< Ezekiel 36 >

1 But thou, son of man, prophesy unto the mountains of Israel, and say, O mountains of Israel, hear ye the word of the Lord.
ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ ဣ​သ ရေ​လ​တောင်​တို့​အား​သူ​တို့​အ​တွက်​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​တော် ကို​နား​ထောင်​ရန်​ပြော​လော့။ ဣ​သ​ရေ​လ​ပြည် ၏​ရန်​သူ​များ​က`ရှေး​ပ​ဝေ​သ​ဏီ​အ​ခါ​မှ စ​၍​တည်​ရှိ​ခဲ့​သော ဤ​တောင်​ကုန်း​များ​ကို ယ​ခု​ငါ​တို့​အ​ပိုင်​ရ​ပြီ' ဟု​ပီ​တိ​စိတ် ဖြင့်​ဆို​ကြ​၏။
2 Thus hath said the Lord Eternal, Because the enemy hath said regarding you, Aha, even the ancient high-places are become ours as a possession:
3 Therefore prophesy and say, Thus hath said the Lord Eternal, Because, even because men have made you desolate, and sought to swallow you up on every side, that ye might become a possession unto the residue of the nations, and ye are taken up as a talk for tongues, and an evil report of the people:
``သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ကို​ဆင့်​ဆို​လော့။ အိမ်​နီး​ချင်း တိုင်း​ပြည်​တို့​သည်​ဣ​သ​ရေ​လ​တောင်​များ ကို​တိုက်​ခိုက်​လု​ယက်​သိမ်း​ပိုက်​ကြ​သော​အ​ခါ လူ​တိုင်း​ပင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြက်​ရယ်​ပြု​ကြ​၏။-
4 Therefore, O mountains of Israel, hear ye the word of the Lord Eternal, Thus hath said the Lord Eternal to the mountains, and to the hills, to the ravines, and to the valleys, to the desolate ruins, and to the cities that are forsaken, which are become a prey and derision to the residue of the nations that are round about:
သို့​ဖြစ်​၍​ဣ​သ​ရေ​လ​တောင်​တို့၊ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နား​ထောင်​ကြ​လော့။ ပတ်​ဝန်း ကျင်​တိုင်း​ပြည်​များ​၏​တိုက်​ခိုက်​လု​ယက်​မှု၊ ပြက်​ရယ်​ပြု​မှု​တို့​ကို​ခံ​ရ​ကာ​လူ​သူ​ဆိတ် ငြိမ်​ရာ​မြို့​များ၊ ယို​ယွင်း​ပျက်​စီး​နေ​သည့် အ​ရပ်​များ၊ တောင်​များ၊ ချောင်း​များ၊ ချိုင့်​ဝှမ်း များ​အား​ဤ​သို့​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
5 Therefore thus hath said the Lord Eternal, Surely in the fire of my jealousy have I spoken against the residue of the nations, and against all Idumea, that have appropriated my land unto themselves as a possession with the joy of all their heart, with derision in their soul, in order to drive it out that it may be for a prey.
``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​ပတ်​ဝန်း ကျင်​တိုင်း​ပြည်​တို့​နှင့် ဧ​ဒုံ​ပြည်​အ​ပေါ်​၌ ဒေါ​သ​အ​မျက်​ချောင်း​ချောင်း​ထွက်​၍​မိန့် တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏​ပြည် ကို​မ​ထီ​မဲ့​မြင်​ပြု​သော​စိတ်၊ ပီ​တိ​စိတ် ဖြင့်​စား​ကျက်​များ​နှင့်​တ​ကွ ငါ​၏​ပြည် ကို​သိမ်း​ယူ​ခဲ့​ကြ​၏။
6 Therefore prophesy concerning the land of Israel, and say unto the mountains, and to the hills, to the ravines, and to the valleys, Thus hath said the Lord Eternal, Behold, In my zealousness and in my fury have I spoken, because ye have borne the reproach of the nations:
``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​ပြည်​အား​ရည်​မှတ် ၍​ဟော​ပြော​လော့။ တောင်​များ၊ ကုန်း​မြင့်​များ၊ ချောင်း​များ​နှင့်​ချိုင့်​ဝှမ်း​များ​အား​လူ​မျိုး တ​ကာ​တို့​စော်​ကား​အ​ရှက်​ခွဲ​သ​ဖြင့် ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မ​နာ​လို​ဒေါ​သ ထွက်​၍ အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ပြော​ကြား​လော့။-
7 Therefore thus hath said the Lord Eternal, I have indeed lifted up my hand, that the nations who are round about you— these shall bear their shame.
