< Leviticus 11 >
1 And the Lord spoke unto Moses and to Aaron, saying unto them,
၁ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန် အောက်ပါပညတ်များ ကိုမောရှေနှင့်အာရုန်တို့မှတစ်ဆင့်ချမှတ် ပေးတော်မူ၏။ သင်တို့သည်ကုန်းသတ္တဝါ တို့တွင်၊-
2 Speak unto the children of Israel, saying, These are the beasts which ye may eat among all the beasts that are on the earth.
၂
3 Whatsoever divideth the hoof, and is cloven-footed, and cheweth the cud, among the beasts, that may ye eat.
၃ခွာကွဲ၍စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏အသားကိုစားနိုင်သည်။-
4 But these shall ye not eat, of those that chew the cud, or of those that divide the hoof: the camel; because he cheweth the cud, but divideth not the hoof; he is unclean unto you.
၄သို့ရာတွင်ကုလားအုတ်၊ ခွေးတူဝက်တူနှင့် ယုန်တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန် တို့သည်စားမြုံ့ပြန်တတ်သော်လည်းခွာမကွဲ သဖြင့် စားရန်မသန့်ရှင်းဟုမှတ်ယူရမည်။-
5 And the cony; because he cheweth the cud, but divideth not the hoof; he is unclean unto you.
၅
6 And the hare; because he cheweth the cud, but divideth not the hoof; he is unclean unto you.
၆
7 And the swine; because he divideth the hoof, and is cloven-footed, but he cheweth not the cud; he is unclean unto you.
၇ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
8 Of their flesh shall ye not eat, and their carcass shall ye not touch; they are unclean unto you.
၈သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
9 These may ye eat, of all that are in the waters: all that have fins and scales in the waters, in the seas, and in the rivers, them may ye eat.
၉သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
10 But all that have not fins and scales in the seas, and in the rivers, of whatever moveth in the waters, and of any living thing which is in the waters, shall be an abomination unto you:
၁၀သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-
11 And an abomination shall they remain unto you; of their flesh shall ye not eat, and their carcasses ye shall have in abomination.
၁၁ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။-
12 Whatsoever hath not fins and scales in the waters, shall be an abomination unto you.
၁၂ဆူးတောင်နှင့်အကြေးမပါရှိသောရေ သတ္တဝါဟူသမျှကိုမစားရ။
13 And these shall ye have in abomination among the fowls; they shall not be eaten, they are an abomination: The eagle, and the ossifrage, and the osprey,
၁၃အောက်ဖော်ပြပါငှက်မျိုးတို့ကိုသင်တို့ သည်မစားရ။ လင်းယုန်၊ ဇီးကွက်၊ သိမ်းငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ ဇင်ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်ကြီးဝံပို၊ တင်ကျီး၊ တောင်သူ ဘီးငှက်နှင့်လင်းနို့တို့ဖြစ်သည်။
14 And the vulture, and the kite after his kind;
၁၄
15 Every raven after his kind:
၁၅
16 And the ostrich, and the night-hawk, and the cuckoo, and the hawk after his kind;
၁၆
17 And the little owl, and the cormorant, and the great owl,
၁၇
18 And the swan, and the pelican, and the gier-eagle,
၁၈
19 And the stork, the heron after his kind, and the lapwing, and the bat.
၁၉
20 All flying insects that walk upon four feet, shall be an abomination unto you.
၂၀ခုန်ဆွသွားတတ်သည့်ပိုးကောင်များမှလွဲ၍ အတောင်ရှိပိုးကောင်ဟူသမျှသည်မသန့်ရှင်း၊-
21 Yet these may ye eat, among all the flying insects that walk on four feet, which have spring-legs above their feet, to leap therewith upon the earth.
၂၁
22 These of them may ye eat: The locust after its kind, and the sol'am after its kind, and the chargol after its kind, and the chagab after its kind.
၂၂သင်တို့သည်ကျိုင်းကောင်၊ ပရစ်နှင့်နှံကောင်များ ကိုစားနိုင်သည်။-
23 But all flying insects, which have four feet, shall be an abomination unto you;
၂၃သို့ရာတွင်အတောင်ရှိ၍တွားသွားတတ်သော အခြားအကောင်ငယ်ရှိသမျှကို မသန့်ရှင်း ဟုမှတ်ယူရမည်။
24 And through these shall ye be rendered unclean: whosoever toucheth the carcass of them shall be unclean until the evening;
၂၄အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
25 And whosoever beareth aught of their carcass shall wash his clothes, and be unclean until the evening.
၂၅
26 Every species of beast, which divideth the hoof and is not cloven-footed nor cheweth the cud, is unclean unto you: every one that toucheth the same shall be unclean.
