< Isaiah 3 >

1 For behold, the Lord, YHWH of Hosts, Is turning aside from Jerusalem and from Judah [Both] stay and staff: Every stay of bread and every stay of water;
ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-
2 Mighty and man of war, judge and prophet, And diviner and elderly,
သူ​တို့​၏​သူ​ရဲ​ကောင်း​များ​နှင့်​စစ်​သည်​တော် များ၊ တ​ရား​သူ​ကြီး​များ​နှင့်​ပ​ရော​ဖက်၊ ဗေ​ဒင်​ဆ​ရာ​များ​နှင့်​တာ​ဝန်​ရှိ​ပ္ဂိုလ်​များ၊-
3 Head of fifty, and accepted of faces, And counselor, and wise craftsmen, And discerning charmer.
သူ​တို့​၏​စစ်​ဘက်​နယ်​ဘက်​ခေါင်း​ဆောင်​များ နိုင်​ငံ​ရေး​သ​မား​များ​နှင့်​မှော်​ဆ​ရာ​များ ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။-
4 And I have made youths their heads, And sucklings rule over them.
ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရွယ်​မ​ရောက်​သေး သော​က​လေး​သူ​ငယ်​များ​အား ပြည်​သူ တို့​ကို​အုပ်​စိုး​ခွင့်​ပေး​တော်​မူ​လိမ့်​မည်။-
5 And the people has exacted—man on man, Even a man on his neighbor, The youths enlarge themselves against the aged, And the lightly esteemed against the honored.
လူ​တိုင်း​ပင်​တစ်​ဦး​အ​ပေါ်​တစ်​ဦး​အ​ခွင့်​ကောင်း ယူ​၍​ကိုယ်​ကျိုး​ရှာ​လိမ့်​မည်။ လူ​ငယ်​လူ​ရွယ်​တို့ သည်​လူ​ကြီး​သူ​မ​တို့​အား​လည်း​ကောင်း၊ ယုတ် ညံ့​သူ​တို့​သည်​မြင့်​မြတ်​သူ​တို့​အား​လည်း ကောင်း​အ​ရို​အ​သေ​ကင်း​မဲ့​ကြ​လိမ့်​မည်။
6 When one lays hold on his brother, Of the house of his father, [by] the garment, “Come, you are a ruler to us, And this ruin [is] under your hand.”
သား​ချင်း​စု​ဝင်​တို့​သည်​မိ​မိ​တို့​အ​ထဲ​မှ လူ​တစ်​စုံ​တစ်​ယောက်​ကို​ရွေး​ချယ်​ကာ``ယုတ်​စွ အ​ဆုံး​သင့်​မှာ​အ​ဝတ်​အ​စား​ရှိ​ပါ​သေး​သည်။ သို့​ဖြစ်​၍​ယ​ခု​လို​ဒုက္ခ​ရောက်​ချိန်​၌​ငါ​တို့ ၏​ဦး​စီး​ခေါင်း​ဆောင်​ပြု​လုပ်​ပေး​ပါ'' ဟု​ဆို ကြ​သည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။
7 He lifts up, in that day, saying, “I am not a binder up, And in my house is neither bread nor garment, You do not make me a ruler of the people.”
သို့​ရာ​တွင်​ထို​သူ​က``ငါ​မ​လုပ်​ပါ​ရ​စေ​နှင့်။ ငါ​သည်​သင်​တို့​ကို​မ​ကယ်​နိုင်​ပါ။ ငါ့​မှာ​လည်း အ​စား​အ​စာ​နှင့်​အ​ဝတ်​မ​ရှိ​ပါ။ ငါ့​အား​သင် တို့​၏​ဦး​စီး​ခေါင်း​ဆောင်​အ​ဖြစ်​မ​ခန့်​ကြ ပါ​နှင့်'' ဟု​ပြန်​လည်​ပြော​ဆို​လိမ့်​မည်။
8 For Jerusalem has stumbled, and Judah has fallen, For their tongue and their doings [are] against YHWH, To provoke the eyes of His glory.
ယေ​ရု​ရှ​လင်​မြို့​သည်​အ​မင်္ဂ​လာ​ရှိ​ပါ​သည် တ​ကား။ ယု​ဒ​ပြည်​လည်း​ပြို​ပျက်​လျက်​နေ လေ​ပြီ။ သူ​တို့​ပြု​သ​မျှ​သော​အ​မှု​များ​နှင့် ပြော​သ​မျှ​သော​စ​ကား​များ​သည် ထာ​ဝ​ရ ဘု​ရား​နှင့်​ဆန့်​ကျင်​ဘက်​သာ​လျှင်​ဖြစ်​၍ နေ​၏။ သူ​တို့​သည်​ဘု​ရား​သ​ခင်​ကိုယ်​တော် တိုင်​ကို​လူ​သိ​ရှင်​ကြား​စော်​ကား​ကြ​၏။-
9 The appearance of their faces witnessed against them, And their sin, as Sodom, they declared, They have not hidden! Woe to their soul, For they have done evil to themselves.
