< Numbers 30 >
1 And Moses spoke unto the heads of the tribes of the children of Israel, saving, This is the thing which the Lord hath commanded,
၁တဖန် ထာဝရဘုရား မိန့် တော်မူသော စကား ကို မောရှေ သည်၊ ဣသရေလ အမျိုးသား တို့တွင် အမျိုးအနွယ် တို့၌ မင်း ဖြစ်သောသူတို့အား ဆင့်ဆို သည်ကား၊
2 If a man make a vow unto the Lord, or he swear an oath to bind his soul with an obligation: he shall not profane his word; according to all that proceedeth out of his mouth shall he do.
၂လူ ယောက်ျားသည် ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ၍ ကျိန်ဆို ခြင်းကို ပြုသော်၎င်း၊ မိမိ ပြောသောစကား ကို မ ဖျက် ဘဲ၊ မိမိ နှုတ် ထွက် ရှိသည်အတိုင်း ပြု ရမည်။
3 And if a woman make a vow unto the Lord, and bind herself by an obligation, being in her father's house in her youth;
၃မိန်းမ သည် အဘ အိမ် ၌ အသက် ငယ်စဉ်အခါ၊ ထာဝရဘုရား အား သစ္စာ ဂတိပြုသော်၎င်း၊
4 And her father hear her vow, and her obligation wherewith she hath bound her soul, and her father be silent to her: then shall all her vows stand, and every obligation wherewith she hath bound her soul shall stand.
၄ထိုသစ္စာ စကား၊ ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို အဘ သည် ကြား လျက် တိတ်ဆိတ် စွာ နေလျှင် ထိုသစ္စာ စကားရှိသမျှ တို့နှင့် ကိုယ် စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားဟူသမျှ တို့သည် တည် ရကြမည်။
5 But if her father disallow her on the day that he heareth it: all her vows or her obligations, wherewith she hath bound her soul, shall not stand; and the Lord will forgive her, because her father hath disallowed her.
၅သို့မဟုတ် အဘ သည် ကြား သောနေ့ ၌ မြစ်တား လျှင်၊ ထိုသစ္စာ စကားမည်မျှ၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား မည်မျှမ တည် ရ။ အဘ မြစ်တား သောကြောင့် ၊ ထာဝရဘုရား လွှတ် တော်မူမည်။
6 And if she be given to a man, and have vows upon her, or what she may have uttered with her lips, wherewith she hath bound her soul;
၆မိန်းမသည် လင် ရှိ လျက်၊ သစ္စာဂတိ ပြု၍ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းငှာနှုတ် မြွက် သောအခါ၊
7 And her husband hear it, and be silent to her on the day that he heareth it: then shall her vows stand, and her obligations wherewith she hath bound her soul, shall stand.
၇လင် သည် ကြား လျှင် ၎င်း၊ ကြား သောနေ့ ၌ တိတ်ဆိတ် စွာနေလျှင်၎င်း၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကား တည် ရမည်။
8 But if on the day of her husband's hearing it, he disallow her: then doth he annul her vow which is upon her, and that which she hath uttered with her lips, wherewith she hath bound her soul; and the Lord will forgive her.
၈သို့မဟုတ် လင် သည် ကြား သောနေ့ ၌ မြစ်တား လျှင် ၊ ထိုသစ္စာ စကား၊ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော စကားကို လင်သည်ပယ် ၍ ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
9 But regarding the vow of a widow, or of her that is divorced, all, wherewith she hath bound her soul, shall stand for her.
၉လင် သေသောမိန်းမ၊ လင်နှင့်ကွာ သော မိန်းမသည် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော သစ္စာ ဂတိ အလုံးစုံ တို့သည် တည် ရကြမည်။
10 And if she had vowed in her husband's house, or had bound her soul by an obligation with an oath;
၁၀လင် အိမ် ၌ ရှိစဉ်အခါ၊ သစ္စာ ဂတိပြုသော်၎င်း ၊ ကျိန်ဆို ခြင်းအားဖြင့် ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
11 And her husband heard it, and was silent to her, and disallowed her not: then all her vows shall stand, and every obligation, wherewith she hath bound her soul, shall stand.
၁၁လင် သည် ကြား သော်လည်း မ မြစ်တား တိတ်ဆိတ် စွာနေလျှင် ၊ ထိုသစ္စာ ဂတိရှိသမျှ ကိုယ်စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းရှိသမျှ တို့သည် တည် ရကြမည်။
12 But if her husband hath annulled them on the day he heard them: then whatsoever proceeded out of her lips, concerning her vows, or concerning the obligation of her soul, shall not stand; her husband hath annulled them; and the Lord will forgive her.
၁၂သို့မဟုတ် လင် သည် ကြား သောနေ့ ၌ ရှင်းရှင်းပယ် ဘူးလျှင် ၊ သစ္စာ ဂတိနှင့်၎င်း ၊ စိတ် ဝိညာဉ်၌ ချည်နှောင် ခြင်းနှင့်၎င်း ဆိုင်သော စကား မည်မျှမ တည် ရ။ လင် သည် ပယ် သောကြောင့် ၊ ထာဝရဘုရား လည်း လွှတ် တော်မူမည်။
13 Every vow, and every binding oath to afflict the person, her husband may confirm it, or her husband may annul it.
၁၃ခပ်သိမ်း သောသစ္စာ ဂတိ၊ ခြိုးခြံ စွာကျင့် ခြင်းနှင့် ဆိုင်သမျှ သောအချည်အနှောင် ကျိန်ဆို ခြင်းတို့ကို၊ လင် သည် တည် စေပိုင်သောအခွင့်၊ ပယ် ပိုင်သော အခွင့်ရှိ၏။
14 But if her husband should be silent to her from day to day: then hath he confirmed all her vows, or all her obligations, which are upon her; he hath confirmed them, because he was silent to her on the day that he heard them.
၁၄လင် သည် တနေ့ ထက်တနေ့တိတ်ဆိတ် စွာနေ လျှင် ၊ မယား ပြုသောသစ္စာ ဂတိရှိသမျှ တို့နှင့် မယား ၌ ချည်နှောင် ခြင်း ရှိသမျှ တို့ကို တည် စေ၏။ ကြား သောနေ့ ၌ တိတ်ဆိတ် စွာ နေသောကြောင့် တည် စေပြီ။
15 But if he should annul them after [the day] that he hath heard them: then shall he bear her iniquity.
၁၅ထိုစကားကို ကြား သောနေ့နောက်မှ ၊ လင်သည် ပယ် အံ့သောငှါပြုလျှင် ၊ မယား အပြစ် ကို ကိုယ်တိုင်ခံရ မည်။
16 These are the statutes, which the Lord commanded Moses, between a man and his wife, between the father and his daughter, being yet in her youth, in her father's house.
၁၆ဤရွေ့ကား ၊ မယား နှင့်လင် စပ်ကြား ၌၎င်း၊ အဘ အိမ် မှာ အသက် နုငယ်သောသမီး နှင့် အဘ စပ်ကြား ၌၎င်း၊ မောရှေ အားဖြင့်ထာဝရဘုရား ထား တော်မူသော ပညတ် တရားဖြစ်သတည်း။