< Isaiah 14 >
1 For YHWH loves Jacob, And has fixed again on Israel, And given them rest on their own land, And the sojourner has been joined to them, And they have been admitted to the house of Jacob.
၁အကြောင်း မူကား၊ ထာဝရဘုရား သည် ယာကုပ် အမျိုးကို သနား ၍ ဣသရေလ အမျိုးကို တဖန် ရွေးကောက် သဖြင့် ၊ သူ တို့ကို နေရင်းပြည် ၌ နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူ တို့နှင့် ပေါင်းဘော် ၍ ယာကုပ် အမျိုး ၌ ဆည်းကပ် ကြ လိမ့်မည်။
2 And peoples have taken them, And have brought them to their place, And the house of Israel has inherited them, On the land of YHWH, For menservants and for maidservants, And they have been captors of their captors, And have ruled over their exactors.
၂တပါးအမျိုးသား တို့သည် သူ တို့ကို နေရင်း အရပ် သို့ ပို့ဆောင် ကြလိမ့်မည်။ ဣသရေလ အမျိုးသား တို့ သည် တပါးအမျိုးသား တို့ကို ထာဝရဘုရား ၏ ပြည် တော်တွင် ၊ ကျွန် နှင့် ကျွန်မ အရာ၌ ထား၍ စေစားကြ လိမ့်မည်။ အထက်က သိမ်း သွားဘူးသောသူတို့ ကို တဖန် သိမ်း ယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲ ဘူးသောသူတို့ ကိုလည်း အုပ်စိုး ကြလိမ့်မည်။
3 And it has come to pass, In the day of YHWH’s giving rest to you, From your grief, and from your trouble, And from the sharp bondage, That has been served on you,
၃ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
4 That you have taken up this allegory Concerning the king of Babylon, and said, “How the exactor has ceased,
၄သင်သည် ဗာဗုလုန် ရှင်ဘုရင် ကို ရည်ဆောင်၍ ၊ ပုံ စကားကို ဤ သို့မြွက် ဆိုလိမ့်မည်။ အစိုး တရပြုသောသူသည် ဆုံး လေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီတကား။
5 The golden one has ceased. YHWH has broken the staff of the wicked, The scepter of rulers.
၅လူ သတ္တဝါတို့ကို အမျက် ထွက်၍ ၊ အစဉ်မပြတ်ရိုက် ခြင်း၊ အတိုင်းတိုင်း အပြည်ပြည်တို့ကို မာန စိတ်နှင့် အုပ်စိုး၍၊ အစဉ် မပြတ်ညှဉ်းဆဲ ခြင်းကို ပြုသောအဓမ္မ လူတို့၏တောင်ဝေး ကို၎င်း၊
6 He who is striking peoples in wrath, A striking without intermission, He who is ruling nations in anger, Pursuing without restraint!
၆ထိုသို့အစိုးရ သောသူတို့ ၏ ရာဇ လှံတံကို၎င်း၊ ထာဝရဘုရား ချိုး တော်မူပြီ။
7 At rest—all the earth has been quiet, They have broken forth [into] singing.
၇မြေ တပြင်လုံး သည် ငြိမ်ဝပ် ချမ်းသာ ခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်း ဆိုသံနှင့် ကြွေးကြော် ကြ၏။
8 Even firs have rejoiced over you, Cedars of Lebanon, [saying], Since you have lain down, The hewer does not come up against us.
၈ထင်းရှုး ပင်နှင့် လေဗနုန် အာရဇ် ပင်တို့က၊ သင်တို့သည် လဲ ပြီးသည်နောက်၊ ငါ တို့ကို ခုတ်လှဲ သောသူသည်မ တက် မလာရဟု သင့် ကို ရည်ဆောင်၍ ဝမ်းမြောက် ကြ၏။
9 Sheol beneath has been troubled at you, To meet your coming in, It is waking up Rephaim for you, All chief ones of earth, It has raised up from their thrones All kings of nations. (Sheol )
၉သင် သည် ရောက် လာသောအခါ၊ အောက် အရပ် မရဏာ နိုင်ငံသည် ကြိုဆို အံ့သောငှါ လှုပ် လေ၏။ သင်္ချိုင်း သားများနှင့် လောကီ မင်း များအပေါင်း တို့ကို သင့် အတွက် ကြောင့် နှိုးဆော် လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်း တို့ကို ရာဇပလ္လင် တို့မှ ထ စေ၏။ (Sheol )