သူ​တို့​၏​မျက်​နှာ​အ​မူ​အ​ရာ​က​သူ​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​ဖော်​ပြ​သက်​သေ​ခံ​လျက် ရှိ​ပေ​သည်။ သော​ဒုံ​မြို့​မှ​လူ​များ​ကဲ့​သို့​သူ တို့​သည်​အ​ပြစ်​ကို​ပေါ်​လွင်​ထင်​ရှား​စွာ​ပြု ကြ​၏။ သူ​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ မိ​မိ တို့​ပျက်​စီး​ရာ​ပျက်​စီး​ကြောင်း​ကို​သူ​တို့ ကိုယ်​တိုင်​ပင်​ဖန်​တီး​ပေး​ကြ​လေ​ပြီ။
10 Say to the righteous that [it is] good, Because they eat the fruit of their doings.
၁၀သူ​တော်​ကောင်း​တို့​သည်​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သူ တို့​အ​တွက်​အ​စ​စ​အ​ရာ​ရာ​အ​ဆင်​ပြေ​လိမ့် မည်။ သူ​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​၏​ကောင်း​ကျိုး​ကို​ခံ​စား​ရ ကြ​လိမ့်​မည်။-
11 Woe to the wicked—evil, Because the deed of his hand is done to him.
၁၁သူ​ယုတ်​မာ​တို့​မူ​ကား​အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​တို့​၏​ဆိုး​ယုတ်​သည့်​အ​ကျင့်​အ​ကြံ အ​ပြု​အ​မူ​များ​အ​တွက်​အ​ပြစ်​ဒဏ်​သင့် ကြ​လိမ့်​မည်။
12 My people—its exactors [are] sucklings, And women have ruled over it. My people—your eulogists are causing to err, And the way of your paths swallowed up.
၁၂ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။
13 YHWH has stood up to plead, And He is standing to judge the peoples.
၁၃ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​မှု​ကို​ဖော်​ပြ ရန်​အ​သင့်​ရှိ​တော်​မူ​၏။ ကိုယ်​တော်​သည်​လူ​မျိုး တ​ကာ​တို့​ကို​တ​ရား​စီ​ရင်​ရန်​အ​သင့်​ရှိ တော်​မူ​၏။-
14 YHWH enters into judgment With [the] elderly of His people, and its heads: “And you, you have consumed the vineyard, Plunder of the poor [is] in your houses.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အ​ထဲ​မှ အ​သက်​ကြီး​သူ​များ​နှင့်​ဦး​စီး ခေါင်း​ဆောင်​များ​အား​တ​ရား​စီ​ရင်​တော်​မူ ပေ​အံ့။ သူ​တို့​အား​ကိုယ်​တော်​က``သင်​တို့​သည် စ​ပျစ်​ဥ​ယျာဉ်​များ​ကို​လု​ယက်​ကြ​လေ​ပြီ။ သင်​တို့​၏​အိမ်​များ​သည်​လည်း​ဆင်း​ရဲ​သူ တို့​ထံ​မှ​သိမ်း​ယူ​ထား​သည့်​ဥစ္စာ​ပစ္စည်း​များ နှင့်​ပြည့်​လျက်​နေ​၏။-
15 Why? Why do you [do this]? You bruise My people, And you grind the faces of the poor.” A declaration of the Lord, YHWH of Hosts, And YHWH says:
၁၅သူ​တို့​တွင်​ငါ​၏​လူ​မျိုး​တော်​အား​ဤ​သို့ နှိပ်​စက်​ပိုင်​ခွင့်၊ ဆင်း​ရဲ​သူ​တို့​အ​ပေါ်​၌​အ​ခွင့် ကောင်း​ယူ​ပိုင်​ခွင့်​လည်း​မ​ရှိ။ ဤ​ကား​အ​နန္တ တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဆို တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော် မူ​၏။
16 “Because that daughters of Zion have been haughty, And they walk stretching out the neck, And deceiving [with] the eyes, They go walking and mincing, And they make a jingling with their feet,
၁၆ထာ​ဝ​ရ​ဘု​ရား​က``ယေ​ရု​ရှ​လင်​မြို့​သူ​တို့ သည်​အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​လျက်​နေ​သည် ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​လည်​ကို​မော်​၍ သွား​လာ​တတ်​ကြ​၏။ အ​စဉ်​ပင်​လျှပ်​ပေါ်​လော် လီ​ကာ​နေ​ကြ​၏။ သူ​တို့​၏​ခြေ​လှမ်း​က​လေး များ​သည်​သာ​ယာ​ညင်း​ပျောင်း​လှ​၍ သူ​တို့​၏ ခြေ​ချင်း​များ​သည်​လည်း​တ​ချွင်​ချွင်​မြည် လျက်​ရှိ​၏။-
