< Genesis 28 >
1 And Isaac calls to Jacob, and blesses him, and commands him, and says to him, “You must not take a wife of the daughters of Canaan;
၁ထိုအခါ ဣဇာက် သည် ယာကုပ် ကို ခေါ် ၍ ၊ သင်သည် ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရ။
2 rise, go to Padan-Aram, to the house of your mother’s father Bethuel, and take for yourself a wife from there, from the daughters of your mother’s brother Laban;
၂အမိ ၏အဘ ဗေသွေလ အမျိုးသားနေရာ ပါဒနာရံ အရပ်သို့ ထ ၍ သွား လော့။ သင့် ဦးရီး လာဗန် ၏ သမီး တစုံတယောက်နှင့် အိမ်ထောင် ဘက်ပြု လော့။
3 and God Almighty bless you, and make you fruitful, and multiply you, and you have become an assembly of peoples;
၃အနန္တ တန်ခိုးရှင် ဘုရား သခင်သည် ကောင်းကြီး ပေး၍ တိုးပွား စေသဖြင့်၊ သင်သည် အမျိုး ကြီး ဖြစ် မည် အကြောင်း နှင့် များပြား စေတော်မူစေသတည်း။
4 and He gives to you the blessing of Abraham, to you and to your seed with you, to cause you to possess the land of your sojournings, which God gave to Abraham.”
၄အထက်က အာဗြဟံ အား ပေး တော်မူ၍ ၊ သင် ယခု ဧည့်သည် ဖြစ်လျက်နေသောဤပြည် ကို၊ သင် အမွေ ခံရမည်အကြောင်း ၊ သင့် အား၎င်း၊ သင် ၏အမျိုးအနွယ် အား ၎င်း ၊ အာဗြဟံ ၏ ကောင်းကြီး မင်္ဂလာကို ပေး တော်မူ စေသတည်းဟု ကောင်းကြီး ပေးလျက် မှာ ထား၍ လွှတ် လိုက်လေ၏။
5 And Isaac sends Jacob away, and he goes to Padan-Aram, to Laban, son of Bethuel the Aramean, brother of Rebekah, mother of Jacob and Esau.
၅ထိုသို့ ယာကုပ် နှင့် ဧသော ၏ အမိ ၊ ရေဗက္က ၏ မောင် ၊ ရှုရိ လူဗေသွေလ သား လာဗန် နေရာ ပါဒနာရံ ပြည် သို့ ယာကုပ် သွား လေ၏။
6 And Esau sees that Isaac has blessed Jacob, and has sent him to Padan-Aram to take to himself from there a wife—in his blessing him that he lays a charge on him, saying, You must not take a wife from the daughters of Canaan—
၆ထိုသို့ ဣဇာက် သည် ယာကုပ် ကို ကောင်းကြီး ပေး၍ ၊ ပါဒနာရံ ပြည်၌ အိမ်ထောင် ဘက်ပြု စေခြင်းငှါ လွှတ် လိုက်သောအကြောင်းကို၎င်း၊ ခါနာန် အမျိုးသမီး နှင့် အိမ်ထောင် ဘက်မ ပြု ရဟု၊ ကောင်းကြီး ပေးသောအခါ မှာ ထားကြောင်းကို၎င်း၊
7 that Jacob listens to his father and to his mother, and goes to Padan-Aram—
၇ယာကုပ် သည် မိဘ စကားကို နားထောင် ၍ ၊ ပါဒနာရံ ပြည်သို့ သွား ကြောင်း ကို၎င်း၊
8 and Esau sees that the daughters of Canaan are evil in the eyes of his father Isaac,
၈ခါနာန် အမျိုးသမီး တို့ကို အဘ ဣဇာက် မ နှစ်သက်ကြောင်း ကို၎င်း၊ ဧသော သိ မြင်လျှင်၊
9 and Esau goes to Ishmael, and takes Mahalath, daughter of Ishmael, Abraham’s son, sister of Nebajoth, to his wives, to himself, for a wife.
၉ဣရှမေလ ထံ သို့သွား ၍ အထက် မယား တို့မှတပါး၊ အာဗြဟံ သား ဣရှမေလ သမီး ၊ နဗာယုတ် နှမ ၊ မဟာလတ် နှင့် တဖန် အိမ်ထောင် ဘက် ပြုပြန်လေ၏။
10 And Jacob goes out from Beer-Sheba, and goes toward Haran,
၁၀ယာကုပ် သည် ဗေရရှေဘ ရွာမှ ထွက် ၍ ၊ ခါရန် ပြည်သို့ ခရီးသွား စဉ်တွင်၊
11 and he touches at a [certain] place, and lodges there, for the sun has gone in, and he takes of the stones of the place, and makes [them] his pillows, and lies down in that place.