ပတ်​ဝန်း​ကျင်​တိုင်း​ပြည်​များ​သည်​အ​ရှက် ကွဲ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း ငါ​အ​ရှင်​ထာ ဝရ​ဘု​ရား​အ​လေး​အ​နက်​ကျိန်​ဆို​၏။-
8 But ye, O mountains of Israel, ye shall send forth your boughs, and your fruit shall ye bear for my people Israel, for they are near at hand to come.
သို့​ရာ​တွင်​ဣ​သ​ရေ​လ​တောင်​များ​၌​မူ​ကား သစ်​ပင်​တို့​သည်​အ​ရွက်​များ​ပြန်​၍​ထွက်​လာ ပြီး​လျှင် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​အ​သင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​အ​သီး များ​သီး​ကြ​လိမ့်​မည်။ သင်​တို့​သည်​မ​ကြာ​မီ မိ​မိ​တို့​ပြည်​သို့​ပြန်​ရ​ကြ​အံ့။-
9 For, behold, I will be for you, and I will turn unto you, and ye shall be tilled and ye shall be sown;
ငါ​သည်​သင်​တို့​ကို​ဂ​ရု​စိုက်​၍​သင်​တို့​ဘက် ၌​ရှိ​၏။ သင်​တို့​၏​လယ်​ယာ​များ​ကို ဧ​ကန် မု​ချ​ထွန်​ယက်​စိုက်​ပျိုး​လုပ်​ကိုင်​စေ​မည်။-
10 And I will multiply upon you men, all the house of Israel— altogether; and the cities shall be inhabited again, and the ruins shall be rebuilt;
၁၀သင်​တို့​ဣ​သ​ရေ​လ​လူ​မျိုး​တစ်​စု​လုံး ကို လူ​ဦး​ရေ​တိုး​ပွား​စေ​မည်။ သင်​တို့​သည် မြို့​များ​၌​နေ​ထိုင်​ရ​လိမ့်​မည်။ ယို​ယွင်း​ပျက် စီး​နေ​သ​မျှ​သော​အ​ရာ​တို့​ကို​ပြန်​လည် ပြု​ပြင်​ရ​လိမ့်​မည်။-
11 And I will multiply upon you men and beast, and they shall increase and be fruitful; and I will cause you to be inhabited after your old estates, and will do more good unto you than at your beginnings: and ye shall know that I am the Lord.
၁၁ငါ​သည်​လူ​တိ​ရစ္ဆာန်​တို့​ကို​တိုး​ပွား​များ ပြား​စေ​မည်။ ယ​ခင်​အ​ခါ​များ​ထက်​သင် တို့​ဦး​ရေ​ကို​များ​စေ​မည်။ သင်​တို့​သား​သ​မီး များ​စွာ​ထွန်း​ကား​လိမ့်​မည်။ ယ​ခင်​က​ကဲ့​သို့ နေ​ထိုင်​ခွင့်​ပေး​မည်။ ယ​ခင်​အ​ခါ​များ​ထက် ပို​၍​ကြီး​ပွား​ချမ်း​သာ​စေ​မည်။ ထို​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
12 Yea, I will cause to walk upon you men, even my people Israel, and they shall possess thee, and thou shalt be unto them as an inheritance, and thou shalt not any more henceforth cast them out.
