< 2 Kings 14 >

1 In the second year of Joash son of Jehoahaz, king of Israel, Amaziah son of Joash, king of Judah, has reigned;
ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ နန်းစံ နှစ် နှစ် တွင်၊ “
2 he was a son of twenty-five years in his reigning, and he has reigned twenty-nine years in Jerusalem, and the name of his mother [is] Jehoaddan of Jerusalem,
ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည်အသက်နှစ်ဆယ် ငါး နှစ် ရှိ သော် နန်း ထိုင်၍ ယေရုရှလင် မြို့၌ နှစ်ဆယ် ကိုး နှစ် စိုးစံ ၏။ မယ်တော် ကား၊ ယေရုရှလင် မြို့သူ ယုဒ္ဒန် အမည် ရှိ၏
3 and he does that which [is] right in the eyes of YHWH, only not like his father David; he has done according to all that his father Joash did,
ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ တရား သော အမှုကိုပြု သော်လည်း ၊ အဘ ဒါဝိဒ် ၏ အကျင့်ကိုမမှီ ၊ ခမည်းတော် ယောရှ ပြု သမျှ အတိုင်း ပြု ၏
4 only, the high places have not been removed—the people are still sacrificing and making incense in high places.
သို့ရာတွင် မြင့် သောအရပ်တို့ကို မ ပယ်ရှား သောကြောင့်၊ လူ တို့သည် ထိုအရပ် တို့၌ ယဇ် ပူဇော်၍ နံ့သာပေါင်းကို မီးရှို့ ကြ၏
5 And it comes to pass, when the kingdom has been strong in his hand, that he strikes his servants, those striking his father the king,
အာမဇိသည် မင်း အာဏာတည် သောအခါ ၊ ခမည်းတော် မင်းကြီး ကိုသတ် သော ကျွန် တို့ကိုသတ် လေ ၏
6 and the sons of those striking [him] he has not put to death, as it is written in the Scroll of the Law of Moses that YHWH commanded, saying, “Fathers are not put to death for sons, and sons are not put to death for fathers, but each is put to death for his own sin.”
သား အတွက် အဘ သည် အသေ မ ခံရ။ အဘ အတွက် သားသည် အသေမ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် အသေ ခံရ၏ဟု မောရှေ ပညတ္တိ ကျမ်းစာ ၌ ရေးထား လျက်ရှိသောထာဝရဘုရား ၏ ပညတ်တော် ကို စောင့်ရှောက်၍ ခမည်းတော်ကိုသတ်သောသူတို့၏ သား များကိုမ သတ် ဘဲ နေ၏
7 He has struck ten thousand of Edom in the Valley of Salt, and seized Selah in war, and [one] calls its name Joktheel to this day,
အာမဇိမင်းသည် ဧဒုံ အမျိုးသားတသောင်း ကို ဆားချိုင့် ၌ သတ် ၍ သေလ မြို့ကို တိုက် သဖြင့် ၊ ယနေ့ တိုင်အောင် ယုဿေလ ဟူ၍သမုတ် လေ၏
8 then Amaziah has sent messengers to Jehoash son of Jehoahaz, son of Jehu, king of Israel, saying, “Come, we look one another in the face.”
ထိုအခါ ဣသရေလ ရှင်ဘုရင် ယေဟု သား ယောခတ် ၏ သား ယဟောရှ ထံသို့ သံတမန် ကို စေလွှတ် ၍ ၊ ငါတို့သည် မျက်နှာ ချင်းဆိုင် မိကြကုန်အံ့ဟု မှာလိုက် လျှင်၊”
9 And Jehoash king of Israel sends to Amaziah king of Judah, saying, “The thorn that [is] in Lebanon has sent to the cedar that [is] in Lebanon, saying, Give your daughter to my son for a wife; and a beast of the field that [is] in Lebanon passes by, and treads down the thorn.
ဣသရေလ ရှင်ဘုရင် ယဟောရှ က၊ လေဗနုန် ဆူး ပင်သည် လေဗနုန် အာရဇ် ထံသို့ စေလွှတ် ၍ ၊ သင့် သမီး ကို ငါ့ သား နှင့် ပေးစား ပါဟု ဆို စဉ်တွင် ၊ လေဗနုန် သားရဲ တကောင်သည် ရှောက်သွား ၍ ဆူး ပင်ကို နင်း မိ ၏
10 You have certainly struck Edom, and your heart has lifted you up; be honored, and abide in your house; and why do you stir yourself up in evil, that you have fallen, you and Judah with you?”
