< 1 Kings 6 >
1 And it comes to pass, in the four hundred and eightieth year of the going out of the sons of Israel from the land of Egypt, in the fourth year—in the month of Ziv, it [is] the second month—of the reigning of Solomon over Israel, that he builds the house for YHWH.
၁ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည် မှ ထွက် သော သက္ကရာဇ် လေး ရာ ရှစ် ဆယ်ပြည့်၊ ရှောလမုန် မင်းနန်းစံ လေး နှစ် ၊ ဇိဖ အမည်ရှိသောဒုတိယ လ တွင် ၊ ထာဝရဘုရား ၏ အိမ် တော်ကို တည် စပြုတော်မူ၏။
2 As for the house that King Solomon has built for YHWH, its length [is] sixty cubits, and its breadth twenty, and its height thirty cubits.
၂ထို အိမ် တော်အလျား သည် အတောင် ခြောက် ဆယ်၊ အနံ အတောင်နှစ် ဆယ်၊ အမြင့် အတောင် သုံး ဆယ် ရှိ၏။
3 As for the porch on the front of the temple of the house, its length [is] twenty cubits on the front of the breadth of the house; its breadth [is] ten by the cubit on the front of the house;
၃အိမ်တော်ဦး သည်လည်း အိမ် တော်အနံ နှင့် ညီ၍အလျား အတောင် နှစ် ဆယ်၊ အနံဆယ် တောင် ရှိ၏။
4 and he makes frames of narrowing windows for the house.
၄အိမ် တော်လင်း စရာဘို့ ကျဉ်း သော ပြတင်းပေါက် တို့ကို လုပ် လေ၏။
5 And he builds a couch against the wall of the house all around, [even] the walls of the house all around, of the temple and of the oracle, and makes sides all around.
၅အိမ် တော်ပြင်ထရံ နှင့်ဗျာဒိတ် ဌာနတော်ပြင် ထရံ ပတ်လည် ၌ အခန်း တို့ကိုလည်း လုပ် လေ၏။
6 The lowest couch, its breadth [is] five by the cubit; and the middle, its breadth [is] six by the cubit; and the third, its breadth [is] seven by the cubit, for he has put withdrawings of the house all around outside—not to lay hold on the walls of the house.
၆အောက် အခန်း သည် အနံ ငါး တောင် ၊ အလယ် အခန်း အနံ ခြောက် တောင် ၊ အထက်အခန်းအနံ ခုနစ် တောင် ရှိ၏။ အကြောင်း မူကား၊ အခန်းတို့သည် အိမ် တော်ထရံ ကိုယ်ထဲသို့ မ ဝင်။ ထရံဆုတ်လျက် ဆုတ်လျက် တက်၏။
7 And the house, in its being built, has been built of perfect stone [that was] brought; and hammer and the axe—any instrument of iron—was not heard in the house in its being built.
၇ထိုအိမ် တော်ကို တည် လုပ်သောအခါ ၊ ထိုအရပ် သို့မဆောင်ခဲ့မှီ ဆစ် ပြီးသော ကျောက် တို့ဖြင့်သာ တည်လုပ်သောကြောင့်၊ သံ တူ၊ ပုဆိန် ၊ သံ တန်ဆာ နှင့် လုပ်သော အသံ မ မြည်ရ။
8 The opening of the middle side [is] at the right shoulder of the house, and with windings they go up on the middle one, and from the middle one to the third.
၈အောက်အခန်းထဲသို့ဝင်သော တံခါးဝ သည် အိမ် တော်လက်ျာ ဘက် မှာ ရှိ၏။ လိမ် သော လှေကားဖြင့် အလယ် အခန်းသို့ ၎င်း ၊ အလယ် အခန်းမှ အထက် အခန်း သို့ ၎င်း၊ တက် ရ၏။
9 And he builds the house, and completes it, and covers the house [with] beams and rows of cedars.
၉အိမ် တော်ကို တည် ပြီး မှထုပ် များတိုင်များကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် လေ၏။
10 And he builds the couch against all the house, its breadth [is] five cubits, and it takes hold of the house by cedar-wood.
