< Amos 5 >
1 Hear this word that I am bearing to you, A lamentation, O house of Israel:
၁အိုဣသရေလ အမျိုး ၊ ယခုသင် တို့၌ ငါ မြွက်ဆို ၍ မြည်တမ်း သောစကား ကို နားထောင် ကြလော့။
2 “Fallen, not to rise again, has the virgin of Israel, Left on her land—she has none [to] raise [her] up.”
၂ဣသရေလ သတို့သမီး ကညာသည်လဲ ပြီ။ နောက် တဖန်မ ထ ရ။ မိမိ မြေ ပေါ်မှာ တုံးလုံး နေ၏။ ချီကြွ သောသူမ ရှိ။
3 For thus said Lord YHWH: “The city that is going out one thousand, Leaves one hundred, And that which is going out one hundred, Leaves ten to the house of Israel.”
၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဣသရေလ အမျိုး ၏ အမှုကိုထမ်းစေဘို့ လူတထောင်ကိုပေး နိုင်သောမြို့သည် လူတရာ၊ တရာကို ပေးနိုင်သော မြို့သည် တကျိပ် ကိုသာပေး နိုင်လိမ့်မည်။
4 For thus said YHWH to the house of Israel: “Seek Me, and live,
၄ထာဝရဘုရား သည် ဣသရေလ အမျိုး အား မိန့် တော်မူသည်ကား ၊ ငါ့ ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။
5 And do not seek Beth-El, and do not enter Gilgal, And do not pass through Beer-Sheba, For Gilgal utterly removes, And Beth-El becomes vanity.
၅ဗေသလ မြို့ကို မ ရှာ ကြနှင့်။ ဂိလဂါလ မြို့သို့မ ဝင် ကြနှင့်။ ဗေရရှေဘ မြို့သို့ မ သွား ကြနှင့်။ အကြောင်း မူကား၊ ဂိလဂါလ မြို့သည် ဆက်ဆက်သိမ်းသွား ခြင်းကိုခံရလိမ့်မည်။ ဗေသလ မြို့သည်လည်း ၊ အကျိုးနည်း ရှိ ရလိမ့်မည်။
6 Seek YHWH, and live, Lest He prosper as fire [against] the house of Joseph, And it has consumed, And there is no quencher for Beth-El—
၆ထာဝရဘုရား ကို ရှာ ကြလော့။ ရှာလျှင် အသက် ချမ်းသာရကြလိမ့်မည်။ သို့မဟုတ် လျှင်၊ ယောသပ် အမျိုး အပေါ်မှာ မီး ကဲ့သို့ တက်၍၊ အဘယ်သူမျှမ ငြိမ်း နိုင်အောင် ဣသရေလအမျိုးကို လောင် စေတော်မူမည်။
7 You who are turning judgment to wormwood, And have put down righteousness to the earth!”
၇တရား သဖြင့် စီရင်ခြင်းကို ဒေါန ဖြစ် စေ၍ ဖြောင့်မတ် ခြင်းတရားကို မြေ သို့ ချ ကြပြီးသောသူတို့ ၊
8 The Maker of the Pleiades and Orion, And He who is turning death-shade to the morning—And He has made day [as] dark [as] night—Who is calling to the waters of the sea, And pours them on the face of the earth, YHWH [is] His Name;
၈ခိမ ကြယ်စုနှင့် ခသိလ ကြယ်ကို ဖန်ဆင်း ထသော၊ သေမင်း အရိပ်ကို နံနက် အလင်း ဖြစ် စေခြင်းငှါ ၎င်း ၊ နေ့ အလင်းကို ညဉ့် အမိုက် ဖြစ်စေခြင်းငှါ၎င်း စီရင်ထသော၊ ပင်လယ် ရေ ကိုခေါ် ၍ မြေ ပေါ် မှာသွန်းလောင်း ထသော၊ ထာဝရဘုရား တည်းဟူသောဘွဲ့ နာမရှိထသော၊
9 Who is brightening up the spoiled against the strong, And the spoiled comes against a fortress.
၉ခွန်အား ကြီးသောသူတို့ကို၎င်း၊ ရဲတိုက် တို့ကို ၎င်းဖျက်ဆီး တော်မူသောဘုရားကို ရှာကြလော့။
10 They have hated a reprover in the gate, And they detest a plain speaker.
၁၀မြို့တံခါး ဝတွင် ဆုံးမ တတ်သောသူကို မုန်း ၍ ဖြောင့်မတ် စွာပြော တတ်သောသူကို ရွံ့ရှာ ကြပြီတကား။
11 Therefore, because of your trampling on the poor, And the tribute of grain you take from him, Houses of hewn work you have built, And you do not dwell in them, Desirable vineyards you have planted, And you do not drink their wine.
