< Genesis 32 >

1 And Jacob went on his way, and there met him angels of God.
ယာကုပ် သည် ခရီး သွားပြန် ၍ ၊ ဘုရားသခင် ၏ ကောင်းကင် တမန်တို့သည် ကြိုဆို ခြင်းငှါ လာကြသည်ကို၊
2 And when Jacob saw them, he said, This is a host of God; and he called the name of that place Machanayim.
ယာကုပ် မြင် လျှင် ဘုရားသခင် ၏ တပ် တော်ဖြစ် သည်ဟု ဆို ၍ ၊ ထို အရပ် ကို မဟာနိမ် အမည် ဖြင့် မှည့် လေ ၏။
3 And Jacob sent messengers before him to Esau his brother unto the land of Seir, the country of Edom.
ထိုအခါ ယာကုပ် သည်၊ အစ်ကို ဧသော နေရာ ဧဒုံ ပြည် တည်းဟူသောစိရ ပြည် သို့ ၊ တမန် တို့ကို မိမိ ရှေ့ မှာ စေလွှတ် ၍ မှာလိုက်သည်ကား၊
4 And he commanded them, saying, Thus shall ye speak unto my lord, to Esau, Thus hath said thy servant Jacob, With Laban have I sojourned, and stayed until now.
ကိုယ်တော် ၏ကျွန် ယာကုပ် က၊ ကျွန်တော်သည် လာဗန် ထံ မှာတည်းခို ၍ ၊ ယခု တိုင်အောင် နေ ပါပြီ။
5 And I have acquired oxen, and asses, flocks, and men-servants, and women-servants; and I send now to tell my lord, to find grace in thy eyes.
ကျွန်တော် ၌ နွား ၊ မြည်း ၊ သိုး ၊ ဆိတ်၊ ကျွန် ယောက်ျား မိန်းမ များ ရှိ ကြပါ၏။ ကျွန်တော် သည် သခင် ၏ စိတ် တော်နှင့် တွေ့ စေခြင်းငှါ ၊ လျှောက်ကြားလိုက်ပါသည် ဟု၊ ငါ့ သခင် ဧသော ကို လျှောက် ကြဟု မှာ လိုက် လေ၏။
6 And the messengers returned to Jacob, saying, We came to thy brother, to Esau, and also he cometh to meet thee, and four hundred men with him.
တမန် တို့လည်း ယာကုပ် ထံ သို့ပြန်လာ ၍ ၊ ကျွန်တော်တို့သည်၊ ကိုယ်တော် ၏အစ်ကို ဧသော ထံ သို့ ရောက် ခဲ့ပါပြီ။ သူ သည်ကိုယ်တော် ကို တွေ့ ခြင်းငှါ ၊ လူ လေး ရာ နှင့် ချီ လာပါသည်ဟု လျှောက် ကြ၏။
7 Then Jacob was greatly afraid, and he felt distressed; and he divided the people that were with him, and the flocks, and the herds, and the camels, into two bands.
ထိုအခါ ယာကုပ် သည်၊ အလွန် ကြောက် ၍ စိတ် ပူပန်လျှင်၊ မိမိ တွင်ပါ သော လူ စု၊ သိုး ဆိတ်စု၊ နွား စု၊ ကုလားအုပ် များတို့ကို နှစ် စု ခွဲ ၍ ထားလေ၏။
8 And he said, If Esau should come to the one band and smite it, then the other band which is left may escape.
အကြောင်း မူကား၊ တ စု ကို ဧသော တွေ့၍ လုပ်ကြံ လျှင် ၊ ကြွင်း သော တစု လွတ် လိမ့်မည်ဟု ဆို ၏။
9 And Jacob said, O God of my father Abraham, and God of my father Isaac, the Lord who saidst unto me, Return unto thy country, and to thy birthplace, and I will deal well with thee:
တဖန် ယာကုပ် က၊ အကျွန်ုပ် အဘ အာဗြဟံ ၏ ဘုရားသခင် ၊ အကျွန်ုပ် အဘ ဣဇာက် ၏ဘုရားသခင် ၊ ထာဝရဘုရား ကိုယ်တော်က၊ သင် ၏ပြည် သင် ၏ အမျိုးသား ချင်းတို့ ထံ သို့ပြန် လော့။ ငါသည် သင် ၌ ကျေးဇူး ပြုမည် ဟု မိန့် တော်မူပါပြီ။
10 I am not worthy of all the kindness, and of all the truth, which thou hast shown unto thy servant; for with my staff I passed over this Jordan; and now I am become two bands.