10 All of them answer and say to you, Even you have become weak like us! You have become like to us!
၁၀ထိုသူ အပေါင်း တို့က၊ သင် သည်လည်း ငါ တို့ကဲ့သို့ အားနည်း ပါသည်တကား။ ငါ နှင့် တူ ပါသည် တကား။
11 Your excellence has been brought down to Sheol, The noise of your stringed instruments, The worm has been spread out under you, Indeed, the worm is covering you. (Sheol )
၁၁သင် ၏ ဘုန်း အသရေနှင့် သင် ၏ တုရိယာ မျိုး အသံ ဗလံတို့ကို မရဏ နိုင်ငံတွင် ရှုတ်ချ လေပြီတကား။ သင့် အောက် ၌ ပိုး ကောင်များကို ခင်း လျက် ၊ သင့် အပေါ်၌ တီ ကောင်များကို ခြုံ လျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက် ၍ ပြော ဆိုကြလိမ့်မည်။ (Sheol )
12 How you have fallen from the heavens, O shining one, son of the dawn! You have been cut down to earth, O weakener of nations.
၁၂အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
13 And you said in your heart: I go up into the heavens, I raise my throne above the stars of God, And I sit on the mountain of meeting in the sides of the north.
၁၃သင် ကလည်း ၊ ကောင်းကင် ပေါ် သို့ ငါ တက် မည်။ ဘုရား သခင်၏ ကြယ် တို့အပေါ် မှာ ငါ့ ပလ္လင် ကို ငါချီးမြှောက် မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော် တောင် ပေါ် မှာ ငါထိုင် မည်။
14 I go up above the heights of a thick cloud, I am like to the Most High.
၁၄မိုဃ်းတိမ် ထိပ် ပေါ် သို့ ငါတက် မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ငါနေ မည်ဟုစိတ် အကြံရှိ လေပြီ။
15 Only—you are brought down to Sheol, To the sides of the pit. (Sheol )
၁၅သို့ သော်လည်း၊ သင်သည်မရဏာ နိုင်ငံ၊ သင်္ချိုင်း တွင်း ထဲသို့ နှိမ့်ချ ခြင်းကို ခံရလေပြီ။ (Sheol )
16 Your beholders look to you, they attend to you, Is this the man causing the earth to tremble, Shaking kingdoms?
၁၆သင့် ကိုမြင် သောသူတို့သည် စေ့စေ့ကြည့်ရှု ၍ ဆင်ခြင် ပြီးလျှင်၊ မြေကြီး ကို တုန်လှုပ် စေ၍၊ တိုင်း နိုင်ငံများ ကို လှုပ် ချောက်သောသူကား ဤသူလော။
17 He has made the world as a wilderness, And he has broken down his cities, He did not open the house of his bound ones.
၁၇လောကီ နိုင်ငံကို တော ကဲ့သို့ ဖြစ်စေ၍၊ မြို့ များကို ဖျက်ဆီး သောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မ လွှတ် သောသူကား ဤသူလော။
18 All kings of nations—all of them, Have lain down in glory, each in his house,
၁၈အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
19 And you have been cast out of your grave, As an abominable branch, raiment of the slain, Thrust through ones of the sword, Going down to the sons of the pit, As a carcass trodden down.
၁၉သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
20 You are not united with them in burial, For you have destroyed your land, You have slain your people, The seed of evildoers is not named for all time.
၂၀သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
21 Prepare slaughter for his sons; Because of the iniquity of their fathers, They do not rise, nor have possessed the land, Nor filled the face of the world [with] cities.
၂၁သူ ၏ သား မြေးတို့သည်မ ထ ၊ မြေကြီး ကိုမပိုင် ၊ မြေ တပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည် အကြောင်း၊ သူ တို့အဘို့ ဘိုးဘေး တို့၏ အပြစ် ကြောင့် ကွပ်မျက် ခြင်းကို ပြင် ကြလော့။
22 And I have risen up against them,” A declaration of YHWH of Hosts, “And have cut off, in reference to Babylon, Name and remnant, and continuator and successor,” A declaration of YHWH.
၂၂ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါသည်သူ တို့တဘက် ၌ ထ ၍ ဗာဗုလုန် မြို့၏နာမ နှင့် အကြွင်း အကျန်ကို၎င်း ၊ သား မြေးတို့ကို၎င်းပယ် ဖြတ်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
23 “And have made it for a possession of a hedgehog, And ponds of waters, And swept it with the broom of destruction,” A declaration of YHWH of Hosts!
