< Psalms 102 >

1 “A prayer of the afflicted, when he is overwhelmed, and poureth out before the Lord his complaint.” O Lord, hear my prayer, and let my cry come unto thee.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို နား​ထောင်​တော်​မူ​ပါ။ ကယ်​မ​တော်​မူ​ရန်​ကျွန်​တော်​မျိုး​အော်​ဟစ်​သံ​ကို ကြား​တော်​မူ​ပါ။
2 Hide not thy face from me on the day when I am distressed; incline unto me thy ear; on the day when I call, answer me speedily.
ကျွန်​တော်​မျိုး​ဒုက္ခ​ရောက်​ချိန်​၌​မျက်​နှာ​တော်​ကို လွှဲ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​ခေါ်​သော​အ​ခါ​နား​ထောင်​တော်​မူ​၍ လျင်​မြန်​စွာ​ထူး​တော်​မူ​ပါ။
3 For my days vanish in smoke, and my bones are burning like a hearth.
ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည် မီး​ခိုး​ကဲ့​သို့​လွင့်​ပျောက်​လျက် ကျွန်​တော်​မျိုး​၏​ကိုယ်​ခန္ဓာ​သည် မီး​ကဲ့​သို့​လောင်​ကျွမ်း​လျက်​နေ​ပါ​၏။
4 Struck [by heat] like the herb and dried up is my heart; for I forget to eat my bread.
ကျွန်​တော်​မျိုး​သည်​မြက်​ပင်​ကဲ့​သို့​အ​ထိ​အ​ခိုက် ခံ​ရ​၍​ညှိုး​နွမ်း​လျက်​ရှိ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​စား​စား​ချင်​စိတ်​မ​ရှိ တော့​ပါ။
5 Because of the voice of my groaning my bones cleave to my flesh.
ကျွန်​တော်​မျိုး​သည်​အ​သံ​ကျယ်​စွာ​ညည်း​ညူ ရ​ပါ​၏။ ကျွန်​တော်​မျိုး​မှာ​အ​ရိုး​နှင့်​အ​ရေ​သာ​လျှင် ရှိ​ပါ​တော့​သည်။
6 I am like the pelican of the wilderness: I am become like the owl amid ruins.
ကျွန်​တော်​မျိုး​သည်​တော​ကန္တာ​ရ​ရှိ တော​ငှက်​ကဲ့​သို့​လည်း​ကောင်း၊ ယို​ယွင်း​ပျက်​စီး​နေ​သော​အ​ဆောက်​အ​အုံ​ရှိ ဇီး​ကွက်​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ပါ​၏။
7 I watch, and I am become like a [night-]bird sitting alone upon the housetop.
ကျွန်​တော်​မျိုး​သည်​အိပ်​၍​မ​ပျော်​နိုင်​ဘဲ ဖြစ်​နေ​ပါ​၏။ ကျွန်​တော်​မျိုး​သည်​အိမ်​မိုး​ပေါ်​တွင်​တစ်​ကောင်​တည်း နား​နေ​ရ​သော​ငှက်​နှင့်​တူ​ပါ​၏။
8 All the day my enemies reproach me: they that mock me swear by me.
ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​သည်​တစ်​နေ့​လုံး စော်​ကား​ကြ​ပါ​၏။ သူ​တို့​သည်​ကျွန်​တော်​မျိုး​ကို​ပုံ​ခိုင်း​၍ ကျိန်​ဆဲ​ကြ​ပါ​၏။
9 For ashes do I eat like bread, and my drink I mingle with weeping;
ကိုယ်​တော်​ရှင်​၏​ပြင်း​ထန်​သော​အ​မျက်​တော် ကြောင့် ကျွန်​တော်​မျိုး​သည်​ပြာ​ကို​အ​စား​အ​စာ အ​ဖြစ်​ဖြင့် စား​ရ​ပါ​၏။ စ​ပျစ်​ရည်​ကို​လည်း​မျက်​ရည်​နှင့်​ရော​၍​သောက် ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ချီး​မြှောက်​တော်​မူ​ပြီး​မှ​ပစ်​ချ​တော်​မူ​ပါ​၏။
