< 1 Samuel 11 >
1 And Nahash the Ammonite comes up, and encamps against Jabesh-Gilead, and all the men of Jabesh say to Nahash, “Make a covenant with us, and we serve you.”
၁ထိုနောက်မှ အမ္မုန် အမျိုးသားနာဟတ် သည်လာ ၍ ဂိလဒ်ပြည်ယာဗက်မြို့အနား မှာ တပ်ချ လျှင် ၊ မြို့သား အပေါင်း တို့က အကျွန်ုပ် တို့နှင့် မိဿဟာယ ဖွဲ့တော်မူပါ။ ကိုယ်တော် ထံ၌ကျွန် ခံပါမည်ဟု နာဟတ် မင်းအား လျှောက်သော်လည်း၊
2 And Nahash the Ammonite says to them, “For this I cut [a covenant] with you, in picking out every right eye of yours—and I have set it [for] a reproach on all Israel.”
၂အမ္မုန် အမျိုးသားနာဟတ် က၊ သင် တို့၌ လက်ျာ မျက်စိ ရှိသမျှ ကို ဖောက် ၍ ဣသရေလ အမျိုးတမျိုးလုံး ၌ ငါကဲ့ရဲ့ ရသောအခွင့်ကိုပေး မှသာ မိဿဟာယ ဖွဲ့မည်ဟု ပြန်ပြော သော်၊
3 And [the] elderly of Jabesh say to him, “Leave us alone [for] seven days, and we send messengers into all the border of Israel: and if there is none saving us—then we have come out to you.”
၃ယာဗက် မြို့သားအသက်ကြီး သူတို့က၊ အကျွန်ုပ်တို့သည် ဣသရေလ ပြည် တရှောက်လုံး သို့ တမန် တို့ကို စေလွှတ် ခြင်းငှါခုနှစ် ရက် မျှ ငံ့လင့်ပါ။ ထိုအခါ ကယ်တင် သောသူ မ ပေါ်မရှိလျှင် မင်းကြီးထံသို့ ထွက် ပါမည်ဟု ဆို ကြ၏။
4 And the messengers come to Gibeah of Saul, and speak the words in the ears of the people, and all the people lift up their voice and weep;
၄တမန် တို့သည် ရှောလု နေရာ ဂိဗာ မြို့သို့လာ ၍ လူ များတို့အား သိတင်း ကြားပြော သော်၊ လူ အပေါင်း တို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
5 and behold, Saul has come out of the field after the herd, and Saul says, “What [is that] to the people, that they weep?” And they recount the words of the men of Jabesh to him.
၅ရှောလု သည် နွားစု နောက် သို့ လိုက်လျက် လယ် လုပ်ရာမှ ရောက် လာသောအခါ ၊ လူ တို့သည် အဘယ်ကြောင့် ငိုကြွေး ကြသနည်းဟုမေး လျှင် ၊ ယာဗက် မြို့သား တို့၏ သိတင်း ကို ပြော ကြ၏။
6 And the Spirit of God prospers over Saul, in his hearing these words, and his anger burns greatly,
၆ထို သိတင်း ကို ရှောလု ကြား သောအခါ ၊ ဘုရား သခင်၏ ဝိညာဉ် တော် သက်ရောက် ၍ သူသည် ပြင်းစွာ အမျက် ထွက် လျက်၊
7 and he takes a couple of oxen, and cuts them in pieces, and sends [them] through all the border of Israel, by the hand of the messengers, saying, “He who is not coming out after Saul and after Samuel—thus it is done to his oxen”; and the fear of YHWH falls on the people, and they come out as one man.
၇နွား တရှဉ်း ကို ယူ ၍ ခုတ်ဖြတ် ပြီးမှ ၊ သံတမန် တို့လက် တွင် ဣသရေလ ပြည် တရှောက်လုံး သို့ ပေး လိုက် ၍၊ ရှောလု နှင့် ရှမွေလ နောက် သို့ ထွက် ၍မ လိုက်သော သူ ၏ နွား တို့ကို ဤ ကဲ့သို့ပြု မည်ဟု ကြော်ငြာစေသဖြင့်၊ လူ တို့သည် ထာဝရဘုရား ကို ကြောက် ၍ တညီတညွတ် တည်းထွက် လာကြ၏။
8 And he inspects them in Bezek, and the sons of Israel are three hundred thousand, and the men of Judah thirty thousand.
