< Job 39 >
1 Knowest thou the time when the chamois of the rock bring forth? or markest thou when the hinds do calve?
၁သင်သည် တောဆိတ် မွေး ရသောကာလ ကို သိ သလော။ သမင် ဒရယ်မ သားဘွား ခြင်းဝေဒနာခံရသောအချိန်ကို မှတ် နိုင်သလော။
2 Numberest thou the months of gestation which they complete and knowest thou the time when they bring forth?
၂ကိုယ်ဝန်ဆောင်ရသောနေ့လ တို့ကို ရေတွက် ၍၊ ဘွား ရသောအချိန် ကာလကို သိ သလော။
3 They bend themselves: they drop their young ones; throw off their pains.
၃သူတို့သည် ကျောကိုင်း ၍သား ငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်း ကြ၏။
4 Their little ones become strong; they grow up in the open field; they go forth, and return not unto them.
၄သား ငယ်တို့သည် ကျန်းမာ ၍၊ လွင်ပြင် ၌ ကြီးပွါး တတ်ကြ၏။ အခြားသို့သွား၍ အမိထံသို့ပြန် မ လာဘဲ နေတတ်ကြ၏။
5 Who sent out the wild ass free? or who loosened the bonds of the forest-ass?
၅တောမြည်း ကိုအဆီးအတား မရှိစေခြင်းငှါ အဘယ်သူ လွှတ် သနည်း။ တောမြင်း ၌ချည်နှောင် ခြင်းကို အဘယ်သူ ဖြေ သနည်း။
6 To whom I assigned the wilderness as his house, and the salty land as his dwellings.
၆တော ကို သူ့ အိမ် ဘို့၎င်း ၊ လွင်ပြင် ကိုသူ့ နေရာ ဘို့ ၎င်း ငါခန့် ထားပြီ။
7 He laugheth at the noise of a town, and the shoutings of the driver he heareth not.
၇မြို့ ၌ ဖြစ်သောလူတို့၏ အသံ ဗလံကို သူသည် မထီမဲ့မြင် ပြုတတ်၏။ နှင် သောသူအော်ဟစ် နှိုးဆော်သံကို မ မှတ် တတ်။
8 What he espieth on the mountains is his pasture, and after every green thing doth he search.
၈တောင်ရိုး ၌ ကျက်စား ၍ ၊ စိမ်း သော အပင် အမျိုးမျိုး ကို ရှာ တတ်၏။
9 Will the forest-ox be willing to serve thee, or will he stay over night at thy crib?
၉ကြံ့ သည် သင်၏အမှု ကိုဆောင်ရွက်၍၊ သင် ၏ တင်းကုပ် ၌ နေ ခြင်းငှါအလိုရှိ လိမ့်မည်လော။
10 Canst thou bind the forest-ox with a rope [to labor] in the furrow? or will he harrow valleys, following after thee?
၁၀ကြံ့ ကိုထွန် ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုး နှင့် ချည် နိုင်သလော။ သို့မဟုတ် သင့် နောက် သို့ လိုက်၍ချိုင့် ၌ လယ်ထွန် လိမ့်မည်လော။
11 Wilt thou trust him, because his strength is great? and wilt thou leave to him thy labor?
၁၁ကြံ့သည် အား ကြီး သောကြောင့် သူ့ ကို ယုံ မည်လော။ သင် လုပ်ရသောအလုပ် ကိုသူ ၌ အပ် မည်လော။
12 Wilt thou confide in him, that he should bring home thy seed, and gather it into thy threshing-floor?—
၁၂သင် ၏စပါး ကို ဆောင် ခဲ့၍ စပါးကျီ ၌ စုသိမ်း လိမ့်မည်ဟု ယုံ သလော။
13 The wing of the ostrich moveth joyfully: hath she the pinions and plumage of the careful stork?
၁၃ကုလားအုပ် ငှက်သည် အတောင် ခတ်လျက် နေတတ်၏။ တောငန်း သည် အမွေး အတောင် နှင့် ပြည့်စုံ၏။
14 [No, ] for she intrusteth her eggs to the earth, and letteth them be hatched out on the dust:
၁၄သို့သော်လည်း မြေ ၌ ဥ ၍ အဥတို့ကို မြေမှုန့် ၌ နွေး စေတတ်၏။
15 And she forgetteth that a foot may crush them, or that the beast of the field may stamp them down.
၁၅သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။
16 He hath made her callous against her young, as though they were not hers: her labor is in vain, [but she feeleth] no dread;
၁၆သား ငယ်တို့ကို ကိုယ်သားကဲ့သို့ မ မှတ် ကြမ်းတမ်း စွာ ပြုတတ်၏။ စိုးရိမ် ခြင်းမ ရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီး ခံတတ်၏။
