< Zechariah 12 >

1 The prophecy of the word of the Lord concerning Israel, Saith the Lord, who stretcheth forth the heavens, and layeth the foundation of the earth, and formeth the spirit of man within him:
ထာဝရဘုရား ၏ ဗျာဒိတ် နှုတ်ကပတ် တော် တည်းဟူသော၊ မိုဃ်းကောင်းကင် ကို ကြက် ၍ မြေကြီး တိုက်မြစ် ကို ချတော်မူထသော၊ လူ အထဲ ၌ လူ ၏ဝိညာဉ် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား သည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့် တော်မူသည်ကား၊
2 Behold, I will make Jerusalem a cup of confusion unto all the people round about; and also against Judah, who will have to be at the siege against Jerusalem.
ငါ သည် ယေရုရှလင် မြို့ကို ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့အား တုန်လှုပ် စေသော ဖလား ဖြစ်စေမည် ။ ယေရုရှလင် မြို့ကို ဝိုင်း ထားကြစဉ်တွင်ယုဒ ပြည်ကိုလည်း ထိုအတူ ဖြစ် စေမည်။
3 And it shall come to pass on that day that I will make Jerusalem a burdensome stone for all the people; all that burden themselves with it shall be severely cut: yet then will be gathered together against it all the nations of the earth.
ထိုကာလ အခါ၌ လည်း ထို မြို့ကို လူမျိုး အပေါင်း တို့အား လေး သော ကျောက် ဖြစ် စေမည်။ ထို ကျောက်ကို ချီ သော သူအပေါင်း တို့သည် ကျိုးပဲ့ ကြေမွကြလိမ့်မည်။ လောကီ သားအမျိုးမျိုး တို့သည် ယေရုရှလင် မြို့တဘက် ၌ စုဝေး လျက် ရှိကြလိမ့်မည်။
4 On that day, saith the Lord, will I smite every horse with dizziness, and his rider with madness; but over the house of Judah will I open my eyes, while I will smite every horse of the people with blindness.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ရှိသမျှ သော မြင်း တို့ကို မိန်းမော တွေဝေစေခြင်းငှါ ၎င်း ၊ မြင်းစီး သူရဲအပေါင်းတို့ကို အရူး ဖြစ်စေခြင်းငှါ ၎င်း ငါသည် ဒဏ်ခတ် မည်။ ယုဒ အမျိုး ကို ငါကြည့်ရှု ၍ ၊ တပါး အမျိုးသားတို့၌ရှိသမျှ သော မြင်း တို့ကို မျက်စိ ကန်း စေခြင်းငှါ ဒဏ်ခတ် မည်။
5 And the chiefs of Judah will say in their heart, A strong support for me are the inhabitants of Jerusalem through the Lord of hosts their God.
ယုဒ မင်း တို့ကလည်း ၊ ယေရုရှလင် မြို့သား တို့၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အားဖြင့် သူ တို့သည် ငါ့ ခွန်အား ဖြစ်ကြ၏ဟုစိတ် ထဲမှာ ဆို ကြလိမ့်မည်။
6 On that day will I make the chiefs of Judah like a fire-hearth among the wood, and like a torch of fire among sheaves; and they shall devour on the right hand and on the left all the people round about; and Jerusalem shall be inhabited again in her own place, even in Jerusalem.
ထိုကာလ ၌ ငါသည် ယုဒ မင်း တို့ကို ထင်း ပုံတွင် မီး ဖို ကဲ့သို့ ၎င်း ၊ ကောက်လှိုင်း တွင် မီး စ ကဲ့သို့ ၎င်း ဖြစ်စေသဖြင့်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်၊ ပတ်လည် ၌ရှိသောလူမျိုး အပေါင်း တို့ကို မီးလောင် လိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြို့ ရာဟောင်း၌ တည်မြဲ တည်လိမ့်မည်။
7 The Lord also will save the tents of Judah first: in order that the glory of the house of David and the glory of the inhabitants of Jerusalem shall not become boastful over Judah.
