< 2 Peter 1 >
1 Simeon Peter, a servant and an apostle of Jesus Christ, to those who obtained an equally precious faith with us in the righteousness of our God and Savior Jesus Christ:
၁ယေရှု ခရစ် ၏ကျွန် တမန်တော် ငါရှိမုန် ပေတရု သည် ကယ်တင် တော်မူသောအရှင်၊ ငါ တို့ဘုရားသခင် ယေရှု ခရစ် ၏ ဖြောင့်မတ် ခြင်းတရားကို ငါ တို့ ယုံကြည် သည်နည်းတူ ၊ မြတ်စွာသော ယုံကြည်ခြင်း ကို ရသောသူ တို့အား ကြားလိုက်ပါ၏။
2 Grace and peace be multiplied to you in the acknowledgment of God and of Jesus our Lord!
၂ဘုရားသခင် ကို၎င်း ၊ ငါ တို့သခင် ယေရှု ကို၎င်း၊ သိသောဉာဏ် အားဖြင့် ၊ ကျေးဇူး တော်နှင့် ငြိမ်သက် ခြင်းသည် သင် တို့၌များပြား ပါစေသော။
3 As His divine power has given to us all things pertaining to life and piety, through the acknowledgment of Him who called us through glory and virtue,
၃ထိုသို့နှင့်အညီ ငါ တို့ကိုဘုန်းတန်ခိုး တော်နှင့် ခေါ် တော်မူသော ဘုရား ကို သိသောဉာဏ် အားဖြင့် ၊ ငါ တို့အားအသက် ရှင်ခြင်း၊ ဘုရား ဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှ တို့ကို ဘုရား တန်ခိုး တော်သည် ပေး သနားတော်မူပြီ။
4 through which the most great and precious promises have been given to us, that through these you may become partakers of a divine nature, having escaped from the corruption [and] lust in the world.
၄ထိုသို့သောအားဖြင့် လည်း အလွန်ကြီးမြတ် ၍ အဘိုး ထိုက်သော ဂတိ များကို ငါ တို့၌အပ်ပေး တော်မူပြီ။ အကြောင်းမူကား၊ ထို ဂတိတော် များ ကို အမှီပြု ၍ သင်တို့သည် လောကီ တပ်မက် ခြင်းအညစ်အကြေး နှင့် ကင်းလွတ် သဖြင့်၊ ဘုရား ပကတိ ကိုဆက်ဆံ ရသောသူ ဖြစ် ကြမည်အကြောင်း တည်း။
5 And [for] this same [reason] also, having brought in all diligence, supplement your faith with virtue, and with virtue—knowledge,
၅ထိုသို့ အလိုငှာ၊ သင် တို့သည် ယုံကြည် ခြင်း၌ သီလ ကို၎င်း ၊ သီလ ၌ ပညာ ကို၎င်း၊
6 and with knowledge—self-control, and with self-control—endurance, and with endurance—piety,
၆ပညာ ၌ ကာမဂုဏ် ချုပ်တည်းခြင်းကို၎င်း ၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်းခံ ခြင်းကို၎င်း၊ သည်းခံ ခြင်း၌ ဘုရား ဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊
7 and with piety—brotherly kindness, and with brotherly kindness—love;
၇ထိုမွေ့လျော် ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကို၎င်း ၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ် ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။
8 for these things being in you and abounding, make [you] neither inert nor unfruitful in regard to the knowledge of our Lord Jesus Christ,
၈အကြောင်းမူကား ၊ ထိုပါရမီ တို့သည် သင် တို့၌ ရှိ ၍ ကြွယ်ဝ လျှင်၊ ငါ တို့သခင် ယေရှု ခရစ် ကို သိကျွမ်း ခြင်း၌ မ ပျင်းရိ စေခြင်းငှာ၎င်း၊ အကျိုးမဲ့ မ ဖြစ်စေခြင်းငှာ၎င်း၊ ပြုပြင်တတ်ကြ၏။
9 for he with whom these things are not present is blind, dim-sighted, having become forgetful of the cleansing of his old sins;
၉ထို ပါရမီနှင့် ကင်း သောသူ မူကား ၊ မျက်စိ ကန်း၏။ ကိုယ်မျက်စိကိုကိုယ်ပိတ် ၏။ မိမိ အပြစ် ဟောင်း ဆေးကြော ကြောင်းကို မေ့လျော့ ၏။
10 therefore, rather, brothers, be diligent to make steadfast your calling and [divine] selection, for doing these things you may never stumble;
၁၀ထိုကြောင့် ၊ ညီအစ်ကို တို့၊ သင် တို့ခံရ သော ခေါ် တော်မူခြင်းနှင့် ရွေးချယ် တော်မူခြင်းကို တည်မြဲ စေခြင်းငှာသာ၍ ကြိုးစား အားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊
11 in this way the entrance into the continuous kingdom of our Lord and Savior Jesus Christ will be richly supplemented to you. (aiōnios )
၁၁ငါ တို့ကို ကယ်တင် တော်မူသောအရှင်သခင် ယေရှု ခရစ် ၏ ထာဝရ နိုင်ငံ တော်ထဲသို့ ဝင်စား ခြင်းအခွင့် ကို သင် တို့အားကြွယ်ဝ စွာပေး သနားတော်မူလတံ့။ (aiōnios )
12 Therefore, I will always be ready to remind you about these things, although you have known [them] and have been established in the present truth,
၁၂ထိုကြောင့် ၊ ယခု ဟောပြောသောသမ္မာတရား ကို သင်တို့သည် နားလည် ၍ တည်ကြည် ခြင်းရှိသော်လည်း ၊ ဤသို့သောစကားများနှင့် သင် တို့အား အစဉ်မပြတ် သတိပေး မည် အမှုကို ငါမမေ့မလျော့။
13 and I think right, so long as I am in this tent, to stir you up in reminding [you],
၁၃ငါ တို့သခင် ယေရှု ခရစ် သည် ဗျာဒိတ် ပေးတော်မူသည်အတိုင်း ၊
14 having known that the laying aside of my tent is soon, even as our Lord Jesus Christ also showed to me.
