< Genesis 15 >
1 After these things the word of YHWH has been to Abram in a vision, saying, “Do not fear, Abram, I [am] a shield to you, your reward [is] exceedingly great.”
၁ထိုနောက်မှဗျာဒိတ်တော်အားဖြင့်၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အာဗြံ သို့ ရောက် ၍၊ အချင်းအာဗြံ ၊ မ စိုးရိမ် နှင့်။ ငါ သည် သင် ၏ အကွယ် အကာဖြစ်၏။ သင် ၏အကျိုး သည် အလွန် ကြီး လှ၏ဟု မိန့် တော်မူလျှင်၊
2 And Abram says, “Lord YHWH, what do You give to me, and I am going childless? And an acquired son in my house is Demmesek Eliezer.”
၂အာဗြံ က၊ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် သား မရှိဘဲ သွား ရပါ၏။ ဤဒမာသက် မြို့သား ဧလျာဇာ သည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါ၏။ သို့ဖြစ်၍ အဘယ် ကျေးဇူးကို ပြု တော်မူပါမည်နည်းဟု လျှောက် ဆို၏။
3 And Abram says, “Behold, to me You have not given seed, and behold, a servant will be my heir.”
၃တဖန် အာဗြံ က အကျွန်ုပ် အား အမျိုး အနွယ်ကိုပေး တော်မ မူပါ။ အကျွန်ုပ် ၏ အိမ် ၌ ဘွား သောသူသည် အကျွန်ုပ် ၏ အမွေခံ ဖြစ်ရပါသည်တကားဟု လျှောက် ဆို၏။
4 And behold, the word of YHWH [is] to him, saying, “This [one] will not be your heir; but he who comes out from your bowels, he will be your heir”;
၄တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဤသူ သည် သင် ၏အမွေခံ မ ဖြစ်ရ။ သင် ၏ ကိုယ် ထဲက ထွက် သောသူသည် သင် ၏ အမွေခံ ဖြစ်လိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊
5 and He brings him out outside and says, “Now look attentively toward the heavens and count the stars, if you are able to count them”; and He says to him, “Thus is your seed.”
၅အာဗြံ ကိုပြင် သို့ ထုတ် ဆောင်တော်မူ၍ ၊ မိုဃ်းကောင်းကင် ကို မြော်ကြည့် လော့။ ကြယ် များကို ရေတွက် နိုင် လျှင် ရေတွက် လော့။ သင် ၏အမျိုး အနွယ်သည်ထိုသို့ ဖြစ် လိမ့်မည်ဟု မိန့် တော်မူ၏။
6 And he has believed in YHWH, and He reckons it to him—righteousness.
၆အာဗြံသည် ထာဝရဘုရား ကို ယုံကြည် သည် ဖြစ်၍ ၊ သူ ၏ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့မှတ် တော်မူ၏။
7 And He says to him, “I [am] YHWH who brought you out from Ur of the Chaldees, to give to you this land to possess it”;
၇တဖန် ၊ ငါ သည် ဤ ပြည် ကို သင်အမွေခံ စရာဘို့ ၊ သင် အား ပေး လို သောငှါ၊ ခါလဒဲ ပြည်သားတို့နေသောဥရ မြို့မှ သင့် ကို ထုတ် ဆောင်သော ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူလျှင်၊
8 and he says, “Lord YHWH, whereby do I know that I possess it?”
၈အရှင် ထာဝရဘုရား ၊ ဤပြည်ကို အကျွန်ုပ် အမွေ ခံရမည်ကို အဘယ်သို့ သိ ရပါအံ့နည်းဟု မေးလျှောက် လေ၏။
9 And He says to him, “Take for Me a heifer of three years, and a female goat of three years, and a ram of three years, and a turtle-dove, and a young bird”;
၉ထာဝရဘုရားကလည်း၊ သုံး နှစ်အသက်ရှိသောနွား မတကောင်၊ သုံး နှစ်အသက်ရှိသောဆိတ် တကောင်၊ သုံး နှစ်အသက်ရှိသောသိုး ထီးတကောင်၊ ချိုး တကောင်၊ ခို သငယ်တကောင်တို့ကို ငါ ဘို့ ယူ လော့ဟု မိန့် တော်မူသည်အတိုင်း၊
10 and he takes all these to Him, and separates them in the midst, and puts each piece opposite its fellow, but the bird he has not divided;
၁၀ထို တိရစ္ဆာန်အပေါင်း တို့ကို ယူ ၍ ၊ တကောင် တကောင်ကို ထက်ဝက် စီ ခွဲပြီးလျှင် ၊ ခွဲ သောအသားတို့ကို အဘက် တချက်၌ ထား လေ၏။ ငှက် ကောင်တို့ကို မ ခွဲ။
11 and the ravenous birds come down on the carcasses, and Abram causes them to turn back.
