< Exodus 24 >

1 And He said to Moses, “Come up to YHWH, you, and Aaron, Nadab, and Abihu, and seventy from [the] elderly of Israel, and you have bowed yourselves far off”;
တဖန် ထာဝရဘုရားက၊ သင်သည် အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် နှင့်တကွ၊ ထာဝရဘုရား ထံ တော်သို့ တက် ၍ ၊ သူတို့သည် ဝေးဝေး ကိုးကွယ် ကြစေ။
2 and Moses has drawn near to YHWH by himself; and they do not draw near, and the people do not go up with him.
သင်တ ယောက်တည်းသာ ထာဝရဘုရား ထံ တော်သို့ ချဉ်းကပ် ရမည်။ အခြားသောသူ မချဉ်း မ ကပ်ရ။ လူ များတို့သည် သင် နှင့်အတူ မ တက် ရကြဟု မောရှေ အား မိန့် တော်မူ၏။
3 And Moses comes in, and recounts to the people all the words of YHWH, and all the judgments, and all the people answer [with] one voice, and say, “All the words which YHWH has spoken we do.”
မောရှေ သည်လည်း လူ များတို့ရှိရာသို့ လာ ၍ ၊ ထာဝရဘုရား ၏ စကား တော်အလုံးစုံ ကို၎င်း၊ စီရင် တော်မူချက်အလုံးစုံ ကို၎င်း ပြန်ကြား ၍၊ လူ များအပေါင်း ကလည်း ၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ ပြု ပါမည်ဟု တ သံ တည်းပြန် ပြောကြ၏။
4 And Moses writes all the words of YHWH, and rises early in the morning, and builds an altar under the hill, and twelve standing pillars for the twelve tribes of Israel;
မောရှေ သည်ထာဝရဘုရား ၏ စကား တော်အလုံးစုံ တို့ကို ရေးထား ပြီးမှ ၊ နံနက် စောစောထ ၍ ၊ တောင် ခြေရင်း ၌ ယဇ် ပလ္လင်ကို၎င်း၊ ဣသရေလ အမျိုး တဆယ် နှစ် မျိုးနှင့်အမျှ ကျောက် တိုင်တဆယ် နှစ် တိုင်ကို၎င်း တည် လေ၏။
5 and he sends the youths of the sons of Israel, and they cause burnt-offerings to ascend, and sacrifice sacrifices of peace-offerings to YHWH—calves.
ဣသရေလ အမျိုးသား လူပျို တို့ကို စေခိုင်း သည်အတိုင်း ၊ သူတို့သည် နွားများကိုယူ၍ ထာဝရဘုရား ရှေ့ မှာ မီးရှို့ သောယဇ်၊ မိဿဟာယ ယဇ် ကို ပူဇော် ကြ၏။
6 And Moses takes half of the blood and puts [it] in basins, and he has sprinkled half of the blood on the altar;
မောရှေ သည်လည်း ၊ အသွေး တဝက် ကို အင်တုံ ၌ ထည့် ၍ ၊ တဝက် ကို ယဇ်ပလ္လင် ပေါ် မှာ ဖြန်း လေ၏။
7 and he takes the Scroll of the Covenant, and proclaims [it] in the ears of the people, and they say, “All that which YHWH has spoken we do, and we obey.”
ပဋိညာဉ် စာ ကိုလည်း ယူ ၍ ၊ ပရိသတ် များရှေ့ မှာ ဘတ် ပြီးလျှင် ၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့် တော်မူသမျှ အတိုင်း အကျွန်ုပ်တို့ပြု ပါမည်၊ နားထောင် ပါမည်ဟု ပြောဆို ကြ၏။
8 And Moses takes the blood and sprinkles [it] on the people, and says, “Behold, the blood of the covenant which YHWH has made with you, concerning all these things.”
