< Isaiah 38 >

1 In those days Hezekiah fell sick unto death; and there came unto him Isaiah the son of Amoz, the prophet, and said unto him, Thus hath said the Lord, Give thy charge to thy house; for thou shalt die, and not live.
ထို ကာလ အခါ ဟေဇကိ မင်းသည် သေ နာ စွဲ သဖြင့် ၊ အာမုတ် သား ပရောဖက် ဟေရှာယ သည် လာ ၍ ၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကိုယ် အိမ် အမှုကို စီရင် လော့။ သင် သည် အသက် မ ရှင်၊ သေ ရမည်ဟု အမိန့် တော်ကို ပြန် လေ၏။
2 Then did Hezekiah turn his face to the wall, and prayed unto the Lord.
ဟေဇကိ မင်းသည်လည်း ထရံ သို့ မျက်နှာ လှည့် ၍ ၊ အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ရှေ့ တော်၌ သစ္စာ စောင့် လျက်၊
3 And he said, O Lord, I beseech thee remember now that I have walked before thee in truth, and with an undivided heart, and have done what is good in thy eyes. And Hezekiah wept aloud.
စုံလင် သော စိတ် နှလုံးနှင့် ကျင့်၍၊ နှစ်သက်တော်မူသည်အတိုင်း ပြု ကြောင်းကို အောက်မေ့ တော်မူ ပါ၊ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန် ငိုကြွေး လျက်၊ ထာဝရဘုရား ကို ဆုတောင်း လေ၏။
4 Then came the word of the Lord to Isaiah, saying,
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဟေရှာယ သို့ ရောက် ၍၊
5 Go, and say to Hezekiah, Thus hath said the Lord, the God of David thy father, I have heard thy prayer, I have seen thy tears: behold, I will add unto thy days fifteen years.
သင်သည် ဟေဇကိမင်း ထံသို့ သွား ပြီးလျှင်၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ သင် ၏ ပဌနာ စကားကို ငါကြား ပြီ။ သင် ၏ မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင် ၏ အသက် ၌ တဆယ် ငါး နှစ် ကို ငါ ဆက် ၍ ပေးမည်။
6 And out of the hand of the king of Assyria will I deliver thee and this city; and I will shield this city.
သင် နှင့် ဤ မြို့ ကို အာရှုရိ ရှင်ဘုရင် လက် မှ ငါ ကယ်လွှတ် မည်။ ဤ မြို့ ကို ငါ ကွယ်ကာ စောင့်မမည် အရာကို ပြော လော့ဟု မိန့် တော်မူ၏။
7 And this shall be unto thee the sign from the Lord, that the Lord will do this thing which he hath spoken:
ဟေရှာယက၊ ထာဝရဘုရား အမိန့် တော်ရှိသည် အတိုင်း ပြု တော်မူမည်ဟု ထာဝရဘုရား သည် သင့် အား ပေး တော်မူသော လက္ခဏာ သက်သေဟူမူကား၊
8 Behold, I will cause the shadow of the degrees, which is gone down on the dial of Achaz by the sun, to return backward ten degrees. So the sun returned ten degrees, by the degrees which he was gone down.
ကြည့်ရှု လော့။ အာခတ် ၏နေတိုင်း နာရီပေါ် မှာ ရွေ့ သော အရိပ် ကို ဆယ်ချက်ပြန် စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ် ချက်ရွေ့ ပြီးသော အရိပ်သည် ဆယ် ချက်ပြန် လေ၏။
9 The writing of Hezekiah the king of Judah, when he had been sick, and was recovered of his sickness:
ယုဒ မင်းကြီး ဟေဇကိ သည် အနာ မှ ထမြောက် ၍ ရေးထားသော စာ ဟူမူကား၊
10 I had said, In the midst of my days, must I enter the gates of the nether world; I am deprived of the residue of my years. (Sheol h7585)
၁၀ငါ သည် ငြိမ်သက် စွာ နေစဉ်အခါ၊ မရဏာ နိုင်ငံတံခါး သို့ ဝင် ရပါသည်တကား။ ငါ ၌ ကြွင်း သော နှစ် များ ကို ငါ ရှုံး ပြီဟု ငါဆို သတည်း။ (Sheol h7585)
11 I had said, I shall not see the Lord, the Lord, in the land of the living: I shall not behold man any more among the inhabitants of the regions of death.
၁၁အသက်ရှင် သောသူတို့ ၏ နေရာ ၌ ၊ ထာဝရဘုရား ကို ငါမ မြင် ရ။ ငြိမ်း ရာအရပ်သား တို့နှင့် ပေါင်းဘော် ရသဖြင့်၊ နောက် တဖန် လူ တို့ကို မ မြင် ရ။
12 My dwelling is broken down, and is removed from me as a shepherd's tent: I have cut off, like a weaver, my life; with pining sickness will he snatch me away: from day until night wilt thou make an end of me.
