< Ezekiel 31 >
1 And it comes to pass, in the eleventh year, in the third [month], on the first of the month, a word of YHWH has been to me, saying,
၁သက္ကရာဇ် တဆယ် တခု ၊ တတိယ လ တ ရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Son of man, say to Pharaoh king of Egypt, and to his multitude: To whom have you been like in your greatness?
၂အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖာရော မင်းနှင့် သူ ၏အလုံးအရင်း အား ဟောပြော ရမည် မှာ၊ သင်သည် ဘုန်း တန်ခိုးကြီး၍ အဘယ်သူ နှင့် တူသနည်း။
3 Behold, Asshur, a cedar in Lebanon, Beautiful in branch, and shading bough, and high in stature, And its foliage has been between thickets.
၃အာရှုရိ လူသည် အဆင်းလှ ၍ လွှမ်းမိုး သော အကိုင်း ၊ မြင့် သောအရပ် ၊ ထူထပ် သောအခက်အလက်တို့နှင့် ပြည့်စုံသော ထိပ်ဖျား ရှိ သောလေဗနုန် အာရဇ် ပင်ဖြစ်၏။
4 Waters have made it great, The deep has exalted him with its flowings, Going around its planting, And it has sent forth its conduits to all trees of the field.
၄မြစ်ရေ ၏ကျေးဇူးကြောင့် ကြီးမား ခြင်း၊ နက်နဲ သောရေ၏ကျေးဇူးကြောင့် အရပ် မြင့်ခြင်းရှိ၏။ သူစိုက် ရာ အရပ်ရပ် တို့၌ ရေ စီး ၍ ၊ ခပ်သိမ်း သော တော ပင် ရှိရာသို့ မြစ် ရေသည် နှံ့ပြား လေ၏။
5 Therefore his stature has been higher than all trees of the field, And his boughs are multiplied, and his branches are long, Because of many waters in his shooting forth.
၅ထိုသို့ သောအားဖြင့် တော သစ်ပင် တကာ တို့ ထက် အရပ် မြင့်လေ၏။ တိုးပွားသောအခါ ရေ များ သောကြောင့် အကိုင်းအခက် များပြား ၍၊ အလက် တို့သည် ရှည်လျား ကြ၏။
6 Every bird of the heavens has made a nest in his boughs, And every beast of the field has brought forth under his branches, And all great nations dwell in his shade.
၆မိုဃ်း ကောင်းကင်ငှက် အပေါင်း တို့သည် အကိုင်းအခက် တို့၌ အသိုက် လုပ်ကြ၏။ တော တိရစ္ဆာန် အပေါင်း တို့သည် အကိုင်းအခက် တို့ အောက်၌ သာ ဘွား ကြ၏။ ထိုအပင် ၏ အရိပ် ၌ ကြီးမား သော လူမျိုး အပေါင်း တို့ သည် နေ ကြ၏။
7 And he is beautiful in his greatness, In the length of his thin shoots, For his root has been by great waters.
၇ထိုသို့ ရေ များ သောအရပ်၌ အမြစ် စွဲ သောကြောင့် ၊ ကြီးမြင့် ၍ အခက်အလက် ရှည်လျား သဖြင့် လှ သောအဆင်းနှင့် ပြည့်စုံ၏။
8 Cedars have not hid him in the garden of God, Firs have not been like to his boughs, And plane-trees have not been as his branches, No tree in the garden of God has been like to him in his beauty,
၈ဘုရားသခင် ၏ ဥယျာဉ် တော်၌ အာရဇ် ပင်တို့ သည် ထိုအပင် ကို မ ကွယ် နိုင်။ ထင်းရူး ပင်နှင့် အာရမုန် ပင်တို့သည် ထိုသို့သော အကိုင်းအခက် နှင့်မ ပြည့်စုံ ကြ။ ဘုရားသခင် ၏ ဥယျာဉ် တော်၌ သစ်ပင် တပင် မျှ ထိုအပင် ကဲ့သို့ အဆင်း မ လှ။
9 I have made him beautiful in the multitude of his thin shoots, And all trees of Eden that [are] in the garden of God envy him.
၉ဧဒင် အရပ်၊ ဘုရားသခင် ၏ဥယျာဉ် တော်၌ ရှိသမျှ သော သစ်ပင် တို့သည် ထိုအပင် ကို ငြူစူ သည်တိုင်အောင်၊ အခက်အလက် များပြား သောအားဖြင့် သူ၏အဆင်းကို ငါလှ စေ ၏။
10 Therefore, thus said Lord YHWH: Because that you have been high in stature, And he yields his foliage between thickets, And his heart is high in his haughtiness,
၁၀တဖန်အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုအာရဇ်ပင်သည် အရပ် မြင့် လျက်၊ ထူထပ် သော အခက်အလက်တို့နှင့် ပြည့်စုံသော မိမိ ထိပ်ဖျား ကို ချီးမြှောက် လျက်၊ စိတ် လည်း မြင့် ၍ ဝါကြွား လျက်ရှိသောကြောင့် ၊
11 I give him into the hand of a god of nations, He deals severely with him, In his wickedness I have cast him out.
၁၁လူမျိုး တို့တွင် တန်ခိုး ကြီး၍ သူ့ ကိုကျပ်တည်း စွာ စီရင်သောသူ ၏လက် သို့ ငါအပ် လေပြီ။ သူ ပြုသော အဓမ္မ အမှုကြောင့် နှင်ထုတ် လေပြီ။
12 And strangers cut him off, The terrible of nations, and they leave him, His thin shoots have fallen on the mountains and in all valleys, And his boughs are broken at all streams of the land, And all peoples of the land go down from his shade, and they leave him.
