< Habakkuk 3 >
1 A prayer of Habakkuk the prophet upon Shigyonoth.
၁ပရောဖက် ဟဗက္ကုတ် ၏ ပဌနာ စကားတည်းဟူသောရှိဂျောနုတ် သီချင်း၊
2 O Lord, I have heard thy fame, [and] was afraid: O Lord, thy work—in the midst of the years [of sorrow] revive thou it, in the midst of the years make it known; in wrath remember mercy.
၂အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ၏ ဗျာဒိတ် တော်သံကို ကြား ၍ ကြောက်ရွံ့ ပါပြီ။ အိုထာဝရ ဘုရား ၊ ယခုနှစ် များအတွင်း တွင် အမှု တော်ကို ပြုပြင် တော်မူပါ။ ယခုနှစ် များအတွင်း တွင် ထင်ရှား စေတော်မူပါ ။ အမျက်ထွက် တော်မူသော်လည်းကရုဏာ တရားကို အောက်မေ့ တော်မူပါ။
3 [When] God from Theman came, and the Holy One from mount Paran, (Selah) his glory covered the heavens, and of his praise the earth was full.
၃ဘုရား သခင်သည် တေမန် မြို့မှ ၎င်း ၊ သန့်ရှင်း သော ဘုရားသည် ပါရန် တောင် မှ ၎င်း ကြွ တော်မူ၏။ ဘုန်း တော်သည် မိုဃ်းကောင်းကင် ကို ဖုံးအုပ် လျက် ၊ မြေကြီး သည် ဂုဏ် အသရေတော်နှင့် ပြည့်စုံ လျက် ရှိ၏။
4 And [his] brightness was like the sunlight; rays streamed forth out of his hand unto them; and there was the hiding of his power.
၄အဆင်း အရောင်တော်သည် နေ ရောင်ကဲ့သို့ ဖြစ်၏။ လက် တော်မှ ရောင်ခြည် သည် ထွက် ၍ ၊ ဘုန်း အာနုဘော်တော်ကို ကွယ်ကာ လေ၏။
5 Before him went the pestilence, and burning coals went forth in his steps.
၅ရှေ့ တော်၌ ကာလနာ ဘေးသည် သွား ၍ ၊ ပူလောင် ခြင်းဘေးသည် ခြေ တော်ကို ခြံရံ လျက်ရှိ၏။
6 He stood forward, and made the earth tremble; he looked and dispersed nations; and there burst asunder the everlasting mountains; there sunk the perpetual hills: the ways of the world are his.
၆ရပ် ၍ မြေကြီး ကို တိုင်း တော်မူ၏။ ကြည့်ရှု ၍ လူမျိုး တို့ကို တုန်လှုပ် စေတော်မူ၏။ အစဉ် အမြဲတည် သော တောင် တို့သည် ကျိုးပဲ့ ၍၊ ထာဝရ ကုန်းရိုး တို့သည် ညွတ် ကြ၏။ ထာဝရ လမ်း တို့ကို ကြွတော်မူ၏။
7 In affliction I saw the tents of Cushan: they trembled—the curtains of the land of Midian.
၇ကုရှန် ပြည်၌ တဲ တို့သည် ဆင်းရဲ ခံခြင်း၊ မိဒျန် ပြည် ၌ ကုလားကာ တို့သည် လှုပ်ရှား ခြင်းကို ငါမြင် ၏။
8 Was the Lord wroth against the rivers? yea, was against the rivers thy anger [kindled]? was against the sea thy wrath that thou rodest upon thy horses, thy chariots of victory!
၈အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကယ်တင် ရာ မြင်း ရထား တော်ကို စီး တော်မူမည်အကြောင်း ၊ မြစ် တို့ ကို အမျက်ထွက် တော်မူသလော။ မြစ် များတဘက် ၌ စိတ် ထတော်မူသလော။ ပင်လယ် ကို ရန်ငြိုး ဖွဲ့တော်မူသလော။
9 Laid quite bare is thy bow, like severe rods of punishment [goeth forth] thy word, (Selah) into rivers thou splittest the earth.
၉ကိုယ်တော်သည် အမျိုး အနွယ်တော်တို့၌ ထား တော်မူသောသစ္စာ ဂတိရှိသည်အတိုင်း၊ လေး လက်နက်တော်ကို ထုတ် ပြတော်မူ၏။ မြေကြီး ၌ မြစ် တို့ကို ပေါက် စေ တော်မူ၏။
10 The mountains saw thee, they trembled; the flowing waters passed along: the deep issued forth its voice, the height lifted up its hands.
၁၀တောင် တို့သည် ကိုယ်တော် ကို မြင် ၍ တုန်လှုပ် ကြပါ၏။ လျှံ သော ရေ သည် လွှမ်းမိုး ပါ၏။ ပင်လယ် သည် အော်ဟစ် ၍ လက် ကို ချီ ပါ၏။
11 The sun and moon stood still in their dwelling: at the light of thy arrows they walked along, at the shining of the flaming glitter of thy spear.
