< 1 John 3 >

1 See what love the Father has given to us, that we may be called children of God; because of this the world does not know us, because it did not know Him.
ဘုရားသခင် ၏ သား တော်ဟုခေါ်ဝေါ် ခြင်းအခွင့်ကို ငါ တို့သည်ရ မည်အကြောင်း၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ် တော်မူသည်ကို ကြည့်ရှု ဆင်ခြင်ကြလော့။ လောကီသား တို့သည် ဘုရားသခင် ကို မ သိ သောကြောင့် ၊ ငါ တို့ကိုလည်း မ သိ ကြ။
2 Beloved, now, we are children of God, and it was not yet revealed what we will be. We have known that if He may have appeared, we will be like Him, because we will see Him as He is;
ချစ်သူ တို့၊ ယခု တွင်ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။ နောက်မှ အဘယ်သို့ သောသူဖြစ် မည်ဟု မ ထင်ရှား သေး။ သို့သော်လည်းကိုယ်တော်သည် ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော် နှင့် တူကြလတံ့ဟု ငါတို့သိ ကြ၏။ အကြောင်းမူကား ၊ ကိုယ်တော် ဖြစ် တော်မူသည်အတိုင်း ကို ငါတို့သည် မြင် ရကြလတံ့။
3 and everyone who is having this hope on Him, purifies himself, even as He is pure.
ထိုသို့ မြော်လင့် သောသူမည်သည်ကား ၊ ကိုယ်တော် သန့်ရှင်း တော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ်၏။
4 Everyone who is doing sin, he also does lawlessness, and sin is lawlessness,
ဒုစရိုက် ကို ပြု သောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏။ ဒုစရိုက် သည်ကား ပညတ်တော်ကို လွန်ကျူး ခြင်းဖြစ် သတည်း။
5 and you have known that He appeared that He may take away our sins, and sin is not in Him;
ကိုယ်တော်သည် ငါတို့၏အပြစ် များကို ဆောင်သွား ခြင်းငှာ ထင်ရှား ပေါ်ထွန်းတော်မူသည်ကို သင်တို့ သိ ကြ၏။ ကိုယ်တော် ၌ လည်း အပြစ် မ ရှိ ။
6 everyone who is remaining in Him does not sin; everyone who is sinning, has not seen Him, nor known Him.
ကိုယ်တော် ၌ တည်နေ သောသူမည်သည်ကား ၊ ဒုစရိုက် ကို မ ပြုတတ်၊ ဒုစရိုက် ကို ပြုတတ်သောသူ မည်သည်ကား၊ ကိုယ်တော် ကိုမ သိ မ မြင် ရသေး။
7 Little children, let no one lead you astray; he who is doing righteousness is righteous, even as He is righteous,
ချစ်သား တို့၊ သင် တို့ကို အဘယ်သူ မျှ မလှည့်ဖြား စေနှင့်။ အကြင်သူ သည် ဖြောင့်မတ် ခြင်းတရားကို ကျင့် ၏။ ကိုယ်တော်ဖြောင့်မတ် တော်မူသည်နည်းတူ ၊ ထိုသူ သည်ဖြောင့်မတ် ခြင်းရှိ ၏။
8 he who is doing sin, he is of the Devil, because the Devil sins from the beginning; for this [reason] the Son of God appeared, that He may undo the works of the Devil;
မာရ်နတ် သည်ရှေ့ဦးစွာ မှစ၍ ဒုစရိုက် ကိုပြု သောသူ ဖြစ် သောကြောင့် ၊ အကြင်သူသည်ဒုစရိုက် ကို ပြု၏။ ထိုသူသည်မာရ်နတ် နှင့် ဆိုင်၏။ မာရ်နတ် အမှု တို့ကို ပယ်ဖျက် ခြင်းငှာ ၊ ဘုရားသခင် ၏ သား တော်သည် ထင်ရှား ပေါ်ထွန်းတော်မူ၏။
9 everyone who has been begotten of God, he does not sin, because His seed remains in him, and he is not able to sin, because he has been begotten of God.
ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက် ကိုမ ပြု တတ်။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့ တော်တည် လျက်ရှိ၏။ ထိုသူသည် ဘုရားသခင် ဖြစ်ဘွား စေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက် ကိုမ ပြုနိုင် ။
10 In this are revealed the children of God, and the children of the Devil; everyone who is not doing righteousness, is not of God, and he who is not loving his brother,
၁၀ထိုသို့သော လက္ခဏာအားဖြင့် ဘုရားသခင် ၏ သား တို့နှင့် မာရ်နတ် ၏သား တို့သည် ထင်ရှား ကြ၏။ ဖြောင့်မတ် ခြင်းတရားကို မ ကျင့် သောသူ၊ မိမိ ညီအစ်ကို ကိုမ ချစ် သောသူ မည်သည်ကား ၊ ဘုရားသခင် နှင့်မ ဆိုင် ။
11 because this is the message that you heard from the beginning, that we may love one another,
၁၁သင်တို့သည်ရှေ့ဦးစွာ ကပင် ကြား ရသောတရား စကားဟူမူကား ၊ မာရ်နတ် နှင့်ဆိုင် ၍ မိမိ ညီ ကိုသတ် သော ကာဣန ကဲ့သို့ မ ဟုတ်၊ ငါတို့သည် အချင်းချင်း ချစ် ရကြမည်ဟုလာသတည်း။
12 not as Cain—he was of the evil one, and he slew his brother. And for [what] reason did he slay him? Because his works were evil, and those of his brother [were] righteous.