၁၀ထရံအခန်း တို့သည်လည်း အမြင့် ငါး တောင် စီ ရှိ၏။ အာရဇ် ရက်မ တို့သည်အိမ် တော်ကိုမှီ လျက် ရှိကြ၏။
11 And the word of YHWH is to Solomon, saying,
၁၁ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှောလမုန် သို့ ရောက် လာသည်ကား၊
12 “This house that you are building—if you walk in My statutes, and do My judgments, indeed, have done all My commands, to walk in them, then I have established My word with you, which I spoke to your father David,
၁၂ယခု တည်ဆောက် သောအိမ် တော်အရာမှာ၊ သင်သည် ငါ သွန်သင် သော လမ်းသို့ လိုက် လျက် ၊ ငါ စီရင်ချက် အတိုင်းစီရင် ၍ ၊ ငါ ပညတ် သမျှ တို့ကို စောင့်ရှောက် လျှင် ၊ သင် ၏အဘ ဒါဝိဒ် အား ငါ ဂတိ ထားသည်အတိုင်း သင် ၌ ငါပြု မည်။
13 and have dwelt in the midst of the sons of Israel, and do not forsake My people Israel.”
၁၃ငါ ၏လူ ဣသရလ အမျိုးကို ငါမ စွန့် ၊ သူတို့ အလယ် ၌ နေ မည်ဟု မိန့် တော်မူ၏။
14 And Solomon builds the house and completes it;
၁၄ထိုသို့ ရှောလမုန် သည် အိမ် တော်ကို တည် ၍ ပြီး လေ၏။
15 and he builds the walls of the house within with beams of cedar, from the floor of the house to the walls of the ceiling; he has overlaid the inside with wood, and covers the floor of the house with ribs of fir.
၁၅ကြမ်း မှ သည်အမိုး တိုင်အောင် အတွင်းထရံ ကို အာရဇ် ပျဉ်ပြား နှင့် ဖုံးအုပ် ၍၊ ကြမ်း ကိုလည်း ဒုကြီးသော ထင်းရူး ပျဉ်ပြား ဖြင့် ပြီး စေ၏။
16 And he builds the twenty cubits on the sides of the house with ribs of cedar, from the floor to the walls; and he builds for it within, for the oracle, for the Holy of Holies.
၁၆အလွန် သန့်ရှင်းရာဌာန၊ ဗျာဒိတ် ဌာနတော် အဘို့ အလျားအနံအတောင် နှစ် ဆယ်စီကျယ်သော အိမ် တော်တပိုင်း ကို အခန်းကာ၍ ကြမ်း နှင့်ထရံ ကို အာရဇ် ပျဉ်ပြား ဖြင့် ပြီးစေ၏။
17 And [this area of] the house was forty by the cubit; it [is the area of] the temple before My face.
၁၇ထို အခန်း ရှေ့ မှာတည်သော ဗိမာန် တော် အလျားသည် အတောင် လေး ဆယ်ရှိ ၏။
18 And the cedar for the house within [is] carvings of knobs and openings of flowers; the whole [is] cedar, there is not a stone seen.
၁၈အိမ် တော်အတွင်း ၌ အာရဇ် ပျဉ်ပြားတို့သည် ဘူးသီးအပြောက်၊ ပန်းပွင့် အပြောက်နှင့်ပြည့်စုံကြ၏။ ကျောက် မ ပေါ် စေခြင်းငှါအာရဇ် သား နှင့်ဖုံးအုပ်လျက် သာရှိ၏။
19 And he has prepared the oracle in the midst of the house within, to put the Ark of the Covenant of YHWH there.
၁၉ထိုသို့ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် ကို တင် ထားရန် ၊ အိမ် တော်အတွင်း ၌ ဗျာဒိတ် ဌာနတော် ကို ပြင်ဆင် လေ၏။
20 And before the oracle [is] twenty cubits in length, and twenty cubits in breadth, and its height [is] twenty cubits; and he overlays it with gold refined, and overlays the altar with cedar.