၁၀ကိုယ်တော် ကျွန် ၌ ပြ တော်မူသောကရုဏာ သစ္စာ တော်အငယ်ဆုံးကို မျှ အကျွန်ုပ်မ ခံထိုက်ပါ။ အကျွန်ုပ်သည် အထက်က၊ ဤ ယော်ဒန် မြစ်ကို လက်စွဲတောင်ဝေး နှင့် သာ ကူး ပါ၏။ ယခု မူကား ၊ အပေါင်းအသင်း နှစ် စုဖြစ် ပါ၏။
11 Deliver me, I pray thee, from the hand of my brother, from the hand of Esau; for I fear him, lest he will come and smite me, the mother with the children.
၁၁သို့ဖြစ်၍ ၊ အကျွန်ုပ် ကို အစ်ကို ဧသော လက် မှ ကယ်လွှတ် တော်မူမည်အကြောင်း ဆုတောင်းပါ၏။ သူသည် လာ ၍ အကျွန်ုပ် ကို၎င်း ၊ သား မယား တို့ကို၎င်းသတ် မည်ဟု အလွန်စိုးရိမ် ပါ၏။
12 And thou saidst, I will surely do thee good, and make thy seed as the sand of the sea, which cannot be numbered for multitude.
၁၂ကိုယ်တော်က၊ ငါသည်သင် ၌ အမှတ်ကျေးဇူး ပြု၍ ၊ မ ရေတွက် နိုင်အောင် များပြား သော သမုဒ္ဒရာ သဲ လုံး နှင့်အမျှ သင် ၏အမျိုးအနွယ် ကို ငါဖြစ် စေမည်ဟု မိန့် တော်မူပါပြီဟု တောင်းလျောက်လေ၏။
13 And he lodged there that same night; and he took of that which he carried with him a present for Esau his brother:
၁၃ထို အရပ်၌ တညဉ့် ပတ်လုံး နေ ပြီးမှ ၊ မိမိ လက် ရှိ ဥစ္စာ စုထဲက အစ်ကို ဧသော အား လက်ဆောင် ဆက်စရာ ဘို့၊
14 Two hundred she-goats, and twenty he-goats, two hundred ewes, and twenty rams.
၁၄ဆိတ် မနှစ် ရာ၊ ဆိတ် ထီးနှစ် ဆယ်၊ သိုး မနှစ် ရာ၊ သိုး ထီးနှစ် ဆယ်၊
15 Thirty milch camels with their colts, forty cows, and ten bulls, twenty she-asses, and ten foals.
၁၅နို့စို့သား ငယ်နှင့်တကွ ၊ နို့ညှစ်ကုလားအုပ် မ သုံး ဆယ်၊ နွား မလေး ဆယ်၊ နွား ထီးတ ဆယ်၊ မြည်း မ နှစ် ဆယ်နှင့် မြည်း ကလေးတ ဆယ်တို့ကို ယူ၍၊
16 And he delivered them into the hand of his servants, every drove by itself; and he said unto his servants, Pass on before me, and put a space between drove and drove.
၁၆အသီးအသီးတစု တခြားစီ ခွဲသန့်လျက်၊ ကျွန် တို့ လက် သို့ အပ် ပြီးလျှင် ၊ သင်တို့သည် ငါ့ ရှေ့ မှာကူး သွား၍ ၊ တစု နှင့် တစု ကို ခရီးကွာ စေလော့ဟု၊ ကျွန် တို့အား မှာ ထားလေ၏။
17 And he commanded the foremost, saying, When Esau my brother should meet thee, and ask thee, saying, Whose art thou? and whither art thou going? and for whom are these before thee?
