< Ezekiel 26 >

1 And it comes to pass, in the eleventh year, on the first of the month, there has been a word of YHWH to me, saying, “Son of man,
ငါ​တို့​ပြည်​နှင်​ဒဏ်​ခံ​သော​တစ်​ဆယ့်​တစ်​နှစ် မြောက်၊ ပ​ထ​မ​လ၊ လ​ဆန်း​တစ်​ရက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Because that Tyre has said of Jerusalem: Aha, she has been broken, The doors of the peoples, She has turned around to me, I am filled—she has been laid waste,
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တု​ရု​မြို့​သား တို့​က`ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​သည်​ပျက်​ပြုန်း လေ​ပြီ။ ထို​မြို့​၌​တံ​ခါး​များ​ပွင့်​လျက်​ရှိ​၏။ ထို​မြို့​သည်​ငါ​တို့​နှင့်​ပြိုင်​ဘက်​မ​ဖြစ်​တော့ ပြီ' ဟု​ဝမ်း​မြောက်​စွာ​ဟစ်​အော်​ကြွေး​ကြော် လျက်​နေ​ကြ​၏။
3 Therefore, thus said Lord YHWH: Behold, I [am] against you, O Tyre, And have caused many nations to come up against you, As the sea causes its billows to come up.
``သို့​ဖြစ်​၍​ယ​ခု​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ချင်း​တု​ရု​မြို့၊ ငါ သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ သင့်​အား​တိုက်​ခိုက် ကြ​စေ​ရန်​လူ​မျိုး​တ​ကာ​တို့​ကို​ငါ​ခေါ် ဆောင်​ခဲ့​မည်။ သူ​တို့​သည်​ပင်​လယ်​လှိုင်း​လုံး များ​သ​ဖွယ်​သင်​ရှိ​ရာ​သို့​ချီ​တက်​လာ ကြ​လိမ့်​မည်။-
4 And they have destroyed the walls of Tyre, And they have broken down her towers, And I have scraped her dust from her, And made her for a clear place of a rock.
သင်​၏​မြို့​ရိုး​တို့​ကို​ဖျက်​ဆီး​၍​ပြ​အိုး​တို့ ကို​ဖြို​ချ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထို​မြေ​မှုန့်​တို့​ကို​လွင့်​စေ​၍ ကျောက်​သား ပ​က​တိ​ကို​သာ​လျှင်​ကျန်​ရှိ​စေ​မည်။-
5 She is a spreading place of nets in the midst of the sea, For I have spoken,” A declaration of Lord YHWH, “And she has been for a spoil to nations.
ပင်​လယ်​ရေ​ဝိုင်း​ရံ​လျက်​ရှိ​သော​ထို​ကျောက် ၏​အ​ပေါ်​တွင် ရေ​လုပ်​သား​တို့​ပိုက်​ကွန်​များ ကို​လှန်း​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာဝရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။ လူ မျိုး​တကာ​တို့​သည်​တု​ရု​မြို့​ကို​တိုက်​ခိုက် လု​ယက်​ကြ​လိမ့်​မည်။-
6 And her daughters who [are] in the field, are slain by sword, And they have known that I [am] YHWH,”
ပြည်​မ​ရှိ​မြို့​များ​မှ​လူ​တို့​ကို​လည်း​ဋ္ဌား ဘေး​သင့်​စေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း တု​ရု​မြို့ သား​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟူ​၍​တည်း။
7 For thus said Lord YHWH: “Behold, I am bringing Nebuchadnezzar king of Babylon to Tyre, From the north—a king of kings, With horse, and with chariot, and with horsemen, Even an assembly, and a numerous people.
အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဘု​ရင်​တ​ကာ​တို့ တွင် အ​ကြီး​မြတ်​ဆုံး​ဖြစ်​သည့်​ဗာ​ဗု​လုန် ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​အား တု​ရု​မြို့​ကို တိုက်​ခိုက်​ရန်​ငါ​ခေါ်​ဆောင်​ခဲ့​မည်။ သူ​သည် ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင်​ဖြစ်​လျက်၊ မြင်း များ​စစ်​မြင်း​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ များ​နှင့်​တ​ကွ​ကြီး​မား​သော​စစ်​သည် အ​လုံး​အ​ရင်း​နှင့်​မြောက်​အ​ရပ်​မှ​ချီ တက်​လာ​လိမ့်​မည်။-
8 He slays your daughters in the field by sword, And he has made a fort against you, And has poured out a mound against you, And has raised a buckler against you.