ထာဝရဘုရား သည် ယုဒ တဲ တို့ကို ရှေ့ဦးစွာ ကယ်တင် တော်မူမည်။ ထို့ကြောင့် ဒါဝိဒ် မင်းမျိုး ၏ဘုန်း နှင့်ယေရုရှလင် မြို့သား တို့၏ဘုန်း သည် ယုဒ ပြည်တဘက် ၌ မ ဝါကြွား ရ။
8 On that day will the Lord be a shield around the inhabitants of Jerusalem: and the feeblest among them shall be on that day like David; and the house of David shall be like divine beings, like an angel of the Lord before them.
ထိုကာလ ၌ ထာဝရဘုရား သည် ယေရုရှလင် မြို့ သားတို့ကို ကွယ်ကာ စောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ ၌ ဒါဝိဒ် မင်းကဲ့သို့ ၎င်း ၊ ဒါဝိဒ် မင်း မျိုး သည် ဘုရား သခင်ကဲ့သို့ ၎င်း ၊ သူ တို့ရှေ့ မှာ ထာဝရဘုရား ၏ ကောင်းကင် တမန်ကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
9 And it shall come to pass on that day, that I will seek to destroy all the nations that are come against Jerusalem.
ထိုကာလ ၌ ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ငါသည် အားထုတ် မည်။
10 But I will pour out over the house of David, and over the inhabitants of Jerusalem, the spirit of grace and of supplications: and they will look up toward me [for every one] whom they have thrust through, and they will lament for him, as one lamenteth for an only son, and weep bitterly for him, as one weepeth bitterly for the first-born.
၁၀ကျေးဇူး တော်ကိုခံ သောသဘော ၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ် မင်းမျိုး ၊ ယေရုရှလင် မြို့ သားတို့အပေါ် သို့ ငါသွန်းလောင်း သဖြင့် ၊ သူ တို့သည် မိမိတို့ ထိုးဖောက် သော ငါ့ ကို ရှုမြင် ရကြလိမ့်မည်။ တယောက် တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့ ၊ ထိုသူ အတွက် ငိုကြွေး မြည်တမ်းရကြ လိမ့်မည်။ သားဦး အတွက် အဘသည် နာကြဉ်း ရကြ လိမ့်မည်။
11 On that day will the lamentation be great in Jerusalem, like the lamentation at Hadadrimmon in the valley of Megiddon.
၁၁မေဂိဒ္ဒေါ ချိုင့် တွင် ဟာဒဒြိမ္မုန် မြို့မှာ ငိုကြွေး မြည်တမ်း သကဲ့သို့ ၊ ထိုကာလ ၌ ယေရုရှလင် မြို့မှာ ကြီးစွာ သော ငိုကြွေး မြည်တမ်းခြင်း ရှိလိမ့်မည်။
12 And the land will mourn, every family apart by itself: the family of the house of David apart, and their wives apart; the family of the house of Nathan apart, and their wives apart;
၁၂တပြည်လုံး အမျိုးအနွယ် အသီးအသီးတမျိုး တခြားစီ ငိုကြွေး မြည်တမ်းကြလိမ့်မည်။ ဒါဝိဒ် မင်း၏ အဆွေအမျိုး တခြား ၊ သူ တို့မိန်းမ များတခြား၊ နာသန် ၏ အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊
13 The family of the house of Levi apart, and their wives apart; the family of Shim'i apart, and their wives apart;
၁၃လေဝိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များ တခြား၊ ရှိမိ ၏အဆွေအမျိုး တခြား၊ သူ တို့မိန်းမ များတခြား၊
14 All the families that remain, every family apart by itself, and their wives apart.
၁၄ကျန်ကြွင်း သော အဆွေအမျိုး အပေါင်း တို့သည် တမျိုးတခြားစီ၊ သူ တို့မိန်းမ များ တစုတခြားစီငိုကြွေးမြည်တမ်း ကြလိမ့်မည်။

< Zechariah 12 >