< Isaiah 28 >

1 Woe [to] the proud crown of the drunkards of Ephraim. And the fading flower of the beauty of his glory, That [is] on the head of the fat valley of the broken down of wine.
စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။
2 Behold, a mighty and strong one [is] to the Lord, As a storm of hail—a destructive shower, As an inundation of mighty waters overflowing, He cast down to the earth with the hand.
ထာဝရ ဘုရား၌ ခွန်အား တန်ခိုးကြီး သောသူသည်၊ မိုဃ်းသီး ပါလျက် ဖျက်ဆီး သော မိုဃ်း သက်မုန်တိုင်း ကဲ့သို့ ၎င်း၊ ပြင်း စွာထ၍ လွှမ်းမိုး သော ရေကြီးကဲ့သို့၎င်း၊ မြေ တိုင်အောင် ပြင်းစွာချ ပစ်လိမ့်မည်။
3 The proud crown of the drunkards of Ephraim is trodden down by feet,
ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။
4 And the fading flower of the beauty of his glory That [is] on the head of the fat valley, Has been as its first-fruit before summer, That its beholder sees; He swallows it while it [is] yet in his hand.
ကြွယ်ဝ သော ချိုင့် ဦး တွင် ၊ သူ တို့၌ ညှိုးနွမ်း တတ် သော ဘုန်း အသရေ ၏ ပန်း ပွင့်သည်၊ နွေ ကာလ မ စေ့မှီ အလျင် သီးသောအသီး ကဲ့သို့ ဖြစ် လိမ့်မည်။ ထိုအသီးကို မြင် သောသူသည် မြင် လျက်၊ လက်နှင့် ကိုင် လျက် ပင်စား တတ်၏။
5 In that day YHWH of Hosts is For a crown of beauty, and for a circlet of glory, To the remnant of His people.
ထို ကာလ ၌ လည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည်၊ ကျန် ကြွင်းသော မိမိ လူ တို့၌ ဘုန်း ရှိ သောသရဖူ ၊ အသရေ တင့်တယ်သော ဦးရစ် ဖြစ် တော်မူလိမ့်မည်။
6 And for a spirit of judgment To him who is sitting in the judgment, And for might [to] those turning back the battle to the gate.
တရား မှုကို စီရင်သောသူ တို့အား တရား စီရင်သော ဉာဏ် ကို၎င်း၊ ရန်သူမျိုး တံခါး တိုင်အောင်စစ်မှု ကို လှန် သောသူတို့အား၊ ခွန်အား ဗလကို၎င်း ပေးတော်မူလိမ့်မည်။
7 And even these have erred through wine, And have wandered through strong drink, Priest and prophet erred through strong drink, They have been swallowed up of the wine, They wandered because of the strong drink, They have erred in seeing, They have stumbled judicially.
သို့ သော်လည်း၊ ထို သူတို့သည် စပျစ်ရည် ကြောင့် မှားယွင်း ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ယဇ်ပုရောဟိတ် နှင့် ပရောဖက် တို့သည် သေရည် သေရက် ကြောင့် မှားယွင်း ကြပြီ။ စပျစ်ရည် နှင့် မွှန် ကြပြီ။ သေရည် သေရက်ကြောင့် လမ်း လွဲကြပြီ။ ဗျာဒိတ် ခံသည် အရာ၌ မှားယွင်း လျက်၊ တရားစီရင် သည်အရာ၌ ထိမိ၍ လဲ လျက်နေကြ၏။
8 For all tables have been full of vomit, Filth—without place!
သူတို့စားပွဲ ရှိသမျှ တို့သည်၊ လွတ်လပ် ရာမ ရှိ သည်တိုင်အောင်၊ အန်ဖတ် နှင့်၎င်း၊ အညစ် အကြေးနှင့်၎င်း ပြည့် လျက်ရှိကြ၏။
9 By whom does He teach knowledge? And by whom does He cause to understand the report? The weaned from milk, the removed from breasts,
သူတို့က၊ အဘယ်သူ ကို ပညာ သွန်သင် ချင်သနည်း။ အဘယ်သူ ကို တရား နားလည် စေချင်သနည်း။ ငါတို့ သည် နို့ နှင့် ကွာ စရှိသောသူ၊ အမိသားမြတ် နှင့် အနိုင် ကွာ ရသောသူဖြစ်ကြသလော။
10 For rule on rule, rule on rule, Line on line, line on line, A little here, a little there,
၁၀ပညတ် တခုပေါ် မှာ တခု၊ တခုပေါ် မှာ တခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ်၊ ဟိုဘက် မှာ အနည်းငယ် ရှိပါသည် တကားဟု ဆိုကြ၏။
