< Ezra 7 >
1 And after these things, in the reign of Artaxerxes king of Persia, Ezra son of Seraiah, son of Azariah, son of Hilkiah,
၁ထိုနောက် ၊ ပေရသိ ရှင်ဘုရင် အာတဇေရဇ် လက်ထက် ၌၊
2 son of Shallum, son of Zadok, son of Ahitub,
၂ယဇ်ပုရောဟိတ် အကြီး အာရုန်၊
3 son of Amariah, son of Azariah, son of Meraioth,
၃ဧလာဇာ ၊ ဖိနဟတ် ၊ အဘိရွှ ၊ ဗုက္ကိ၊
4 son of Zerahiah, son of Uzzi, son of Bukki,
၄ဩဇိ ၊ ဇေရဟိ ၊ မေရာယုတ် ၊ အာဇရိ ၊ အာမရိ ၊
5 son of Abishua, son of Phinehas, son of Eleazar, son of Aaron the head priest;
၅အဟိတုတ် ၊ ဇာဒုတ် ၊ ရှာလ္လုံ ၊ ဟိလခိ ၊ အာဇရိ ၊ စရာယ တို့မှ ဆင်းသက်သောသူ၊
6 Ezra himself has come up from Babylon, and he [is] a scribe ready in the Law of Moses, that YHWH God of Israel gave, and the king gives to him—according to the hand of his God YHWH on him—all his request.
၆ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ပေး တော်မူသော မောရှေ ၏ပညတ္တိ ကျမ်းစာကို လေ့ကျက် သောဆရာ ဖြစ်သော သူဧဇရ သည် ဗာဗုလုန် မြို့ မှ ထွက်သွား ၏။ ထိုသူ တောင်း သမျှ ကို သူ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေး သနား တော်မူ၏။
7 And there go up of the sons of Israel, and of the priests, and the Levites, and the singers, and the gatekeepers, and the Nethinim, to Jerusalem, in the seventh year of Artaxerxes the king.
၇အာတဇေရဇ် မင်းကြီး နန်းစံခုနစ် နှစ် တွင် ၊ အချို့ သော ဣသရေလ အမျိုးသားယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်တို့သည် လည်း ၊ ယေရုရှလင် မြို့သို့ လိုက်သွား ကြ၏။
8 And he comes to Jerusalem in the fifth month, that [is in] the seventh year of the king,
၈ရှင်ဘုရင် နန်းစံခုနစ် နှစ် ၊ ပဉ္စမ လ တွင် ဧဇရ သည် ယေရုရှလင် မြို့သို့ ရောက် လေ၏။
9 for on the first of the month he has founded the ascent from Babylon, and on the first of the fifth month he has come to Jerusalem, according to the good hand of his God on him,
၉ပဌမ လ တရက် နေ့တွင် ၊ ဗာဗုလုန် မြို့မှ ထွက်၍၊ ပဉ္စမ လ တရက် နေ့တွင် ၊ မိမိ ဘုရား သခင်တန်ခိုးကျေးဇူးတော်ကြောင့် ၊ ယေရုရှလင် မြို့သို့ ရောက် လေ၏။
10 for Ezra has prepared his heart to seek the Law of YHWH, and to do, and to teach in Israel statute and judgment.