10 Because of thy indignation and thy wrath; for thou hadst lifted me up, and hast cast me down.
၁၀
11 My days are like a shadow that declineth; and like the herb I wither.
၁၁ကျွန်​တော်​မျိုး​၏​ဘ​ဝ​အ​သက်​တာ​သည်​ည နေ​ချိန်​၌ ကျ​ရောက်​သည့်​အ​ရိပ်​ကဲ့​သို့​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​သည်​မြက်​ကဲ့​သို့​ခြောက်​သွေ့ သွား​ပါ​၏။
12 But thou, O Lord, wilt sit enthroned for ever; and thy memorial is unto all generations.
၁၂သို့​ရာ​တွင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ထာ​ဝ​ရ​ဘု​ရင်​ဖြစ် တော်​မူ​ပါ​၏။ နာ​မ​တော်​သည်​ကာ​လ​အ​စဉ်​အ​ဆက်​တည်​လိမ့်​မည်။
13 Thou wilt indeed arise; thou wilt have mercy upon Zion; for it is time to favor her, for the appointed time is coming.
၁၃ကိုယ်​တော်​ရှင်​သည်​ထ​တော်​မူ​၍​ဇိ​အုန်​မြို့​ကို သ​နား​တော်​မူ​လိမ့်​မည်။ ထို​မြို့​ကို​သ​နား​တော်​မူ​ရန်​အ​ချိန်​သည် ကျ​ရောက်​လာ​ပါ​ပြီ။ ယ​ခု​အ​ချိန်​သည်​သင့်​တော်​သည့်​အ​ချိန်​ပင် ဖြစ်​ပါ​၏။
14 For thy servants hold dear her stones, and her very dust they cherish.
၁၄ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​သည်​ဇိ​အုန်​မြို့ ပျက်​စီး​သွား​ပြီ​ဖြစ်​သော်​လည်း ထို​မြို့​ကို​နှစ်​သက်​မြတ်​နိုး​လျက်​ပင် ရှိ​နေ​ကြ​ပါ​သေး​၏။ ဇိ​အုန်​မြို့​ယို​ယွင်း​လျက်​နေ​သော်​လည်း ထို​မြို့​ကို​သ​နား​ကြ​ပါ​သေး​၏။
15 Then shall nations fear the name of the Lord, and all the kings of the earth thy glory:
၁၅လူ​မျိုး​အ​ပေါင်း​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရို​သေ​ကြ​လိမ့်​မည်။ လော​က​ဘု​ရင်​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏ တန်​ခိုး​တော်​ကို​ကြောက်​ရွံ့​ရိုသေ​ကြ​လိမ့်​မည်။
16 When the Lord shalt have built up Zion, he appeareth in his glory;
၁၆ထာ​ဝ​ရ​ဘု​ရား​သည်​ဇိ​အုန်​မြို့​ကို​ပြန်​လည် တည်​ထောင်​တော်​မူ​သော​အ​ခါ မိ​မိ​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ပေါ်​လွင် ထင်​ရှား​စေ​တော်​မူ​လိမ့်​မည်။
17 [When] he hath regarded the prayer of the forsaken, and doth not despise their prayer.
၁၇ကိုယ်​တော်​သည်​မိ​မိ​စွန့်​ပစ်​ထား​သည့်​လူ​စု တော်​၏ လျှောက်​ထား​ချက်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​ဆု​တောင်း​ပတ္ထနာ​ကို နား​ညောင်း​တော်​မူ​လိမ့်​မည်။