၁၂ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော​ဣ​သ​ရေ​လ အ​မျိုး​သား​တို့ ငါ​သည်​သင်​တို့​အား​ပြည် တော်​တွင်​တစ်​ဖန်​နေ​ထိုင်​နိုင်​ကြ​စေ​ရန်​ငါ ခေါ်​ဆောင်​ခဲ့​မည်။ ထို​ပြည်​သည်​သင်​တို့​ပိုင် သော​ပြည်​ဖြစ်​လိမ့်​မည်။ ယင်း​သည်​သင်​တို့ ၏​သား​သ​မီး​များ​အား နောင်​အ​ဘယ် အ​ခါ​၌​မျှ​မ​ဆုံး​ပါး​စေ​ရ။
13 Thus hath said the Lord Eternal, Because they say unto you, Thou land devourest up men, and hast been one that hath ever cast out thy nations:
၁၃``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား​လူ​တို့​က ထို​ပြည်​သည်​လူ​တို့​ကို​ကိုက် စား​သည့်​ပြည်၊ ပြည်​သား​တို့​၏​သား​သ​မီး များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ်​သည် ဆို​သည်​မှာ​မှန်​၏။-
14 Therefore shalt thou not devour up men any more, and thy nations shalt thou not cast out any more, saith the Lord Eternal.
၁၄သို့​ရာ​တွင်​ယင်း​ပြည်​သည်​ယ​ခု​မှ​စ​၍​လူ တို့​ကို​ကိုက်​စား​သည့်​ပြည်၊ သင်​တို့​၏​သား သ​မီး​များ​ကို​ဆုံး​ပါး​စေ​သည့်​ပြည်​ဖြစ် တော့​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။-
15 And I will not let be heard against thee any more the reproach of the nations, and the disgrace of the people shalt thou not bear any more, and thy nations shalt thou not cast out any more, saith the Lord Eternal.
၁၅ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
16 And the word of the Lord came unto me, saying,
၁၆ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
17 Son of man, the house of Israel, when they dwelt in their own land, defiled it through their way and through their doings: like the uncleanness of a woman in her separation was their way before me.
၁၇ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​ပြည်​၌​နေ​ထိုင် ကြ​စဉ်​အ​ခါ​က သူ​တို့​သည်​အ​နေ​အ​ထိုင် အ​ကျင့်​အ​ကြံ​များ​အား​ဖြင့်​ထို​ပြည်​ကို ညစ်​ညမ်း​စေ​ခဲ့​ကြ​၏။ သူ​တို့​၏​အ​ကျင့် အ​ကြံ​သည်​အ​မျိုး​သ​မီး​တစ်​ယောက်​ဋ္ဌမ္မ တာ​ရာ​သီ​လာ​ချိန်​၌​ဘာ​သာ​ရေး​အ​ရ ညစ်​ညမ်း​သ​ကဲ့​သို့​ညစ်​ညမ်း​သည်​ဟု​ငါ မှတ်​တော်​မူ​သည်။-
18 And I poured out my fury over them because of the blood that they had shed in the land, and because through their idols they had polluted it;
၁၈သူ​တို့​သည်​လူ​သတ်​မှု​များ​ကူး​လွန်​၍​ရုပ်​တု များ​အား​ဖြင့် ထို​ပြည်​ကို​ညစ်​ညမ်း​စေ​သော ကြောင့်​ငါ​သည်​သူ​တို့​အား​ငါ​၏​အ​မျက် တော်​ဒဏ်​ကို​ခံ​စေ​ခဲ့​၏။-
19 And I scattered them among the nations, and they were dispersed through the countries: according to their way and according to their doings did I judge them.
၁၉သူ​တို့​နေ​ထိုင်​ကျင့်​ကြံ​သည့်​အ​တိုင်း​သူ​တို့ အား​ပြစ်​ဒဏ်​ချ​မှတ်​ကာ နိုင်​ငံ​တ​ကာ​သို့​ကွဲ လွင့်​စေ​၍​နိုင်​ငံ​ရပ်​ခြား​များ​သို့​ပျံ့​လွင့် စေ​ခဲ့​၏။-
20 And when they were come unto the nations, whither they were gone, they profaned my holy name; because they said of them, These are the people of the Lord, and out of his land are they gone forth.