၁၀အကြောင်း မူကား၊ ဧဇရ သည် ထာဝရဘုရား ၏ တရား တော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှါ ၎င်း၊ စီရင် ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလ အမျိုး၌ သွန်သင် ခြင်းငှါ ၎င်း သဘောကျသောသူဖြစ်၏။
11 And this [is] a copy of the letter that King Artaxerxes gave to Ezra the priest, the scribe, a scribe of the words of the commands of YHWH, and of His statutes on Israel:
၁၁ထာဝရဘုရား ၏ပညတ် စကားနှင့် ဣသရေလ အမျိုး၌ ထုံးဖွဲ့ တော်မူချက်တို့ကို လေ့ကျက်သော ဆရာ ယဇ်ပုရောဟိတ် ဧဇရ အား ၊ အာတဇေရဇ် မင်းကြီး ပေး တော်မူသော အမိန့်တော်စာ ချက်ဟူမူကား၊
12 “Artaxerxes, king of kings, to Ezra the priest, a perfect scribe of the Law of the God of the heavens, and at such a time:
၁၂ဘုရင် တို့၏ဘုရင် အာတဇေရဇ် သည် ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့်တရား ကျမ်းတတ်ဆရာ ၊ ယဇ်ပုရောဟိတ် ဧဇရ ၌ ခပ်သိမ်း သော မင်္ဂလာဖြစ်စေ သောဟူ၍ဤ မည်သောကာလတွင် မှာလိုက်၏။
13 By me has been made a decree that everyone who is willing, in my kingdom, of the people of Israel and of its priests and Levites, to go to Jerusalem with you, go;
၁၃ငါ့ နိုင်ငံ ၌ ရှိသောဣသရေလ အမျိုးသား၊ ယဇ် ပုရောဟိတ် ၊ လေဝိ သားတို့တွင် ယေရုရှလင် မြို့သို့ ကိုယ် အလို အလျောက်သွား ချင်သောသူ ရှိသမျှ တို့သည် သင် နှင့်အတူ လိုက်သွား ရမည်အကြောင်းငါ အမိန့် တော်ရှိ၏။
14 because that from the king and his seven counselors you are sent, to inquire concerning Judah and concerning Jerusalem, with the Law of God that [is] in your hand,
၁၄အကြောင်း မူကား၊ သင် ၏ဘုရား သခင့်တရား ကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒ ပြည်ယေရုရှလင် မြို့၌ တရားအမှုများကို မေးမြန်း စစ်ဆေးစေခြင်းငှါ ၎င်း၊
15 and to carry silver and gold that the king and his counselors willingly offered to the God of Israel, whose dwelling place [is] in Jerusalem,
၁၅ယေရုရှလင် မြို့မှာ ကျိန်းဝပ် တော်မူသော ဣသရေလ အမျိုး၏ ဘုရား သခင်အား ၊ ရှင် ဘုရင်နှင့် အတွင်းဝန် တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သောရွှေ ငွေ နှင့်တကွ၊
16 and all the silver and gold that you find in all the province of Babylon, with the free-will offerings of the people, and of the priests, offering willingly, for the house of their God that [is] in Jerusalem,
၁၆ဣသရေလအမျိုးသား၊ ယဇ် ပုရောဟိတ်တို့သည် ယေရုရှလင် မြို့၏ဘုရား အိမ် တော်အဘို့ အလိုလို လှူ၍ ဗာဗုလုန် ပြည် ၌ သင်ရ နိုင်သမျှသော ရွှေ ငွေ ကို ဆောင်သွား စေခြင်းငှါ၎င်း၊ ရှင် ဘုရင်နှင့် အတွင်းဝန် ခုနစ် ပါး စေလွှတ် ၏။
17 therefore you speedily buy with this money, bullocks, rams, lambs, and their presents, and their drink-offerings, and bring them near to the altar of the house of your God that [is] in Jerusalem,
၁၇ထိုငွေ ကိုယူပြီးလျှင်နွား ၊ သိုး ထီး၊ သိုး သငယ်နှင့်တကွ ၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာတို့ကို အလျင် အမြန်ဝယ် ၍၊ ယေရုရှလင် မြို့၌ ရှိသော သင် တို့၏ ဘုရား အိမ် တော် ယဇ် ပလ္လင် ပေါ် မှာ ပူဇော် ရမည်။
18 and that which to you and to your brothers is good to do with the rest of the silver and gold, according to the will of your God you do.
၁၈ကျန် ကြွင်းသော ရွှေ ငွေ ကို သင် နှင့် သင့် ညီအစ်ကို တို့ ပြုချင်သမျှအတိုင်း၊ သင် တို့၏ ဘုရား သခင်အလို တော်နှင့်အညီ ပြု လော့။
19 And the vessels that are given to you, for the service of the house of your God, make perfect before the God of Jerusalem;
၁၉သင် ၏ဘုရား အိမ် တော်ဝတ်ပြု စရာဘို့ သင် ၌ အပ် ပေးသော တန်ဆာ များကိုလည်း ၊ ယေရုရှလင် မြို့၏ ဘုရား သခင့်ရှေ့ တော်တွင် သိုထား လော့။
20 and the rest of the necessary things of the house of your God, that it falls to you to give, you give from the treasure-house of the king.