၂၀ဗျာဒိတ် ဌာနတော်အခန်းသည် အလျား အတောင် နှစ် ဆယ်၊ အနံ အတောင် နှစ် ဆယ်၊ အမြင့် အတောင် နှစ် ဆယ်ရှိ၏။ ထိုအခန်းကို၎င်း ၊ အာရဇ် သစ်သားနှင့်လုပ်သော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ စင် နှင့် မွမ်းမံ လေ၏။
21 And Solomon overlays the house within with gold refined, and causes [it] to pass over in chains of gold before the oracle, and overlays it with gold.
၂၁ထိုသို့ အိမ် တော်အတွင်း ကို ရွှေ စင် နှင့်မွမ်းမံ ပြီးမှ ၊ ဗျာဒိတ် ဌာနတော်ရှေ့ မှာ ရွှေ ကြိုး ဖြင့် အကွယ်အကာကို ဆွဲထား၍၊ ရွှေ နှင့်မွမ်းမံ လေ၏။
22 And he has overlaid the whole of the house with gold, until the completion of all the house; and the whole of the altar that the oracle has, he has overlaid with gold.
၂၂အိမ် တော်တအိမ်လုံး ကို၎င်း၊ ဗျာဒိတ် ဌာနတော် နားမှာရှိသော ယဇ် ပလ္လင်ကို၎င်း၊ ရွှေ နှင့် အကုန်အစင် မွမ်းမံ လေ၏။
23 And he makes two cherubim of the oil-tree within the oracle; their height [is] ten cubits;
၂၃ဗျာဒိတ် ဌာနတော်ထဲမှာ အမြင့် ဆယ် တောင် ရှိသောခေရုဗိမ် နှစ် ပါးကို သံလွင် သားနှင့်လုပ် လေ၏။
24 and the first wing of the cherub [is] five cubits, and the second wing of the cherub five cubits—ten cubits from the ends of his wings even to the ends of his wings;
၂၄ခေရုဗိမ် အတောင် တို့သည် တစ်ဘက်တချက်အလျားငါး တောင် စီရှိ၍၊ အတောင် ဖျား တခုမှ တခု တိုင်အောင် ဆယ် တောင် ရှိ၏။
25 and the second cherub [is] ten by the cubit; one measure and one form [are] of the two cherubim,
၂၅အမြင့်ဆယ် တောင် ရှိသည်ဖြစ်၍၊ ခေရုဗိမ် နှစ် ပါးသည် အလုံး အရပ်ပမာဏတူ၏။
26 the height of the first cherub [is] ten by the cubit, and so [is] the second cherub;
၂၆ထိုခေရုဗိမ် တို့ကို အတွင်း အိမ် တော်ထဲမှာ တင် ထားသဖြင့် ၊ ခေရုဗိမ် အတောင် တို့သည် ဖြန့် လျက်၊
27 and he sets the cherubim in the midst of the inner house, and they spread out the wings of the cherubim, and a wing of the first comes against the wall, and a wing of the second cherub is coming against the second wall, and their wings [stretched] into the midst of the house, coming wing against wing;
၂၇အတောင်ဖျားတစ်ဘက်တချက်၌ ထရံကိုမှီလျက်၊ အလယ် မှာ အတောင်ဖျားတခုနှင့်တခုထိလျက် ရှိကြ၏။
28 and he overlays the cherubim with gold,
၂၈ခေရုဗိမ် တို့ကိုလည်း ရွှေ နှင့်မွမ်းမံ လေ၏။
29 and he has carved all around the walls of the house with engravings of carvings, cherubim, and palm trees, and openings of flowers, inside and outside.
