< Deuteronomy 23 >

1 “No one wounded, bruised, or cut in the genitals enters into the assembly of YHWH;
ယောက်ျား ၏ အင်္ဂါလက္ခဏာ မ စုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။
2 a bastard does not enter into the assembly of YHWH; even a tenth generation of him does not enter into the assembly of YHWH.
မျောက်မထား ၍ ရသောသားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
3 An Ammonite and a Moabite do not enter into the assembly of YHWH; even a tenth generation of them do not enter into the assembly of YHWH—for all time,
အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ကာလ အစဉ်မကုန်၊ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
4 because that they have not come before you with bread and with water in the way, in your coming out from Egypt, and because he has hired against you Balaam son of Beor, of Pethor of Aram-Naharaim, to revile you;
အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
5 and your God YHWH has not been willing to listen to Balaam, and your God YHWH turns the reviling to a blessing for you, because your God YHWH has loved you;
သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
6 you do not seek their peace and their good all your days—for all time.
သင် သည် သူ တို့ချမ်းသာ ၊ သူ တို့စည်းစိမ် ကို တသက်လုံး အစဉ် မ ပြုစု ရ။
7 You do not detest an Edomite, for he [is] your brother; you do not detest an Egyptian, for you have been a sojourner in his land;
ဧဒုံ အမျိုးသားကို မူကား၊ မ မုန်း ရ။ သူ သည် သင် ၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မ မုန်း ရ။ သူ ၏ပြည် ၌ သင်သည် ကျွန် ခံ ခဲ့ဘူးပြီ။
8 sons who are begotten of them, a third generation of them, enter into the assembly of YHWH.
သူ တို့အမျိုးအနွယ် သည် သုံး ဆက် မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။
9 When a camp goes out against your enemies, then you have kept from every evil thing.
ရန်သူ တို့ကို စစ်တိုက် သွားသောအခါ ၊ မ တရား သောအမှု ရှိသမျှ ကို ရှောင် လော့။
10 When there is a man who is not clean in you, from an accident at night, then he has gone out to the outside of the camp; he does not come into the midst of the camp;
၁၀ညဉ့် အချိန်၌ ရောက် တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မ စင်ကြယ် သော သူ သည် သင် တို့တွင် ရှိ လျှင် သူသည် တပ် ပြင် သို့ ထွက် ရမည်၊ တပ် ထဲသို့ မ ဝင် ရ။
11 and it has been, at the turning of the evening, he bathes with water, and at the going in of the sun he comes into the midst of the camp.
၁၁မိုဃ်းချုပ် သောအခါ ရေချိုး ၍ ၊ နေ ဝင် ပြီးမှ တပ် ထဲသို့ ဝင် ရမည်။
12 And you have a station at the outside of the camp, and you have gone out there outside;
၁၂သင့် ကျင်ကြီးစွန့်ရာအရပ် သည် တပ် ပြင် ၌ ရှိ ရ မည်။
13 and you have a peg on your staff, and it has been, in your sitting outside, that you have dug with it, and turned back, and covered your filth.
၁၃တပ်ပြင် သို့ထွက်၍ စွန့် သောအခါ ၊ ကိုယ် ၌ပါသော သစ်သား တူးရွင်းနှင့် မြေ ၌ တူး ရမည်။ နောက် တဖန် လှည့် ၍ မစင် ကို ဖုံးအုပ် ရမည်။
14 For your God YHWH is walking up and down in the midst of your camp, to deliver you and to give your enemies before you, and your camp has been holy, and He does not see the nakedness of anything in you, and has turned back from after you.
