< Genesis 8 >
1 And God remembers Noah, and every living thing, and all the livestock which [are] with him in the Ark, and God causes a wind to pass over the earth, and the waters subside,
၁ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။
2 and the fountains of the deep and the network of the heavens are closed, and the shower is restrained from the heavens.
၂နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။
3 And the waters return from off the earth, going on and returning; and the waters are lacking at the end of one hundred and fifty days.
၃ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။
4 And the Ark rests, in the seventh month, on the seventeenth day of the month, on mountains of Ararat;
၄သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။
5 and the waters have been going and decreasing until the tenth month; in the tenth [month], on the first of the month, the heads of the mountains appeared.
၅ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။
6 And it comes to pass, at the end of forty days, that Noah opens the window of the Ark which he made,
၆ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။
7 and he sends forth the raven, and it goes out, going out and turning back until the drying of the waters from off the earth.
၇ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။
8 And he sends forth the dove from him to see whether the waters have been lightened from off the face of the ground,
၈တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။
9 and the dove has not found rest for the sole of her foot, and she turns back to him, to the Ark, for waters [are] on the face of all the earth, and he puts out his hand, and takes her, and brings her in to him, into the Ark.
၉မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။
10 And he stays yet seven more days, and adds to send forth the dove from the Ark;
၁၀တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။
11 and the dove comes to him at evening, and behold, an olive leaf [is] torn off in her mouth; and Noah knows that the waters have been lightened from off the earth.
၁၁ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊
12 And he stays yet seven more days, and sends forth the dove, and it did not add to return to him anymore.
၁၂မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။
13 And it comes to pass in the six hundredth and first year, in the first [month], on the first of the month, the waters have been dried from off the earth; and Noah turns aside the covering of the Ark, and looks, and behold, the face of the ground has been dried.
၁၃အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။
14 And in the second month, on the twenty-seventh day of the month, the earth has become dry.
၁၄ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။
15 And God speaks to Noah, saying, “Go out from the Ark, you, and your wife, and your sons, and your sons’ wives with you;
၁၅ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။
16 every living thing that [is] with you, of all flesh, among bird, and among livestock, and among every creeping thing which is creeping on the earth, bring out with you;
၁၆
17 and they have teemed in the earth, and been fruitful, and have multiplied on the earth.”
၁၇သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များ တို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။
18 And Noah goes out, and his sons, and his wife, and his sons’ wives with him;
၁၈ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။
19 every beast, every creeping thing, and every bird; every creeping thing on the earth, after their families, have gone out from the Ark.
၁၉သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။
20 And Noah builds an altar to YHWH, and takes from every clean beast and from every clean bird, and causes burnt-offerings to ascend on the altar;
၂၀နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။
21 and YHWH smells the refreshing fragrance, and YHWH says to His heart, “I do not continue to disfavor the ground because of man anymore, though the imagination of the heart of man [is] evil from his youth; and I do not continue to strike all living anymore, as I have done;
၂၁ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။
22 during all [the] days of the earth, seed-time and harvest, and cold and heat, and summer and winter, and day and night never cease.”
၂၂မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။