< Ecclesiastes 12 >
1 Remember also your Creator in days of your youth, While that the evil days do not come, Nor the years have arrived, that you say, “I have no pleasure in them.”
၁ငါ နေ၍ မ ပြော နိုင်ဟုဆိုရသော ကာလ သည် မနီး၊ ဆိုး သောကာလ မ ရောက် မှီ၊ ယခုအသက် ပျိုစဉ်အခါ ပင်၊ သင့် ကို ဖန်ဆင်း တော်မူသောအရှင်ကို အောက်မေ့ လော့။
2 While that the sun is not darkened, and the light, And the moon, and the stars, And the thick clouds returned after the rain.
၂နေ နှင့် အလင်း ၊ လ နှင့် ကြယ် တို့သည် ကွယ်၍ မိုဃ်း ရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
3 In the day that keepers of the house tremble, And men of strength have bowed themselves, And grinders have ceased, because they have become few. And those looking out at the windows have become dim,
၃ထိုကာလ ၌ အိမ် စောင့် တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့ သောသူ တို့ သည် အားလျော့ ကြလိမ့်မည်။ ဆန် ကြိတ် သောသူတို့သည် နည်း သောကြောင့် ရပ် ကြ လိမ့်မည်။ ပြတင်းပေါက် ဖြင့် ကြည့် သောသူတို့ သည် အလင်း ကွယ်ကြလိမ့်မည်။
4 And doors have been shut in the street. When the noise of the grinding is low, And [one] rises at the voice of the bird, And all daughters of song are bowed down.
၄ကြိတ် သံ လျော့ သောအခါ ၊ လမ်း နား မှာ တံခါးရွက် တို့သည် စေ့ လျက်ရှိလိမ့်မည်။ ငှက် သံ ကိုကြားသောအခါ ၊ စောစောထ လိမ့်မည်။ သီချင်း သည်မ အပေါင်း တို့ သည် အသံ သေးကြလိမ့်မည်။
5 Also of that which is high they are afraid, And of the low places in the way, And the almond-tree is despised, And the grasshopper has become a burden, And want is increased, For man is going to his perpetual home, And the mourners have gone around through the street.
၅ထို ကာလ၌ မြင့် သောအရာတို့ကို ကြောက် ကြ လိမ့်မည်။ လမ်း ၌ ဘေး တွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံ ပင်ပွင့် လိမ့်မည်။ ကျိုင်းကောင် သည် မိမိ ၌မိမိ လေးလိမ့်မည်။ အလို ဆန္ဒလျော့ လိမ့်မည်။ အကြောင်း မူကား၊ လူ သည်ထာဝရ နေရာ သို့ သွား ဆဲရှိ၍ ၊ ငို ခြင်းသည် တို့သည် လမ်း တို့၌ လှည့်လည် ကြ၏။
6 While that the silver cord is not removed, And the golden bowl broken, And the pitcher broken by the fountain, And the wheel broken at the well.
၆ငွေ ကြိုး ပြုတ် ခြင်း၊ ရွှေ ဖလား ကွဲ ခြင်း၊ စမ်းရေ တွင်း ၌ ရေပုံး ပေါက် ခြင်း၊ ရေကျင်း နား မှာစက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။
7 And the dust returns to the earth as it was, And the spirit returns to God who gave it.
၇ထိုကာလ၌ မြေမှုန့် သည် နေရင်းမြေ သို့ ၎င်း၊ ဝိညာဉ် သည် အရင်ပေး တော်မူသောဘုရား သခင့်ထံသို့ ၎င်း ပြန် သွားရလိမ့်မည်။
8 Vanity of vanities, said the preacher, the whole [is] vanity.
၈အနတ္တ သက်သက်၊ အလုံးစုံ တို့သည် အနတ္တ ဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာ ဟော ၏။
9 And further, because the preacher was wise, he still taught the people knowledge, and gave ear, and sought out—he made right many allegories.
၉ဓမ္မဒေသနာဆရာ သည် ပညာရှိ သည်အတိုင်း ၊ ပရိသတ် တို့အား ပညာ အတတ်ကို သွန်သင် လေ့ရှိ၏။ လုံ့လ ဝိရိယပြုလျက် များစွာ သော သုတ္တံ စကားတို့ကို ရှာဖွေ ၍စီရင်၏။
10 The preacher sought to find out pleasing words, and [that] written [by] the upright—words of truth.
၁၀ဓမ္မဒေသနာဆရာ သည် နားထောင် ဘွယ်သော စကား ကိုရှာ ၍ ၊ ရေးထား ချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာ စကား ဖြစ်၏။
11 Words of the wise [are] as the goads, and as nails planted [by] the masters of collections, they have been given by one Shepherd.
၁၁ပညာရှိ သောသူ၏စကား သည် တုတ်ချွန် နှင့် ၎င်း၊ တပါး တည်းသော သိုးထိန်း ကြီးအပ်ပေး တော်မူ၍ ၊ ပရိသတ် အုပ်တို့ ရိုက် ထားသောသံချွန် နှင့် ၎င်း တူ၏။
12 And further, from these, my son, be warned; the making of many scrolls has no end, and much study [is] a weariness of the flesh.
၁၂တဖန်တုံ ၊ ငါ့ သား ၊ ထိုသို့သောစကားအားဖြင့်ဆုံးမ ခြင်းကိုခံ လော့။ စာ များကိုစီရင် ၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ် ကိုနှောင့်ရှက် သောအမှုဖြစ်၏။
13 The end of the whole matter let us hear: “Fear God, and keep His commands, for this [is] the whole of man.
၁၃အချုပ်အခြာ စကား ဟူမူကား၊ ဘုရား သခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ် တော်တို့ကို စောင့်ရှောက် လော့။ ဤ ရွေ့ကား၊ လူ နှင့်ဆိုင်သော အမှုအရာအလုံးအစုံ တို့ကို ချုပ်ခြာသတည်း။
14 For every work God brings into judgment, with every hidden thing, whether good or bad.”
၁၄အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။