၁၀သင်သည် ဧဒုံ ပြည်ကို လုပ်ကြံ သောကြောင့် စိတ် မြင့် လှ၏။ ကိုယ်နေရာ၌ တတ်တိုင်းဝါကြွားလျက် နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက် ၍ ဆုံးရှုံးစေခြင်းငှါအဘယ်ကြောင့်အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကိုပြန်၍ မှာလိုက်လေ၏
11 And Amaziah has not listened, and Jehoash king of Israel goes up, and they look one another in the face, he and Amaziah king of Judah, in Beth-Shemesh, that [is] Judah’s,
၁၁ထိုစကားကို အာမဇိ သည် နား မ ထောင်သောကြောင့် ၊ ဣသရေလ ရှင် ဘုရင်သည် စစ်ချီ ၍ ရှင်ဘုရင် နှစ်ပါးတို့သည် ယုဒ ပြည် ဗက်ရှေမက် မြို့၌ မျက်နှာ ချင်း ဆိုင်မိကြသဖြင့်၊ “
12 and Judah is struck before Israel, and they each flee to his tent.
၁၂ဣသရေလ အမျိုးသားရှေ့ မှာ ယုဒ အမျိုးသားရှုံး ၍ အသီးအသီး တို့သည် မိမိ တို့နေရာ သို့ ပြေး ကြ၏
13 And Jehoash king of Israel caught Amaziah king of Judah, son of Jehoash, son of Ahaziah, in Beth-Shemesh, and they come to Jerusalem, and he bursts through the wall of Jerusalem, at the Gate of Ephraim to the Corner Gate, four hundred cubits,
၁၃ဣသရေလ ရှင်ဘုရင် ယဟောရှ သည်၊ ယုဒ ရှင်ဘုရင် အာခဇိ သား ဖြစ်သော ယောရှ ၏ သား အာမဇိ ကို ဗက်ရှေမက် မြို့မှာ ဘမ်းမိ ၍ ၊ ယေရုရှလင် မြို့သို့ သွား ပြီးလျှင် ယေရုရှလင် မြို့ရိုး အတောင် လေးရာ ကို ဧဖရိမ် တံခါး မှ သည် ထောင့် တံခါး တိုင်အောင် ဖြိုဖျက် လေ၏
14 and has taken all the gold and the silver, and all the vessels that are found in the house of YHWH, and in the treasures of the house of the king, and the sons of the pledges, and turns back to Samaria.
၁၄ဗိမာန်တော် ၌၎င်း ၊ နန်းတော် ဘဏ္ဍာ တိုက်၌ ၎င်း ၊ ရှိသမျှ သော ရွှေ ငွေ မှစ၍ တန်ဆာ အလုံးစုံ နှင့် အာမခံ သောသူအချို့တို့ကို ယူပြီးမှရှမာရိ မြို့သို့ ပြန် သွား၏
15 And the rest of the matters of Jehoash that he did, and his might, and how he fought with Amaziah king of Judah, are they not written on the scroll of the Chronicles of the Kings of Israel?
၁၅ယဟောရှ ပြုမူသော အမှု အရာကြွင်း လေသမျှ၊ တန်ခိုး ကြီးခြင်း၊ ယုဒ ရှင်ဘုရင် အာမဇိ ကို စစ်တိုက် ခြင်း အရာသည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
16 And Jehoash lies with his fathers, and is buried in Samaria with the kings of Israel, and his son Jeroboam reigns in his stead.
၁၆ယဟောရှ သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ဣသရေလ ရှင် ဘုရင်တို့နှင့်အတူ ရှမာရိ မြို့၌ သင်္ဂြိုဟ် ခြင်းကိုခံ လေ၏။ သား တော်ယေရောဗောင် သည် ခမည်းတော် အရာ ၌နန်း ထိုင်၏
17 And Amaziah son of Joash, king of Judah, lives after the death of Jehoash son of Jehoahaz, king of Israel, fifteen years,
၁၇ဣသရေလ ရှင်ဘုရင် ယောခတ် သား ယဟောရှ သေ သည်နောက် ၊ ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ သည် တဆယ် ငါး နှစ် အသက်ရှင် သေး၏
18 and the rest of the matters of Amaziah, are they not written on the scroll of the Chronicles of the Kings of Judah?
၁၈အာမဇိ ပြုမူသော အမှု အရာကြွင်း လေသမျှ တို့သည် ယုဒ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
19 And they make a conspiracy against him in Jerusalem, and he flees to Lachish, and they send after him to Lachish, and put him to death there,
၁၉ထိုမင်း တဘက် ယေရုရှလင် မြို့၌ သင်းဖွဲ့ ကြ၍ ၊ သူသည် လာခိရှ မြို့သို့ ပြေး သည်တွင်၊ ထိုမြို့သို့ စေလွှတ် ၍ သတ် စေပြီးမှ၊ “
20 and lift him up on the horses, and he is buried in Jerusalem with his fathers in the City of David.