၁၂ကာဣနသည် မိမိ ညီကို အဘယ်ကြောင့် သတ် သနည်းဟူမူကား ၊ မိမိ အကျင့် သည် ဆိုးယုတ် ၍၊ ညီ ၏အကျင့်သည် ဖြောင့်မတ် သတည်း။
13 Do not wonder, my brothers, if the world hates you;
၁၃ညီအစ်ကို တို့၊ လောကီသား တို့သည် သင် တို့ကို မုန်း သော်လည်း အံ့ဩ ခြင်းမ ရှိကြနှင့်။
14 we have known that we have passed out of death into life, because we love the brothers; he who is not loving [his] brother remains in death.
၁၄ငါတို့သည် ညီအစ်ကို ချင်းတို့ကို ချစ် သောကြောင့် ၊ သေ ခြင်းမှ အသက် ရှင်ခြင်းသို့ ကိုယ် ကူးမြောက် သည်ကို ကိုယ်သိ ရကြ၏။ မိမိ ညီအစ်ကိုကို မ ချစ် သောသူ သည် သေ ခြင်း၌ တည် ၏။
15 Everyone who is hating his brother is a manslayer, and you have known that no manslayer has continuous life remaining in him; (aiōnios g166)
၁၅မိမိ ညီအစ်ကို ကိုမုန်း သောသူ မည်သည်ကား၊ လူ အသက်ကို သတ်သောသူဖြစ် ၏။ လူ အသက်ကို သတ်သောသူ တစ်စုံတစ်ယောက်၌ မျှ ထာဝရ အသက် မတည် သည်ကို သင်တို့သိ ကြ၏။ (aiōnios g166)
16 in this we have known love, because He laid down His life for us, and we ought to lay down [our] lives for the brothers;
၁၆ခရစ်တော် သည် ငါ တို့အဘို့ အလိုငှာ အသက် တော်ကို စွန့် တော်မူသည်အရာကို ငါတို့သည် ထောက်၍ ၊ မေတ္တာ တော်ကို သိ ရကြပြီ။ ငါ တို့သည်လည်း ညီအစ်ကို ချင်းတို့အဘို့ အလိုငှာ အသက် ကိုစွန့် ရကြ၏။
17 and whoever may have the goods of the world, and may view his brother having need, and may shut up his yearnings from him—how does the love of God remain in him?
၁၇အကြင်သူ သည် လောကီ စည်းစိမ် ဥစ္စာရှိ လျက်ပင်၊ မိမိ ညီအစ်ကို ဆင်းရဲခြင်းကိုမြင် ၍ ၊ သနား ခြင်းကရုဏာစိတ်ကို ချုပ်တည်း ၏။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာ တော်သည် အဘယ်သို့ တည် မည်နည်း။
18 My little children, may we not love in word nor in tongue, but in work and in truth!
၁၈ချစ်သား တို့၊ ငါတို့သည် စကား ပြော ကာမျှအားဖြင့် သာ မ ချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ် ကြကုန်အံ့။
19 And in this we know that we are of the truth, and before Him we will assure our hearts,
၁၉ထိုသို့ ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရား နှင့် ဆိုင် သည်ကို ကိုယ်သိ ရ၍၊ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်စိတ်နှလုံး ကို သက်သာစေကြလိမ့်မည်။
20 because if our heart may condemn—because greater is God than our heart, and He knows all things.
၂၀အကြောင်းမူကား ၊ ကိုယ် စိတ် နှလုံးသည် ကိုယ် ကိုအပြစ်တင် လျှင် ၊ ဘုရားသခင် သည် ငါ တို့၏ စိတ် နှလုံး ထက်သာ၍ကြီးမြတ် သည်ဖြစ် ၍၊ အလုံးစုံ တို့ကို သိ တော်မူသည်ကို ငါတို့သိကြ၏။
21 Beloved, if our heart may not condemn us, we have boldness toward God,
၂၁ချစ်သူ တို့၊ ကိုယ် စိတ်နှလုံးသည် ကိုယ် ကို အပြစ် မ တင်လျှင် ၊ ဘုရားသခင့် ရှေ့ တော်၌ ရဲရင့် ရသော အခွင့် ရှိ ကြ၏။
22 and whatever we may ask, we receive from Him, because we keep His commands, and we do the things pleasing before Him,
၂၂ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက် တော်မူသောအကျင့် တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်း သမျှ တို့ကိုဘုရားသခင့် ထံ တော်မှရ ကြ၏။
23 and this is His command, that we may believe in the Name of His Son Jesus Christ, and may love one another, even as He gave command to us,
၂၃ဘုရားသခင်၏ပညတ် တော်ဟူမူကား၊ သား တော်ယေရှု ခရစ် ကို ယုံကြည် ရမည်။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ် ရမည်ဟူသော ပညတ်တော်ပေတည်း။
24 and he who is keeping His commands, remains in Him, and He in him; and in this we know that He remains in us, from the Spirit that He gave us.
၂၄ပညတ် တော်တို့ကို စောင့် သောသူ သည် ဘုရားသခင် ၌ တည် ၏။ ထိုသူ ၌ လည်း ဘုရားသခင်တည်တော်မူ၏။ ငါ တို့အားပေး တော်မူသောဝိညာဉ် တော်ကို ငါတို့သည်အမှီပြု၍၊ ဘုရားသခင်သည်ငါ တို့၌ တည် တော်မူသည်ကိုသိ ရကြ၏။

< 1 John 3 >