၈ဗေဇက် မြို့၌ တပ်စာရင်း ယူသောအခါ ၊ ဣသရေလ အမျိုးသား သုံး သိန်း၊ ယုဒ အမျိုးသား သုံး သောင်း ရှိ ကြ၏။
9 And they say to the messengers who are coming, “Thus you say to the men of Jabesh-Gilead: Tomorrow you have safety—by the heat of the sun”; and the messengers come and declare [it] to the men of Jabesh, and they rejoice;
၉ဂိလဒ်ပြည်ယာဗက်မြို့မှ လာ သောတမန် တို့အား၊ နက်ဖြန် နေ့ နေ ပူ ချိန် ရောက် သောအခါ ချမ်းသာ ရမည် အကြောင်းကို၊ မြို့သား တို့အား ကြားပြော ကြလော့ဟု မှာလိုက်သည်အတိုင်း၊ တမန် တို့သည် သွား ၍ သိတင်းကြား ပြောသဖြင့် ယာဗက် မြို့သား တို့သည် ဝမ်းမြောက် ကြ၏။
10 and the men of Jabesh say [to the Ammonites], “Tomorrow we come out to you, and you have done to us according to all that [is] good in your eyes.”
၁၀အကျွန်ုပ်တို့သည် နက်ဖြန် နေ့၌ ကိုယ်တော် ထံသို့ ထွက် ပါမည်။ ကိုယ်တော်အလို ရှိသမျှ အတိုင်း ပြု တော်မူပါဟု နာဟတ်မင်းအား လျှောက် ကြ၏။
11 And it comes to pass, on the next day, that Saul puts the people in three detachments, and they come into the midst of the camp in the morning-watch, and strike Ammon until the heat of the day; and it comes to pass that those left are scattered, and there have not been left two of them together.
၁၁နက်ဖြန် နေ့၌ ရှောလု သည် လူ တို့ကို သုံး တပ် ခွဲ ပြီးမှ ၊ နံနက်ယံ အချိန်၌ ရန်သူအလုံးအရင်း ထဲသို့ ဝင် ၍ နေပူ ချိန်တိုင်အောင် အမ္မုန် အမျိုးသားတို့ကို လုပ်ကြံ သဖြင့် ၊ ကျန် ကြွင်းသောသူတယောက်နှင့် တယောက်ပေါင်း၍ မ နေ ရသည်တိုင်အောင် လူအပေါင်းတို့သည် ကွဲပြား လျက် ရှိကြ၏။
12 And the people say to Samuel, “Who is he that says, Saul reigns over us? Give up the men, and we put them to death.”
၁၂ဣသရေလလူ တို့ကလည်း ၊ ရှောလု သည် ငါ တို့ကို အုပ်စိုး ရမည်လောဟု ဆို မိသောသူကား အဘယ်သူ နည်း။ ထိုသို့ဆိုမိသောသူ တို့ကိုခေါ်၍ သတ် ကြကုန်အံ့ဟု ရှမွေလ အား ဆိုကြသော်၊
13 And Saul says, “There is no man put to death on this day, for today YHWH has worked salvation in Israel.”
၁၃ရှောလု က၊ လူ တယောက်ကိုမျှ ယနေ့ မ သတ် ရ၊ ထာဝရဘုရား သည် ယနေ့ ဣသရေလ အမျိုးကို ကယ်တင် တော်မူပြီဟု ဆို ၏။
14 And Samuel says to the people, “Come and we go to Gilgal, and renew the kingdom there”;
၁၄ရှမွေလ ကလည်း ၊ ဂိလဂါလ မြို့သို့သွား ၍ နိုင်ငံ တော်ကို ပြုပြင် ကြကုန်အံ့ဟု လူ များတို့အား ပြော ဆိုသည်အတိုင်း၊
15 and all the people go to Gilgal, and cause Saul to reign there before YHWH in Gilgal, and sacrifice sacrifices of peace-offerings there before YHWH, and Saul rejoices there—and all the men of Israel—very greatly.
၁၅လူ အပေါင်း တို့သည် ဂိလဂါလ မြို့သို့ သွား ၍ ၊ ထို မြို့၌ ထာဝရဘုရား ရှေ့ တော်မှာ ရှောလု ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ထိုမြို့၌ လည်း၊ ထာဝရဘုရား ရှေ့ တော်မှာ မိဿဟာယ ယဇ်ကို ပူဇော် သဖြင့် ၊ ရှောလု နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည် အလွန် ပျော်မွေ့ ခြင်းကို ပြုကြ၏။