၁၂ကြောက်မက် ဘွယ်သော တကျွန်း တနိုင်ငံသား တို့သည် သူ့ ကို ခုတ်လှဲ ၍ ပစ်ထား ကြပြီ။ အကိုင်းအခက် တို့သည် တောင် ပေါ် နှင့် ချိုင့် ထဲမှာ ကျ ၍ တပြည်လုံး မြစ် နားမှာ ကျိုးပဲ့ လျက်နေကြ၏။ မြေကြီး သားအပေါင်း တို့သည် သူ့ အရိပ် ထဲက ထွက် ၍ သူ့ ကိုစွန့် သွားကြ၏။
13 Every bird of the heavens dwells on his ruin, And all beasts of the field have been on his boughs,
၁၃မိုဃ်း ကောင်းကင်ငှက် နှင့် တော တိရစ္ဆာန် အပေါင်း တို့သည် ကျိုးပဲ့ သော အကိုင်းအခက် တို့ အပေါ်မှာ နေ ရကြ၏။
14 In order that none of the trees of the waters May become haughty because of their stature, Nor give their foliage between thickets, Nor any drinking waters stand up to them in their haughtiness, For all of them are given up to death, To the lower earth, In the midst of the sons of men, To those going down to the pit.
၁၄အကြောင်းမူကား၊ ရေ နားမှာရှိသမျှ သော သစ်ပင် တို့တွင် တပင်မျှအရပ် မြင့်သောကြောင့် မ ဝါကြွား ။ ထူထပ် သော အခက်အလက်တို့တွင် မိမိ ထိပ်ဖျား ကို မ ချီးမြှောက် မည်အကြောင်း၊ ရေ ကိုသောက် သမျှ သောအပင်တပင်မျှအရပ် မြင့်လျက် မ ပြိုင် ဝံ့မည်အကြောင်းတည်း။ ထိုအပင် အပေါင်း တို့သည် မြေတွင်း ထဲသို့ ဆင်း တတ်သောလူသား တို့နှင့်အတူသေ ခြင်းသို့ ၎င်း ၊ မြေ အောက် အရပ်သို့ ၎င်း ရောက်စေခြင်းငှါငါအပ် လေပြီ။
15 Thus said Lord YHWH: I have caused mourning in the day of his going down to Sheol, I have covered the deep over him, and diminish its flowings, And many waters are restrained, And I make Lebanon black for him, And all trees of the field [have been] a covering for him. (Sheol )
၁၅အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူသည် မရဏာ နိုင်ငံထဲသို့ ဆင်း သွားသောနေ့ ၌ နက်နဲ သောအရပ်ကို သူ့ အဘို့ မသာ အဝတ်နှင့် ငါဖုံးလွှမ်း ၏။ လှိုင်း တံပိုးတို့ကို ငါကန့်ကွက် ၍ ကြီးစွား သော ရေ ကို ချုပ်ထား ၏။ လေဗနုန် တောင်ကို သူ့ အဘို့ မသာ အဝတ် ကို ဝတ်စေ၍ ၊ တော သစ်ပင် အပေါင်း တို့သည် စိတ်ပျက် ကြ၏။ (Sheol )
16 I have caused nations to shake at the sound of his fall, In My causing him to go down to Sheol, With those going down to the pit, And all trees of Eden are comforted in the lower earth, The choice and good of Lebanon—All drinking waters. (Sheol )
၁၆မြေတွင်း ထဲသို့ ဆင်း သွားသောသူတို့နှင့်အတူ သူ့ ကို မရဏာ နိုင်ငံထဲသို့ ငါ နှိမ့်ချ သောအခါ ၊ နှိမ့်ချ သံ အားဖြင့် လူ အမျိုးမျိုးတို့ကို ငါတုန်လှုပ် စေ၏။ ဧဒင် သစ်ပင် ရှိသမျှ တို့နှင့် အကောင်းဆုံး ။ အမြတ်ဆုံး သော လေဗနုန် သစ်ပင်မှစ၍၊ ရေ ကိုသောက် သမျှ သောသစ်ပင်တို့သည် မြေ အောက် အရပ်တို့၌ သက်သာ ခြင်းသို့ ရောက်ကြ၏။ (Sheol )
17 Those with him have also gone down to Sheol, To the pierced of the sword, And—his arm—they dwelt in his shade in the midst of nations. (Sheol )
၁၇ထိုသူ နှင့်တကွ သူ့ လက်ရုံး ဖြစ်၍၊ လူမျိုး တို့တွင် သူ့ အရိပ် ကို ခို သောသူတို့သည် ထား ဖြင့် အသေ ခံရသောသူတို့ နေရာ၊ မရဏာ နိုင်ငံထဲသို့ လိုက် သွားကြ၏။ (Sheol )
18 To whom have you been thus like, In glory and in greatness among the trees of Eden? And you have been brought down with the trees of Eden, To the lower earth, You lie in the midst of the uncircumcised, With the pierced of the sword. This [is] Pharaoh, and all his multitude, A declaration of Lord YHWH!”
၁၈သင်သည် ဘုန်း တန်ခိုးအာနုဘော် အားဖြင့် အဘယ်မည် သော ဧဒင် သစ်ပင် နှင့် တူသနည်း။ သင် သည် ဧဒင် သစ်ပင် တို့နှင့်အတူ မြေ အောက် အရပ်သို့ နှိမ့်ချ ခြင်းကိုခံရမည်။ အရေဖျား လှီးခြင်းကို မခံသောလူ၊ ထား ဖြင့်အသေ ခံရသောသူတို့နှင့်အတူ လဲ ၍နေရမည်။ ထိုသို့ ဖာရော ဘုရင်နှင့် သူ့ အလုံးအရင်း ရှိသမျှ တို့သည် ဖြစ်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။