< Psalms 66 >

1 “To the chief musician, a song or psalm.” Shout joyfully unto God, all ye lands:
မြေကြီး သားအပေါင်း တို့၊ ဘုရား သခင့်ရှေ့ တော်၌ ကျူးဧ သောအသံကို ပြု၍၊
2 Sing forth the glory of his name; make glorious his praise.
နာမ တော်၏ဂုဏ် ကို သီချင်း ဆိုကြလော့။ ချီးမွမ်း ခြင်း၏ ဂုဏ် အသရေကို ပြ ကြလော့။
3 Say unto God, How fear-inspiring is every one of thy works! through the greatness of thy strength will thy enemies yield feigned obedience unto thee.
ကိုယ်တော် စီရင်သောအမှု တို့သည် အလွန်အံ့ဩ ဘွယ် ဖြစ်ကြပါ၏။ တန်ခိုး တော်ကြီး သောကြောင့် ၊ ရန်သူ တို့သည် ကိုယ်တော် ကို တောင်းပန် ကြပါလိမ့်မည်။
4 All the lands shall bow themselves down unto thee, and shall sing praises unto thee; they shall sing praises to thy name. (Selah)
မြေကြီး သားအပေါင်း တို့သည် ကိုယ်တော် ကို ကိုးကွယ် ၍ ၊ သီချင်း ဆိုကြပါစေသော။ နာမ တော်အား သီချင်း ဆိုကြပါစေသောဟု ဘုရား သခင်အား လျှောက် ထားကြလော့။
5 Come and see the deeds of God: fear-inspiring is his doing toward the children of men.
ဘုရား သခင်စီရင် တော်မူသောအမှုတော်ကို လာ ၍ ကြည့် ကြလော့။ လူ သား တို့တွင်စီရင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ် ဖြစ်ကြ၏။
6 He changed the sea into dry land: through the river they went on foot: there did we rejoice in him.
ပင်လယ် ကို ကုန်း ဖြစ် စေတော်မူ၏။ သူတို့သည် ရေစီး ရာအရပ်ကို ခြေ ဖြင့် ရှောက် သွားကြသည်ဖြစ်၍ ၊ ငါတို့သည် ဘုရား သခင်၌ ဝမ်းမြောက် ကြ၏။
7 He ruleth by his might for ever; his eyes look upon the nations: the rebellious—these shall not be exalted. (Selah)
တန်ခိုး တော်အားဖြင့် အစဉ် အမြဲအုပ်စိုး တော်မူ၏။ မျက်စိ တော်သည် လူ အမျိုးမျိုးတို့ကို ကြည့်ရှု သည် ဖြစ်၍ ၊ ငြင်းဆန် သောသူတို့သည် မ ဝါကြွား ကြစေနှင့်။
8 Bless, O ye people, our God, and cause the voice of his praise to be heard:
အချင်းလူစု တို့၊ ငါ တို့ ဘုရား သခင်ကို ကောင်းကြီး ပေးကြလော့။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း သော စကား သံနှင့် ကြွေးကြော် ကြလော့။
9 Who hath appointed our soul to life, and hath not suffered our foot to slip.
ငါ တို့အသက် ကို မ သေ စေမည်အကြောင်းနှင့် ၊ ခြေ ကိုလည်း မချော် စေမည်အကြောင်း စောင့်မ တော်မူ၏။
10 For thou hast proved us, O God: thou hast refined us, as silver is refined.
၁၀အိုဘုရား သခင်၊ ကိုယ်တော်သည် အကျွန်ုပ် တို့ကို စုံစမ်း တော်မူပြီ။ ငွေ ကို စစ်ဆေး သကဲ့သို့ အကျွန်ုပ် တို့ကို စစ်ဆေး တော်မူပြီ။
11 Thou hast brought us into the net; thou hast placed fetters upon our loins.
၁၁ကျော့ကွင်း ထဲမှာ ကျော့မိ စေ၍၊ ကျောက် ကုန်းပေါ် မှာ လေးသော ဝန် ကို တင် တော်မူပြီ။
12 Thou hast caused men to ride on our head: we entered into fire and into water; but thou broughtest us out to [the enjoyment] of overflowing plenty. a
၁၂အကျွန်ုပ် တို့ ခေါင်း ပေါ် မှာ သူတပါး ကို စီး စေတော်မူပြီ။ မီး ၌ ၎င်း ၊ ရေ ၌ ၎င်း သွား ရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝ ခြင်းသို့ ရောက် ကြပါ၏။
13 I will enter thy house with burnt-offerings: I will pay unto thee my vows,
၁၃မီးရှို့ ရသောယဇ်ပါ လျက် အိမ် တော်သို့ အကျွန်ုပ်သွား ပါမည်။
14 Which my lips have uttered, and my mouth hath spoken, when I was in distress.
၁၄ဆင်းရဲ ခံရစဉ်အခါ ၊ အကျွန်ုပ် သည် နှုတ် ကို ဖွင့် ၍ မြွက်ဆို သည်အတိုင်း ၊ သစ္စာ ဝတ်ကို ဖြေ ပါမည်။
15 Burnt-offerings of fatlings will I offer up unto thee, with the incense of rams; I will prepare steers with he-goats. (Selah)
၁၅ဆူဖြိုး သော သိုး တို့ကို နံ့သာ ပေါင်းနှင့်တကွ မီးရှို့ ရာယဇ် ပြု၍ ပူဇော် ပါမည်။ နွား နှင့် ဆိတ် တို့ကိုလည်း စီရင် ပါမည်။
16 Come, hear, and I will relate, all ye that fear God, what he hath done for my soul.
၁၆ဘုရား သခင်ကို ကြောက်ရွံ့ သော သူအပေါင်း တို့၊ လာ ၍ နားထောင် ကြလော့။ ငါ့ ဝိညာဉ် အဘို့ အဘယ်သို့ ကျေးဇူးပြု တော်မူသည်ကို ငါကြားပြော မည်။
17 Unto him I cried with my mouth, and a song of extolling was on my tongue.
၁၇ငါ သည် ဘုရား သခင်ကို နှုတ် နှင့် အော်ဟစ် ၍ ၊ ဂုဏ်တော်ကိုလည်း လျှာ နှင့် ချီးမွမ်း ရပြီ။
18 If I had looked on wickedness with my heart, the Lord would not have heard;
၁၈ငါ သည် စိတ် နှလုံးထဲမှာ ဒုစရိုက် ကို ငဲ့ကွက် လျှင် ၊ ဘုရား ရှင်သည် နားထောင် တော်မ မူ။
19 But verily God hath heard; he hath listened to the voice of my prayer.
၁၉ယခု မူကား၊ ဘုရား သခင်သည် နားထောင် ၍၊ ငါ မြွက်ဆိုသော ပဌနာ စကား သံကို မှတ် တော်မူပြီ။
20 Blessed be God, who hath not removed my prayer [from him], nor his kindness from me.
၂၀ငါ မြွက်ဆိုသော ပဌနာ ကို ပယ် တော်မ မူ။ ကျေးဇူး တော်ကို ငါ မှ ရုပ်သိမ်းတော်မမူသော ဘုရား သခင်သည် မင်္ဂလာ ရှိတော်မူစေသတည်း။

< Psalms 66 >