၁၁ငှက် ရဲတို့သည် အသေ ကောင်တို့ အပေါ် သို့ ဆင်း လာသောအခါ ၊ အာဗြံ သည် နှင် လေ၏။
12 And the sun is about to go in, and deep sleep has fallen on Abram, and behold, a terror of great darkness is falling on him;
၁၂နေ ဝင် သောအခါ ၊ အာဗြံ သည် ကြီး သော အိပ် ခြင်းဖြင့် အိပ်ပျော် လျက်၊ ထူသောမှောင်မိုက် နှင့် တွေ့ ၍၊ ထိတ်လန့် ခြင်းသို့ ရောက် လေ၏။
13 and He says to Abram, “knowing—know that your seed is a sojourner in a land not theirs, and they have served them, and they have afflicted them four hundred years,
၁၃ထာဝရဘုရားကလည်း၊ သင် ၏ အမျိုး အနွယ်သည်၊ သူတပါးပိုင်သောပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတပါး တို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေး ရာ ပတ်လုံးခံရကြလိမ့်မည်ကို အမှန်သိမှတ်လော့။
14 and the nation also whom they serve I judge, and after this they go out with great substance;
၁၄သူတို့ကို စေခိုင်း သော လူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ ၊ သူတို့သည် များစွာ သောဥစ္စာ နှင့် ထွက် ကြလိမ့်မည်။
15 and you come to your fathers in peace; you are buried in a good old age;
၁၅သင်သည်ဘိုးဘေး တို့ထံ သို့ငြိမ်ဝပ် စွာ သွား ရလိမ့်မည်။ အသက် ကြီးရင့်လျက် သင်္ဂြိုဟ် ခြင်းကိုခံရလိမ့်မည်။
16 and the fourth generation turns back here, for the iniquity of the Amorite is not yet complete.”
၁၆လူမျိုး လေး ဆက်လွန်သောအခါ ၊ သူတို့သည် ဤ ပြည်သို့ ပြန် လာကြလိမ့်မည်။ အာမောရိ အမျိုးသားတို့၏ ဒုစရိုက် အပြစ်သည် မ စုံလင် သေးဟု အာဗြံ အား မိန့် တော်မူ၏။
17 And it comes to pass—the sun has gone in, and thick darkness has been and behold, a furnace of smoke, and a lamp of fire, which has passed over between those pieces.
၁၇တဖန် နေ ဝင် ၍ မိုက် သောအခါ ၊ ခွဲ ထားသော အသားအလယ်၌၊ မီးခိုး ထွက်သောမီးဖို ၊ မီး ထွန်းလင်းသော မီးခွက် သည် ထင်ရှားစွာ ရှောက်သွားလေ၏။
18 In that day has YHWH made with Abram a covenant, saying, “To your seed I have given this land, from the River of Egypt to the great river, the Euphrates River,
၁၈ထို နေ့ ၌ ထာဝရဘုရား သည် အာဗြံ နှင့် ပဋိညာဉ် ပြု တော်မူလျက်၊ အဲဂုတ္တု မြစ် မှစ၍ မြစ် ကြီး တည်းဟူသော၊ ဥဖရတ် မြစ် တိုင်အောင်၊ ဤ ပြည် ကို၎င်း၊.
19 with the Kenite, and the Kenizzite, and the Kadmonite,
၁၉ကေနိ လူ၊ ကေနဇိ လူ၊ ကာဒမောနိ လူ၊
20 and the Hittite, and the Perizzite, and the Rephaim,
၂၀ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ရေဖိမ် လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဂိရဂါရှိ လူ၊ ယေဗုသိ လူတို့ကို၎င်း၊
21 and the Amorite, and the Canaanite, and the Girgashite, and the Jebusite.”
၂၁သင် ၏ အမျိုးအနွယ် အား ငါအပ်ပေး ပြီဟု မိန့် တော်မူ၏။