11 For by scorned lip, and by another tongue, Does He speak to this people.
၁၁အကယ်စင်စစ်၊ စကားမပြီသော နှုတ် ၊ ရိုင်း သောလျှာနှင့် ဤ လူမျိုး ကို မိန့် တော်မူလိမ့်မည်။
12 To whom He has said, “This [is] the rest, give rest to the weary, And this—the refreshing”: And they have not been willing to hear,
၁၂ဤသို့ပြုလျှင်ငြိမ်ဝပ် လိမ့်မည်။ ပင်ပန်း သောသူတို့ သည် ငြိမ်ဝပ် ကြစေ။ ဤသို့ပြုလျှင်သက်သာ လိမ့်မည်ဟု မိန့် တော်မူသော်လည်း ၊ သူတို့သည်နား မ ထောင်ကြ။
13 And to whom a word of YHWH has been, Rule on rule, rule on rule, Line on line, line on line, A little here, a little there, So that they go and have stumbled backward, And been broken, and snared, and captured.
၁၃ထို့ကြောင့် ၊ သူတို့သည် သွား ရာတွင်၊ လှန် ဆုတ် ၍ ကျိုး ပဲ့ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်မည်အကြောင်း ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် သူတို့၌ ပညတ် တခုပေါ် မှာတခု၊ တခုပေါ်မှာတခု၊ တနည်းပေါ်မှာ တနည်း၊ တနည်းပေါ်မှာ တနည်း၊ သည် ဘက်မှာ အနည်းငယ် ၊ ဟို ဘက်မှာ အနည်းငယ် ဖြစ်ရလိမ့်မည်။
14 Therefore, hear a word of YHWH, you men of scorning, Ruling this people that [is] in Jerusalem.
၁၄သို့ဖြစ်၍၊ ဆဲရေး တတ်သော ယေရုရှလင် မြို့ သား အကြီး အကြပ်တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကို နားထောင် ကြလော့။
15 Because you have said: “We have made a covenant with death, And we have made a provision with Sheol, An overflowing scourge, when it passes over, Does not meet us, Though we have made a lie our refuge, And have been hidden in falsehood.” (Sheol h7585)
၁၅သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊ (Sheol h7585)
16 Therefore, thus said Lord YHWH: “Behold, I am laying a foundation in Zion, A stone—a tried stone, a precious corner stone, a settled foundation, He who is believing does not make haste.
၁၆အရှင် ထာဝရ ဘုရားက၊ စုံစမ်း သော အမြစ် ကျောက် တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ် ကျောက် မြတ် ကို ဇိအုန် တောင်ပေါ် မှာ ငါ ချ ထား၏။ ထိုကျောက်ကို အမှီပြု သောသူသည် ပြေး ရ သောအကြောင်းမ ရှိ။
17 And I have put judgment for a line, And righteousness for a plummet, And hail sweeps away the refuge of lies, And waters overflow the secret hiding place.
၁၇တရား မှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်း ကို မျဉ်း ကြိုးနှင့် မှန်ထုပ် အားဖြင့်ငါ ပြုမည်။ မိုဃ်းသီး ရွာ၍ ကိုးစား ရာ မုသာ ကို ပယ်ရှား လိမ့်မည်။ ပုန်း ကွယ် ရာအရပ်ကိုလည်း ရေ လွှမ်းမိုး လိမ့်မည်။
18 And your covenant with death has been annulled, And your provision with Sheol does not stand, An overflowing scourge, when it passes over, Then you have been to it for a treading-place. (Sheol h7585)
၁၈သင် တို့သည် သေ မင်းနှင့် ဖွဲ့သော မိဿဟာယ ပျက် လိမ့်မည်။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင် ခြင်းသည် အထ မ မြောက်ရ။ လွှမ်းမိုး သောဘေး သည် ချင်းနင်း သောအခါ ၊ သင် တို့ကိုလည်း ကျော်နင်း လိမ့်မည်။ (Sheol h7585)
19 From the fullness of its passing over it takes you, For it passes over morning by morning, By day and by night, And it has been only a trembling to consider the report.
၁၉ချင်းနင်းစဉ်တွင်ပါ သွားလိမ့်မည်။ နံနက် အချိန် ရောက်မြဲ အစဉ်အတိုင်း၊ နေ့ ညဉ့် မပြတ် ချင်း နင်းသည် ဖြစ်၍ ၊ သိတင်း ကြား ကာမျှ အားဖြင့်ထိတ်လန့် ခြင်းအကြောင်း ရှိ လိမ့်မည်။
20 For the bed has been shorter Than to stretch one’s self out in, And the covering has been narrower Than to wrap one’s self up in.
၂၀ခုတင် သည် ကိုယ်မဆန့် လောက် အောင်တို ၏။ စောင် သည်လည်း မခြုံ လောက်အောင်ငယ် ၏။
21 For as YHWH rises [at] Mount Perazim, As He is troubled [at] the valley in Gibeon, To do His work—strange [is] His work, And to do His deed—strange [is] His deed.”