ပြည်​ပ​ရှိ​မြို့​များ​တွင်​နေ​ထိုင်​ကြ​သူ​တို့ သည်​စစ်​ပွဲ​တွင်​ကျ​ဆုံး​ကြ​လိမ့်​မည်။ ရန်​သူ များ​သည်​က​တုပ်​ကျင်း​များ​ကို​တူး​၍​မြေ က​တုပ်​များ​ကို​ဖို့​ကာ​ဒိုင်း​လွှား​များ​ကို ကာ​လျက်​သင့်​အား​တိုက်​ခိုက်​လိမ့်​မည်။-
9 And he places a battering-ram before him against your walls, And he breaks your towers with his weapons.
သင်​၏​မြို့​ရိုး​တို့​ကို​လက်​နက်​များ​ဖြင့် ထု​ဖြို​ကြ​လိမ့်​မည်။ သင်​၏​ရဲ​တိုက်​များ ကို​လည်း​သံ​ချောင်း​များ​ဖြင့်​ဖြို​ချ ကြ​လိမ့်​မည်။-
10 From the abundance of his horses their dust cover you, From the noise of horseman, and wheel, and rider, Your walls shake, in his coming into your gates, As the coming into a city that has been broken-up.
၁၀သူ​တို့​၏​မြင်း​များ​ကြောင့်​လွင့်​တက်​လာ​သော မြေ​မှုန့်​တို့​သည်​သင့်​အား​ဖုံး​လွှမ်း​လိမ့်​မည်။ မြို့​တွင်း​သို့​လူ​များ​ဝင်​သ​ကဲ့​သို့​ပျက်​စီး နေ​သော​မြို့​၏​တံ​ခါး​များ​ကို​ဖြတ်​၍ မြင်း များ​လှည်း​ဆွဲ​သံ၊ စစ်​မြင်း​ရ​ထား​ဆွဲ​သံ တို့​သည်​သင်​၏​မြို့​ရိုး​များ​ကို​တုန်​လှုပ် စေ​လိမ့်​မည်။-
11 He treads all your out-places with [the] hooves of his horses, He slays your people by sword, And the pillars of your strength come down to the earth.
၁၁သူ​တို့​၏​မြင်း​စီး​သူ​ရဲ​များ​သည်​သင်​၏ လမ်း​များ​ကို​ဖြတ်​ကျော်​ကာ​လူ​တို့​အား ဋ္ဌား​ဖြင့်​သတ်​ကြ​လိမ့်​မည်။ သင်​၏​ခိုင်​ခံ့ သော​ကျောက်​တိုင်​များ​သည်​မြေ​ပေါ်​သို့ ပြို​လဲ​ကြ​လိမ့်​မည်။-
12 And they have spoiled your wealth, And they have plundered your merchandise, And they have thrown down your walls, And they break down your desirable houses, And your stones, and your wood, and your dust, They place in the midst of the waters.
၁၂ရန်​သူ​များ​သည်​သင်​၏​ဥစ္စာ​ဘဏ္ဍာ​နှင့်​ကုန် ပစ္စည်း​များ​ကို​သိမ်း​ယူ​ကြ​လိမ့်​မည်။ အုတ် နံ​ရံ​များ​ကို​ဖြို​ချ​၍ သင်​၏​လှ​ပ​သော အိမ်​များ​ကို​ဖြို​ဖျက်​ကြ​လိမ့်​မည်။ သင်​တို့ ၏​ကျောက်​များ၊ သစ်​သား​များ​နှင့်​အိမ် အ​ပျက်​အ​စီး​များ​ကို​ပင်​လယ်​ထဲ​သို့ ပစ်​လိမ့်​မည်။-
13 And I have caused the noise of your songs to cease, And the voice of your harps is heard no more.
၁၃သင်​၏​သီ​ချင်း​သံ​များ၊ စောင်း​သံ​များ​ကို ငါ​ရပ်​စဲ​စေ​မည်။-
14 And I have given you up for a clear place of a rock, You are a spreading-place of nets, You are not built up anymore, For I, YHWH, have spoken,” A declaration of Lord YHWH.
၁၄ရေ​လုပ်​သား​တို့​ပိုက်​ကွန်​လှန်း​ရန်​ကျောက် သား​ပ​က​တိ​ကို​သာ​လျှင်​ချန်​ထား​မည်။ မြို့​ကို​အ​ဘယ်​အ​ခါ​မျှ​ပြန်​လည်​တည် ဆောက်​ရ​မည်​မ​ဟုတ်​ဟု ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။''
15 Thus said Lord YHWH to Tyre: “Do not—from the noise of your fall, In the groaning of the wounded, In the slaying of the slaughter in your midst—The islands shake?