၂၀သို့​ရာ​တွင်​သူ​တို့​ရောက်​လေ​ရာ​ရာ​အ​ရပ် တို့​တွင်​လူ​တို့​က`ဤ​သူ​တို့​သည်​ထာ​ဝရ​ဘု​ရား ၏​လူ​မျိုး​တော်​ဖြစ်​သော်​လည်း ကိုယ်​တော်​၏ ပြည်​မှ​ထွက်​ခွာ​လာ​ရ​ကြ​၏' ဟု​ဆို​ကြ သ​ဖြင့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ တော်​သည်​အ​သ​ရေ​ပျက်​ရ​၏။-
21 But I had pity for my holy name, which the house of Israel had profaned among the nations, whither they were gone.
၂၁သူ​တို့​သည်​ရောက်​လေ​ရာ​ရာ​အ​ရပ်​တို့​တွင် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​နာ​မ​တော်​ကို အ​သ​ရေ​ဖျက်​ကြ​သ​ဖြင့် ငါ​သည်​မိ​မိ​၏ နာ​မ​တော်​အ​တွက်​စိတ်​မ​အေး​ရ။
22 Therefore say unto the house of Israel, Thus hath said the Lord Eternal, Not for your sake do I this, O house of Israel, but for the sake of my holy name, which ye have profaned among the nations, whither ye are gone.
၂၂``သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား ယ​ခု​ငါ​ပြု​မည့်​အ​မှု​သည်​အ​သင်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အ​တွက်​ကြောင့်​မ​ဟုတ် ဘဲ ရောက်​လေ​ရာ​ရာ​အ​ရပ်​တွင်​သင်​တို့​အ​သ ရေ​ဖျက်​ခဲ့​သည့်​ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​အ​တွက်​ကြောင့်​ဖြစ်​၏။-
23 And I will sanctify my great name, which was profaned among the nations, which ye have profaned in the midst of them; and the nations shall know that I am the Lord, saith the Lord Eternal, when I will be sanctified through you before your eyes.
၂၃လူ​တို့​ရှေ့​တွင်​သင်​တို့​အ​သ​ရေ​ဖျက်​ခဲ့​သော ငါ​၏​ကြီး​မြတ်​သည့်​နာ​မ​တော်​သည် အ​ဘယ် မျှ​သန့်​ရှင်း​မြင့်​မြတ်​သည်​ကို​လူ​မျိုး​တ​ကာ တို့​အား​ငါ​ပြ​သ​မည်။ ထို​နာ​မ​တော်​သည် သင်​တို့​အ​သ​ရေ​ဖျက်​သည့် ငါ​၏​နာ​မ​တော် ဖြစ်​သည်။ သူ​တို့​ရှေ့​တွင်​ငါ​သည်​သန့်​ရှင်း​မြင့် မြတ်​တော်​မူ​ကြောင်း​သင်​တို့​အား​ဖြင့်​သိ စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သော​စ​ကား​ဖြစ်​၏။-
24 And I will take you from among the nations, and I will gather you out of all the countries, and I will bring you unto your own land.
၂၄ငါ​သည်​သင်​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​မှ​စု​သိမ်း​ကာ သင်​တို့​နေ​ရင်း​ပြည်​သို့ ပြန်​ခေါ်​ခဲ့​မည်။-
25 And I will sprinkle upon you clean water, and ye shall be clean: from all your impurities, and from all your idols, will I cleanse you.
၂၅ငါ​သည်​သင်​တို့​ကို​သန့်​စင်​သော​ရေ​ဖြင့်​ပက် ဖြန်း​၍ သင်​တို့​၏​ရုပ်​တု​များ​နှင့်​အ​ခြား ညစ်​ညမ်း​သည့်​အ​ရာ​ရှိ​သ​မျှ​မှ​သန့်​စင် သွား​စေ​မည်။-
26 And I will give you a new heart, and a new spirit will I put within you; and I will remove the heart of stone out of your body, and I will give you a heart of flesh.
၂၆ငါ​သည်​သင်​တို့​အား​စိတ်​သစ်​သ​ဘော​သစ် ကို​ပေး​မည်။ သင်​တို့​အ​ထဲ​မှ​ကျောက်​ခဲ​နှ​လုံး ကို​ထုတ်​ယူ​ကာ​နာ​ခံ​တတ်​သော​နှ​လုံး​ကို ပေး​မည်။-
27 And my spirit I will put within you, and I will cause that you shall walk in my statutes, and that my ordinances ye shall keep, and do them.