၁၁နေ နှင့်လ သည် မိမိတို့နေရာ ၌ ရပ် ၍ နေပါ၏။ သူတို့ အလင်း ၌ မြှား တော်တို့သည် သွား ၍၊ သူတို့ရောင်ခြည် ၌ လှံ တော်သည်လည်း လျှပ်စစ် ပြက်ပါ၏။
12 In indignation thou marchest through the earth, in anger thou treadest down nations.
၁၂အမျက် တော်ထွက်လျက် တပြည်လုံး ချီ သွား၍၊ ဒေါသ စိတ်နှင့် လူ အမျိုးမျိုးတို့ကို နင်း နယ်တော်မူ၏။
13 Thou wentest forth to the assistance of thy people, to the assistance of thy anointed: thou didst wound the head out of the house of the wicked, destroy the foundation with the high-towering walls. (Selah)
၁၃ကိုယ်တော် ၏လူ တို့ကို ကယ်တင် ခြင်း၊ ကိုယ်တော် ပေးတော်မူ၍ ဘိသိက် ခံသောသူတို့ကို ကယ်တင် ခြင်းအလိုငှါ ထွက် ကြွတော်မူ၏။ အဓမ္မ လူ၏အိမ် ၌ ဦးခေါင်း ကို နှိပ်စက် ၍၊ မူလ အမြစ်ကို လည်ပင်း တိုင်အောင် ပယ်ရှင်း တော်မူ၏။
14 Thou didst strike through with his own spears the chiefs of his villages, who rushed out furiously to scatter me; who rejoiced greatly as though they were to devour the poor in secret.
၁၄ဗိုလ် မင်းတို့၏ ဦးခေါင်း ကို မြှား တော်တို့နှင့် ထုတ်ချင်းခပ် ထိုးတော်မူ၏။ ထိုသူတို့သည် အကျွန်ုပ် တို့ကို လွင့် စေခြင်းငှါ လေပြင်း မုန်တိုင်းကဲ့သို့တိုက်ကြပါ၏။ ဆင်းရဲသား တို့ကို အမှတ်တမဲ့ ကိုက်စား မည့်အကြံရှိသကဲ့သို့ ဝမ်းမြောက် ကြပါ၏။
15 [But] thou didst pass along over the sea with thy horses, over the piled up billows of great waters.
၁၅ကိုယ်တော် သည် မြင်း တော်များကို စီး၍၊ ရေ ဟုန်းဟုန်း မြည်သော ပင်လယ် အလယ်သို့ ချီ သွားတော်မူ ၏။
16 I heard it, and my inmost parts trembled; at the report my lips quivered; rottenness entered into my bones, and I trembled in my place, that I should rest till the day of distress, till the withdrawing of the people that will invade us with its troops.
၁၆ဗျာဒိတ်တော်သံ ကို ငါကြား သောအခါ ရင် ၌ လှုပ်ရှား ခြင်း၊ မေးခိုင် ခြင်း၊ အရိုး ဆွေးမြေ့ ခြင်း၊ တကိုယ်လုံး တုန်လှုပ် ခြင်းရှိ၏။ အကြောင်းမူကား၊ အမှု ရောက် သောနေ့ ၊ လုပ်ကြံသောသူသည် ငါ၏လူမျိုး ကို တိုက် လာ သောနေ့တိုင်အောင်ငါသည် နေရစ် ရမည်။
17 For the fig-tree doth not bud, and no fruit is on the vines; the productiveness of the olive deceiveth, and the fields yield no food; from the fold the flocks are cut off, and there are no herds in the stalls.
၁၇သင်္ဘောသဖန်း ပင် မ ပွင့် ရ၊ စပျစ် ပင်မ သီး ရ၊ သံလွင် ပင်၏ကျေးဇူး ကို မြော်လင့်၍မ ခံရ၊ လယ် တို့သည် အသီးအနှံ ကို မ ပေး ရ၊ သိုးခြံ ၌ သိုး ကုန် ၍ တင်းကုပ် ၌ နွား မ ရှိရ။
18 Yet will I rejoice in the Lord, I will exult in the God of my salvation.
၁၈သို့သော်လည်း ၊ ထာဝရဘုရား ၌ ငါဝမ်းမြောက် ၍၊ ငါ့ ကို ကယ်တင် တော်မူသောဘုရား သခင်ကို အမှီပြု လျက် ရွှင်လန်း မည်။
19 The Lord Eternal is my strength, and he maketh my feet fleet as those of the hinds, and he will cause me to tread upon my high places. To the chief musician of my songs.
၁၉အရှင် ထာဝရဘုရား သည် ငါ ၏အစွမ်း သတ္တိဖြစ် တော်မူ၏။ ငါ့ ခြေ ကို သမင်ခြေ ကဲ့သို့ ဖြစ် စေ၍ ၊ ငါ ၏မြင့် ရာအရပ် ပေါ် မှာ ငါ့ ကို နေရာ ချတော်မူမည်။