၁၇ရှေ့ဦးစွာ သွားသောသူကိုလည်း၊ ငါ့ အစ်ကို ဧသော သည် သင့် ကိုတွေ့ ၍ ၊ သင် ကား၊ အဘယ်သူ ၏ လူဖြစ်သနည်း၊ အဘယ် အရပ်သို့ သွား သနည်း။ သင့် ရှေ့ မှာရှိသော တရိစ္ဆာန် များကား အဘယ်သူ ၏ ဥစ္စာ ဖြစ်သနည်းဟုမေး လျှင်၊
18 Then shalt thou say, They belong to thy servant, to Jacob; it is a present sent unto my lord, to Esau; and, behold, also, he is himself behind us.
၁၈ကိုယ်တော် ကျွန် ယာကုပ် ၏ဥစ္စာဖြစ်ပါ၏။ သခင် ဧသော အား ဆက်သ လိုက်သော လက်ဆောင် ဖြစ်ပါ၏။ သူ သည်လည်း နောက် မှာ ရှိပါ၏ဟု၊ လျှောက် ရမည်ဟု မှာ ထားလေ၏။
19 And so he commanded also the second, also the third, as also all that followed the droves, saying, After this manner shall ye speak unto Esau, when ye find him.
၁၉ထိုနည်းတူ ၊ ဒုတိယ သူ၊ တတိယ သူမှစ၍ ၊ အစုစု တို့နှင့် လိုက် သောသူအပေါင်း ကိုလည်း ၊ သင် တို့သည် ဧသော နှင့် တွေ့ လျှင် ၊ ဤ သို့လျှောက် ရမည်ဟူ၍၎င်း၊
20 And say ye moreover, Behold, also thy servant Jacob is behind us. For he said, I will appease him with the present that goeth before me, and afterward I will see his face; peradventure he will receive me kindly.
၂၀ကိုယ်တော် ကျွန် ယာကုပ် သည်လည်း နောက် မှာ ရှိပါ၏ဟု၊ ကြား လျှောက်ရမည်ဟူ၍ ၎င်း မှာထားလေ၏။ ယာကုပ်က၊ ယခု ငါ့ ရှေ့ တွင် ထွက်သွား သော လက်ဆောင် ဖြင့် ၊ သူ၏စိတ်ကို ငါဖြေ မည်။ နောက်မှ မျက်နှာချင်းဆိုင် တွေ့ သောအခါ၊ ငါ့ ကိုလက်ခံ ကောင်း လက်ခံလိမ့်မည်ဟု အကြံ ရှိသတည်း။
21 The present went thus on before him; and he lodged himself that night in the camp.
၂၁ထိုသို့ ယာကုပ် ရှေ့မှာ လက်ဆောင် သည် အရင် ကူး သွား၍ ၊ သူ ကိုယ်တိုင်ထို ညဉ့် ၌ လူ အစုအဝေးနှင့်အတူ အိပ် ၍ နေ၏။
22 And he rose up that night, and he took his two wives, and his two women-servants, and his eleven sons, and passed over the ford of the Yabbok.
၂၂ညဉ့် မကုန်မှီထ ၍ မယား နှစ် ယောက်၊ ကျွန် မနှစ် ယောက်၊ သား တဆယ် နှင့် တ ယောက်တို့ကို ဆောင်ယူ ၍ ၊ ယဗ္ဗုတ် ချောင်းရေတိမ်ရာအရပ် ကိုကူး လေ၏။
23 And he took them, and sent them over the stream and sent over what he had.
၂၃ထိုသို့ သူ တို့ကိုယူ ၍ မိမိ ဥစ္စာရှိသမျှနှင့်တကွချောင်း တစ် ဖက်သို့ ကူး စေပြီးမှ၊
24 And Jacob was left alone; and there wrestled a man with him until the breaking of the day.
၂၄ယာကုပ် သည် တယောက် တည်းနေရစ် ၍ ၊ လူ တဦးသည် မိုဃ်းလင်း သည်တိုင်အောင် သူ နှင့် လုံး ထွေး လေ၏။
25 And when he saw that he could net prevail against him, he struck against the hollow of his thigh; and the hollow of Jacob's thigh was put out of joint, as he was wrestling with him.