၁၁သင် တို့သည် ဆင်းရဲသား ကိုနှိပ်စက် ၍ ဂျုံစပါး ကို တောင်းခံ တတ်သောကြောင့် ၊ ဆစ် သောကျောက်နှင့် တိုက် ကိုတည် သော်လည်း ထို တိုက်၌ မ နေ ရကြ။ နှစ်သက် ဘွယ်သော စပျစ် ဥယျာဉ်ကိုစိုက် သော်လည်း ၊ စပျစ်ရည် ကို မ သောက် ရကြ။
12 For I have known—many [are] your transgressions, And mighty your sins, Adversaries of the righteous, taking ransoms, And you turned aside the needy in the gate.
၁၂သင် တို့အထပ်ထပ် လွန်ကျူးသော ဒုစရိုက် ၊ အလွန် လေးသော အပြစ် တို့ကို ငါသိ ၏။ ဖြောင့်မတ် သောသူကို နှောင့်ရှက် တတ်ကြ၏။ တံစိုး စား တတ်ကြ၏။ ဆင်းရဲသား ကို တံခါးဝ တွင် မ တရားသဖြင့် စီရင်တတ် ကြ၏။
13 Therefore the wise is silent at that time, For it [is] an evil time.
၁၃ထိုသို့ သောကာလ သည် ဆိုးယုတ် သောကာလ ဖြစ်သောကြောင့် ၊ ပညာရှိ သောသူသည် တိတ်ဆိတ် စွာ နေလိမ့်မည်။
14 Seek good, and not evil, that you may live, and it is so; YHWH, God of Hosts, [is] with you, as you said.
၁၄အသက် ချမ်းသာစေခြင်းငှါ ဒုစရိုက် ကိုရှောင် ၍ သုစရိုက် ကို ရှာ ကြလော့။ ထိုသို့ ပြုလျှင်၊ သင်တို့ဆို တတ် သည်အတိုင်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိ တော်မူလိမ့်မည်။
15 Hate evil, and love good, And set up judgment in the gate, It may be YHWH, God of Hosts, pities the remnant of Joseph.
၁၅ဒုစရိုက် ကို မုန်း ၍ သုစရိုက် ကို ချစ် ကြလော့။ မြို့တံခါးဝ တွင် တရား ကို တည် စေကြလော့။ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ထာဝရဘုရား သည် ကျန်ကြွင်း သောယောသပ် အမျိုးကို သနားကောင်းသနား တော်မူလိမ့်မည်။
16 Therefore, thus said YHWH, God of Hosts, the Lord: “Lamentation is in all broad places, And in all out-places they say, Oh! Oh! And called the farmer to mourning, And the skillful of wailing to lamentation.
၁၆ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ခပ်သိမ်း သောလမ်း တို့၌ မြည်တမ်း ခြင်းရှိ၍ သွား လာသောသူတို့က၊ အလိုလေး ၊ အလိုလေး ဟု ဆို ကြလိမ့်မည်။ လယ်လုပ် သောသူသည် ညည်းတွား စေ ခြင်းငှါ၎င်း ၊ မြည်တမ်း တတ်သောသူသည် ငိုကြွေး မြည်တမ်းစေ ခြင်းငှါ၎င်း ခေါ် ကြလိမ့်မည်။
