< Ezekiel 35 >

1 And the word of the Lord came unto me, saying,
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Son of man, set thy face against the mountain of Se'ir, and prophecy against it,
ကိုယ်​တော်​က``စိ​ရ​တောင်​သို့​လှည့်​၍​ထို​ပြည် ကို​ရှုတ်​ချ​လော့။-
3 And say unto it, Thus hath said the Lord Eternal, Behold, I will be against thee, O mountain of Se'ir, and I will stretch out my hand over thee, and I will render thee desolate and wasted.
လူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ``စိ​ရ​တောင်​တို့၊ငါ​သည်​သင်​၏​ရန်​သူ​ဖြစ်​၏။ ငါ​၏​လက်​ကို​ဆန့်​၍​ငါ​သည်​သင့်​အား​လူ​သူ ဆိတ်​ငြိမ်​ရာ​မြေ​ရိုင်း​ဒေ​သ​ဖြစ်​စေ​မည်။
4 Thy cities will I lay in ruins, and thou thyself shalt be desolate, and thou shalt know that I am the Lord.
သင်​၏​မြို့​တို့​ကို​ယို​ယွင်း​ပျက်​စီး​စေ​၍ သင့်​ကို လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း သင်​သိ​ရှိ​လိမ့်​မည်။''
5 Because thou hast had an undying hatred, and didst surrender the children of Israel to the power of the sword, at the time of their calamity, at the time of the iniquity of the end:
``သင်​သည်​ဣသ​ရေ​လ​ပြည်​အား​အ​စဉ်​ရန် ငြိုး​ဖွဲ့​၏။ ထို​ပြည်​သည်​မိ​မိ​၏​ဒု​စ​ရိုက်​များ ကြောင့်​အ​ပြစ်​ဒဏ်​သင့်​၍ ဘေး​အန္တ​ရာယ်​ရောက် သော​အ​ခါ​သင်​သည်​ထို​ပြည်​သူ​တို့​အား သတ်​ဖြတ်​စေ​ခဲ့​၏။-
6 Therefore, as I live, saith the Lord Eternal, I will surely let thy blood flow, and blood shall pursue thee; since thou didst not hate blood-shedding, so shall blood pursue thee.
သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သော ကြောင့်​သင်​သည်​သေ​ရ​လိမ့်​မည်။ အ​သက် ချမ်း​သာ​ရ​နိုင်​မည်​မ​ဟုတ်။ သင်​သည်​လူ သတ်​သ​မား​ဖြစ်​သ​ဖြင့်​သင်​ကိုယ်​တိုင် အ​သတ်​ခံ​ရ​လိမ့်​မည်။-
7 Thus will I change the mountain of Se'ir into a desolate land and a waste, and I will cut off from it him that travelleth forward and backward.
ငါ​သည်​စိ​ရ​တောင်​ကို​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​လျက် ယင်း​ကို​ဖြတ်​သန်း သွား​လာ​သူ​မှန်​သ​မျှ​ကို​သုတ်​သင်​ပစ် မည်။-
8 And I will fill his mountains with his slain: as regardeth thy hills, and thy valleys, and all thy ravines, in them shall fall those that are slain by the sword.
တောင်​များ​ကို​လူ​သေ​အ​လောင်း​များ​နှင့်​ဖုံး လွှမ်း​စေ​မည်။ စစ်​ပွဲ​တွင်​ကျ​ဆုံး​သူ​တို့​၏ အ​လောင်း​များ​သည်​တောင်​ကုန်း​များ၊ ချောင်း များ၊ ချိုင့်​ဝှမ်း​များ​တွင်​ပြည့်​နှက်​၍​နေ​လိမ့် မည်။-
9 Into perpetual desolations will I change thee, and thy cities shall not be restored: and ye shall know that I am the Lord.