၂၉အိမ် တော်ထရံ အတွင်း ဘက်နှင့် ပြင် ဘက်၌ ထု သော ခေရုဗိမ် အရုပ် နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင် အရုပ်များရှိကြ၏။
30 And he has overlaid the floor of the house with gold, inside and outside;
၃၀အိမ် တော်အတွင်း ကြမ်း နှင့် ပြင် ကြမ်းကို လည်း ရွှေ နှင့်မွမ်းမံ လေ၏။
31 as for the opening of the oracle, he made doors of the oil-tree; the lintel [and] doorposts [are] a fifth [of the wall].
၃၁ဗျာဒိတ် ဌာနတော် ဝင်ဝ ဘို့သံလွင် သား တံခါးရွက် နှစ် ရွက်ကို လုပ် ၍၊ တံခါးထုပ်နှင့်တံခါးတိုင်တို့သည် ထရံငါး စုတစုကိုစားကြ၏။
32 And the two doors [are] of the oil-tree, and he has carved on them carvings of cherubim, and palm-trees, and openings of flowers, and overlaid with gold, and he causes the gold to go down on the cherubim and on the palm-trees.
၃၂သံလွင်သားတံခါးရွက်တို့၌ ခေရုဗိမ် အရုပ် ၊ အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထု လုပ်၍ ၊ တံခါးရွက်နှင့်ခေရုဗိမ် အရုပ်၊ စွန်ပလွံ ပင်အရုပ်တို့ကို ရွှေ နှင့်မွမ်းမံ လေ၏။
33 And so he has made for the opening of the temple, doorposts of the oil-tree, from the fourth [of the wall].
၃၃ထိုအတူ အိမ် တော်ပြင်ထရံလေး စုတစု ကျယ်သောဝင်ဝ ဘို့ သံလွင် တံခါးတိုင် တို့ကို၎င်း၊
34 And the two doors [are] of fir-tree, the two sides of the first door are revolving, and the two hangings of the second door are revolving.
၃၄တံခါးရွက်တရွက်လျှင် ပတ္တာ နှစ်ခုစီဖြင့် လည်တတ်သော ထင်ရူး သား တံခါး ရွက် နှစ် ရွက်တို့ကို၎င်းလုပ်လေ၏။
35 And he has carved cherubim, and palms, and openings of flowers, and overlaid the carved work with straightened gold.
၃၅တံခါးရွက်၌ ခေရုဗိမ် အရုပ်နှင့် အပွင့် ပွင့် သော စွန်ပလွံ ပင်အရုပ်များကို ထုလုပ် ၍ အပြောက် ကို ရွှေ နှင့် မွမ်းမံ လေ၏။
36 And he builds the inner court, three rows of hewn work, and a row of beams of cedar.
၃၆အတွင်း တန်တိုင်း ကိုလည်း ဆစ် သော ကျောက်တန်းသုံး ဆင့် ၊ အာရဇ် သစ်သားတန်း တဆင့်နှင့် အထပ်ထပ် တည် လေ၏။
37 In the fourth year the house of YHWH has been founded, in the month of Ziv,
၃၇နန်းစံလေး နှစ် ၊ ဇိဖ လ တွင် ထာဝရဘုရား ၏ အိမ် တော်တိုက်မြစ် ကို ချကြ၍၊
38 and in the eleventh year, in the month of Bul (the eighth month), the house has been finished in all its matters, and in all its ordinances, and he builds it [in] seven years.
၃၈နန်းစံဆယ် တနှစ် ၊ ဗု လ အမည်ရှိသော အဋ္ဌမ လ တွင် အိမ် တော်အခန်းကြီးအခန်းငယ်တို့နှင့် ဆိုင်သမျှ တို့ ကို လက်စသတ် ၍ ခုနစ် နှစ် ပတ်လုံးအိမ်တော်ကို တည်ဆောက် သတည်း။