မောရှေ သည်လည်း ၊ အသွေး ကို ယူ ၍ လူ များအပေါ် မှာ ဖြန်း လျက် ၊ ဤအသွေးကား ဤအမှုအရာ တို့တွင် သင် တို့၌ ထာဝရဘုရား ဝန်ခံ တော်မူသော ပဋိညာဉ် ၏အသွေး ဖြစ်သည်ဟု ပြောဆို ၏။
9 And Moses goes up, Aaron also, Nadab and Abihu, and seventy from [the] elderly of Israel,
ထိုအခါ မောရှေ ၊ အာရုန် ၊ နာဒပ် ၊ အဘိဟု အစရှိသော ဣသရေလ အမျိုး အသက်ကြီး သူ ခုနစ်ကျိပ် တို့ သည် တက် ၍ ၊
10 and they see the God of Israel, and under His feet [is] as the work of a pavement of sapphire, and as the substance of the heavens for purity;
၁၀ဣသရေလ အမျိုး၏ ဘုရား သခင်ကို မြင် ကြ၏။ ခြေ တော်အောက် ၌ နီလာ ကျောက် ဖြင့်ပြီးသောကျောက် ခင်းကဲ့သို့ ၎င်း၊ ကြည်လင် သော ကောင်းကင် မျက်နှာကဲ့သို့ ၎င်း ထင်လေ၏။
11 and He has not put forth His hand to those of the sons of Israel who are near, and they see God, and eat and drink.
၁၁ဣသရေလ အမျိုးသား မှူးမတ် တို့ကို အပြစ် ပေးတော်မ မူ။ သူတို့သည် ဘုရား သခင်ကို မြင် ရသော်လည်း ၊ စား သောက် လျက် နေကြ၏။
12 And YHWH says to Moses, “Come up to Me [on] the mountain and be there, and I give to you the tablets of stone, and the Law, and the command, which I have written to direct them.”
၁၂ထာဝရဘုရား ကလည်း ၊ ငါ ရှိရာတောင် ပေါ် သို့ တက် ၍ နေ လော့။ လူ များတို့အား သွန်သင် ဘို့ရာ ကျောက် ပြား ပေါ်မှာ ငါရေး ထားသော ပညတ် တရား များကို သင် ၌ ငါအပ် ပေးမည်ဟု မောရှေ အား မိန့် တော်မူလျှင်၊
13 And Moses rises—his minister Joshua also—and Moses goes up to the mountain of God;
၁၃မောရှေ သည် မိမိ လက်ထောက် ယောရှု နှင့်အတူ ထ ၍ ဘုရား သခင်၏ တောင် တော်ပေါ် သို့ တက် သွား၏။
14 and he has said to the elderly, “Abide for us in this [place] until we return to you, and behold, Aaron and Hur [are] with you—he who has matters comes near to them.”
၁၄အသက်ကြီး သူတို့အား လည်း ၊ ငါတို့မ လာ မှီတိုင်အောင်ဤ အရပ်၌ ငံ့ နေကြလော့။ အာရုန် နှင့် ဟုရ သည် သင် တို့၌ ရှိသည်ဖြစ်၍၊ မည်သည့်သူမဆို အမှုအခင်း ရှိလျှင်၊ သူ တို့ထံသို့ သွား စေဟု မှာ ထားလေ၏။
15 And Moses goes up to the mountain, and the cloud covers the mountain;
၁၅မောရှေ သည် တောင် တော်ပေါ် သို့တက် ၍ ၊ မိုဃ်းတိမ် သည် တောင် တော်ကို လွှမ်းမိုး ၏။
16 and the glory of YHWH dwells on Mount Sinai, and the cloud covers it [for] six days, and He calls to Moses on the seventh day from the midst of the cloud.
၁၆ထာဝရဘုရား ၏ ဘုန်း တော်သည် သိနာ တောင် ပေါ် မှာထိ ၍ ၊ မိုဃ်းတိမ် သည် ခြောက် ရက် ပတ်လုံးလွှမ်းမိုး ၏။ သတ္တမ နေ့ရက် ၌ မိုဃ်းတိမ် အထဲ က အသံတော်ထွက်၍၊ မောရှေ ကို ခေါ် တော်မူ၏။
17 And the appearance of the glory of YHWH [is] as a consuming fire on the top of the mountain, before the eyes of the sons of Israel;
၁၇ထာဝရဘုရား ၏ ဘုန်း တော်သည် တောင် ထိပ် ပေါ် မှာလောင် သော မီး ကဲ့သို့ ထင် ၍ ၊ ဣသရေလ အမျိုးသား တို့သည် မြင် ရကြ၏။
18 and Moses goes into the midst of the cloud, and goes up to the mountain, and Moses is on the mountain forty days and forty nights.
၁၈မောရှေ သည် မိုဃ်းတိမ် အထဲသို့ ဝင် သဖြင့် တောင် ပေါ် သို့ရောက် ၍ အရက် လေးဆယ် ပတ်လုံးတောင် ပေါ် မှာ နေ လေ၏။

< Exodus 24 >