18 This shall be written down for the latest generation; and the people which shall be created shall praise the Lord.
၁၈ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​အ​ရာ တို့​ကို နောင်​လာ​နောက်​သား​တို့​အ​တွက် ရေး​မှတ်​ထား​ကြ​လော့။ သို့​မှ​သာ​လျှင်​သူ​တို့​သည်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။
19 For he hath looked down from the height of his sanctuary; the Lord hath cast from heaven his view to the earth:
၁၉အ​ကျဉ်း​ခံ​နေ​ရ​သူ​များ​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ရန်​လည်း​ကောင်း၊ သေ​ဒဏ်​စီ​ရင်​ခြင်း​ခံ​ရ​သူ​တို့​အား​လွတ်​ငြိမ်း​ခွင့် ပေး​တော်​မူ​ရန်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ထက်​ဘုံ​မှ​ငုံ့​၍​ကြည့်​တော်​မူ​၏။ ကိုယ်​တော်​သည်​ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍ ကမ္ဘာ​ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၏။
20 To hear the sighing of the prisoner; to loosen those that are doomed to death:
၂၀
21 That men may proclaim in Zion the name of the Lord, and his praise in Jerusalem;
၂၁သို့​ဖြစ်​၍​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ လူ​မျိုး​တ​ကာ​တို့​သည် စု​ရုံး​လာ​ကြ​ပြီး​လျှင်​ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ဝတ်​ပြု​ကြ​သော​အ​ခါ​ဇိ​အုန်​တောင် ပေါ်​၌ ကိုယ်​တော်​၏​နာ​မ​တော်​ကို​ကြေ​ညာ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​တွင်​ကိုယ်​တော်​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။
22 When people are gathered together, and kingdoms, to serve the Lord.—
၂၂
23 He hath weakened on the way my strength; he hath shortened my days.
၂၃ငါ​ငယ်​စဉ်​အ​ခါ​က​ပင်​လျှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​အား​အင်​ချိ​နဲ့​စေ​တော်​မူ​၍​ငါ​၏​အ​သက် ကို တို​စေ​တော်​မူ​ပါပြီ။
24 I will say, O my God! take me not away in the midst of my days: throughout all generations are thy years.
၂၄အို ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​မ​အို​မီ​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ရုပ်​သိမ်း​တော်​မ​မူ​ပါ​နှင့်။ အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​စဉ်​အ​မြဲ အ​သက်​ရှင်​တော်​မူ​ပါ​၏။
25 In olden times didst thou lay the foundations of the earth; and the heavens are the work of thy hands.
၂၅ကိုယ်​တော်​ရှင်​သည်​ရှေး​အ​ခါ​က​ကမ္ဘာ​မြေ ကြီး​ကို တည်​စေ​တော်​မူ​ပြီး​လျှင်​လက်​တော်​ဖြင့် မိုး​ကောင်း​ကင်​ကို​ဖန်​ဆင်း​တော်​မူ​ပါ​၏။
26 These will indeed perish, but thou wilt ever exist: yea, all of them will wear out like a garment; as a vesture wilt thou change them, and they will be changed;
၂၆ထို​အ​ရာ​အား​လုံး​သည်​ကွယ်​ပျောက်​သွား ကြ​မည်​ဖြစ်​သော်​လည်း ကိုယ်​တော်​ရှင်​မူ​ကား​ရှိ​နေ​တော်​မူ​မည်​ဖြစ်​ပါ​၏။ ထို​အ​ရာ​အ​ပေါင်း​တို့​သည်​အ​ဝတ်​အ​ထည်​များ ကဲ့​သို့ ဟောင်း​နွမ်း​သွား​ကြ​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​အ​ဝတ်​လဲ​သ​ကဲ့​သို့ လဲ​တော်​မူ​သ​ဖြင့် ထို​အ​ရာ​တို့​သည်​ပြောင်း​လဲ​ကွယ်​ပျောက် သွား​ကြ​ပါ​လိမ့်​မည်။
27 But thou art ever the same, and thy years will have no end.
၂၇သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​မူ​ကား​အ​ဘယ်​အ​ခါ ၌​မျှ ပြောင်း​လဲ​တော်​မ​မူ​ပါ။ အ​သက်​တော်​သည်​လည်း​အ​ဘယ်​အ​ခါ​၌​မျှ ကုန်​ဆုံး​တော်​မူ​လိမ့်​မည်​မ​ဟုတ်​ပါ။
28 The children of thy servants will dwell [securely], and their seed will be firmly established before thee.
၂၈ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​သည် ဘေး​မဲ့​လုံ​ခြုံ​စွာ​နေ​ရ​ပါ​လိမ့်​မည်။ သူ​တို့​၏​အ​မျိုး​အ​နွယ်​များ​သည်​လည်း ကိုယ်​တော်​ရှင်​၏​ထံ​တော်​၌​လုံ​ခြုံ​စွာ​ခို​လှုံ ရ​ပါ​လိမ့်​မည်။

< Psalms 102 >