၂၇ငါ​၏​ဝိ​ညာဉ်​တော်​ကို​လည်း​သွင်း​ပေး​ပြီး လျှင် သင်​တို့​အား​ငါ​၏​ပ​ညတ်​တော်​များ ကို​စောင့်​ထိန်း​စေ​မည်။ ငါ​၏​အ​မိန့်​တော် တို့​ကို​လည်း​လိုက်​နာ​စေ​မည်။-
28 And ye shall dwell in the land which I gave to your fathers; and ye shall be unto me for a people, and I truly will be unto you as a God.
၂၈ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​၏​ဘိုး​ဘေး များ​အား ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​တွင်​နေ ထိုင်​ရ​ကြ​လိမ့်​မည်။ သင်​တို့​သည်​ငါ​၏​လူ မျိုး​တော်​ဖြစ်​၍​ငါ​သည်​လည်း​သင်​တို့​၏ ဘု​ရား​ဖြစ်​လိမ့်​မည်။-
29 And I will save you from all kinds of your impurities; and I will call unto the corn, and increase it, and I will not lay famine upon you.
၂၉သင်​တို့​အား​ညစ်​ညမ်း​မှု​ရှိ​သ​မျှ​နှင့်​ကင်း စင်​စေ​မည်။ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး ကို​နောက်​တစ်​ဖန်​မ​တွေ့​မ​ကြုံ​ရ​ကြ​စေ ရန်​ဆန်​ရေ​စ​ပါး​ပေါ​များ​စေ​မည်။-
30 And I will multiply the fruit of the trees, and the products of the field: in order that ye may receive no more reproach on account of famine among the nations.
၃၀ငါ​သည်​သစ်​သီး​ဝ​လံ​များ​နှင့်​ကောက်​ပဲ သီး​နှံ​များ​ကို​အ​ထွက်​တိုး​စေ​မည်။ ဤ နည်း​အား​ဖြင့်​လူ​မျိုး​တ​ကာ​တို့​တွင်​သင် တို့​ကို​အ​သ​ရေ​ပျက်​စေ​သည့်​အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ကပ်​သင့်​တော့​မည် မ​ဟုတ်။-
31 Then shall ye remember your ways that they were evil, and your doings that were not good; and ye shall loathe yourselves on account of your iniquities and on account of your abominations.
၃၁သင်​တို့​သည်​မိ​မိ​တို့​၏​ညစ်​ညမ်း​သော အ​ကျင့်​များ​နှင့်​ပြု​ခဲ့​သည့်​အ​မှား​များ ကို​ပြန်​လည်​သ​တိ​ရ​ကြ​လိမ့်​မည်။ မိ​မိ တို့​၏​အ​ပြစ်​များ​နှင့်​ဆိုး​ညစ်​မှု​များ အ​တွက်​သင်​တို့​သည်​မိ​မိ​ကိုယ်​ကို​စက် ဆုပ်​လာ​ကြ​လိမ့်​မည်။-
32 Not for your sake do I this, saith the Lord Eternal, be it known unto you: be ashamed and confounded because of your ways, O house of Israel.
၃၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​သင် တို့​ကို​ထောက်​ထား​၍ ဤ​အ​မှု​တို့​ကို​ပြု ခြင်း​မ​ဟုတ်​ကြောင်း​သင်​တို့​အား​သိ​စေ လို​၏။ သင်​တို့​ယ​ခု​ပြု​နေ​သော​အ​မှု​များ အ​တွက်​အ​ရှက်​ရ​စေ​လို​၏။ ဤ​ကား​ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
33 Thus hath said the Lord Eternal, On the day of my cleansing you from all your iniquities, when I cause the cities to be inhabited, and when the ruins are built up,
၃၃အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​တို့​ကို အ​ပြစ်​အ​ပေါင်း​မှ​သန့်​စင်​စေ​သည့်​ကာ​လ ၌ ငါ​သည်​သင်​တို့​အား​မိ​မိ​တို့​မြို့​များ တွင်​ပြန်​လည်​နေ​ထိုင်​ခွင့်​ပေး​မည်။ ပျက်​စီး ယို​ယွင်း​သော​အ​ရာ​များ​ကို​လည်း​ပြန် လည်​တည်​ဆောက်​ခွင့်​ပေး​မည်။-
34 And when the desolate land is tilled, instead that it was a waste before the eyes of every passer by:
၃၄အ​နီး​မှ​ဖြတ်​သန်း​သွား​လာ​သူ​တို့​မြင် ရ​သော​ပေါင်း​ပင်​များ​ထ​နေ​သည့်​လယ် ယာ​များ​ကို​တစ်​ဖန်​ထွန်​ယက်​စေ​မည်။-
35 Then shall they say, This land, that was desolate, is become like the garden of 'Eden; and the cities that were ruined, and desolate, and broken down, are become fortified, and inhabited.