၂၅ထိုသူသည် မိမိ မ နိုင် မှန်းကို သိ လျှင် ၊ ယာကုပ် ပေါင် ချန် ကို ထိုး ၍ ၊ လုံးထွေး စဉ် တွင်ပေါင် ဆစ် ပြုတ် လေ ၏။
26 And he said, Let me go, for the day hath dawned. And he said, I will not let thee go until thou hast blessed me.
၂၆ထိုသူကလည်း၊ ငါ့ ကိုလွှတ် ပါ၊ မိုဃ်းလင်း ဆဲရှိ ပြီ ဟုဆို လျှင် ၊ ယာကုပ်က၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကောင်းကြီး မ ပေးလျှင် ၊ မ သွား ရဟုဆို ၏။
27 And he said unto him, What is thy name? and he said, Jacob.
၂၇ထိုသူ က လည်း ၊ သင် ၏အမည် ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ယာကုပ် ဖြစ်ပါသည်ဟု ပြန်ဆို ၏။
28 And he said, Not Jacob shall any more be called thy name, but Israel; for as a prince hast thou power with God and with men, and hast prevailed.
၂၈နောင် ၌ သင် ၏အမည် ကို ယာကုပ် ဟူ၍မ ခေါ် ရ၊ ဣသရေလ ဟူ၍ခေါ်ရမည်။ အကြောင်း မူကား၊ သင်သည် ဘုရားသခင် နှင့် ၎င်း ၊ လူ နှင့် ၎င်း ၊ မင်းကဲ့သို့ပြိုင် ၍ နိုင် လေပြီဟု မိန့် တော်မူ၏။
29 And Jacob asked him, and said, tell me, I pray thee, thy name. And he said, Wherefore is it that thou dost ask after my name? And he blessed him there.
၂၉ယာကုပ် ကလည်း ၊ နာမ တော်ကား အဘယ်သို့နည်း။ အကျွန်ုပ်အား ဘော်ပြ တော်မူပါဟု မေးလျှောက် လျှင် ၊ ငါ့ နာမ ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၍ ၊ ထို အရပ်၌ ကောင်းကြီး ပေးတော်မူ၏။
30 And Jacob called the name of the place Peniel: for I have seen an angel of God face to face, and my life hath been preserved.
၃၀ထိုအရပ် ကို ပေညေလ ဟူ၍၊ ယာကုပ် သည် သမုတ် လေ၏။ အကြောင်း မူကား၊ ငါသည် ဘုရားသခင် ကို မျက်နှာချင်းဆိုင် ၍ ဖူးမြင် ရသော်လည်း၊ အသက် ချမ်းသာ ပြီဟု ဆိုသတည်း။
31 And the sun rose unto him as he passed by Penuel, and he halted upon his thigh.
၃၁ပေနွေလ အရပ်ကို ယာကုပ်လွန် သွားသောအခါ ၊ နေ ထွက် ချိန်ရှိ၍ ၊ သူ သည် ထော့နဲ့ သွားလေ၏။
32 Therefore do the children of Israel not eat the sinew which shrank, which is upon the hollow of the thigh, unto this day; because he struck against the hollow of Jacob's thigh on the sinew that shrank.
၃၂ထိုသို့ ယာကုပ် ၏ပေါင်ချန် အကြောကြီးကို ထိုး တော်မူသောကြောင့် ၊ ဣသရေလ အမျိုးသား တို့သည်၊ ပေါင်ချန် ၌ ရှိသောအကြော ကြီးကို ယနေ့ တိုင်အောင် မ စား ရှောင်လေ့ရှိကြ၏။

< Genesis 32 >