၂၆
27 And all that walk upon their paws, among all manner of beasts that walk on four feet, are unclean unto you; whosoever toucheth their carcass shall be unclean until the evening.
၂၇
28 And he that beareth their carcass shall wash his clothes, and be unclean until the evening: unclean shall they be unto you.
၂၈
29 And these shall be unclean unto you among the creeping things that creep upon the earth: The weasel, and the mouse, and the tortoise after its kind,
၂၉ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုးတို့ကိုမသန့်ရှင်းဟု မှတ်ယူရမည်။-
30 And the hedgehog, and the chameleon, and the lizard, and the snail, and the mole.
၃၀
31 These shall be unclean to you among all that creep: whosoever doth touch them, when they are dead, shall be unclean until the evening.
၃၁ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-
32 And every thing upon which any part of them, when they are dead, doth fall, shall be unclean; whether it be any vessel of wood, or raiment, or skin, or sack, every vessel wherewith any work can be done, must be put into water, and it shall be unclean until the evening, when it shall be clean.
၃၂သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
33 And every earthen vessel whereinto any part of them falleth, whatsoever is in it shall be unclean; and itself shall ye break.
၃၃အသေကောင်များမြေအိုးထဲသို့ကျလျှင် အိုးထဲရှိသမျှသည်လည်း ညစ်ညမ်းကုန် သဖြင့်အိုးကိုခွဲရမည်။-
34 All kinds of food which may be eaten, on which water cometh, shall be unclean: and all drink that may be drunk, shall be rendered unclean in every vessel.
၃၄မသန့်ရှင်းသောထိုအိုးမှရေသည်စားစရာ ပေါ်သို့ကျလျှင် ထိုစားစရာသည်လည်း မသန့်ရှင်းချေ။ ထိုအိုးမှသောက်ရေသည် လည်းမသန့်ရှင်း။-
35 And every thing whereupon any part of their carcass falleth, shall be unclean; an oven, or ranges for pots, shall be broken down, they are unclean; and unclean shall they be unto you.
၃၅မြေမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုပေါ်သို့ထို သတ္တဝါတို့၏အသေကောင်များကျလျှင် ထိုမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုသည်မသန့် ရှင်းသဖြင့်ခွဲပစ်လိုက်ရမည်။-
36 Nevertheless, a fountain, or pit, receptacles for water, shall be clean; but he that toucheth their carcass shall be unclean.
၃၆သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
37 And if any part of their carcass fall upon any sowing-seed which hath been sown, it shall be clean.
၃၇ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-
38 But if any water be put upon the seed, and any part of their carcass fall thereon, it shall be unclean unto you.
၃၈သို့ရာတွင်ရေစိမ်ထားသောမျိုးစေ့ပေါ် သို့အသေကောင်ကျလျှင် ထိုမျိုးစေ့သည် မသန့်ရှင်း။
39 And if any cattle die, which is allowed to you as food: he that toucheth its carcass shall be unclean until the evening.
၃၉စားနိုင်သောတိရစ္ဆာန်သေလျှင်ထိုအသေ ကောင်ကိုကိုင်တွယ်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းချေ။-
40 And he that eateth of its carcass shall wash his clothes, and be unclean until the evening; he also that beareth its carcass shall wash his clothes, and be unclean until the evening.
၄၀ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
41 And every creeping thing that creepeth upon the earth is an abomination, it shall not be eaten.
၄၁မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။-
42 Whatsoever goeth upon the belly, and whatsoever goeth upon four feet, down to whatsoever hath many feet among all creeping things that creep upon the earth, shall ye not eat; for they are an abomination.
၄၂
43 Ye shall not make yourselves abominable with any creeping thing that creepeth; and ye shall not make yourselves unclean with them, that ye should be defiled thereby.
၄၃ထိုသတ္တဝါများကိုစား၍သင်တို့ကိုယ်ကို မညစ်ညမ်းစေနှင့်။-
44 For I am the Lord your God; ye shall therefore sanctify yourselves, and ye shall be holy; for I am holy: neither shall ye make yourselves unclean with any manner of creeping thing that creepeth upon the earth.
၄၄ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည်လည်းသန့်ရှင်းကြရမည်။-
45 For I am the Lord that have brought you up out of the land of Egypt, to be your God; ye shall therefore be holy, for I am holy.
၄၅ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
46 This is the law of the beasts, and of the fowl, and of every living creature that moveth in the waters, and of every creature that creepeth upon the earth:
၄၆ဤပညတ်သည်ကားတိရစ္ဆာန်များနှင့်ငှက် များ၊ ရေသတ္တဝါနှင့်ကုန်းသတ္တဝါများနှင့် ဆိုင်သောပညတ်ဖြစ်သတည်း။-
47 To distinguish between the unclean and the clean, and between the beast that may be eaten and the beast that may not be eaten.
၄၇သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။