၁၅တု​ရု​မြို့​အား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည်​ကား``သင့်​အား​ရန်​သူ​တို့​တိုက် ခိုက်​အောင်​မြင်​နေ​ချိန်​၌ အ​သတ်​ခံ​ရ​သူ​တို့ နှင့်​ဒဏ်​ရာ​ရ​သူ​တို့​အော်​ဟစ်​သံ​များ​ကြောင့် ပင်​လယ်​ကမ်း​ခြေ​တစ်​လျှောက်​တွင်​နေ​ထိုင် ကြ​သူ​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ လိမ့်​မည်။-
16 And all princes of the sea have come down from off their thrones, And they have turned their robes aside, And strip off their embroidered garments, They put on trembling, They sit on the earth, And they have trembled every moment, And they have been astonished at you,
၁၆ပင်​လယ်​ရေ​ကြောင်း​ခ​ရီး​သွား​လာ​သော နိုင်​ငံ​တို့​၏​ဘုရင်​အ​ပေါင်း​သည်​ရာ​ဇ​ပလ္လင် များ​ပေါ်​မှ​ဆင်း​ကြ​ကာ မိ​မိ​တို့​၏​ဝတ်​လုံ များ​နှင့်​ပန်း​ထိုး​ထည်​များ​ကို​ချွတ်​၍ မြေ ပေါ်​တွင်​တုန်​လှုပ်​လျက်​ထိုင်​ကြ​လိမ့်​မည်။ သင် တွေ့​ကြုံ​ရ​သည့်​ကံ​ကြမ္မာ​ကို​မြင်​၍ သူ​တို့ သည်​အံ့​အား​သင့်​လျက်​အ​ဆက်​မ​ပြတ် တုန်​လှုပ်​နေ​ကြ​လိမ့်​မည်။
17 And have lifted up a lamentation for you, And said to you: How you have perished, That are inhabited from the seas, The praised city, that was strong in the sea, She and her inhabitants, Who put their terror on all her inhabitants!
၁၇သို့​ဖြစ်​၍​သူ​တို့​သည်​သင့်​အား​ရည်​စူး ကာ​ငို​ခြင်း​သီ​ဆို​သည်​မှာ ထင်​ပေါ်​ကျော်​ဇော​သော​မြို့​သည်​ပျက်​စီး လေ​ပြီ​တ​ကား။ ပင်​လယ်​နား​၌​နေ​သော​မြို့​များ​သည်​ပယ်​ရှင်း ခြင်း​ကို ခံ​ရ​ပြီ​တ​ကား။ ဤ​မြို့​သား​တို့​သည်​ပင်​လယ်​များ​ကို​အ​စိုး​ရ ခဲ့​၏။ ပင်​လယ်​ကမ်း​ခြေ​တွင်​နေ​ထိုင်​သူ​တို့​အား​လည်း ကြောက်​လန့်​တုန်​လှုပ်​စေ​ခဲ့​ကြ​၏။
18 Now the islands tremble [on the] day of your fall; The islands that [are] in the sea have been troubled at your outgoing.”
၁၈ယင်း​မြို့​ပြို​လဲ​သော​နေ့​၌​ကမ်း​ခြေ​ဒေ​သ တို့​သည် တုန်​လှုပ်​ကြ​ကုန်​၏။ ပင်​လယ်​ထဲ​ရှိ​ကျွန်း​များ​တို့​သည်​လည်း​ဤ​မြို့ ပျက်​စီး​ရ​ပုံ​ကို​မြင်​၍​ကြောက်​လန့်​ကြ​၏။'' ဟူ​၍​တည်း။
19 For thus said Lord YHWH: “In My making you a city dried up, Like cities that have not been inhabited, In bringing up the deep against you, Then the great waters have covered you.
၁၉အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။-
20 And I have caused you to go down, With those going down to the pit, To the people of old, And I have caused you to dwell In the lower parts of the earth—in ancient ruins, With those going down to the pit, So that you are not inhabited, And I have given beauty in the land of the living.
၂၀ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​က​အ​သက်​ရှင်​ခဲ့ ကြ​သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​ရန် သင့်​အား မြေ​အောက်​မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​မည်။ ငါ​သည်​သင့်​အား​ထို​မြေ​အောက်​လော​က​ရှိ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​သည့် အ​ရပ်​၌​မြေ​တွင်း​ထဲ​တွင်​နေ​စေ​မည်။ သင် သည်​ထို​အ​ရပ်​မှ​အ​ဘယ်​အ​ခါ​၌​မျှ အ​သက်​ရှင်​သူ​တို့​ရှိ​ရာ​အ​ရပ်​သို့​ပြန် လာ​ရ​လိမ့်​မည်​မ​ဟုတ်။-
21 I make you a terror, and you are not, And you are sought, and are not found anymore—for all time,” A declaration of Lord YHWH!
၂၁ငါ​သည်​သင့်​ကို​ကြောက်​လန့်​ဖွယ်​ရာ​ဇာတ် သိမ်း​ခန်း​ရောက်​ရ​ပေ​တော့​အံ့။ လူ​တို့​သည် ရှာ​သော်​လည်း​သင့်​ကို​တွေ့​ရ​တော့​မည်​မ ဟုတ်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား ဖြစ်​၏။

< Ezekiel 26 >