၂၀သင် ၏ဘုရား သခင့် အိမ် တော်အဘို့ လိုသေး သောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာ တော်ထဲက ထုတ် ၍ဝယ်လော့။
21 And by me—I Artaxerxes the king—is made a decree to all treasurers who [are] beyond the river, that all that Ezra the priest, scribe of the Law of the God of the heavens, asks of you, be done speedily:
၂၁ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင့် တရား ကို လေ့ကျက်သော ဆရာ၊ ယဇ်ပုရောဟိတ် ဧဇရ တောင်း သမျှ အတိုင်း၊
22 To silver one hundred talents, and to wheat one hundred cors, and to wine one hundred baths, and to oil one hundred baths, and salt without reckoning;
၂၂ငွေ အခွက်တထောင်၊ ဂျုံ ဆန်ကောရ တရာ ၊ စပျစ်ရည် ဗတ်တရာ ၊ ဆီ ဗတ် တရာ နှင့်တကွ ဆား မည်မျှ မဆို၊ မြစ် အနောက် ဘက်၌နေသောအခွန် ဝန်အပေါင်း တို့ သည် အလျင် အမြန်ပေးရမည်အကြောင်း၊ ငါ ရှင် ဘုရင် အာတဇေရဇ် အမိန့် တော်ရှိ၏။
23 all that [is] by the decree of the God of the heavens, let be done diligently for the house of the God of the heavens; for why is there wrath against the kingdom of the king and his sons?
၂၃ကောင်းကင် ဘုံ၏ အရှင်ဘုရား သခင်မှာ ထား တော်မူသမျှ အတိုင်း ၊ ထိုဘုရား သခင်၏ အိမ် တော် အဘို့ ကြိုးစား ၍လုပ်ဆောင် စေ။ ရှင် ဘုရင်နှင့် ဆွေ တော်မျိုးတော်အပေါ် သို့ အဘယ်ကြောင့် အမျက် တော် သက်ရောက်ရမည်နည်း။
24 And to you we are making known, that on any of the priests and Levites, singers, gatekeepers, Nethinim, and servants of the house of God, tribute and custom there is no authority to lift up.
၂၄ထိုမှတပါး၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ သီချင်း သည်၊ တံခါး စောင့်၊ ဘုရား ကျွန်၊ ဘုရား သခင်၏ အိမ် တော်အမှု စောင့် တစုံတယောက်၌ မျှငွေတော်ကို မခွဲစေနှင့်။ အခွန် တော်အကောက် တော်ကို မခံမယူစေနှင့် ဟုငါမှာလိုက်၏။
25 And you, Ezra, according to the wisdom of your God, that [is] in your hand, appoint magistrates—even judges who may be judging—judging all the people who are beyond the river, to all knowing the Law of your God, and he who has not known, you cause to know;
၂၅သင် ဧဇရ သည်လည်း ၊ သင် ၏ဘုရား သခင်တရား ကို နားလည်သော၊ မြစ် အနောက် ဘက်သား အပေါင်း တို့တွင် ၊ တရား မှုကို စီရင်စေခြင်းငှါ၎င်း၊ မသိသောသူတို့ကို သွန်သင်ခြင်းငှာ၎င်း၊ မင်း များ၊ တရား သူကြီးများကို သင် ၏ဘုရား သင့် ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့် ထားလော့။
26 and any who does not do the Law of your God, and the law of the king, judgment is done speedily on him, whether to death, or to banishment, or to confiscation of riches, and to bonds.”
၂၆သင် ၏ဘုရား သခင့်တရား နှင့် ရှင် ဘုရင်အမိန့် တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေ သတ်ခြင်း၊ နှင်ထုတ် ခြင်း၊ ဥစ္စာ သိမ်းယူ ခြင်း၊ ထောင် ထဲမှာ လှောင်ထားခြင်းတည်းဟူသောရာဇဝတ်တစုံတခုကို အလျင် အမြန် ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
27 Blessed [is] YHWH, God of our fathers, who has given such a thing as this in the heart of the king, to beautify the house of YHWH that [is] in Jerusalem,
၂၇ယေရုရှလင် မြို့၏ ဗိမာန် တော်ကို တင့်တယ် စေမည်အကြံကို ရှင်ဘုရင် စိတ် နှလုံးထဲ သို့ သွင်းပေး တော်မူထသော ၊ ရှင်ဘုရင် ရှေ့ ၊ အတွင်းဝန် များ၊ ဗိုလ်မင်း များရှေ့ မှာ ငါ့အား အခွင့်ပေးတော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား သည် မင်္ဂလာ ရှိ တော်မူစေသတည်း။
28 and to me has stretched out kindness before the king and his counselors, and before all the mighty heads of the king: and I have strengthened myself as the hand of my God YHWH [is] on me, and I gather out of Israel heads to go up with me.
၂၈ထိုသို့ ငါ ၏ဘုရား သခင်ထာဝရဘုရား တန်ခိုးတော်ကြောင့် ၊ ငါ သည် ခွန်အား ရှိ၍ ငါ နှင့်အတူ လိုက် သွား ရသောဣသရေလ အမျိုး အကြီး အကဲတို့ကို စုဝေး စေ၏။