< Isaiah 17 >
1 The burden of Damascus. Behold, Damascus is taken away from [being] a city, And it has been a heap—a ruin.
၁ဒမာသက် မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ဒမာသက် မြို့သည် မြို့ မဖြစ်အောင် ပျက်စီး ရာပုံ ဖြစ် ရ၏။
2 The cities of Aroer are forsaken, They are for droves, and they have lain down, And there is none troubling.
၂အာရော် မြို့ များကို စွန့်ပစ် သောကြောင့်၊ သိုးစု တို့သည်ပိုင်၍၊ အဘယ်သူမျှမ မောင်း ဘဲအိပ် ကြလိမ့်မည်။
3 And the fortress has ceased from Ephraim, And the kingdom from Damascus, And the remnant of Aram are as the glory of the sons of Israel, A declaration of YHWH of Hosts!
၃ဧဖရိမ် ပြည်၌မြို့ မ ရှိရ။ ဒမာသက် မြို့နှင့် ကျန် ကြွင်းသော ရှုရိ ပြည်၌ မင်း အာဏာမရှိရ။ သူတို့သည် ဣသရေလ အမျိုးသား တို့၏ ဘုန်း အသရေကဲ့သို့ ဖြစ် ရကြ လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
4 And it has come to pass in that day, The glory of Jacob waxes poor, And the fatness of his flesh waxes lean.
၄ထိုကာလ ၌ ယာကုပ် အမျိုး၏ ဘုန်း သည် လျော့ ၍ ၊ ဆူဝ ခြင်းလည်း ပိန့် ကြုံခြင်းဖြစ်ရလိမ့်မည်။
5 And it has come to pass, As the gathering of the standing grain by the reaper, And his arm reaps the ears, And it has come to pass, As the gathering of the ears in the Valley of Rephaim,
၅လူသည် စပါး ကိုသိမ်း ယူ၍ အသီး အနှံများ ကိုလက် နှင့် ရိတ် သကဲ့သို့၎င်း၊ ရေဖိမ် ချိုင့် ၌ အသီးအနှံ တို့ကိုသိမ်း ရိတ်သကဲ့သို့ ၎င်း၊ ထိုအမှုဖြစ် ရလိမ့်မည်။
6 And gleanings have been left in him, As the surrounding of an olive, Two—three berries on the top of a branch, Four—five on the fruitful boughs, A declaration of YHWH, God of Israel!
၆သို့ရာတွင် ၊ သံလွင် ပင်ကို လှုပ် ပြီးမှအပင်ဖျား ၌ အသီးနှစ် လုံးသုံး လုံး၊ အသီး ကောင်းသော အခက် တို့၌ လေး ငါး လုံးရှိတတ်သကဲ့သို့ ၊ ကောက် သိမ်းစရာ အကြွင်း ရှိရလိမ့်မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
7 In that day man looks to His Maker, Indeed, his eyes look to the Holy One of Israel,
၇ထို ကာလ ၌ လူသည်မိမိ ကို ဖန်ဆင်း တော်မူသော အရှင်ကို ရည်မှတ် ၍၊ ဣသရေလ အမျိုး၌ သန့်ရှင်း တော်မူသောဘုရားကို ဖူး မျှော်ရလိမ့်မည်။
8 And he does not look to the altars. The work of his own hands, And that which his own fingers made, He does not see—the Asherim and the images.
၈မိမိလက်နှင့် လုပ် သော ယဇ် ပလ္လင်တို့ကို မ မှတ် ရ။ မိမိ လက်ချောင်း နှင့် လုပ် သောအရာတည်းဟူသော အာရှရ ပင်တို့ကို၎င်း ၊ ရုပ်ထု တို့ကို၎င်းပမာဏ မ ပြုရ။
9 In that day the cities of his strength are As the forsaken thing of the forest, And the branch that they have left, Because of the sons of Israel, It has also been a desolation.
၉ထို ကာလ ၌ သူ ၏ခိုင်ခံ့ သောမြို့ တို့သည် ဣသရေလ အမျိုးသား ရှေ့မှာစွန့်ပစ် သော သစ်တော အကျန် အကြွင်းနှင့်သစ်ပင် အဖျားကဲ့သို့ ဖြစ်၍၊ ထိုပြည်သည် ဆိတ်ညံ လျက်ရှိ ရလိမ့်မည်။
10 Because you have forgotten the God of your salvation, And have not remembered the Rock of your strength, Therefore you plant plants of pleasantness, And sow it with a strange shoot,
၁၀သင့် ကို ကယ်တင် တော်မူသောဘုရား သခင်ကို သင်သည် မေ့လျော့ ၍ ၊ မိမိ ခိုလှုံ ရာ ကျောက် ကို မိမိမ အောက်မေ့ သောကြောင့်၊ သာယာ သော ပျိုး ပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့် တို့ကို စိုက်ပျိုး ၍၊
11 You cause your plant to become great in the day, And make your seed to flourish in the morning, The harvest [is] a heap in a day of overflowing, And of mortal pain.
၁၁ထိုပျိုး ပင်တို့ကို ကြီးပွားစေခြင်းငှါ၎င်း၊ အလျင်အမြန် အပွင့်ပွင့် စေခြင်းငှါ၎င်း ပြုပြီးမှ၊ သိမ်း ယူရာကာလ ၌ အသီးအနှံသည်ပျက်စီး ၍ ၊ သင်သည် မ ပျောက်နိုင် သော ဝမ်းနည်း ခြင်းရှိရလိမ့်မည်။
12 Woe [to] the multitude of many peoples, They sound as the sounding of seas; And the roaring of nations, As the roaring of mighty waters [that] make a crashing.
၁၂သမုဒ္ဒရာ မြည် သံကဲ့သို့ မြည် တတ်သောလူ များ အလုံး အရင်းတို့၌၎င်း၊ အားကြီး သော ရေ တို့ သည် ဟုန်း သကဲ့သို့ ဟုန်း တတ်သောလူမျိုး တို့၌၎င်း အမင်္ဂလာရှိ၏။
13 Nations crash as the roaring of many waters, And He rebuked them, And they fled far off, And were pursued as chaff of hills before wind, And as a rolling thing before a windstorm.
၁၃အားကြီး သောရေ တို့သည် ဟုန်း သကဲ့သို့ ၊ လူမျိုး တို့သည် ဟုန်း ကြသော်လည်း၊ ဆုံးမ တော်မူသောကြောင့် ၊ အဝေး သို့ ပြေး သွားကြလိမ့်မည်။ တောင် ပေါ်မှာ လေတိုက်၍ လွင့်သော ဖွဲ ကဲ့သို့ ၎င်း၊ လေဘွေ ၌ ပါသွား သော အမှိုက်ကဲ့သို့ ၎င်း၊ သူတို့သည် နှင် ခြင်းကိုခံရကြ လိမ့်မည်။
14 At evening, behold, terror, before morning it is not, This [is] the portion of our spoilers, And the lot of our plunderers!
၁၄ညဦး ယံ ၌ ဘေး ရောက် ၍ ၊ နံနက် ယံမတိုင်မှီ ပျောက်ရှာကြလိမ့်မည်။ ငါ တို့ကို ညှဉ်းဆဲ သောသူတို့သည် ထိုသို့သော အကျိုး ၊ ငါ တို့ကို လုယူ ဖျက်ဆီးသောသူတို့ သည်၊ ထိုသို့ သော အမွေ ဥစ္စာကို ခံရကြလိမ့်မည်။