၁၂သိုးထိန်း တဲ ကဲ့သို့ ငါ နေသောအိမ် ကို နှုတ် ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့ အသက် သည် လိပ် လျက်ရှိ၍၊ ရက်ကန်း စင် မှ ငါ့ ကို ပယ် ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆို သတည်း။
13 I waited [with patience] till morning, [whether] as a lion, so would he break all my bones: from day until night wilt thou make an end of me.
၁၃ငါ့ အရိုး ရှိသမျှတို့ကို ချိုး တော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ ဟောက်သကဲ့သို့ နံနက် တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ ကို ဆုံး စေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
14 Like a swallow or a crane, so did I chirp; I did moan like a dove; my eyes were lifted up on high: O Lord, I am oppressed; grant me ease.
၁၄ငါသည် တီတီတွတ် နှင့် ဇရက်ကဲ့သို့မြည်၍ ချိုး ကဲ့သို့ ညည်း တွန်ရ၏။ ငါ့ မျက်စိ တို့သည် မျှော်ကြည့်၍ အား လျော့ကြပြီ။ အိုဘုရား ရှင်၊ ညှဉ်းဆဲခြင်းကို ခံရသောအကျွန်ုပ် ဘက်၌ နေ တော်မူပါ။
15 What shall I speak? he hath promised it unto me, and he hath also accomplished it; I will make pilgrimages [to God's house] all my years because of the bitterness of my soul.
၁၅အဘယ်သို့ ငါပြော ရမည်နည်း။ ငါ့ အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြု တော်မူပြီ။ ငါ ၌ ကျန်ကြွင်းသော နှစ် စဉ်ကာလပတ်လုံး ၊ ငါ သည် စိတ် ဆင်းရဲ ခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွား ပါမည်။
16 O Lord, by these [things men] will live, and in all these [things] is the life of my spirit: so wilt thou give me health, and cause me to live.
၁၆အို ဘုရား ရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင်ရပါ၏။ ထိုအရာ ရှိသမျှ တို့၌ အကျွန်ုပ် ဝိညာဉ် ၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာ ရောဂါကို ငြိမ်းစေ ၍ ၊ အကျွန်ုပ် အသက်ကို ရှင် စေတော်မူ၏။
17 Behold, for peace I had great bitterness; but thou hast, in loving my soul, delivered it from the pit of corruption; for thou hast cast behind thy back all my sins.
၁၇အကျွန်ုပ် ခံရသောဝေဒနာ သည် ငြိမ်းပါပြီ။ အကျွန်ုပ် ၏ ဝိညာဉ် ကို သနား ၍၊ ဖျက်ဆီးရာ တွင်း ထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို နောက် တော်သို့ ပစ် လိုက်တော်မူပြီ။
18 For the nether world will not thank thee, death will not praise thee: they that go down into the pit will not hope for thy truth. (Sheol h7585)
၁၈အကယ်စင်စစ်မရဏာ နိုင်ငံသည် ဂုဏ်တော်ကို မ ချီးမွမ်း ရပါ။ သေ နေသောသူသည် ဂုဏ်တော်ကို ထောမနာသီချင်း မဆိုရပါ။ တွင်း ထဲသို့ ဆင်း သောသူသည် သစ္စာ တော်ကို မ မြော်လင့် ရပါ။ (Sheol h7585)
19 The living, the living alone shall thank thee, like me this day: the father to the children shall make known thy truth.
၁၉အသက် ရှင်သောသူ၊ အသက် ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ် ပြုသကဲ့သို့ ၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘ သည် သား တို့အား သစ္စာ တော်ကို ဘော်ပြ ရပါလိမ့်မည်။
20 The Lord is there to help me; therefore we will play my hymns all the days of our life in the house of the Lord.
၂၀ထာဝရဘုရား သည် ငါ့ ကို ကယ်တင် တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက် လုံး ဗိမာန် တော်၌ စောင်း တီး ၍ သီချင်းဆိုကြလိမ့်သတည်း။
21 And Isaiah had said, Let them take a lump of figs, and lay it for a plaster upon the inflammation, and he shall recover.
၂၁ဟေရှာယ ကလည်း၊ သင်္ဘော သဖန်းသီးအလုံး အထွေးကိုယူ၍ နယ် ပြီးမှ ၊ အနာ ကို အုံ ကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာ ရလိမ့်မည်ဟု ဆို လေ၏။
22 And Hezekiah had said, What is the sign that I shall go up to the house of the Lord?
၂၂ဟေဇကိ မင်းကလည်း၊ ငါသည် ဗိမာန် တော်သို့ တက် လိမ့်မည်ဆိုသော်၊ အဘယ် လက္ခဏာ သက်သေရှိ သနည်းဟုမေး ၏။

< Isaiah 38 >