17 Because God hath denied her wisdom, and he hath not imparted to her understanding.
၁၇အကြောင်း မူကား၊ ဘုရား သခင်သည် ပညာ မဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ် ကိုပေး တော်မ မူ။
18 At the time she raiseth herself up on high, she laugheth at the horse and his rider.
၁၈သို့သော်လည်းကိုယ်ကို ချီကြွ သောအခါ ၊ မြင်း နှင့် မြင်းစီး သော သူကို ပင် ရယ် တတ်၏။
19 Dost thou give the horse strength? dost thou clothe his neck with the rolling mane?
၁၉သင်သည် မြင်း ကို ခွန်အား နှင့် ပြည့်စုံ စေသလော။ သူ ၏လည်ပင်း ၌ မိုဃ်းကြိုး လက္ခဏာကို သွင်း သလော။
20 Canst thou make him jump like a locust? his majestic snort is terrible.
၂၀ကျိုင်းကောင် ခုန်သကဲ့သို့ ခုန် တတ်စေသလော။ သူ ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ် ဖြစ်၏။
21 Men spy about in the valley, and he rejoiceth in his strength: he goeth forth to meet the armed array.
၂၁လွင်ပြင် ကိုယက် ၍ ၊ မိမိခွန်အား ၌ ဝါကြွား လျက်၊ သူရဲ များကို တွေ့ အံ့သောငှါ သွား တတ်၏။
22 He laugheth at fear, and is not dismayed; and turneth not back from before the sword.
၂၂ကြောက် စရာအကြောင်းကို ကဲ့ရဲ့ ၍ ၊ ကြောက်လန့် သောသဘောနှင့်ကင်းလွတ် သဖြင့် ၊ ထား ဘေးကို မ ရှောင် တတ်။
23 Over him rattle the quiver, the glittering spear and the lance.
၂၃သူ့ တစ်ဘက် ၌ မြှား တောင့်လှုပ်သံမြည် ၍၊ လှံ နှင့် ဒိုင်း လွှားသည် ပြောင်လက် လျက်ရှိ၏။
24 With impatient noise and rage he holloweth [with his hoof] the ground, and keepeth not quiet when the cornet's voice [is heard].
၂၄မာနကြီး၍ပြင်းထန် သောစိတ် နှင့် မြေ ကို မျို တတ်၏။ တံပိုး သံ ကို ကြားသောအခါ ၊ ငြိမ်ဝပ် စွာ မ နေနိုင်။
25 Midst the sound of the cornet he uttereth his joyful neigh; and from afar he perceiveth the battle, the loud call of the captains, and the battle-cry.—
၂၅တံပိုး များ အလယ်သို့ရောက်၍ အေ့ဟေ ၊ အေ့ဟေဟုဆို တတ်၏။ ဗိုလ်ခြေ အော်ဟစ် ၍ အသံဗလံ ပြုခြင်းနှင့်တကွ ၊ စစ်တိုက်ပွဲ ကို အဝေး က အနံ့ခံ တတ်၏။
26 Is it through thy understanding that the hawk flieth along, and spreadeth out his wings toward the south?
၂၆သင် ပေးသော ဉာဏ် အားဖြင့် သိမ်းငှက် သည် အတောင် ကို ဖြန့် ၍ တောင် မျက်နှာသို့ ပျံ သွားတတ် သလော ။
27 Or is it by your order that the eagle doth mount upward, and buildeth high up his nest?
၂၇သင် စီရင် သောကြောင့် ရွှေလင်းတ သည် အထက် သို့တက်၍ ၊ မြင့် သောအရပ်၌ အသိုက် ကို လုပ်တတ်သလော။
28 On a rock he dwelleth, and spendeth his nights, on a rocky crag and mountain fastness.
၂၈သူသည် ကျောက် ပေါ်မှာနေ ၍ တောင်ထိပ်နှင့် ကျောက် ငူ ပေါ် မှာ နေရာ ကျတတ်၏။
29 From there he espieth his food, from afar can his eyes behold.
၂၉ထို အရပ်က ကြည့် ၍ ကိုက်စားစရာ အကောင်ကို အဝေး က ပင် မြင် တတ်၏။
30 His young ones, also, sip up blood: and where the slain be, there is he.
၃၀သူ ၏သား ငယ်တို့သည် အသွေး ကို သောက် တတ်၏။ အသေကောင် ရှိ ရာအရပ်၌ ထို ငှက်ရှိသည်ဟု မိန့်တော်မူ၏။