17 And in all vineyards [is] lamentation, For I pass into your midst,” said YHWH.
၁၇ခပ်သိမ်း သောစပျစ် ဥယျာဉ်တို့၌ လည်း မြည်တမ်း ခြင်းရှိလိမ့်မည်။ အကြောင်း မူကား၊ ငါသည် သင် တို့အလယ် ၌ ရှောက်သွား မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 Behold, you who are desiring the Day of YHWH, Why [is] this to you—the Day of YHWH? It is darkness, and not light,
၁၈ထာဝရဘုရား ၏နေ့ရက် ကို တောင့်တ သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ သင်တို့သည် အဘယ် အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား ၏ နေ့ရက် သည် သင် တို့၌ လင်း သည်မ ဟုတ်၊ အမိုက် ဖြစ်လိမ့်မည်။
19 As [when] one flees from the face of the lion, And the bear has met him, And he has come into the house, And has leaned his hand on the wall, And the serpent has bitten him.
၁၉လူ သည် ခြင်္သေ့ ရှိ ရာမှပြေး ၍ ဝံ ကိုတွေ့ သကဲ့သို့ ၎င်း ၊ အိမ် ထဲသို့ ဝင် ၍ ထရံ ကို မှီ စဉ် မြွေ ကိုက် သကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
20 Is not the Day of YHWH darkness and not light, Even thick darkness that has no brightness?
၂၀ထာဝရဘုရား ၏ နေ့ရက် သည်မ လင်း ဘဲ မိုက် လိမ့်မည်။ ထွန်းလင်း ခြင်း အလျှင်း မရှိ၊ အမိုက် သက်သက် ဖြစ်လိမ့်မည်။
21 “I have hated—I have loathed your festivals, And I am not refreshed by your restraints.
၂၁သင် တို့စောင့်သောပွဲ နေ့တို့ကို ငါမုန်း ၏။ စက်ဆုပ် ရွံရှာ၏။ ခြိုးခြံ စွာကျင့်သော နေ့ရက်တို့၌ ငါမ မွေ့လျော် ။
22 For though you cause burnt-offerings and your presents to ascend to Me, I am not pleased, And I do not behold the peace-offering of your fatlings.
၂၂မီး ရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာတို့ကို ဆက်ကပ် သော်လည်း ငါ လက်မ ခံ။ ဆူဝ သော တိရစ္ဆာန် တို့ကို မိဿဟာယ ယဇ်ပူဇော်သော်လည်း ငါသည် ပမာဏ မ ပြု။
23 Turn the noise of your songs aside from Me, Indeed, I do not hear the praise of your stringed instruments.
၂၃သင် တို့သီချင်း ဆိုသံ ကို ပယ်ရှား ကြလော့။ တယော ထိုးသံ ကို ငါ နားငြီးလှ၏။
24 And judgment rolls on as waters, And righteousness as a perennial stream.
၂၄တရား သဖြင့် စီရင်ခြင်းကို ရေ ကဲ့သို့ ၎င်း ၊ ဖြောင့်မတ် ခြင်းကို မ ပြတ်စီးသော မြစ် ရေကဲ့သို့ ၎င်း စီး စေ ကြလော့။
25 Did you bring sacrifices and offerings near to Me, In a wilderness forty years, O house of Israel?
၂၅အိုဣသရေလ အမျိုး ၊ သင်တို့သည် ယဇ် နှင့် ပူဇော် သက္ကာများကို တော ၌ အနှစ် လေးဆယ် ပတ်လုံးငါ့ အား ပူဇော် ကြသလော။
26 And you bore Succoth your king, and Chiun your images, The star of your god, that you made for yourselves.
၂၆သင်တို့ဘုရား မောလုပ်၏တဲနှင့် သင်တို့ဘုရား ခိအုန်၏ကြယ်တည်းဟူသောကိုယ်အဘို့ လုပ်သော ပုံတို့ ကို ဆောင်ရွက်ကြပြီတကား။
27 And I removed you beyond Damascus,” said YHWH—God of Hosts [is] His Name.
၂၇ထိုကြောင့် ၊ သင် တို့ကို ဒမာသက် မြို့တဘက် သို့ သိမ်း သွားစေ ခြင်းငှါ ငါစီရင်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ဘုရား သခင်ဟူ၍ဘွဲ့ နာမရှိသော ထာဝရဘုရား မိန့် တော်မူ၏။