၁၄အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုကယ်တင် ၍ ရန်သူ တို့ကို သင့် လက်၌ အပ် ခြင်းငှာ ၊ သင် ၏တပ် ထဲမှာ သွား လာတော်မူ၏။ ထို့ကြောင့် ၊ သင့် အထဲ ၌ မ စင်ကြယ်သောအရာ တစုံတခုကို မြင် ၍ သင် မှ ရှောင် သွားတော် မ မူမည်အကြောင်း ၊ သင် ၏ တပ် သည် သန့်ရှင်း ရမည်။
15 You do not shut up a servant to his lord, who escapes to you from his lord;
၁၅မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။
16 he dwells with you in your midst, in the place which he chooses within one of your gates, where it is pleasing to him; you do not oppress him.
၁၆ထို ကျွန်သည် အလို အလျောက်နေချင်သော အရပ် ၊ သင့် နေရာ မြို့ တစုံ တမြို့၌ သင့် ထံမှာ နေ ရသော အခွင့်ရှိ၏။ သူ့ ကို မ ညှဉ်းဆဲ ရ။
17 There is not a whore among the daughters of Israel, nor is there a whoremonger among the sons of Israel;
၁၇ဣသရေလ အမျိုးသမီး တို့တွင် ပြည်တန်ဆာ မ ရှိ ရ။ ဣသရေလ အမျိုးသား တို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မ ရှိ ရ။
18 you do not bring the wage of a whore or the price of a dog into the house of your God YHWH for any vow; for even both of them [are] an abomination [to] your God YHWH.
၁၈ပြည်တန်ဆာ လုပ်၍ ရ သောငွေ၊ ခွေး ကိုရောင်း ၍ ရသောငွေကိုသစ္စာ ဂတိပြေစေခြင်းငှာ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်သို့ မ သွင်း ရ။ ထိုသို့ သောငွေကို စက်ဆုပ် ရွံရှာတော်မူ၏။
19 You do not lend in usury to your brother—usury of money, usury of food, usury of anything which is lent on usury.
၁၉သင် ၏ အမျိုးသားချင်း၌ အတိုး ယူ၍၊ ငွေ ၊ စားစရာ ၊ အသုံး အဆောင်ကို မ ချေး မငှားရ။
20 You may lend in usury to a stranger, but you do not lend in usury to your brother, so that your God YHWH blesses you in every putting forth of your hand on the land to where you go in to possess it.
၂၀တပါး အမျိုးသား၌ အတိုး ယူ၍ ချေးငှားရ၏။ သင် သွား ၍ ဝင်စား သော ပြည် တွင် သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေး တော်မူမည်အကြောင်း ၊ အမျိုးသား ချင်း၌ အတိုး ယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
21 When you vow a vow to your God YHWH, you do not delay to complete it; for your God YHWH certainly requires it from you, lest it has been sin in you.
၂၁သင် ၏ဘုရားသခင် ထာဝရဘုရား အား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက် လိမ့်မည်။
22 And when you refrain to vow, it is not sin in you.
၂၂သစ္စာ ဂတိ မထားဘဲနေလျှင် အပြစ် မ ရောက်။
23 You keep and have done the utterance of your lips, as you have vowed to your God YHWH, a free-will offering which you have spoken with your mouth.
၂၃သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။
24 When you come into the vineyard of your neighbor, then you have eaten grapes according to your desire, your sufficiency, but you do not put [any] into your vessel.
၂၄သင် သည် အိမ်နီးချင်း ၏ စပျစ် ဥယျာဉ်ထဲသို့ ဝင် သောအခါ ၊ အလို အလျောက်စပျစ်သီး ကို ဝ စွာစား ရ သော်လည်း မ သိမ်း မယူရ။
25 When you come in among the standing grain of your neighbor, then you have plucked the ears with your hand, but you do not wave a sickle over the standing grain of your neighbor.”
၂၅အိမ်နီးချင်း ၏ စပါး လယ်ထဲသို့ ဝင် သောအခါ၊ စပါးနှံ ကိုလက် နှင့် ဆွတ် ရသော်လည်း တံစဉ် နှင့်မ ရိတ် ရ။

< Deuteronomy 23 >