၁၁တစုံတခုသောအရပ် သို့ ရောက် ၍ ၊ မိုဃ်းချုပ် သောကြောင့် ၊ ညဉ့် ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ် ၌ ကျောက် ကိုယူ ၍ ခေါင်းအုံး ဘို့ ထား ပြီးလျှင် အိပ် လေ၏။
12 And he dreams, and behold, a ladder set up on the earth, and its head is touching the heavens; and behold, messengers of God are going up and coming down by it;
၁၂မြင် ရသောအိပ်မက် ဟူမူကား ၊ မြေကြီး ပေါ် ၌ လှေကား ထောင် လျက် အဖျား သည် မိုဃ်းကောင်းကင် တိုင်အောင် မှီ ၏။ ဘုရားသခင် ၏ ကောင်းကင် တမန်တို့ သည်၊ ထို လှေကားဖြင့် ဆင်း လျက် တက် လျက် ရှိ ကြ၏။
13 and behold, YHWH is standing on it, and He says, “I [am] YHWH, God of your father Abraham, and God of Isaac; the land on which you are lying, to you I give it, and to your seed;
၁၃ထာဝရဘုရား သည် လှေကားထက် ၌ ရပ် တော်မူလျက် ၊ ငါ သည် သင် ၏အဘ အာဗြဟံ ဘုရား ၊ ဣဇာက် ၏ ဘုရား တည်းဟူသော ထာဝရဘုရား ဖြစ်၏။ သင် အိပ် သော မြေ ကို သင် နှင့် သင် ၏ အမျိုးအနွယ် အား ငါပေး မည်။
14 and your seed has been as the dust of the land, and you have broken forth westward, and eastward, and northward, and southward, and all families of the ground have been blessed in you and in your seed.
၁၄သင် ၏အမျိုးအနွယ် သည် မြေမှုန့် ကဲ့သို့ များပြားလိမ့်မည်။ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေးမျက်နှာအရပ် တို့သို့ နှံ့ပြား ကြလိမ့်မည်။ သင်နှင့်သင် ၏အမျိုးအနွယ် အားဖြင့် လူမျိုး အပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံကြရလိမ့်မည်။
15 And behold, I [am] with you, and have kept you wherever you go, and have caused you to return to this ground; for I do not leave you until I have surely done that which I have spoken to you.”
၁၅ငါ သည် သင့် ဘက် မှာရှိ၏။ သင်သွား လေရာရာ ၌ ငါစောင့် မမည်။ ဤပြည် သို့ တဖန် ဆောင် ခဲ့ဦးမည်။ ဂတိ ထားသည်အတိုင်း မပြည့်စုံမှီ၊ သင့် ကိုငါမ စွန့် ဟု မိန့်တော်မူ၏။
16 And Jacob awakens out of his sleep and says, “Surely YHWH is in this place, and I did not know”;
၁၆ယာကုပ် သည်အိပ်ပျော် ရာမှ နိုး လျင် ၊ အကယ်စင်စစ် ထာဝရဘုရား သည် ဤအရပ် ၌ ရှိ တော်မူ၏။ ရှိ တော်မူကြောင်းကို ငါ မ သိ။
17 and he fears and says, “How fearful [is] this place; this is nothing but a house of God, and this a gate of the heavens.”
၁၇ဤအရပ်ကား၊ အဘယ်မျှလောက်ကြောက်မက်ဘွယ်ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင် ၏ ဘုံ ဗိမာန်၊ ကောင်းကင် တံခါး ဝ ဖြစ်သည် တကားဟု၊ ကြောက်ရွံ့ ခြင်းသို့ ရောက်၍ ဆို ၏။
18 And Jacob rises early in the morning, and takes the stone which he has made his pillows, and makes it a standing pillar, and pours oil on its top,
၁၈နံနက် စောစော ယာကုပ် သည်ထ၍ ၊ ခေါင်းအုံး သော ကျောက် ကို ယူ သဖြင့် ၊ မှတ် တိုင်ဖြစ် စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက် ထိပ် ဖျားအပေါ် ၌ ဆီ ကို လောင်း လေ၏။
19 and he calls the name of that place Bethel, [house of God, ] and yet, Luz [is] the name of the city at the first.
၁၉ထို အရပ် ကိုလည်း၊ ဗေသလ အမည် ဖြင့် မှည့် လေ၏။ ထိုမြို့ ၏ အမည် ဟောင်း ကား၊ ဥလံလုဇ ဟူ သတည်း။
20 And Jacob vows a vow, saying, “Seeing God is with me, and has kept me in this way which I am going, and has given to me bread to eat, and a garment to put on—
၂၀ထိုအခါ ယာကုပ် က၊ ဘုရားသခင် သည် ငါ့ ဘက် ၌ ရှိ လျက် ၊ ငါ ယခု သွားရာလမ်း မှာ ၊ ငါ့ ကို စောင့်မ ၍ စား စရာ အစား ၊ ဝတ် စရာ အဝတ် ကိုပေး သနားတော်မူလျှင် ၎င်း၊
21 when I have turned back in peace to the house of my father, and YHWH has become my God,
၂၁ငါသည် တဖန် အဘ ၏အိမ် သို့ ငြိမ်ဝပ် စွာ ပြန် ရောက်၍ ၊ ထာဝရဘုရား သည်ငါ ၏ ဘုရား ဖြစ် တော်မူလျှင် ၎င်း၊ မှတ် တိုင်ပြု၍ ငါထူထောင် သော ဤ ကျောက် သည်လည်း ၊ ဘုရားသခင် ၏ ဗိမာန် ဖြစ် ရမည်။
22 then this stone which I have made a standing pillar is a house of God, and all that You give to me—tithing I tithe to You.”
၂၂ပေး သနားတော်မူသမျှ တို့ကို ဆယ်ဘို့ တဘို့ပူဇော် ပါမည်ဟူ၍သစ္စာ ပြုလေ၏။