၂၀မြင်း ပေါ် ၌တင် လျက် ယေရုရှလင် မြို့သို့ ဆောင် ခဲ့၍ ဘိုးဘေး တို့နှင့်အတူ ဒါဝိဒ် မြို့ ၌ သင်္ဂြိုဟ် ကြ၏
21 And all the people of Judah take Azariah, and he [is] a son of sixteen years, and cause him to reign instead of his father Amaziah;
၂၁ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် အသက် တဆယ် ခြောက် နှစ်ရှိသောသားတော် ဩဇိ ကိုယူ ၍ ခမည်းတော် အာမဇိ အရာ ၌ နန်း တင်ကြ၏
22 he has built Elath, and brings it back to Judah, after the lying of the king with his fathers.
၂၂ထိုမင်း သည် ခမည်းတော် သေ သည်နောက် ၊ ဧလတ် မြို့ကိုပြုစု၍ ယုဒ နိုင်ငံထဲသို့ သွင်း ပြန်၏
23 In the fifteenth year of Amaziah son of Joash, king of Judah, Jeroboam son of Joash, king of Israel, has reigned in Samaria, forty-one years,
၂၃ယုဒ ရှင်ဘုရင် ယောရှ သား အာမဇိ နန်းစံဆယ် ငါး နှစ် တွင် ၊ ဣသရေလ ရှင်ဘုရင် ယဟောရှ သား ယေရောဗောင် သည် ရှမာရိ မြို့၌ မင်း ပြု၍ လေးဆယ် တနှစ် စိုးစံ၏
24 and he does evil in the eyes of YHWH; he has not turned aside from all the sins of Jeroboam son of Nebat that he caused Israel to sin.
၂၄ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကိုပြု ၍ ၊ ဣသရေလ အမျိုးကို ပြစ်မှား စေသော နေဗတ် သား ယေရောဗောင် ၏ ဒုစရိုက်အပြစ် ကို မ စွန့် ဘဲနေ၏
25 He has brought back the border of Israel, from the entering in of Hamath to the sea of the desert, according to the word of YHWH, God of Israel, that He spoke by the hand of His servant Jonah son of Amittai the prophet, who [is] of Gath-Hepher,
၂၅ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား သည် မိမိ ကျွန် ဂါသေဖာ မြို့နေ၊ အမိတ္တဲ ၏ သား ပရောဖက် ယောန အားဖြင့် မိန့် တော်မူသော စကား တော် အတိုင်း ၊ ထို မင်းသည် ဣသရေလ နိုင်ငံ ကို ဟာမက် မြို့ ဝင်ဝမှ သည် ချိုင့် ပင်လယ် တိုင်အောင် ရန်သူလက်မှ နှုတ် ၍ပြုစုလေ၏
26 for YHWH has seen the very bitter affliction of Israel, and there is none restrained, and there is none left, and there is no helper for Israel;
၂၆အကြောင်း မူကား၊ ဣသရေလ အမျိုးခံရသောညှဉ်းဆဲ ခြင်းအလွန် လေးလံ သည်ကို၎င်း၊ မြို့၌ အချုပ် ခံရသောသူဖြစ်စေ ၊ အလွတ် ပြေးသောသူဖြစ်စေ ၊ ဣသရေလ အမျိုး၌ မစ နိုင်သောသူ မ ရှိသည်ကို၎င်း ၊ ထာဝရဘုရား သည်မြင် လျှင်၊ “
27 and YHWH has not spoken to blot out the name of Israel from under the heavens, and saves them by the hand of Jeroboam son of Joash.
၂၇ဣသရေလ အမျိုး၏ နာမ ကို မိုဃ်း ကောင်းကင်အောက် ၌ မပျောက်စေမည်အကြောင်းကြံတော်မူ၍၊ ယဟောရှ သား ယေရောဗောင် အားဖြင့် ကယ်တင် တော်မူ ၏
28 And the rest of the matters of Jeroboam, and all that he did, and his might with which he fought, and with which he brought back Damascus, and Hamath of Judah, into Israel, are they not written on the scroll of the Chronicles of the Kings of Israel?
၂၈ယေရောဗောင် ပြုမူ သော အမှု အရာကြွင်း လေ သမျှ တို့နှင့် တန်ခိုး ကြီးခြင်း၊ စစ်တိုက် ခြင်း၊ အထက်က ယုဒ နိုင်ငံအဝင်ဖြစ်သော ဒမာသက် မြို့နှင့် ဟာမက် မြို့ကို ဣသရေလ အမျိုးအဘို့ ၊ ရန်သူလက်မှ နှုတ်ယူခြင်း အရာတို့ သည် ဣသရေလ ရာဇဝင် ၌ ရေးထား လျက်ရှိ၏
29 And Jeroboam lies with his fathers, with the kings of Israel, and his son Zechariah reigns in his stead.
၂၉ယေရောဗောင် သည် ဘိုးတော် ဘေးတော်ဣသရေလ ရှင် ဘုရင်တို့နှင့် အိပ်ပျော် ၍ သားတော် ဇာခရိ သည် ခမည်းတော် အရာ ၌နန်း ထိုင်၏

< 2 Kings 14 >