၂၃တဖန်လည်း၊ ငါသည် ထိုမြို့ ကို ဖြူ ကောင်များနေရာ ၊ ရေ လွှမ်းမိုး ရာအရပ်ဖြစ် စေမည်။ ဖျက်ဆီး ခြင်း၏ တန်မြက်စည်း ဖြင့် လှည်း မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
24 YHWH of Hosts has sworn, saying, “As I thought—so has it not been? And as I counseled—it stands;
၂၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ကျိန်ဆို ၍ မိန့် တော်မူသည်ကား၊
25 To break Asshur in My land, And I tread him down on My mountain, And his yoke has turned from off them, Indeed, his burden turns aside from off their shoulder.
၂၅ငါ ၏ မြေ ပေါ် မှာ အာရှုရိ မင်းကို ငါနှိပ်စက် မည်။ ငါ ၏ တောင် ရိုးပေါ် မှာ ခြေဖြင့် ကျော်နင်း မည်ဟု ငါကြံစည် သည် အတိုင်း ဖြစ် ၍၊ ငါစီရင် ချက်လည်း တည် ရ လိမ့်မည်။ ထိုအခါ သူ ၏ ထမ်းဘိုး ကို သူ တပါးအပေါ် က ရွှေ့ ၍၊ သူ တို့ပခုံး ပေါ် မှာ တင်သောဝန် ကိုချ ရသော အခွင့်ရှိ လိမ့်မည်။
26 This [is] the counsel that is counseled for all the earth, And this [is] the hand that is stretched out for all the nations.
၂၆မြေ တပြင်လုံး တွင် ထိုသို့ကြံစည် တော်မူ၏။ ခပ်သိမ်း သော ပြည် တို့အပေါ် မှာ ထို သို့လက် တော်ကို ဆန့် လျက်ရှိ၏။
27 For YHWH of Hosts has purposed, And who makes void? And His hand that is stretched out, Who turns it back?”
၂၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အကြံ တော်ကို အဘယ်သူ ဖျက် လိမ့်မည်နည်း။ ဆန့် တော်မူ သောလက် တော်ကို အဘယ်သူ လှန် လိမ့်မည်နည်း။
28 In the year of the death of King Ahaz was this burden:
၂၈အာခတ် မင်းကြီး အနိစ္စ ရောက်သောနှစ် တွင် ခံရ သောဗျာဒိတ် တော် ဟူမူကား၊
29 “Do not rejoice, Philistia, all of you, That the rod of your striker has been broken, For from the root of a serpent comes out a viper, And its fruit [is] a flying, burning serpent.
၂၉အိုဖိလိတ္တိ ပြည်လုံး ၊ သင့် ကိုရိုက် သောကြိမ်လုံး ကျိုး သည်ကို ထောက်၍၊ ဝမ်း မ မြောက်နှင့်။ ထိုမြွေအမျိုး ထဲကမြွေ ဆိုးပေါက်လိမ့်မည်။ သူ ၏အနွှယ် သည်လည်း ပျံ တတ် သော မီးမြွေ ဖြစ်လိမ့်မည်။
30 And the firstborn of the poor have delighted, And the needy lie down in confidence, And I have put to death your root with famine, And it slays your remnant.
၃၀အတိုင်းထက်အလွန် ဆင်းရဲ သောသူတို့သည် စား ရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ် ရကြလိမ့်မည်။ ငါသည်သင် ၏အမြစ် ကို သွေ့ ခြောက်ခြင်းအားဖြင့် သတ် ၍ ၊ သင် ၏ အကြွင်း ကိုလည်း မြွေဆိုးသည်ကွပ်မျက် လိမ့်မည်။
31 Howl, O gate; cry, O city, You are melted, Philistia, all of you, For smoke has come from the north, And there is none alone in his set places.”
၃၁အိုတံခါး ၊ ညည်းတွား လော့။ အိုမြို့ ၊ ငိုကြွေး မြည်တမ်း လော့။ အိုဖိလိတ္တိ ပြည်လုံး ၊ သင်သည်မှိုင်တွေ လျက်ရှိ ၏။ မြောက် မျက်နှာမှ မီးခိုး ထွက် လာ၏။ ထိုအလုံးအရင်း ၌ တယောက် တခြားစီနေသောသူမ ရှိ။
32 And what does one answer the messengers of a nation? That YHWH has founded Zion, And the poor of His people take refuge in it!
၃၂တပြည် တနိုင်ငံမှ ရောက်လာသောသံတမန် တို့ အား အဘယ်သို့ ပြန်ပြော ရမည်နည်းဟူမူကား ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် တော်မူသည် ဖြစ်၍ ၊ ကိုယ်တော် ၏ ဆင်းရဲသား တို့သည် ထိုမြို့ ၌ ကိုးစား ကြ၏။