< Job 25 >

1 Then answered Bildad the Shuchite, and said,
တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
2 Dominion and dread are with him: he maketh peace in high places.
ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3 Can the number of his hosts be given? and over whom riseth not his light?
ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
4 How then can man be justified with God? or how can be one that is born of woman?
သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
5 Behold, even as regardeth the moon, that is not bright; yea, the stars are not pure in his eyes.
လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
6 How much less the mortal, the mere worm? and the son of earth, the mere maggot?
ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။

< Job 25 >