၁၄ငါ တည်းခို ရာတဲကို မ ကြာမမြင့်မှီ ငါပစ် သွားရမည်အရာ ကို ငါသိမှတ် ၍၊ ဤ တဲ ၌ ရှိ နေစဉ်ကာလ ပတ်လုံး ၊ သင် တို့ကို သတိပေး ၍ နှိုးဆော် အပ်သည်ဟု ငါသဘော ရှိ၏။
15 And I will also be diligent [to ensure] that you always have a remembrance to make of these things after my departure.
၁၅ထိုမှတစ်ပါး ၊ ငါ စုတေ့သည်နောက် ၊ သင် တို့သည် ဤ အရာများကို အစဉ် မှတ်မိ စေခြင်းငှာငါ ကြိုးစားအားထုတ်မည်။
16 For having not followed out skillfully devised fables, we made known to you the power and coming of our Lord Jesus Christ, but having become eyewitnesses of His majesty—
၁၆ငါ တို့သခင် ယေရှု ခရစ် ၏ တန်ခိုး တော်ကို၎င်း ၊ ကြွလာ တော်မူခြင်းကို၎င်း၊ သင် တို့အား ကြားပြော သောအခါ၊ ငါတို့သည် ပရိယာယ် နှင့် ပြင်ဆင် သော ဒဏ္ဍာရီ စကားကိုမ လိုက် ၊ ဘုန်း အာနုဘော်တော်ကို ကိုယ်တိုင် မြင် သော သူ ဖြစ် ကြ၏။
17 for having received honor and glory from God the Father, such a voice being borne to Him by the Excellent Glory: “This is My Son, the Beloved, in whom I delighted”;
၁၇အဘယ်သို့ နည်းဟူမူကား၊ ဤသူ သည် ငါ နှစ်သက် မြတ်နိုးရာ၊ ငါ ၏ ချစ်သား ပေတည်းဟူသောအသံ တော်သည်၊ ထူးမြတ် သောအရောင်အဝါ တော်ထဲက၊ ထိုသခင် သို့ရောက် သောအခါ၊ ခမည်းတော် ဘုရားသခင့် အထံ တော်မှ ဂုဏ်သရေ ဘုန်း အာနုဘော်ကိုခံရ တော်မူ၏။
18 and we heard this voice borne out of Heaven, being with Him at the holy mountain.
၁၈ကောင်းကင် က ရောက်လာ သော ထို အသံ တော် ကို ငါ တို့သည် သန့်ရှင်း သောတောင် ပေါ်မှာ သခင် ဘုရား နှင့်အတူ ရှိ သောအခါကြား ရကြ၏။
19 And we have a more firm prophetic word, to which we do well giving heed, as to a lamp shining in a dark place, until day may dawn, and [the] morning star may arise in your hearts;
၁၉ထိုမှတစ်ပါး၊ သာ၍ မြဲမြံသော အနာဂတ္တိ စကား တော်သည် ငါတို့၌ ရှိသေး၏။ စိတ် နှလုံးထဲ၌ အာရုဏ်တက် ၍ ကြယ်နီပေါ်ထွက် သည် ကာလ တိုင်အောင် ၊ ထို အနာဂတ္တိ စကား တော်ကို မှောင်မိုက် အရပ် ၌ ထွန်းလင်း သောဆီမီး ကဲ့သို့ မှတ် ၍၊ သင်တို့သည် အမှီပြုသင့်ကြ၏။
20 knowing this first, that no prophecy of the Writing comes of private exposition,
၂၀ကျမ်းစာ ၌ပါသော အနာဂတ္တိ စကားမည်သည်ကား ၊ ကိုယ် အလိုအလျောက်အနက် မ ပေါ်ဟု ရှေ့ဦးစွာ သိမှတ် ကြလော့။
21 for prophecy never came by [the] will of man, but men spoke from God, being brought by the Holy Spirit.
၂၁အကြောင်းမူကား ၊ အနာဂတ္တိ စကားသည် လူ အလို အားဖြင့်ဖြစ် ဘူးသည်မ ဟုတ်၊ ဘုရားသခင် ၏ သန့်ရှင်း သောသူ တို့သည် သန့်ရှင်းသော ဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြော ကြ၏။