields [only] bad ones?
ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
5 And now, pray, let Me cause you to know, That which I am doing to My vineyard, To turn its hedge aside, And it has been for consumption, To break down its wall, And it has been for a treading-place.
ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
6 And I make it a waste, It is not pruned, nor arranged, And brier and thorn have gone up, And I lay a charge on the thick clouds, From raining on it rain.
ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
7 Because the vineyard of YHWH of Hosts [Is] the house of Israel, And the man of Judah His pleasant plant, And He waits for judgment, and behold, oppression, For righteousness, and behold, a cry.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
8 Woe [to] those joining house to house, They bring field near to field, Until there is no place, And you have been settled by yourselves In the midst of the land!
မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
9 Do many houses not become a desolation by the weapons of YHWH of Hosts? Great and good without inhabitant!
ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
10 For ten acres of vineyard yield one bath, And a homer of seed yields an ephah.
၁၀အကြောင်း မူကား၊ စပျစ် ဥယျာဉ်တပယ် သည် စပျစ်ရည်တဗတ် ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရ ကြလိမ့်မည်။
11 Woe [to] those rising early in the morning, They pursue strong drink! Lingering in twilight, wine inflames them!
၁၁သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
12 And harp, and stringed instrument, tambourine, and pipe, And wine, have been their banquets, And they do not behold the work of YHWH, Indeed, they have not seen the work of His hands.
၁၂သူ တို့၏ပွဲ ၌စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည် ပါ တတ်၏။ ထာဝရဘုရား ၏ အမှု တော်ကိုကား ၊ ပမာဏ မ ပြုကြ။ လက် တော်နှင့် ပြုပြင် တော်မူရာကို မ ရိပ်မိ ကြ။
13 Therefore my people removed without knowledge, And its honorable ones are famished, And its multitude dried up of thirst.
၁၃ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
14 Therefore Sheol has enlarged herself, And has opened her mouth without limit. And its honor has gone down, and its multitude, And its noise, and its exulting one—into her. (Sheol h7585)
၁၄ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။ (Sheol h7585)
15 And the low is bowed down, and the high humbled, And the eyes of the haughty become low,
၁၅ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သော သူလည်း ရှုတ်ချ ခြင်းကိုခံရ၍၊ မာန ကြီးသောသူတို့ ၏ မျက်နှာ လည်း ပျက် ရ၏။
16 And YHWH of Hosts is high in judgment, And the Holy God sanctified in righteousness,
၁၆ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
17 And lambs have fed according to their leading, And sojourners consume wastelands of the fat ones.
၁၇ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
18 Woe [to] those drawing out iniquity with cords of vanity, And as [with] thick ropes of the cart—sin.
၁၈ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
19 Who are saying, “Let Him hurry, Let Him hurry His work, that we may see, And let the counsel of the Holy One of Israel Draw near and come, and we know.”
၁၉သူတို့ကလည်း၊ ဘုရား သခင်၏အမှု ကို ငါတို့ သည် မြင် ရမည်အကြောင်း ၊ အလျင် အမြန်ကြိုးစားတော်မူ ပါစေ။ ငါတို့သည် သိ နားလည်ရမည်အကြောင်း ၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား၏အကြံ တော်သည်၊ အနီးသို့ချဉ်း ၍ ပြည့်စုံ ပါစေဟု ဆို တတ်ကြ၏။
20 Woe [to] those saying to evil “good,” and to good “evil,” Putting darkness for light, and light for darkness, Putting bitter for sweet, and sweet for bitter.
၂၀မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
21 Woe [to] the wise in their own eyes, And—before their own faces—intelligent!
၂၁ငါသည် ပညာ ရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
22 Woe [to] the mighty to drink wine, And men of strength to mingle strong drink.
၂၂စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။
23 Declaring righteous the wicked for a bribe, And the righteousness of the righteous They turn aside from him.
၂၃ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
24 Therefore, as a tongue of fire devours stubble, And flaming hay falls, Their root is as muck, And their flower goes up as dust. Because they have rejected the Law of YHWH of Hosts, And despised the saying of the Holy One of Israel.
၂၄ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
25 Therefore the anger of YHWH has burned among His people, And He stretches out His hand against it, And strikes it, and the mountains tremble, And their carcass is as filth in the midst of the out-places. With all this His anger did not turn back, And still His hand is stretched out!
၂၅ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
26 And He lifted up an ensign to the far-off nations, And hissed to it from the end of the earth, And behold, with haste, it comes swiftly.
၂၆ဝေး သောအရပ်မှာ နေသောလူမျိုး တို့အဘို့ အလံ ကိုထူ ၍ ၊ မြေကြီး စွန်း သားတို့ကို နှိုးဆော် တော်မူသဖြင့် ၊ သူတို့သည် အလျင်အမြန် လာ ကြလိမ့်မည်။
27 There is none weary, nor stumbling in it, It does not slumber, nor sleep, Nor has the girdle of its loins been opened, Nor the strap of its sandals drawn away.
၂၇သူ တို့တွင်မော သောသူမ ရှိ။ ထိမိ၍ လဲ သောသူ မရှိ။ ငိုက်မျည်း သောသူ၊ အိပ်ပျော် သောသူလည်းမရှိ။ သူ တို့ ခါး စည်း မ ပြေ။ ခြေနင်း ကြိုး လည်း မ ကျွတ်။
28 Whose arrows [are] sharp, and all its bows bent, Hooves of its horses have been reckoned as flint, And its wheels as a windstorm!
၂၈သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
29 Its roaring [is] like a lioness, It roars like young lions, And it howls, and seizes prey, And carries away safely, and there is none delivering.
၂၉သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
30 And it howls against it in that day as the howling of a sea, And it has looked attentively to the land, And behold, darkness—distress, And light has been darkened by its abundance!
၃၀ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။

< Isaiah 5 >