၂၁ထာဝရဘုရား သည် အမှု တော်တည်းဟူသော၊ ထူးခြား သော အမှု တော်ကို ပြု ခြင်းငှါ ၎င်း၊ အလုပ် တော် တည်းဟူသော၊ လုပ် မြဲမဟုတ်သော အလုပ် တော်ကို လက်စ သတ်ခြင်းငှါ ၎င်း၊ ပေရဇိမ် တောင် ပေါ်မှာ ပြုသကဲ့သို့ ထ တော်မူမည်။ ဂိဗောင် ချိုင့် ထဲမှာ ရှိသကဲ့သို့ အမျက် ထွက်တော်မူမည်။
22 And now, do not show yourselves scorners, Lest your bands are strong, For a consumption, that is determined, I have heard, by the Lord, YHWH of Hosts, [Is] for all the land.
၂၂ယခု မှာ သင်တို့သည် သာ၍ပြင်းစွာ သော ဆုံးမ ခြင်းနှင့် လွတ်မည်အကြောင်း၊ နောက်တဖန် ဆဲရေး ခြင်း ကို မ ပြုကြနှင့်။ ပြည် တပြည်လုံး ၌ အနှံ့အပြားစီရင် ဆုံးဖြတ် သော သုတ်သင် ပယ်ရှင်းခြင်း ရှိလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ သခင် အရှင်ထာဝရဘုရား ထံ တော်၌ ငါ ကြား ရပြီ။
23 Give ear, and hear my voice, Attend, and hear my saying:
၂၃ငါ ပြော သံကိုကြား ၍ မှတ် ကြလော့။ ငါ့ စကား ကို စေ့စေ့နားထောင် နာယူ ကြလော့။
24 Does the plowman plow the whole day to sow? He opens and harrows his ground!
၂၄လယ်လုပ် သောသူသည် မျိုးစေ့ကို ကြဲ ခြင်းငှါ ၊ မြေကိုဆွ လျက် ၊ မြေစိုင် ကို ချေ လျက်အစဉ် လယ်ထွန် တတ်သလော။
25 Has he not, if he has made its face level, Then scattered fitches, and sprinkles cumin, And has placed the principal wheat, And the appointed barley, And the rye [in] its own border?
၂၅လယ် မျက်နှာ ကို ညှိ ပြီးမှ စမုန်နက် မျိုးစေ့၊ ဇီယာ မျိုးစေ့ကို ကြဲ သည်မ ဟုတ်လော။ ဂျုံ စပါးမျိုးစေ့ကို အတန်း တန်းစိုက် ၍ ၊ မုယော စပါးနှင့် ကောက် စပါးမျိုးစေ့အသီးအသီး တို့ကို သူ တို့အရပ် ၌ ကြဲ သည်မဟုတ်လော။
26 And his God instructs him for judgment, He directs him.
၂၆အကြောင်းမူကား၊ သူ ၏ဘုရား သခင်သည် စီရင် တတ်သော ဉာဏ် ကိုပေး တော်မူ၏။ သူ့ ကိုလည်း သွန်သင် တော်မူ၏။
27 For fitches are not threshed with a sharp-pointed thing, And the wheel of a cart turned around on cumin, For fitches are beaten out with a staff, And cumin with a rod.
၂၇စမုန် နက် မျိုးစေ့ကိုလည်း ပျဉ်ပြားနှင့် မ နယ် တတ်။ ဇီယာ စေ့ပေါ် ၌လည်း လှည်း ဘီး ကို မလှိမ့် တတ်။ စမုန်နက် စေ့ကို တုတ် နှင့် ၎င်း ၊ ဇီယာ စေ့ကို ကြိမ်လုံး နှင့် ၎င်း ရိုက် တတ်၏။
28 Bread-[grain] is beaten small, For he does not severely thresh it forever, Nor has a wheel of his cart crushed [it], Nor do his hooves beat it small.
၂၈ဂျုံ စပါးကိုကား နယ် တတ်၏။ သို့သော်လည်း၊ အစဉ် နယ် တတ်သည်မ ဟုတ်။ လှည်း ဘီး နှင့် မြင်း တို့ကို နှင် သော်လည်း ၊ စပါး ကို ညက် စေတတ်သည်မဟုတ်။
29 Even this from YHWH of Hosts has gone out, He has made counsel wonderful, He has made wisdom great!
၂၉ထို အမှုသည်လည်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အကြံပေးတော်မူသောအမှုတည်း။ အကြံ ပေးတော်မူခြင်းသည် အံ့ဩ ဘွယ်ဖြစ်၏။ ဉာဏ် တော် သည်လည်း ထူးဆန်း ပေ၏။

< Isaiah 28 >