၃၅ယ​ခင်​က​အ​သုံး​မ​ကျ​သော​မြေ​ရိုင်း​ဖြစ် နေ​ခဲ့​သော​မြေ​ယာ​တို့​သည် ဧ​ဒင်​ဥ​ယျာဉ် သ​ဖွယ်​ဖြစ်​လာ​ကြောင်း၊ ယ​ခင်​က​ဖြို​ဖျက် လု​ယက်​တိုက်​ခိုက်​ခြင်း​ခံ​ရ​၍​ယို​ယွင်း​ပျက် စီး​နေ​ခဲ့​သော​မြို့​တို့​တွင်​လည်း ယ​ခု​အ​ခါ အ​ခိုင်​အ​မာ​ခံ​တပ်​များ​တည်​ဆောက်​ထား လျက်​လူ​တို့​နေ​ထိုင်​လျက်​ရှိ​ကြောင်း​လူ တိုင်း​ပြော​ဆို​ကြ​လိမ့်​မည်။-
36 And the nations that are left round about you shall know that I the Lord have built up the broken-down [places], have planted the desolate [land]: I the Lord have spoken this, and have done it.
၃၆ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပျက်​စီး ယို​ယွင်း​နေ​သော​မြို့​တို့​ကို​ပြန်​လည်​တည် ဆောက်​၍ စွန့်​ပစ်​ထား​သော​လယ်​ယာ​များ​ကို ပြန်​လည်​စိုက်​ပျိုး​တော်​မူ​ကြောင်း​ကို​သေ ဘေး​မှ​လွတ်​မြောက်​သော​နီး​နား​ဝန်း​ကျင်​ရှိ လူ​မျိုး​တို့​သိ​ရှိ​ကြ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ ဘု​ရား​သည်​ဤ​အ​မှု​ကို​ပြု​မည်​ဟု က​တိ ထား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
37 Thus hath said the Lord Eternal, Also in this will I yet suffer myself to be entreated of by the house of Israel, to do it for them, I will increase them with men like flocks [in multitude].
၃၇အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​ဤ​ထက် မ​က​ပင်​ပြု​တော်​မူ​မည်။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ငါ့​ထံ​တွင်​တစ်​ဖန်​အ​ကူ​အ​ညီ တောင်း​ခံ​ခွင့်​ကို​ပေး​မည်။ သူ​တို့​အား​သိုး​အုပ် ကဲ့​သို့​အ​ရေ​အ​တွက်​တိုး​ပွား​လာ​စေ​မည်။-
38 As the flocks of the holy things, as the flocks of Jerusalem on her appointed feasts, so shall the ruined cities be full of flocks of men: and they shall know that I am the Lord.
၃၈အ​ခါ​တစ်​ပါး​က​ယေ​ရု​ရှ​လင်​မြို့​သည်​ပွဲ နေ့​များ​၌​ယဇ်​ပူ​ဇော်​ရာ​သိုး​တို့​ဖြင့်​ပြည့် နှက်​နေ​သ​ကဲ့​သို့ ယ​ခု​ယို​ယွင်း​ပျက်​စီး​နေ သော​မြို့​တို့​သည်​လူ​များ​ဖြင့်​ပြည့်​နှက်​၍ နေ​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သူ​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Ezekiel 36 >