17 The Lord has also scabbed The crown of the head of daughters of Zion, And YHWH exposes their simplicity.
၁၇သို့​ရာ​တွင်​ငါ​သည်​သူ​တို့​အား ဦး​ပြည်း ခေါင်း​တုံး​ရိတ်​၍​အ​ပြစ်​ပေး​တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။
18 In that day the Lord turns aside The beauty of the jingling ornaments, And of the embroidered works, And of the crescents,
၁၈ယေ​ရု​ရှ​လင်​မြို့​သူ​တို့​ဂုဏ်​ယူ​ဝါ​ကြွား​သ​မျှ သော​အ​ရာ​များ​ကို ထာ​ဝ​ရ​ဘု​ရား​သည်​သူ တို့​ထံ​မှ​သိမ်း​ယူ​တော်​မူ​မည့်​အ​ချိန်​ကျ​ရောက် လာ​လိမ့်​မည်။ သူ​တို့​၏​ခြေ​ချင်း​များ၊ ဦး​ခေါင်း တန်​ဆာ​များ၊ လည်​ဆွဲ​များ၊-
19 Of the pendants, and the bracelets, and the veils,
၁၉နား​ဆွဲ​များ၊ လက်​ကောက်​များ၊ သူ​တို့​၏ မျက်​နှာ​ဖုံး​ဇာ​ပု​ဝါ​များ၊ ဦး​ထုပ်​များ၊-
20 Of the headdresses, and the ornaments of the legs, And of the bands, And of the perfume boxes, and the amulets,
၂၀
21 Of the seals, and of the nose-rings,
၂၁လက်​မောင်း​ပတ်၊ ခါး​ပတ်​လက်​ဖွဲ့​များ၊ လက်​စွပ် များ၊ နှာ​ဆွဲ​များ၊ ကောင်း​သော​ဝတ်​လုံ​များ၊ အ​ပေါ်​အ​င်္ကျီ​ရှည်​များ၊ ဂါ​ဝန်​များ၊ ပိုက်​ဆံ အိတ်​များ၊ ပါး​လွှာ​သော​အ​ဝတ်​တန်​ဆာ​များ၊ ပိတ်​ချော​လက်​ကိုင်​ပု​ဝါ​များ၊ ခေါင်း​အုပ်​ဇာ ပု​ဝါ​များ​ကို​ဖယ်​ရှား​တော်​မူ​လိမ့်​မည်။
22 Of the costly apparel, and of the mantles, And of the coverings, and of the purses,
၂၂
23 Of the mirrors, and of the linen garments, And of the hoods, and of the veils,
၂၃
24 And it has been, instead of spice is muck, And instead of a girdle, a rope, And instead of curled work, baldness, And instead of a stomacher a girdle of sackcloth.
၂၄သူ​တို့​သည်​ရေ​မွှေး​နံ့​မ​ရ​ဘဲ​ပုပ်​စပ်​နံ​စော် ၍​နေ​လိမ့်​မည်။ လှ​ပ​သည့်​ခါး​ပတ်​များ​အ​စား ကြိုး​ကြမ်း​များ​ကို​အ​သုံး​ပြု​ရ​ကြ​လိမ့်​မည်။ ရှု​ချင်​စ​ဖွယ်​ကောင်း​သော​ဆံ​ထုံး​များ​အ​စား ဦး​ပြည်း​ခေါင်း​တုံး​ထား​ရ​ကြ​လိမ့်​မည်။ တင့် တယ်​လှ​ပ​သော​ဝတ်​စား​တန်​ဆာ​များ​အ​စား အ​ဝတ်​စုတ်​များ​ကို​ဝတ်​ဆင်​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​နှစ်​လို​ဖွယ်​ရာ​အ​ဆင်း​သည်​လည်း ရှက်​ဖွယ်​ရာ​အ​ဖြစ်​သို့​ပြောင်း​လဲ​၍​သွား လိမ့်​မည်။
25 For instead of glory, your men fall by sword, And your might in battle.
၂၅သူ​တို့​၏​လင်​ယောကျာ်း​များ​သည်​လည်း အ​ဘယ် မျှ​ပင်​ခွန်​အား​ကြီး​မား​ကြ​စေ​ကာ​မူ​စစ် ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။-
26 And her openings have lamented and mourned, Indeed, she has been emptied, she sits on the earth!”
၂၆မြို့​တံ​ခါး​များ​သည်​ငို​ကြွေး​မြည်​တမ်း​လျက် မြို့​ကြီး​သည်​လည်း အ​ဝတ်​အ​ချည်း​စည်း​နှင့် မြေ​ပေါ်​တွင်​ထိုင်​လျက်​နေ​သည့်​မိန်း​မ​နှင့် တူ​လိမ့်​မည်။

< Isaiah 3 >