ငါ​သည်​သင့်​အား​အ​စဉ်​လူ​သူ​ဆိတ်​ငြိမ်​ရာ အ​ရပ်​ဖြစ်​စေ​မည်။ သင်​၏​မြို့​တို့​တွင်​နောက် တစ်​ဖန်​အ​ဘယ်​သူ​မျှ​နေ​ထိုင်​လိမ့်​မည်​မ ဟုတ်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​လိမ့်​မည်။
10 Because thou hast said, These two nations and these two countries shall indeed be mine, and we will take possession thereof; whereas the Lord was there:
၁၀``ငါ​ထာ​ဝရ​ဘု​ရား​သည်​ယု​ဒ​နှင့်​ဣသ​ရေ​လ အ​မျိုး​သား​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​ပါ လျက် သင်​သည်​ထို​လူ​မျိုး​တို့​နှင့်​သူ​တို့​၏ ပြည်​များ​ကို​ပိုင်​၍ မိ​မိ​လက်​ဝယ်​သို့​ရောက် ရှိ​စေ​မည်​ဟူ​၍​ဆို​ချေ​သည်။-
11 Therefore, as I live, saith the Lord God, I will even do according to thy anger, and according to thy envy which thou didst use out of thy hatred against them; and I will make myself known among them, when I judge thee.
၁၁သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည် အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​သည် အ​တိုင်း ငါ​၏​လူ​မျိုး​တော်​အား​သင်​အ​မျက် ထွက်​ခြင်း၊ ငြူ​စူ​ခြင်း၊ မုန်း​ထား​ခြင်း​ကြောင့် သင့်​အား​ငါ​စီ​ရင်​မည်။ သင်​သည်​သူ​တို့ အား​ပြု​ခဲ့​သည့်​အ​မှု​များ​အ​တွက်​အ​ပြစ် ဒဏ်​ခံ​ရ​ကြောင်း​ကို​သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်။-
12 And thou shalt know that I am the Lord: I have heard all thy blasphemies which thou hast spoken against the mountains of Israel, saying, They are laid desolate, they are given unto us to consume them.
၁၂ထို​အ​ခါ​ဣ​သ​ရေ​လ​တောင်​များ​သည်​လူ သူ​ဆိတ်​ငြိမ်​ရာ၊ သင်​တိုက်​ခိုက်​လု​ယူ​ရာ အ​ရပ်​များ​ဖြစ်​သည်​ဟု​သင်​ကဲ့​ရဲ့​ပြော ဆို​သည့်​စ​ကား​များ​ကို ငါ​ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​ကြောင်း​ကို​သင်​သိ​ရှိ ရ​လိမ့်​မည်။-
13 And ye boasted greatly against me with your mouth, and have multiplied against me your words: I have indeed heard them.
၁၃သင်​သည်​ငါ့​အား​ဆန့်​ကျင်​ဘက်​ပြု​၍ အ​ရမ်း​ကာ​ရော​ကြွား​ဝါ​ပြော​ဆို​သည် ကို​ငါ​ကြား​တော်​မူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
14 Thus hath said the Lord Eternal, When the whole earth rejoiceth, I will make thee desolate.
၁၄အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​ပိုင်​တော်​မူ​သော ဣ​သ​ရေ​လ​ပြည်​ပြို​လဲ​သွား​စဉ်​အ​ခါ​က သင့်​အား​ငါ​ရွှင်​လန်း​စေ​ခဲ့​သည့်​နည်း​တူ သင် ပြို​လဲ​ချိန်​၌​လည်း​ကမ္ဘာ​တစ်​ခု​လုံး​အား​ရ ရွှင်​လန်း​ကြ​စေ​ရန် ငါ​သည်​သင့်​ကို​လူ​သူ ဆိတ်​ငြိမ်​ရာ​အ​ရပ်​ဖြစ်​စေ​မည်။ စိ​ရ​တောင် ကုန်း​ဒေ​သ​တည်း​ဟူ​သော​ဧ​ဒုံ​ပြည်​တစ် ပြည်​လုံး​သည်​လူ​သူ​ဆိတ်​ငြိမ်​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​လူ​တိုင်း​သိ ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
15 As thou didst rejoice over the inheritance of the house of Israel, because it was made desolate: so will I do unto thee; desolate shalt thou be, O mountain of Se'ir, and all Idumea—altogether; and they shall know that I am the Lord.
၁၅

< Ezekiel 35 >