< Numbers 34 >
1 And the Lord spoke unto Moses, saying,
၁တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
2 Command the children of Israel, and say unto them, when ye come into the land of Canaan, shall this be the land that shall fall unto you for an inheritance: The land of Canaan according to its boundaries.
၂သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
3 And the southern side shall be unto you from the wilderness of Zin along by the boundary of Edom, and your southern border shall commence at the outmost edge of the Salt Sea on its east side.
၃တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
4 And the border shall turn for you from the south of the ascent of 'Akrabbim, and pass on to Zin; and its terminating points shall be to the south of Kadesh-barnea', and shall go on to Chazar-addar, and pass on to Azmon;
၄တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
5 And the border shall turn from 'Azmon unto the river of Egypt, and its terminating points shall be at the sea.
၅အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
6 And as the western border, shall ye have the Great Sea for a border: this shall be your western border.
၆အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
7 And this shall be unto you the northern border: from the Great Sea shall ye mark out for you [the boundary to] mount Hor;
၇မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
8 From mount Hor shall ye mark out [the boundary] unto the entrance of Chamath; and the terminations of the border shall be toward Zedad;
၈ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
9 And the border shall go on to Ziphron, and its terminating points shall be at Chazar'-enan: this shall be unto you the northern border.
၉ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
10 And ye shall turn yourselves to the eastern border, from Chazar-'enan to Shepham;
၁၀အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
11 And the boundary shall go down from Shepham to Riblah, to the eastward of 'Ayin; and the boundary shall descend, and shall touch upon the coast of the sea of Kinnereth, eastward;
၁၁အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
12 And the border shall go down to the Jordan, and its terminating points shall be at the Salt Sea: this shall be your land after its boundaries round about.
၁၂ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
13 And Moses commanded the children of Israel, saying, This is the land which ye shall divide among yourselves by lot, which the Lord hath commanded to give unto the nine tribes, and to the half tribe.
၁၃မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
14 For the tribe of the children of Reuben according to their family divisions, and the tribe of the children of Gad according to their family divisions, have received, —and the half of the tribe of Menasseh have received their inheritance;
၁၄ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
15 The two tribes and the half tribe have received their inheritance on this side of the Jordan opposite Jericho eastward, toward the rising of the sun.
၁၅
16 And the Lord spoke unto Moses, saying,
၁၆တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
17 These are the names of the men who shall parcel out unto you the land: Elazar the priest, and Joshua the son of Nun.
၁၇အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
18 And one prince each from every tribe shall ye take to parcel out the land.
၁၈ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
19 And these are the names of the men: Of the tribe of Judah, Caleb the son of Yephunneh:
၁၉ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
20 And of the tribe of the children of Simeon, Shemuel the son of 'Ammihud;
၂၀ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
21 Of the tribe of Benjamin, Elidad the son of Kisslon;
၂၁ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
22 And of the tribe of the children of Dan the prince, Bukki the son of Yogli;
၂၂ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
23 Of the children of Joseph, for the tribe of the children of Menasseh the prince, Channiel the son of Ephod;
၂၃ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
24 And of the tribe of the children of Ephraim the prince, Kemuel the son of Shiphtan;
၂၄ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
25 And of the tribe of the children of Zebulun the prince, Elizaphan the son of Parnach;
၂၅ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
26 And of the tribe of the children of Issachar the prince, Paltiel the son of 'Azzan;
၂၆ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
27 And of the tribe of the children of Asher the prince, Achihud the son of Shelomi;
၂၇အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
28 And of the tribe of the children of Naphtali the prince, Pedahel the son of 'Ammihud.
၂၈နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
29 These are they whom the Lord hath commanded to divide out the inheritance unto the children of Israel in the land of Canaan.
၂၉ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။